မက်လေ့ရှိတဲ့အိပ်မက် (၅) မျိုး
lunge.media
|
2019-08-12



ကျွန် တော် တို့ ညစဉ်ညတိုင်းအိပ်ရင်အိပ်မက် တွေမက်ကြတယ် ၊ တချို့ ညတွေကြတော့လည်း မမက်ဘူး ၊ တချို့ ည တွေကျတော့ မက်တယ် မမှတ်မိဘူး ၊ တချို့ ည တွေကျတော့အိပ်မက် က ထူးခြား လွန်းလို့ သိသိသာသာ ကို မှတ်မိနေတာမျိုး ၊အစုံပါပဲ ။

လေ့လာတွေ့ရှိချက်များအရတော့ ကျွန်တော် တို့ မက်လေ့ ရှိတဲ့အိပ်မက် များကအကြမ်းဖျင်းအားဖြင့် ပုံစံ (၅) မျိုး ရှိပါတယ် ။

1)အိပ်မက်ဆိုး

ဒါကတော့ လူတိုင်း ရင်းနှီးပြီးသား ဖြစ်မှာပါ ။ ချောက်ကြီးထဲ ပြုတ်ကျသွားတာ ၊ တစ်ယောက်ယောက်က ကိုယ့်ကို လိုက်နေလို့ လွတ်အောင်ပြေးရတာအစရှိတဲ့ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်လာတာတွေကအိပ်မက်ဆိုး တွေပါပဲ ။ များသောအားဖြင့် တော့အိပ်မက်ဆိုးတွေဟာ ကိုယ့်လက်တွေ့ဘဝ နဲ့ ထင်ဟပ် ပြီး မက်လေ့ရှိပါတယ် ။ မိသားစု ပြဿ နာတွေ ၊ သမီးရည်းစား ကိစ္စ၊ မူးယစ်ဆေးဝါးအလွံအကျွံ သုံးတာ ၊ စိတ်ကျရောဂါအစရှိတဲ့အကြောင်းအရာ တွေနဲ့ စပ်လျင်းပြီး ဖြစ်ပေါ်လာတဲ့ insecurity ကြောင့်အိပ်မက် ဆိုးတွေ မက်ရတာဖြစ်ပါတယ် ။

2)အကြိမ်ကြိမ် မက်တဲ့အိပ်မက်

အိပ်မက် တစ်ခု ကို ၃ / ၄ ကြိမ် ပြန်မက်တာမျိုး ကြုံဖူးလား ? ဒါပေမယ့်အဲ့လို ပြန်မက်တယ်ဆိုတာလည်းအတိအကျ မပြောနိုင် ၊ ပြန်မက်တာရော ဟုတ်လို့လား ဆိုပြီး ဝေဝေဝါးဝါး ဖြစ်တတ်ပါတယ် ။ တကယ်တော့အိပ်မက် တွေကလည်း တီဗီကြော်ငြာ တွေလိုအခေါက်ခေါက်ပြနိ မက်လေ့ရှိပါတယ် ။ ကိုယ့်စိတ်မှာအရမ်းစွဲ နေတဲ့အရာ ၊အဖြစ်အပျက် ၊အထူးသဖြင့် ဝမ်းနည်းစရာ ၊ ထိပ်လန့် စရာ ကိစ္စမျိုးတွေကိုအခေါက်ခေါက်အိပ်မက် ပြန်မက်တတ်ပါတယ် ။

3) ပျော်စရာအိပ်မက်

မိတ်ဆွေ တို့တော့ ဘယ်လိုလဲ မသိဘူး ။ ကျွန်တော်က တော့ ပျော်စရာအိပ်မက် မက်ခဲတယ် ။ ကျွန်တော့် လက်တွေ့ဘဝမှာ stress တွေများလို့လည်း ဖြစ်နိုင်တယ် ။ တကယ်လို့ မက်ဖြစ်တဲ့အခါတွေမှာလည်း နိုးလာရင် သိပ်မမှတ်မိ တော့တာများတယ် ။ scientist တွေအဆိုရတော့ ပျော်စရာအိပ်မက် တွေမက်တာဟာအိပ်မက်မက် သူဟာ သွားနဲ့ ပတ်သတ်တဲ့ ပြဿ နာတစ်ခုခု ရှိနေတာကို ရည်ညွှန်းတာပါတဲ့ ။ ထူးဆန်းတယ်နော် ။

4) တိကျ သေချာတဲ့အိပ်မက် တွေ

သေချာပြန်စဉ်းစားကြည့်ရင်အိပ်မက် မက် တဲ့အခေါက်တော်တော် များများ မှာ ကျွန်တော်တို့က ဒါဟာအိပ်မက် မက် နေတာပဲ လို့ မသိကြဘူး ။ ဒါပေမယ့် ဖြစ်တောင့်ဖြစ်ခဲအခါ တွေမှာတော့အိပ်မောကျ ၊အိပ်မက် မက်နေရင်းပဲ ငါအိပ်မက် ထဲ ရောက်နေတာပါလား ဆိုတဲ့အသိစိတ်ဝင်လာကျတဲ့အိပ်မက်မျိုး တွေရှိတယ် ။ ဒါပေမယ့် ဒါဟာ ရှားရှားပါးပါးအသိစိတ်အတိအကျ ရှိတဲ့အိပ်မက် မျိုး ဖြစ်ပါတယ် ။

5) နမိတ်ပြအိပ်မက်

ဒီတစ်ခု က ကျွန်တော်တို့ မြန်မာလူမျိုး တွေနဲ့ ထိတွေ့မှုအများဆုံးလို့ ထင်ပါတယ် ။ တချို့ဆိုအိပ်မက် တွေမကောင်းဘူး ဆိုပြီး ယတြာ ချေတာ ဘာညာ တောင် ရှိကြပါတယ် ။ ဥပမာ –အိပ်မက် ထဲမှာ မြွေတွေ မက်ရင် ပိုက်ဆံဝင်တာတို့ ၊ သွားကျိုးတာကိုမက်ရင် မိသားစုဝင် ထဲက လူကြီးတွေ ကျန်းမာရေး စိုးရိမ် စရာ တစ်ခုခုရှိလာတာအစရှိတဲ့အယူသီးတာမျိူးတွေ ရှိကြပါတယ် ။ နောက်ပြီး နှစ်လုံး ဂဏန်း ၊ ထီဂဏန်း တွေ ၊အတိတ်နမိတ် ကောက်တာအစုံပဲနော် ။

မိတ်ဆွေ တို့ရော ဘယ်လိုအိပ်မက် တွေကိုအများဆုံး မက်ဖြစ်ကြလဲ ?





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..