စက်တင်ဘာ ၃ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-09-03



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း စက်တင်ဘာ ၃ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့အရေးကြီးလုပ်ဆောင်စရာတွေကို ခဏ ရပ်နားထားသင့်ပါတယ်။အလုပ်သစ်ကနေ ဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေက ပိုများနေမယ့် ကာလပါပဲ။ ရေလုပ်ငန်း၊ ပင်လယ်ထွက်ကုန်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီးအဖိုးတန်ပစ္စည်း လက်ဆောင်ရကိန်း ရှိနေပါတယ်။ ဝန်ထမ်းဖြစ်ပါက နယ်ပြောင်းရကိန်းရှိပြီး မိသားစုနဲ့ ခွဲနေရတတ်ပါတယ်။အိမ်အနီးအနားမှာအလှူကြီးပေးတဲ့မိတ်ဆွေအိမ် ဒါမှမဟုတ် ဓမ္မာရုံရှိနေရင်အလှူပါဝင်ပေးလိုက်ပါ။အိမ်ထောင်ရေးအဆင်ပြေနေပေမယ့် နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့်အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။အချစ်ရေးမှာ စန်းပွင့်နေပြီး ရွေးရခက်နေပါလိမ့်မယ်။ ပညာရေး ပုံမှန်ရှိနေပြီး ကျန်းမာရေးအနေနဲ့အစာအိမ်အချဉ်ပေါက် တတ်ပါတယ်။


နေ့ရက်အလိုက်ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီး ကိစ္စလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်ပေးသင့်ပါတယ်။


ယတြာ -အရဟံဂုဏ်တော် ရွတ်ဖတ်ပေးပါ။


တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှုအောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနိုင်ပါတယ်။ ရပ်ဝေးခရီးသွားရကိန်းရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေရရှိလာမှာ ဖြစ်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာမှာ မိမိရဲ့အကြံအစည်ကို လက်ခံသူမရှိဖြစ်နေတတ်ပြီး လုပ်ငန်းခွင် ပဋိပက္ခလေးတွေအနည်းငယ် ကြုံရနိုင်ပါတယ်။ သူတစ်ပါးသွေးထိုးမှု ခံရကိန်းရှိပြီး လုပ်ငန်းအောင်မြင်မှုအပေါ် နှောင့်ယှက်သူပေါတတ်တဲ့အချိန်လည်း ဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်း၊အိမ်ရာလုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ဆေးဆိုင်၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအနည်းငယ်ညံ့နေပါတယ်။ ပညာရေးကိုစိတ်မဝင်စားပဲအချစ်ရေးအတွက် စိတ်လေနေတတ်ပါတယ်။အိမ်ထောင်ရှင်များ ငွေကြေးအများအပြား ရရှိနေမယ့်အချိန်ဖြစ်ပြီး ကျန်းမာရေးအနည်းငယ်ညံ့နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ -ဘုရားတွင် ကိတ်ခြောက်ကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ပညာရေး၊ ကျန်းမာရေးနဲ့အထွေထွေကိစ္စရပ်တွေအတွက် ကံအသင့်အတင့် ရှိနေတဲ့ နေ့ရက်ပါ။ ငွေကြေးကံလည်းအသင့်အတင့်သာရှိနေပြီးအချစ်ရေးကံကတော့အနည်းငယ် ညံ့နေတယ်လို့ ဆိုရမှာပါ။အရှေ့ပိုင်းမှာ ကြိုးစားခဲ့တဲ့အရာတွေက ဒီနေ့မှာအကောင်အထည်ပေါ်လာမှာပါ။ ဒီနေ့မှာပြုလုပ်မယ့် ဘယ်လိုအရာမျိုးအတွက်မဆို သင်ဂုဏ်ယူမဆုံးဖြစ်ရမှာပါ။ ငွေနံကောင်းနေပြီး စပ်တူရှယ်ယာလုပ်ငန်းတွေကလည်းအကျိုးအမြတ်ရပါလိမ့်မယ်။ မိမိအရည်အချင်းကြောင့် လက်ရှိအလုပ်အကိုင်အပြင် တစ်ခြားအလုပ်တွေပါ လုပ်ကိုင်ခွင့်ရပြီး ငွေရွှင်နေမယ့် ကာလပါပဲ။ ဆန်၊ ဆီ၊ ဆားလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး သောကြာ၊အင်္ဂါနေ့နံ သားသမီးတွေရဲ့အကူအညီကိုလည်း ရရှိပါလိမ့်မယ်။အိမ်နေရာထိုင်ခင်းပြောင်းရွှေ့ရကိန်းရှိပြီး ဝန်ထမ်းဖြစ်ပါက ရာထူးနေရာအပြောင်းအလဲ ကြုံနိုင်တာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လက်ထိခိုက်မိတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင် ဆီချက်ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ဝင်ငွေထက် ထွက်ငွေများပြားနေတဲ့ ကာလပါပဲ။ လုပ်ငန်းကိုင်ငန်း ကိစ္စအ၀၀အဆင်ပြေနေတဲ့ ကာလဖြစ်ပြီး ပညာရေးနဲ့ ပတ်သက်ပြီး သင်တန်း တစ်ခုခု တက်ရောက်ဖြစ်ပါလိမ့်မယ်။ဒီနေ့မှာအစားအစာနဲ့အဖျော်ယမကာလုပ်ငန်းလုပ်ကိုင်သူတွေအထူးအောင်မြင်မှာဖြစ်ပြီး ကြာသပတေးနံညံ့နေလို့ သတိထားသင့်ပါတယ်။ စီးပွားရေးလုပ်ငန်းတိုးချဲ့တဲ့အခါမှာ သတိထားသင့်ပါတယ်။ မူလလုပ်ငန်းကိုအခွဲတွေထပ်ချဲ့တာမျိုးထက် လက်ရှိလုပ်ငန်းနဲ့ လုပ်ငန်းသဘာ၀ ကွဲပြားတဲ့လုပ်ငန်းသစ်မျိုး တိုးချဲ့ပြုလုပ်သင့်ပါတယ်။အိမ်၊ ခြံ နေရာထိုင်ခင်းအသစ်ဝင်ကိန်းလည်း ရှိပြီး လုပ်ငန်းရှင်တွေအနေနဲ့လည်း လုပ်ငန်းတွေတိုးတက်အောင်မြင်မယ့်အချိန်ဖြစ်ပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးကတော့ ကောင်းမွန်နေပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်ဒုက္ခပေးတတ်ပါတယ်။


