သြဂုတ်လ ၁၁ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-08-11



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း သြဂုတ်လ ၁၁ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ကျန်းမာရေးအနည်းငယ်ညံ့နေတာကြောင့် သတိပြုသင့်တဲ့ နေ့ရက်ဖြစ်ပြီးအိမ်မှာရှိတဲ့ ပန်ကာအပျက်လိုမျိုး ပစ္စည်းတွေကို စွန့်ပစ်လိုက်ပါ။ လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့အလုပ်တာဝန် မနိုင်မနင်းဖြစ်နေတတ်ပြီး ငွေကြေးအပေးအယူပိုင်း သတိထားလုပ်ဆောင်သင့်ပါတယ်။အိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်ပြီး ငွေဝင်ကိန်းရှိနေလို့ ထီကံစမ်းပေးသင့်တဲ့ နေ့ရက်ပါပဲ။ လုပ်ငန်းတူသူတွေနဲ့ ပူးပေါင်းလုပ်ကိုင်တာကနေလည်းအောင်မြင်နိုင်ပြီး မိမိကို ငွေကြေးကူညီမယ့်သူတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ လမ်းပြပေးသူတွေလည်း တွေ့ကြုံရပါလိမ့်မယ်။အထူးသဖြင့် စနေ၊အင်္ဂါသားသမီးတွေရဲ့အကူအညီရရှိပါလိမ့်မယ်။ စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေးထုတ်ကုန်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး စက်ပစ္စည်းသစ်လည်း ဝင်ကိန်းရှိနေပါတယ်။ ပညာရေးအတွက် နိုင်ငံရပ်ခြားသွားရကိန်းရှိပါတယ်။အချစ်ရေးမှာတော့ ချစ်သူနဲ့အထင်လွဲရကိန်းရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ကျောက်ကပ်ရောဂါ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှင်းပေးပါ။


တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ငွေကြေးကိစ္စ စကားပြောဆိုမယ်ဆိုရင် သင့်တော်တဲ့နေ့တစ်နေ့ဖြစ်ပြီး ဒီနေ့အတွက်အရာရာအဆင်ပြေမယ့် နေ့တစ်နေ့ပါပဲ။ စိတ်ကူးထားတဲ့ လုပ်ငန်းကိစ္စမှန်သမျှလည်းအဆင်ပြေပါလိမ့်မယ်။ လုပ်ငန်းအောင်မြင်မှုနဲ့အတူမနာလိုသူတွေလည်းများပြားနေတာကြောင့် ဘယ်သူ့ကိုမှ မယုံဖို့အရေးကြီးပါတယ်။ ဝန်ထမ်းဖြစ်ပါက ငွေစာရင်းရှင်းလင်းမှုပိုင်းမှာအမှားအယွင်းပြုလုပ်မိပြီး စစ်ဆေးခံရတတ်ပါတယ်။ ရေလုပ်ငန်း၊ ရွှေဆိုင်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနည်းငယ် လုပ်ငန်းအေးနေပါလိမ့်မယ်။အချစ်ရေးမှာစန်းပွင့်နေပြီးအိမ်ထောင်ရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။ ကျန်းမာရေးပိုင်းမှာတော့ ခေါင်းမူး၊ ခေါင်းကိုက်အဖြစ်များနေပါလိမ့်မယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ငှက်ပျောသီး ကပ်လှူပေးပါ။


