အပတ်စဉ်ဗေဒင်ဟောစာတမ်းကဏ္ဍ (၁၁-၈-၂၀၁၉ မှ ၁၇-၈-၂၀၁၉ ရက်နေ့အထိ)
yoyarlay.com
|
2019-08-11



အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၁-၈-၂၀၁၉ မှ ၁၇-၈-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ



ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့

စီးပွားရေး –အလှကုန်ပစ္စည်း၊အဝတ်အထည်၊ ကြွေထည်ပစ္စည်း၊ ဖန်၊ မှန်နှင့်ဆိုင်သောပစ္စည်းများ ရောင်းဝယ်ခြင်းကောင်းပါသည်။ ပြည်ပပို့ကုန်အေးနေတတ်ပြီး စက်ပစ္စည်းများ၊အကြီးစားစက်မှု့လုပ်ငန်းများ ညံ့ပါသည်။

ကျန်းမာရေး –အရိုး၊အဆစ်ကိုက်ခဲခြင်း၊အဆုတ်ရေဝင်ခြင်း၊ ချောင်းဆိုးခြင်း စသည့်ရောဂါများရတတ်ပါသည်။ သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး –အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် မကြာခဏ စိတ်ကောက်နေတတ်သည်။အိမ်ထောင်ရေးအနေနှင့် မိသားစု ယာယီခရီးသွားရတတ်သည်။

ပညာရေး – ပညာရေးအနေနှင့်အရာထမ်းစာမေးပွဲအတွက်ကြိုးစားသူများ ပိုကြိုးစားသင့်သည်။

အထွေထွေ – ယခုတစ်ပတ်အတွင်း ကား၊ ဆိုင်ကယ် စသည့်ပစ္စည်းသစ်များ ရောက်လာတတ်သည်။အိမ်ပြောင်းရတတ်သည်။ နိုင်ငံဝန်ထမ်းများအရာထမ်းစာမေးပွဲဖြေပါကအောင်မည်။

အကျိုးပေးဂဏန်းမှာ – ၁။ ၅။ ၉။ ယတြာ –အုန်းလက် (၆) လက်ကိုအိမ်ဘုရားတွင် လှူပေးပါ။

တနင်္လာ



ယခုအပတ်အတွင်း တနင်္လာသားသမီးတို့

စီးပွားရေး – ရေထွက်ပစ္စည်းများ၊ ငါးလုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ ရေခဲနှင့်ဆိုင်သောလုပ်ငန်း၊အအေးခန်းနှင့်ဆိုင်သော စက်ရုံအလုပ်ရုံများနှင့်ပတ်သက်ပြီး ကံကောင်းပါသည်။ ပြည်ပနှင့် ဆက်သွယ်သောရေလုပ်ငန်းများလည်း ကောင်းပါသည်။

ကျန်းမာရေး – မျက်လုံးနှင့်ပတ်သက်သောရောဂါ၊ သွားရောဂါများဖြစ်တတ်ပါသည်။ ပြင်ပထိခိုက်ခြင်းကြောင့် မျက်လုံးထိခိုက်မိတတ်ပါသည်။

အချစ်ရေး/အိမ်ထောင်ရေး –အချစ်ရေးအနေနှင့်အနည်းငယ်ညံ့ပါသည်။ မပြတ်မသားသောဆုံးဖြတ်ချက်များကြောင့် ချစ်သူနှင့် ဝေးကွာရတတ်သဖြင့် ပြတ်သားရန်လိုပါသည်။အိမ်ထောင်ရေးကံကောင်းပါသည်။

ပညာရေး – ပညာရေးအနေနှင့် ကံကောင်းသောအချိန်ကာလဖြစ်ပြီး သင်တန်းများစတက်သင့်ပါသည်။


အထွေထွေ –
ယခုတစ်ပတ်အတွင်းအဝတ်အထည်သစ်များရတတ်သည်။အိမ်ပြင်ရပါက ထီထိုးသင့်သည်။အစိုးရဝန်ထမ်းများ ငွေကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်းမှာ – ၄ ၊ ၅ ၊ ဝ။ ယတြာ – တနင်္လာနေ့တွင် တန်ခိုးကြီးဘုရားတွင် ဆီမီးသက်စေ့ ကပ်လှူပါ။

အင်္ဂါ



ယခုအပတ်အတွင်းအင်္ဂါသားသမီးတို့

စီးပွားရေး – သစ်လုပ်ငန်း၊ သစ်တောနှင့်ပတ်သက်သောလုပ်ငန်းများ ကံကောင်းနေပါလိမ့်မည်။ ပြည်ပသို့ပို့ဆောင်သော လုပ်ငန်းတွင်အနည်းငယ် နှေးကွေးနေပါလိမ့်မည်။ ဘဏ်လုပ်ငန်းနှင့် ပရိဘောဂလုပ်ငန်းများအဆင်ပြေပါလိမ့်မည်။ သတ္တုလုပ်ငန်းများညံ့ပါသည်။

