သင့်ဆီမှာ ဒီလိုထူးထူးဆန်းဆန်းအကျင့်တွေရှိနေရင် လူချမ်းသာတစ်ယောက်ဖြစ်လာနိုင်တယ်
shwemom.com
|
2019-08-13

သင်က တစ်ချိန်ချိန်မှာ ချမ်းသာတဲ့သူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ တွေးကြည့်ဖူးလား။ ပိုက်ဆံချမ်းသာတဲ့လူတစ်ယောက်ဖြစ်လာဖို့ဆိုတာ လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။အခြေခံလူတန်းစားတစ်ယောက်အနေနဲ့ဆိုရင်တော့ ပိုပြီး ဝေးတာပေါ့။ ဒါပေမယ့် လူချမ်းသာတွေ လုပ်တတ်တဲ့အချို့အကျင့်တွေကို သင် မရည်ရွယ်ပဲ လုပ်မိနေပြီဆိုရင်တော့ သင်ဟာ လူချမ်းသာတစ်ယောက် ဖြစ်လာဖို့အလားအလာရှိတယ်ဆိုတာ ပြသနေတာပါပဲ။အဲဒါတွေက ဘာတွေလဲဆိုတော့….

(၁)။ ဘယ်သွားသွားအိမ်နေရင်းအင်္ကျီတွေနဲ့ပဲ သွားချင်တယ်
များသောအားဖြင့် ပိုက်ဆံရှိတဲ့သူတွေကအဝတ်အစားတွေကို သိပ်ဂရုမစိုက်တတ်ကြဘူး။ တစ်ခါတစ်လေ ပွဲတွေဘာတွေသွားဖို့ စမတ်ကျကျဝတ်ဆင်တတ်ပေမယ့် သူတို့ရဲ့အချိန်တွေအများစုကိုအိမ်နေရင်းအင်္ကျီတွေနဲ့ပဲ ကုန်ဆုံးကြတာပါ။ သူတို့က ဈေးဝယ်ထွက်တဲ့အချိန်ပဲဖြစ်ဖြစ်၊ တစ်ခုခုထွက်စားတဲ့အချိန်ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ချိန်ပဲဖြစ်ဖြစ် ဖြစ်သလိုဝတ်သွားတတ်ကြတယ်။ သင်လည်းအဲဒီလိုမျိုး လုပ်မိနေပြီဆိုရင်အဲဒါက လူချမ်းသာတစ်ယောက်ဖြစ်လာဖို့ လမ်းစပဲလို့သာ မှတ်လိုက်ပါ။


All kind of people/Shutterstock

(၂)။ ကိုယ်လုပ်နေရတဲ့အလုပ်ကိုအမြဲပဲ မကျေမနပ်ဖြစ်နေတတ်တယ်
ပိုက်ဆံချမ်းသာတဲ့လူတွေက သူတို့လုပ်နေရတဲ့အလုပ်ကိုအမြဲတမ်းမကျေမနပ်ဖြစ်တတ်ကြတယ်။ သူတို့ကအမြဲတမ်းပိုကောင်းအောင်လုပ်ကြပြီးအဲဒီလိုနဲ့ ပိုလို့ချမ်းသာလာကြတာပါပဲ။ တချို့ကျတော့လည်း ပိုက်ဆံမရှိကြဘူး။ ဒါပေမယ့် သူတို့လုပ်နေတဲ့အလုပ်ကိုအမြဲတမ်းမကျေမနပ်ဖြစ်တတ်ကြတယ်။ “ငါဘာလို့ ဒါတွေလုပ်နေရတာလဲ” “ငါ ဒီအလုပ်ကြီးမလုပ်ချင်တော့ဘူး” စသဖြင့် ခဏခဏတွေးတတ်ကြတာပါ။ သင်က ပိုက်ဆံမရှိသေးပေမယ့် ကိုယ်လုပ်နေရတဲ့အလုပ်ကိုအမြဲမကျေမနပ်ဖြစ်နေရင် ဒါ သူဌေးဖြစ်ချင်လာလို့ပဲဆိုတာ သိထားသင့်ပါတယ်။


Peshkova/Shutterstock

(၃)။ ပိုက်ဆံတွေရေ ရတာမကြိုက်ဘူး
ပိုက်ဆံချမ်းသာတဲ့သူအများစုက ပိုက်ဆံကိုရေတွက်နေရတာ မကြိုက်ကြဘူး။ သူတို့က ကိန်းဂဏန်းတွေနဲ့ပဲအလုပ်လုပ်တတ်ကြသူတွေလေ။ ပိုက်ဆံသုံးဖို့လိုပြီဆိုရင်တောင် ဘဏ်ကတ်တွေနဲ့ရှင်းကြတာမျိုး။ တချို့ကျတော့လည်း ပိုက်ဆံမချမ်းသာပေမယ့် ပိုက်ဆံရေရတာကိုမကြိုက်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာရှိတဲ့ပိုက်ဆံက နည်းလွန်းတာကြောင့် ရေနေစရာမလိုဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ သင်လည်း ပိုက်ဆံတွေ ရေရတာ မကြိုက်တဲ့သူဆိုရင်အဲဒါက သူဌေးဖြစ်မယ့်အလားအလာပါနော်။

(၄)။ ဗေဒင်တွေ၊ ယတြာတွေဆို သိပ်ယုံတယ်
ကိုယ့်ဆီမှာ ပိုက်ဆံတွေအများကြီးရှိလာပြီ၊ ချမ်းသာလာပြီဆိုရင် လူတွေကအဲဒီပိုက်ဆံတွေကို တိုးပွားလာဖို့၊ ဒါမှမဟုတ် ကုန်မသွားဖို့အတွက် ဗေဒင်၊ယတြာတွေဖက် လှည့်လာကြပါတယ်။ ဘယ်အချိန်မှာ ဘာလုပ်ရမလဲဆိုတာကို ဗေဒင်ဆရာတွေ၊ ယတြာတွေဆီကနေအကြံဉာဏ်ယူကြတယ်။ သင်၊ ဒါမှမဟုတ် သင့်မိသားစုထဲမှာ ဗေဒင်တွေ၊ယတြာတွေကို ယုံတဲ့သူတစ်ယောက်ယောက်ရှိနေတယ်ဆိုရင် ဒါက သင်ဟာ လူချမ်းသာတစ်ယောက် ဖြစ်လာနိုင်ချေရှိတယ်ဆိုတာကို ပြနေသလိုပါပဲ။


UfaBizPhoto/Shutterstock

Linn




Some text some message..