အင်္ဂါ - ဒီနေ့မှာအင်္ဂါသားသမီးတွေအနေနဲ့ လက်ထပ်မင်္ဂလာ ဆင်နွှဲရကိန်းရှိပါတယ်။အလုပ်နေရာလည်း ပြောင်းရွှေ့ရကိန်း ရှိပြီး ဒီထက်ပိုကောင်းတဲ့ နေရာတစ်ခုကို ရရှိနိုင်ပါလိမ့်မယ်။ လတ်တလောမှာ စိတ်ဆင်းရဲနေရတဲ့အကြောင်းအရာတွေက ဖြေရှင်းဖို့လွယ်ကူတဲ့ ကိစ္စရပ်တွေသာ ဖြစ်တာကြောင့် မကြာခင်မှာ ပျော်စရာ ကိစ္စအဖြစ်ပြောင်းလဲ သွားနိုင်ပါတယ်။အလုပ်နဲ့ ပတ်သက်တဲ့ သင်တန်းသစ်တွေ တက်ရောက်ရနိုင်ပါတယ်။အိမ်ခြံမြေလုပ်ငန်း၊ စက်မှုလုပ်ငန်း လုပ်ကိုင်သူများ ကောင်းမွန်နေပြီး ငွေကြေးရရှိမှုလည်း ပုံမှန်ပဲ ရှိနေပါလိမ့်မယ်။ လူမျိုးခြားအကျိုးပေးမှာဖြစ်ပြီးအထူးသဖြင့် စနေသားသမီးရဲ့ ကူညီထောက်ပံ့မှုတွေ ရရှိပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့ လက်ရှိအလုပ်ထက်ကောင်းမွန်တဲ့ လုပ်ငန်းခွင်မျိုး ပြောင်းလဲလုပ်ကိုင်ရကိန်းရှိပြီး စပ်တူရှယ်ယာ လုပ်ငန်းတွေကနေလည်းအကျိုးအမြတ်ဖြစ်ထွန်းနိုင်ပါတယ်။အချစ်ရေးမှာ စန်းပွင့်နေပြီးအိမ်ထောင်သည်တွေအနေနဲ့လည်း စိတ်ချမ်းသာရမယ့်အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ဇော်မွှားပန်း ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် ဝင်ငွေထက် ထွက်ငွေများပြားနေတဲ့ ကာလပါပဲ။ ရှာသလောက်အဖတ်မတင်ဖြစ်နေတတ်ပြီး ကျန်းမာရေးနဲ့ပတ်သက်လို့ ခါးနာခါးကိုက်ဖြစ်တတ်ပါတယ်။ လုပ်ငန်းကိုင်ငန်း ကိစ္စအ၀၀အဆင်ပြေနေတဲ့ ကာလဖြစ်ပြီး ပညာရေးနဲ့ ပတ်သက်ပြီး သင်တန်း တစ်ခုခု တက်ရောက်ဖြစ်ပါလိမ့်မယ်။ကုန်ပစ္စည်းသိုလှောင်ခြင်း ၊ ဆေးအရောင်းဆိုင်လုပ်ငန်းများအထူးအောင်မြင်မည်။ ဆရာဝန်၊အဆိုတော်များအကျိုးများမယ့်အချိန်ဖြစ်ပြီး သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူများ၊ စာပေနှင့် စာနယ်ဇင်း ပညာရှင်များလည်း နာမည်ကျော်ကြားမယ့်အချိန်ဖြစ်ပါတယ်။ လုပ်ငန်းသစ်ကနေလည်း ဝင်ငွေကောင်းမှာဖြစ်လို့ တိုးချဲ့လုပ်ကိုင်သင့်ပါတယ်။ ဒါပေမယ့်အတွင်းလူ ၊ လူယုံ ဒုက္ခပေးတတ်တာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။အချစ်ရေးလည်း သာယာနေပြီး ပညာရေးလည်း ကောင်းမွန်နေပါတယ်။ ကျန်းမာရေးအနေနဲ့ လက်နဲ့ ခြေထောက်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိတတ်လို့ သတိထားသင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။