ကျန်းမာရေး – ခါးနှင့်ပတ်သက်သောရောဂါ။ ကျောက်ကပ်ရောဂါများ ရတတ်ပါသည်။

အချစ်ရေး/အိမ်ထောင်ရေး –အချစ်ရေးအနေနှင့်အထူးသတိထားရန်မှာ ချစ်သူနှင့် ခိုက်ရန်ဖြစ်ပြီး တစ်ဘဝလုံး ဝေးသွားတတ်သည်။အိမ်ထောင်ရေးအနေနှင့်လည်းအညံ့ဘက်ပါပြီးအိုးအိမ်နှင့်ပတ်သက်ပြီး စကားများရတတ်သည်။

ပညာရေး – ပညာရေးအနေနှင့် နိုင်ငံခြားဘာသာစကားကို စတင်လေ့လာသင့်သည့်အချိန်ဖြစ်သည်။

အထွေထွေ – ယခုတစ်ပတ်အတွင်းအိမ်နေရာပြောရပါကသတိထားပါ။ ညံ့နေတတ်သည်။ လက်နက်ကိုင်ဝန်ထမ်းများ သတိရှိပါစေ။

အကျိုးပေးဂဏန်းမှာ – ၃၊ ၆ ၊ ၉။ ယတြာ –အင်္ဂါနေ့တွင်အင်္ဂါနံဘုရား၌ သစ်သီးများလှူပေးပါ။

ဗုဒ္ဓဟူး



ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့

စီးပွားရေး –အစားအသောက်နှင့်ဆိုင်သောလုပ်ငန်းများ၊ စားသောက်ဆိုင်၊ စားသောက်ကုန်လုပ်ငန်းများ၊ ဖုန်း၊ ကွန်ပျူတာနှင့်ဆိုင်သောလုပ်ငန်းများကောင်းပါသည်။ ရေနံနှင့်ဆိုင်သောလုပ်ငန်းလည်း ကောင်းပါသည်။ ငွေကြေးကိစ္စများ ပြနာဖြစ်တတ်သဖြင့် သတိထားရန်လိုပါသည်။

ကျန်းမာရေး – ဒူးနာ ခါးနာဖြစ်မည်။အဆုတ်ရောဂါ၊ ဆီးကျိတ်ရောင်ရောဂါများဖြစ်တတ်သည်။ ခေါင်းကိုက်မည်။

အချစ်ရေး/အိမ်ထောင်ရေး –အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိမိအားအလွန်ချစ်တတ်ပြီး နာလည်မှု့ပေးနိုင်သောချစ်သူကိုရမည်။အိမ်ထောင်ရေးအနေနှင့်အေးစက်သောအိမ်ထောင်ရေး ဖြစ်နေတတ်ပါသည်။

ပညာရေး – ပညာရေးအနေနှင့်အဆင့်မြင့်ပညာရေးကိုရမည်။

အထွေထွေ – ယခုတစ်ပတ်အတွင်း မိမိနှင့်ပတ်သက်သောမိတ်ဆွေများ ရောက်လာတတ်သည်။အဝေးဧည့်သည်ထံမှ လက်ဆောင်ရမည်။ ဝန်ထမ်းများ စိတ်အနည်းငယ်ညစ်ရလိမ့်မည်။

ရာဟု – ရာဟုသားသမီးတို့ကတော့ ကျန်းမာရေးအနေနှင့် ခါးနာရောဂါရတတ်သည်။အချစ်ရေးတွင်လည်းအဖြေစောင့်ရလိမ့်မည်။ စီးပွားရေးတွင်အကျိုးဆောင်လုပ်ငန်းကို ဦးစားပေးသင့်သည်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၄၊ ဝ၊ ၆။ ယတြာ – ဗုဒ္ဓဟူးနေ့တွင် ရေသန့် (၁၇) ဗူးလှူပေးပါ။

ကြာသပတေး



ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့

စီးပွားရေး – ပညာရေးနှင့်ပတ်သက်သောလုပ်ငန်းများ၊ ကိုယ်ပိုင်ကျောင်းလုပ်ငန်း၊ ပညာရေးဝန်ဆောင်ခြင်း၊ ခရီးသွားလုပ်ငန်းများကောင်းပါသည်။

