အပတ်စဉ်ဗေဒင်ဟောစာတမ်းကဏ္ဍ (၂၅-၈-၂၀၁၉ မှ ၃၁-၈-၂၀၁၉ ရက်နေ့အထိ)
yoyarlay.com
|
2019-08-25



အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၅-၈-၂၀၁၉ မှ ၃၁-၈-၂၀၁၉ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ


ယခုအပတ်အတွင်း တနင်္ဂနွေသားသမီးတို့
စီးပွားရေး ။ ။ သစ်တောထွက်ပစ္စည်း၊ သစ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ ဝါးဖြင့်ပြုလုပ်သောလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် လယ်ယာထွက်ကုန်များ ရောင်းဝယ်ခြင်းတို့အကျိုးများမည့်ကာလဖြစ်သည်။

ကျန်းမာရေး ။ ။ နှလုံးနှင့်ပါတ်သက်သောရောဂါ၊ ရင်ခေါင်းရောဂါတို့ကို ယခုတစ်ပါတ်တွင်အထူးသတိထားရမည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။အချစ်ရေးအနေနှင့်အနည်းငယ်ညံ့ပါသည်။အိမ်ထောင်ရေးအနေနှင့်လည်း ကြားလူကြောင့် ပြသနာတက်တတ်သည်။

ပညာရေး ။ ။ ပညာရေးအနေနှင့်အင်္ဂလိပ်စာနှင့်၊ ရာထူးအတွက်အင်္ဂလိပ်စာတို့ သတိပြုပါ။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ကား၊ ဆိုင်ကယ်စသည့် ယာဉ်နှင့်ဆိုင်သော စက်ပစ္စည်းများ ဝင်မည်၊ ထွက်မည်။ ဝန်ထမ်းများအရေးကြီး စာရွက်ပျောက်တတ်သည်။

အကျိုးပေးဂဏန်းမှာ ။ ။ ၃၊ ၇၊ ၉။

ယတြာ ။ ။ ဘုရား၏ တနင်္ဂနွေထောင့်တွင် ဆီးမီးလှူပေးပါ။

တနင်္လာ


ယခုအပတ်အတွင်း တနင်္လာသားသမီးတို့
စီးပွားရေး ။ ။ ရေသန့်၊ ရေခဲလုပ်ငန်း၊ ကင်္ဘောလုပ်ငန်း၊ သင်္ဘောသား၊ စက်လှေ၊ ငါးဖမ်းလုပ်ငန်း၊ စည်သွပ်ဗူးလုပ်ငန်း နိုင်ငံခြားမှ တင်သွင်းသော ကုန်ပစ္စည်း၊ ဘဏ်လုပ်ငန်းစသည်တို့အကျိုးပေးသည်။

ကျန်းမာရေး ။ ။ ဦးခေါင်းနှင့်ပါတ်သက်တဲ့ဝေဒနာ ခံစားရတတ်ပါတယ်။အထူးသတိပြုရမှာကတော့ ခါးမတော်တဆ ထိခိုက်မိတတ်ပါတယ်။ ဆေးရုံ ဆေးခန်းရောက်တတ်လို့ သတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး ။ ။အချစ်ရေးအနေနှင့်အနည်းငယ် ကံပြန်ကောင်းလာပါပြီ။ ချစ်သူထံမှအဖြေရမည်။အိမ်ထောင်ရေးတွင် ကြားလူကြောင့်အဆင်မပြေဖြစ်မည်။ ညင်းခုံရတတ်သည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် ပညာရေးကံကောင်းချိန် ဖြစ်ပါသည်။

အထွေထွေ ။ ။ မိမိအိမ်အနီးတွင် မီးလှန့်တတ်သည်။အစိုးရဝန်ထမ်းများအလုပ်တွင် မီးသတ္တိပြုပါ။

အကျိုးပေးဂဏန်း – ၄၊ ၇၊ ၉။

ယတြာ– တနင်္လာနေ့တွင် ကိတ်မုန့် များအား ကလေးများကို ဝေပေးပါ။

အင်္ဂါ

ယခုအပတ်အတွင်းအင်္ဂါသားသမီးတွေကတော့

စီးပွားရေး ။ ။ စက်ရုံအလုပ်ရုံကြီးများ၊ စက်ပစ္စည်း စက်ရုံများအထူးအကျိုးပေးပါသည်။ ပြည်ပအဆက်အသွယ်ကောင်းပါသည်။ စပ်တူလုပ်ငန်းများအခြေအနေ မကောင်းပါ။ ညင်းခုံနေရတတ်သည်။ လူယုံကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်သွားသည့်အထိအရှုံးပေါ်နေတတ်သည်။ သတိပြုပါ။