ယတြာ - ဘုရားတွင် ရဲယိုညွှန့်ကပ်လှူဆုတောင်းပေးပါ။


ရာဟု - ရာဟုသားသမီးတွေအနေနဲ့ နိုင်ငံခြား ခရီးသွားရကိန်းရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေ ရလာနိုင်ပါလိမ့်မယ်။ သင်တန်းတစ်ခုခုတက်ရောက်နေသူဖြစ်ရင်တော့ ဂုဏ်ထူးနဲ့အောင်မြင်ပါလိမ့်မယ်။အောက်လက်ငယ်သား ဒုက္ခပေးတတ်လို့ သတိပြုဆက်ဆံသင့်ပါတယ်။ နိုင်ငံခြားသားနဲ့ စပ်တူလုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှု ရရှိပါလိမ့်မယ်။ငွေကြေးကိစ္စများတွင် ကြားခံအာမခံခြင်းမျိုးမှတဆင့် နာမည်ပျက်တတ်လို့ သတိပြုသင့်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူကတစ်ဆင့်အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး တော်တော်လေးကို ကြိုးစားမှအောင်မြင်နိုင်ခြေရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းကိုက်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ -အိမ်ရှိ ရေခွက်အကွဲများ စွန့်ပစ်လိုက်ပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ကံကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပြီး ငွေကြေးပိုင်းအနေနဲ့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလပါပဲ။ ပညာရေးပိုင်း ကောင်းမွန်နေပြီးအချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် ကာလပါပဲ။အလုပ်ကနေ ငွေတွေဆက်တိုက် ဝင်နေပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့တော့ လုပ်ငန်းတိုးချဲ့သင့်တဲ့အချိန်ပါပဲ။ ဒီနေ့မှာ စနေ၊အင်္ဂါ သားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်မှုမျိုး သတိပြုရပါမယ်။ ယာဉ်နဲ့ စက်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ၊ ကားအရောင်းအဝယ်သမားတွေအဆင်ပြေနေမယ့် ကာလပါပဲ။ လုပ်ငန်းစပ်တူလုပ်ကိုင်သူတွေကတော့ ငွေလိမ်ခံရကိန်းရှိနေပါတယ်။ ဆန်လုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများ သတိပြုသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့အဆုတ်အအေးပတ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၂နာရီကနေ နေ့လည် ၁နာရီခွဲအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် မက်စ်အချိုရည်တစ်ပုလင်း ကပ်လှူဆုတောင်းပါ။


သောကြာ - ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေအကုန်လုံးအဆင်ပြေလာတာ တွေ့ရပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။ ငွေကြေးပိုင်းအင်မတန် စိတ်ချမ်းသာရမယ့်ရက်ဖြစ်ပြီး မိသားစုုအတွင်း ကြီးကဲသူရဲ့ ကျန်းမာရေးသတိပြုသင့်ပါတယ်။လူယုံ ဒုက္ခပေးတတ်ပြီး ကိုယ်တိုင်လည်း ငွေအလွဲသုံးစားမှုမျိုး စွပ်စွဲခံရနိုင်ပါတယ်။ လုပ်ငန်းပူးပေါင်းလုပ်ကိုင်သူတွေက မယုံမကြည်ဖြစ်တတ်ပြီး စပ်တူရှယ်ယာလုပ်ငန်းလုပ်ကိုင်သူများ သတိပြုရမယ့် ကာလပါပဲ။ ဒီရက်ပိုင်းမှာအစုစပ်ငွေချေးတာ၊ မဲစုတာမျိုးတွေမှာ ပြဿနာပေါ်ပေါက်တတ်ပါတယ်။အချစ်ရေးမှာ ချစ်သူမရှိသေးသူများ တကိုယ်တည်းပဲ ဆက်ရှိနေမှာဖြစ်ပြီးအိမ်ထောင်သည်တွေကတော့ သားသမီးကြောင့် စိတ်ချမ်းသာရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အူယောင်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင် သစ္စာပန်း ကပ်လှူပေးပါ။


စနေ -ဒီနေ့မှာ ဘယ်လိုကိစ္စမျိုး မဆိုအဆင်ပြေပြေနဲ့ ပြီးဆုံးသွားပါလိမ့်မယ်။ ချစ်သူနဲ့အထင်အမြင်လွဲမှားနိုင်တဲ့ ကာလဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုပိုင်းအောင်မြင်နိုင်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းအကျိုးပေးပြီး ထီ စပ်တူထိုးပေးသင့်ပါတယ်။ ကျန်းမာရေး၊ ပညာရေးပိုင်းလည်းကောင်းမွန်တဲ့ နေ့ရက်ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်ပဋိပက္ခများကြုံရကိန်းရှိပြီး စိတ်ညစ်ရတတ်ပါတယ်။ သောကြာ၊ ဗုဒ္ဓဟူး သားသမီးတွေရဲ့ ကူညီမှုနဲ့ လုပ်ငန်းအောင်မြင်တိုးတက်နိုင်ပြီး နေရာလုပ်ငန်းပေါင်းစုံကနေ ထီပေါက်သလို ငွေဝင်ကိန်းရှိနေပါတယ်။အိမ်အနီးအနားမှာအလှူရှိတယ်ဆိုရင် ၂အစ ၅အဆုံး ထီထိုးပေးပါ။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းလုပ်ကိုင်သူများအထူးကောင်းမွန်နေပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ထမီအဟောင်းများအား လိုအပ်နေသူများထံ ပေးလှူလိုက်ပါ။


LEO

ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..