ကျန်းမာရေး – ဝမ်းဗိုက်နှင့်ဆိုင်သောရောဂါ၊အူနှင့်အစာအိမ်လမ်းကြောင်းတို့တွင် ရောဂါရတတ်သည်။အစားအသောက်ကြောင့် ဖြစ်တတ်သဖြင့် သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး –အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့်အမြန်ဆုံးလက်ထပ်ရလိမ့်မည်။အိမ်ထောင်သည် များလည်းအလုပ်ကိစ္စများနှင့်ပတ်သက်ပြီး ခရီးဝေးသွားရပြီးခွဲနေရမည်။

ပညာရေး –အလုပ်နှင့်သက်ဆိုင်သောသင်တန်းတစ်ခုခုကိုအမြန်တက်လိုက်ပါ။ ဘဝအတွက်အာမခံရရှိမည်။

အထွေထွေ – ယခုတစ်ပတ်အတွင်း ဘာသာရေးဆိုင်ရာအလုပ်တစ်ခုခုလုပ်ကိုင်ရမည်။ ကုသိုလ်လုပ်ရမည်။ ထီထိုးပါ။ ဝန်ထမ်းများလည်း ထီကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၈ ၊ ဝ။ ယတြာ – ကြာသာပတေးနေ့တွင် ဘုရား၌ မေမြို့ပန်းများ လှူပေးပါ။




ယခုအပတ်အတွင်း သောကြာသားသမီးတို့

စီးပွားရေး – ကျောက်မျက်ရတနာလုပ်ငန်း၊ တူးဖော်ခြင်းလုပ်ငန်း၊ ရွှေနှင့် သတ္တုတူးဖော်ခြင်းလုပ်ငန်းများ ကံကောင်းပါသည်။အစုစပ်လုပ်ငန်းလုပ်သူများအနည်းငယ်သတိထားပါ။ ရန်ပေါ်တတ်ပါသည်။ ငွေကြေးပြဿနာ တက်တတ်ပါသည်။

ကျန်းမာရေး –အသည်းရောဂါသတိထားပါ။ ပြင်ပထိခိုက်ခြင်းဖြစ်တတ်သည်။အထူးသဖြင့် စက်ရုံလုပ်ငန်းလုပ်သူများ လက်သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး –အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း ချစ်သူနှင့် နယ်ဝေးနေရတတ်သည်။အိမ်ထောင်သည်များလည်း ခွဲနေရတတ်သည်။ စိတ်ပူရန်မရှိပါ။

ပညာရေး – ပညာရေးအနေနှင့် စာရင်းပညာကိုအဓိကထားလေ့လာသင့်သည့်အချိန်ဖြစ်သည်။

အထွေထွေ – ယခုတစ်ပတ်အတွင်း ကား၊ ဆိုင်ကယ် စသည့် ယာဉ်တစ်ခုခု ဝင်တတ်ထွက်တတ်သည့်အချိန်ဖြစ်ပါသည်။ ဝန်ထမ်းများလည်း ဌာနတွင်းနေရာပြောင်းရတတ်သည်။

အကျိုးပေးဂဏန်း – ၂ ၊ ၇ ၊ ၉။ ယတြာ – သောကြာနေ့တွင် ငါးအရှင်များကို တတ်နိုင်သလောက်လွှတ်ပေးပါ။

စနေ



ယခုအပတ်အတွင်း စနေသားသမီးတို့

စီးပွားရေး – မီးနှင့်သက်ဆိုင်သော လုပ်ငန်းများ၊ မုန့်ဖုတ်သည့်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း စသည်တို့ ကံကောင်းသည့်အချိန်ဖြစ်သည်။ ဆောက်လုပ်ရေး၊အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ သံထည်ပစ္စည်းလုပ်ငန်းများ ကောင်းပါသည်။အထူးမှတ်ရန်မှာ လူယုံကြောင့် ဒုက္ခရောက်တတ်သည်။

ကျန်းမာရေး – ခြေထောက်နှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။ ခြေသလုံးသွေးကြောများပိတ်ပြီး ခွဲစိတ်ရတတ်သည်။ ယခင်အပတ်ကတိုင်းဖြစ်နေတတ်သည်။


အချစ်ရေး/အိမ်ထောင်ရေး –
အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်သူတို့အိမ်ထောင်ပြုရန်အဆင်ပြေမည်။အိမ်ထောင်သည်များအနေဝေးနေပါက ယခုတစ်ပတ်တွင် ပြန်လည်ပေါင်းဆုံရပါမည်။

ပညာရေး – ပညာရေးအနေနှင့်ကံကောင်းနေပြီး စာမေးပွဲအောင်မည်။


အထွေထွေ –
ယခုတစ်ပတ်အတွင်းအိမ်၊ ခြံ၊ ကား ဝင်တတ်ပါသည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၃၊ ၆၊ ၉။ ယတြာ – ရဟန်းတစ်ပါးကို ငွေလှူပါ။


ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533




Some text some message..