ကျန်းမာရေး ။ ။အရိုးရောဂါ၊အကြောတက်ခြင်းများဖြစ်မည်။ သတိထားပါ၊ ပြပထိခိုက်မှု့မှအရိုးကျိုးတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။အချစ်ရေးအနေနှင့်အဖြေရရန် မလွယ်သေးပါ။အိမ်ထောင်သည်များအနေဖြင့် စီးပွားရေးကိုအခြေခံသောရန်ဖြစ်ပေါ်တတ်သည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် စက်မှု့/လက်မှု့ပညာ တစ်ခုခုကို သေချာသင်ယူပါ။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ကား၊ စက်စတဲ့ပစ္စည်းတွေ ဝင်လာတတ်ပါတယ်။ ငွေကတော့ စုမရဘဲ ကုန်နေမှာပါဘဲ။အစိုးရဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅၊ ၈ ၊ ဝ။

ယတြာ –အင်္ဂါနေ့တွင် ဆိတ်သားဟင်းဖြင့် ဆွမ်းလောင်ပါ။

ဗုဒ္ဓဟူး


ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့
စီးပွားရေး ။ ။ ဆောက်လုပ်ရေးလုပ်ငန်း၊ နိုင်ငံခြား သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး ကားလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ်၊မိုတယ် လုပ်ငန်းများ ကောင်းပါသည်။ ဘဏ်ချေးငွေရှိပါက သတိထားပါ ပြန်ဆပ်ရန်အခက်အခဲရှိမည်။

ကျန်းမာရေး ။ ။ ဆီးချို၊ သွေးချို၊ ကျောက်ကပ်ရောဂါ၊ ဆီကျိတ်ရောင်ခြင်းစသည့် ဆီးနှင့်ပါတ်သက်သော ရောဂါများ ရတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိမိအားအလွန်ချစ်တတ်ပြီး နာလည်မှု့ပေးနိုင်သော ချစ်သူကို ဆက်လက်ပိုင်ဆိုင်ရမည်။ သို့သော် လက်ထပ်ရန်အဆင်မပြေဖြစ်မည်။အိမ်ထောင်ရေးတွင် ရန်ပေါ်နေမည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် ရာထူးစာမေးပွဲ ဖြေရမည့်သူများ မေးခွန်းကို သေချာဖတ်ပြီး စဉ်းစားပြီးဖြေပါ။ မလောပါနှင့်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း မိမိပိုင် ယာဉ်ကားအား ငှါးရမ်းလိုက်ပါကအပျက်စီးနှင့် ပြန်လာပို့တတ်သည်။ ဝန်ထမ်းများ စိတ်အနည်းငယ် ညစ်ရလိမ့်မည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေးအနေနှင့်အဆုတ်ရောဂါ ရတတ်ပါတယ်။ ဆေးလိပ်လျှော့သောက်ပါ။အချစ်ရေးတွင် ညံ့နေပါလိမ့်မည်။ စီးပွားရေးတွင် ရေလုပ်ငန်းကို ဦးစားပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၄၊ ၃၊ ၈။

ယတြာ ။ ။ ဘာရား၏ ရာဟုဒေါင့်တွင် ရေသက်စေ့ပူဇော်ပါ။

ကြာသပတေး


ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့
စီးပွားရေး ။ ။ စိုက်ပျိုးရေး၊ လယ်ယာထွက်ကုန်များ၊ မြေသြဇာလုပ်ငန်း၊ လယ်ယာသုံး စက်ပစ္စည်းများ ရောင်း/ဝယ်သူများ ကံကောင်းပါသည်။အစုစပ်လုပ်ငန်းအတွက် ရှယ်ယာရှင်များ ပြဿနာတက်တတ်သည်။ သစ်လုပ်ငန်း နှင့် သတ္တုတူးဖော်ခြင်းများ သတိပြုပါ။ ငွေကြေးကိစ္စများအလျှင်စလို မဆုံးဖြတ်ပါနှင့်။

