သြဂုတ်လ ၁၂ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-08-12



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း သြဂုတ်လ ၁၂ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာတာတွေ့ရမှာပါ။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှုအောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနိုင် ပါသေးတယ်။ ခရီးဝေးသွားရကိန်းရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေ ရရှိလာမှာဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအထက်အရာရှိရဲ့ မျက်နှာသာပေးခံရတတ်ပြီး လက်အောက်ငယ်သားတွေနဲ့ လုပ်ငန်းပြိုင်တွေ၊ ရာထူးတူသူတွေရဲ့ မနာလိုမှုကိုတော့ ခံရကိန်းရှိနေပါတယ်။ ဒီရက်မှာ နိုင်ငံရပ်ခြား ခရီးစဉ်လည်း ပေါ်ပေါက်လာမှာဖြစ်ပြီး ကောင်းသောခရီးဖြစ်နိုင်ပါတယ်။ ထီး၊ ဖိနပ်လုပ်ငန်း၊အထည်အလိပ်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီးအိမ်ခြံမြေလုပ်ငန်းရှင်တွေကတော့အနည်းငယ်အထစ်အငေါ့ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့အူယောင်ငန်းဖျားဖြစ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်အုန်းသီးစိတ် ကပ်လှူ၍ လိုရာဆုတောင်းပါ။


တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ကံကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပြီး လုပ်သမျှအကျိုးဖြစ်ထွန်းပြီး ငွေဝင်လည်း ကောင်းနေပါလိမ့်မယ်။ ပညာရေးပိုင်း ကောင်းမွန်နေပြီးအချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် ကာလပါပဲ။ လျှပ်စစ်ပစ္စည်းသစ် ဝင်ကိန်းရှိနေပြီး ဝင်လျှင်ပျက်တတ်ပါတယ်။အိမ်ထောင်ပရိဘောဂပစ္စည်းသစ်လည်း ဝင်ကိန်းရှိနေပါတယ်။အမျိုးသမီးတစ်ဦးရဲ့အကူအညီနဲဲ့ လုုုပ်ငန်းတိုးချဲ့မှုတွေ ပြုလုပ်နိုင်မှာဖြစ်ပြီး ဝန်ထမ်းဖြစ်ပါကအထက်အရာရှိအမျိုးသမီးရဲ့ ကူညီမှုနဲ့ ရာထူးတိုးနိုင်ပါတယ်။ တင်ဒါကိစ္စ၊ ငွေကြေးစပ်တူရှယ်ယာကိစ္စများကောင်းမွန်နေပြီး ဝယ်ထားတဲ့ ရှယ်ယာတွေလည်း ဈေးတက်တာမျိုး ကြုံရတတ်ပါတယ်။ ရွှေစုထားရင်ကောင်းမွန်တဲ့အချိန်လည်းဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်ယောင်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင် ကရေကရာ ကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့အရေးကြီးလုပ်ဆောင်စရာတွေကို ခဏ ရပ်နားထားသင့်ပါတယ်။အလုပ်သစ်ကနေ ဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေက ပိုများနေမယ့် ကာလပါပဲ။အိမ်ထောင်ရေးအဆင်ပြေနေပေမယ့် နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့်အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ကျန်းမာရေး၊ ပညာရေးပိုင်းလည်းကောင်းမွန်တဲ့ နေ့ရက်ဖြစ်ပါတယ်။ငွေလိမ်ခံရကိန်းရှိနေပြီး ငွေပေးငွေယူကိစ္စတွေမှာ သတိထားသင့်ပါတယ်။ ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျများနေမယ့်အချိန်ဖြစ်ပြီး မျက်စိထိခိုက်မိတတ်လို့ သတိပြုရပါမယ်။ လုပ်ငန်းစပ်တူ ရှယ်ယာထည့်ဝင်ထားသူတွေအနေနဲ့တော့အကျိုးအမြတ်ရနိုင်မယ့်အချိန်ဖြစ်ပါတယ်။အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့အဆင်မပြေမှုတစ်ချို့ကြုံရနိုင်ပြီးအနုပညာလုပ်ငန်း လုပ်ကိုင်သူတွေကတော့အထူးအောင်မြင်နိုင်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှိဘုရားတွင် စပျစ်သီး ကပ်လှူဆုတောင်းပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ ထီပေါက်သလို ငွေတွေ ဝင်လာတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး တိုးချဲ့တာ ကအချိန်ကောင်းဖြစ်နိုင်သ လို ပညာရေးလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့အထူးကောင်းမွန်တဲ့ ကာလပါပဲ။အိမ်ပြောင်းရွှေ့ရကိန်းရှိ ပြီး လက်ရှိအလုပ်ကနေ ပြောင်းရွှေ့ဖို့ ကြိုးစားနေတတ်တဲ့ ကာလလည်း ဖြစ်ပါတယ်။လုပ်ငန်းတိုးချဲ့မှုတွေကိုလည်း ပြုလုပ်ဖို့ မသင့်သေးပါဘူး။ ဝန်ထမ်းဖြစ်ပါက နေရာဌာနအပြောင်းအလဲ ရှိနေပြီး နိုင်ငံရပ်ခြားအလုပ်သွားရောက်လုပ်ကိုင်နေသူများ နေရပ်သို့ ပြန်လာရကိန်းရှိနေပါတယ်။ ကာလအတန်ကြာကြန့်ကြာနေသော လုပ်ငန်းများလည်း ပြန်လည်အကောင်အထည်ပေါ်လာနိုင်ပါတယ်။ လုပ်ငန်းသဘာ၀အပြောင်းအလဲ ကြုံရကိန်းရှိပြီး မမျှော်လင့်ပဲရုတ်တရက် ရာထူးတိုးခြင်း၊အကြီးအကဲဖြစ်ခြင်းမျိုး ကြုံရနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့အာရုံကြောရောဂါ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင်လီလီပန်းကပ်လှူပေးပါ။