ဆုံးဖြတ်ချက်မှားတာမျိုးကြုံရနိုင်လို့ ဒီနေ့ရက်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ကြံစည်လုပ်ဆောင်ဖို့ မသင့်သေးပါဘူး။ ငွေပေးငွေယူ လက်လွန်တာတွေအတွက်အမှုအခင်းဖြစ်ကိန်းရှိလို့ ဘယ်လို ငွေအပေးအအယူမျိုးကိုမှ လုပ်ဆောင်ဖို့ မသင့်တဲ့ ကာလပါပဲ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။


ယတြာ -ဘုရားတွင် ဝေဖာကပ်လှူပေးပါ။


ရာဟု - ရာဟုသားသမီးတွေအနေနဲ့အောက်လက်ငယ်သားနဲ့ သားသမီးကိစ္စတွေမှာ စိတ်ချမ်းသာရမယ့်အချိန်ဖြစ်ပါတယ်။ မိသားစု မောင်နှမတွေရဲ့အထောက်အပံ့ ရရှိမှာဖြစ်ပြီး လုပ်ငန်းပိုင်းဆိုင်ရာမှာလည်းအလုပ်ရှင်ရဲ့ယုံကြည်စွာ တာဝန်ပေးခြင်း ခံရပါလိမ့်မယ်။ လုပ်ငန်းမှန်သမျှအောင်မြင်စွာ လုပ်ဆောင်နိုင်မယ့်အချိန်လည်း ဖြစ်ပြီး ပညာရေး၊အချစ်ရေးအောင်မြင်နေမှာဖြစ်ပါတယ်။အိမ်ထောင်ရေးကိစ္စမှာလည်း ကောင်းသောအပြောင်းအလဲတွေ ကြုံရပါလိမ့်မယ်။ တစ်ခုရှိတာက ဒီနေ့မှာ ကိုယ်လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်တစ်ခုက သူတစ်ပါးရဲ့အချစ်ရေး၊အိမ်ထောင်ရေး ကိစ္စတွေမှာ ကြားညပ်တတ်လို့ သတိပြုသင့်တာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရရှိနိုင်တာဖြစ်ပါတယ်။