ကျန်းမာရေး ။ ။ ခေါင်းကိုက်ခြင်း၊ မူးခြင်းဖြစ်တတ်ပြီးအမျိုးသမီးများ မိန်းမရောဂါ သတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး ။ ။အချစ်ရေးအနေနှင့် ခုအချိန်သည် ကံစကောင်းလာချိန် ဖြစ်ပါသည်။ ချစ်ရသောသူနှင့်အမြန်ဆုံးလက်ထပ်ပါ။အိမ်ထောင်သည်များလည်းအလုပ်ကိစ္စများနှင့်ပါတ်သက်ပြီး ခရီးဝေးသွားရပြီး ခွဲနေရမည်။

ပညာရေး ။ ။အလုပ်နှင့် သက်ဆိုင်သော သင်တန်းကိုသာ တက်ရောက်ပါ။ နိုင်ငံခြား ဘာသာစကားများလည်း လေ့လာသင့်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း မိမိအိမ်အနီးတွင် မီးလောင်တတ်သည်။ မီးလန့်ပြီးနောက် ထီထိုးပါ။ ဝန်ထမ်းများလည်းအထက်လူကြီး မစပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၅၊ ၇၊ ၉။

ယတြာ – ကြာသာပတေးနေ့တွင် မိမိအိမ်ဘုရားတွင် မေမြို့ပန်းများ လှူပေးပါ။



ယခုအပတ်အတွင်း သောကြာသားသမီးတို့
စီးပွားရေး ။ ။အဝတ်အထည်နှင့်ဆိုင်သောလုပ်ငန်း၊ ဇာထိုးပန်းထိုးလုပ်ငန်း၊ မုန့်လုပ်ငန်း၊ ကိတ်မုန့်လုပ်ငန်း။ ပြည်ပမှတင်သွင်းသောအထည်၊ စိန်နှင့် ရွှေဖြူလုပ်ငန်းများ ကံကောင်းပါလိမ့်မည်။အထူးမှတ်ရန်မှာ ရေထွက်ပစ္စည်းများအားနည်းပြီး စကားပြောရမည်။

ကျန်းမာရေး ။ ။ သဲခြေအိပ်တွင် ကျောက်တည်ပါကအမြန်ကုသပါ၊

အချစ်ရေး/အိမ်ထောင်ရေး ။ ။အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း လက်ထပ်ရန် ဝေးနေပါလိမ့်မည်။အိမ်ထောင်သည်များလည်းအကြောင်းတစ်ခုခုကြောင့် ခွဲနေရတတ်သည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် ထူးဆန်းသော ပညာရပ်များ သင်ကြားရလိမ့်မည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်းအိမ်၊ ခြံ၊ မြေနှင့်ပါတ်သက်သော လုပ်ငန်းများ သတိထား လုပ်ကိုင်ပါ။ နိုင်ငံဝန်ထမ်းများအလုပ် (၂) ခု ပေါင်းလုပ်ရတတ်သည်။

အကျိုးပေးဂဏန်း – ၂၊ ၄၊ ၉။

ယတြာ – သောကြာနေ့တွင် မိမိတတ်နိုင်သလောက်အလှူလုပ်ပေးပါ။

စနေ


ယခုအပတ်အတွင်း စနေသားသမီးတို့
စီးပွားရေး ။ ။ ပြည်ပသွင်းကုန်/ထုတ်ကုန်လုပ်ငန်း၊ ဓါတ်သတ္တု၊ ကျောက်မျက်ရတနာလုပ်ငန်းများ ကံကောင်းသည့်အချိန်ဖြစ်သည်။ ဘဏ်လုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်းများကောင်းပါသည်။အထူးသတိပြုရန်မှာ ငွေကြေးဝန်ဆောင်မှု့လုပ်ငန်းများအတွက် ပေးရန် /ရန်ရန်များ စာရင်းရှင်းမနိုင်ဘဲ ပြသနာတက်တတ်သည်။

ကျန်းမာရေး ။ ။ နားလေးတတ်သည်။ နားနှင့်ဆိုင်သောရောဂါ၊ မတော်တဆထိမိခြင်းကြောင့် နားထိမိတတ်သည်။ သတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး ။ ။အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ နှစ်ဘက်မိဘတို့ သဘောတူရန် လိုပါလိမ့်မည်။အိမ်ထောင်သည်များလည်း နှစ်ဘက်မိဘကြောင့် ပြသနာ တက်နေတတ်သည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် ဌာနတွင်း သင်တန်းဆက်တက်ရမည်။

အထွေထွေ ။ ။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၃၊ ၄ ၊ ၉။

ယတြာ – စနေနေ့တွင် ရဟန်းတစ်ပါးအား ထီး(သို့) ဖိနပ် လှူပါ။


ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533




Some text some message..