ရာဟု - ရာဟုသားသမီးတွေအနေနဲ့ လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ကံကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပြီး ငွေကြေးပိုင်းအနေနဲ့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလပါပဲ။ ပညာရေးပိုင်း ကောင်းမွန်နေပြီးအချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် ကာလပါပဲ။ စီးပွားရေး ကံကောင်းနေတဲ့အချိန်ဖြစ်ပြီး ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေအထူးကံကောင်းနေပါတယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ငွေကြေးကိစ္စများတွင် ကြားခံအာမခံခြင်းမျိုးမှတဆင့် နာမည်ပျက်တတ်လို့ သတိပြုသင့်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူကတစ်ဆင့်အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး တော်တော်လေးကို ကြိုးစားမှအောင်မြင်နိုင်ခြေရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းကိုက်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟုသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - လမ်းတွင်တွေ့သော သက်ကြီးရွယ်အိုများအား ရေသန့်ဒါနပြု လှူဒါန်းပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့လုပ်ငန်းတိုးချဲ့ဖို့ ကြံရွယ်ထားတယ်ဆိုရင် ဒီနေ့မှာ မလုပ်သင့်သေးပါဘူး။ ကိုယ်တိုင်ဖြစ်စေ သူတပါးအိမ်ထောင်ရေးဖြစ်စေအိမ်ထောင်ရေးအရှုပ်အရှင်းတွေကိုလည်း ဖြေရှင်းရတတ်ပြီးအိမ်ထောင်ဖက်နဲ့ ခွဲနေရတတ်ပါတယ်။အချစ်ရေးမှာတော့ ကိုယ့်အပေါ်လိမ်ညာမယ့် ချစ်သူရလာတတ်ပါတယ်။ ရေသန့်လုပ်ငန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူများအကျိုးများနေပြီး တနင်္ဂနွေသားသမီး ဒုက္ခပေးတတ်ပါတယ်။ တနင်္ဂနွေနံလုပ်ငန်းရှင်များလည်းအနည်းငယ်အညံ့ရှိနေပါတယ်။ ဝန်ထမ်းဖြစ်ပါကအောက်လူဒုက္ခပေးတတ်ပါတယ်။ လုပ်ငန်းမှာ စာရင်းအင်းပိုင်း လုပ်ကိုင်ရသူတွေအနေနဲ့ သတိထားလုပ်ကိုင်သင့်ပြီး သူတပါးပြဿနာက ကိုယ့်ပြဿနာဖြစ်လာတတ်ပါတယ်။ ကျန်မာရေးအနေနဲ့အသည်းယောင်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် မြေပဲလှော် ကပ်လှူပေးပါ။


သောကြာ - ဒီနေ့မှာ သောကြာသားသမီးတွေအနေနဲ့ မထင်မှတ်ထားတဲ့ နေရာကနေ ငွေကြေးအမြတ်အစွန်း ရရှိလာပါလိမ့်မယ်။အရေးကြီးလုပ်ငန်း ကိစ္စတွေကိုလည်း ဒီနေ့မှာ စတင်နိုင်ပြီးအဖိုးတန်ပစ္စည်းတွေကို လက်ဆောင်ပေးသူပေါ်ပေါက်လာနိုင်ပါတယ်။အိမ်ကို ဧည့်သည်ရောက်လာတတ်ပြီး ကောင်းတဲ့သတင်းစကား ပါလာပါလိမ့်မယ်။ ရပ်ဝေးခရီးသွားရကိန်းရှိပြီး ခရီးအတွင်း နာဖျားတတ်ပါတယ်။အလှပြင်ပစ္စည်းလုပ်ငန်း၊အလှပြုပြင်ရေးလုပ်ငန်းရှင်များအကျိုးများမယ့်အချိန်လည်းဖြစ်ပါတယ်။ လုပ်ငန်းတိုးချဲ့ဖို့ ငွေလိုအပ်နေလျှင်လည်း ကူညီပေးမယ့်သူ ပေါ်လာပါလိမ့်မယ်။ ပညာရေးကောင်းမွန်နေပြီး ကျန်းမာရေးအနေနဲ့ လက်နဲ့ ခြေထောက်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိတတ်လို့ သတိထားသင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်မှာရှိနေတဲ့ သေတ္တာအဟောင်းအပျက်တွေကို စွန့်ပစ်လိုက်ပါ။


စနေ - ဒီနေ့မှာ စနေသားသမီးတွေအနေနဲ့ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေအကုန်လုံးအဆင်ပြေလာတာ တွေ့ရပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။ ငွေကြေးပိုင်းအင်မတန် စိတ်ချမ်းသာရမယ့်ရက်ဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုတွေကနေလည်းအောင်မြင်မှုတွေ ရရှိပါလိမ့်မယ်။အိမ်တွင်းရေးအဆင်ပြေနေပြီးအိမ်ထောင်သည်တွေအနေနဲ့ စီးပွားအဆင်ပြေတာကြောင့် မိသားစုနဲ့ မိဘ၊ မောင်နှမတွေကို ထောက်ပံ့ကူညီနိုင်ပါလိမ့်မယ်။အချစ်ရေးမှာတော့ ချစ်သူနဲ့ စိတ်ကောက်တတ်ပါတယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိတ်ပူစရာမရှိပါဘူး။အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ သံ၊ လက်မှုပစ္စည်းလုပ်ငန်းရှင်များအထူးကောင်းမွန်နေပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ထောပတ်ထမင်း ကပ်လှူပေးပါ။


LEO

ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..