ယတြာ -ဘုရားတွင်မွေးနံထောင့်ရေသပ္ပာယ်ပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ ခရီးသွားရကိန်းရှိပြီး လူမျိုးခြားနဲ့ ပတ်သက်ပြီး ကောင်းကျိုး ရရှိနိုင်ပါတယ်။ သင်တန်းတက်ဖို့ စီစဉ်ထားတာရှိရင်အဆင်ပြေတိုးတက်မယ့် ကာလပါပဲ။ နိုင်ငံခြားခရီးလည်း သွားရကိန်းရှိပြီ ဒီခရီးကနေ ပိုမိုတိုးတက်တဲ့လုပ်ငန်းခွင်နဲ့ ဘဝကို ရရှိလာဖို့ တက်လမ်းပါပဲ။ လုပ်ငန်း စပ်တူလုပ်ကိုင်မှုတွေကနေအကျိုးအမြတ်ရရှိလာပါလိမ့်မယ်။အိမ်နေရာထိုင်ခင်းအသစ်ဝင်ကိန်းရှိပြီးအိမ်ကို သောကြာသားသမီးတစ်ဦးရောက်လာရင် ထီထိုးပေးပါ။အချစ်ရေးအိမ်ထောင်ရေး ပုံမှန်ရှိနေပြီး ပညာရေးပိုင်းကို စိတ်မဝင်စားပဲ ဖြစ်နေတတ်ပါတယ်။ ရေသန့်လုပ်ငန်း၊ ရွှေလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ကျန်းမာရေးပိုင်းမှာတော့ လေနာရောဂါဖြစ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင်မုန့်စိမ်းပေါင်း ကပ်လှူပေးပါ။


သောကြာ - သောကြာသားသမီးတွေအနေနဲ့အသေးစားထိခိုက်မှုမျိုး ရှိနိုင်ပြီး စိုးရိမ်ရတဲ့အနေအထားမျိုးတော့ မရှိနိုင်ပါဘူး။ ငွေလိမ်ခံရကိန်းရှိနေပြီး ငွေပေးငွေယူကိစ္စတွေမှာ သတိထားသင့်ပါတယ်။အချစ်ရေးမှာ ထူးထူူးခြားခြား တိုးတက်မှုတွေ ကြုံရမှာဖြစ်ပြီး ချက်ချင်းဆုံးဖြတ်လုပ်ဆောင်လိုက်တာတွေကနေအကျိုးထူးရရှိစေနိုင်ပါတယ်။ ဝေးကွာနေတဲ့ မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံဆည်းရကိန်းရှိပြီး လုပ်ငန်းတိုးချဲ့ဖို့ လမ်းစပေါ်လာပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက လက်ရှိအလုပ်မှာ ရာထူးတိုး ရပ်တန့်နေတတ်ပြီး လစာလည်း မတိုးပဲ ရှိနေပါလိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်တွေအကျိုးများမယ့် ကာလဖြစ်ပြီးအိမ်နေရာထိုင်ခင်းအပြောင်းအရွှေ့လည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ကျောက်ကပ်သတိပြုသင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။


ယတြာ -ဘုရားတွင်သစ်တော်သီး ကပ်လှူပေးပါ။


စနေ - ကျန်းမာရေးအနည်းငယ်ညံ့နေတာကြောင့် သတိပြုသင့်တဲ့ နေ့ရက်ဖြစ်ပြီးအိမ်မှာရှိတဲ့ လျှပ်စစ်ပစ္စည်းအဟောင်းအပျက်တွေကို စွန့်ပစ်လိုက်ပါ။ ကျန်းမာရေးအနေနဲ့ ဝမ်းပျက်ဝမ်းလျော သတိပြုပါ။ လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့အလုပ်လောဘကြီးပြီး တာဝန်ယူမိတာတွေ များလို့အလုပ်တာဝန် မနိုင်မနင်းဖြစ်နေတတ်ပြီး ငွေကြေးအပေးအယူပိုင်းကိုလည်း သတိထားလုပ်ဆောင်သင့်ပါတယ်။ ထီပေါက်ကိန်းရှိပြီးအိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်လို့ မကြာခဏ ထီထိုးပေးပါ။ ငွေကြေးအမြောက်အမြား လူလိမ်ခံရတတ်ပြီး စာချုပ်စာတမ်း ကိစ္စများ ကြားဝင်အာမခံပေးတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ရေသန့်လုပ်ငန်း၊ ရွှေငွေ၊ ကျောက်မျက်လုပ်ငန်းရှင်များအလုပ်ဖြစ်မယ့် ကာလပါပဲ။ ဝန်ထမ်းဖြစ်ပါကအလုပ်ခွင်အတွင်း မျက်နှာကောင်း ရတတ်ပြီး လုပ်ငန်းခွင်ရှိလူများရဲ့ ချစ်ခင်ကူညီမှုတွေကိုလည်း ရရှိမှာဖြစ်ပါတယ်။ ပညာရေးအတွက် နိုင်ငံခြားသွားရကိန်းလည်း ရှိနေတဲ့အချိန်ဖြစ်ပါတယ်။အချစ်ရေးအိမ်ထောင်ရေး ပုံမှန်ရှိနေပြီး


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ -ဘုရားတွင်နာနတ်ယို ကပ်လှူပေးပါ။

ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..