စက်တင်ဘာလ တစ်လစာဟောစာတန်း
weddingguide.com.mm
|
2019-09-03
စက်တင်ဘာလအတွင်း ခုနစ်ရက်သားသမီးများအတွက် ဆောင်ရန်ရှောင်ရန်များနှင့် ယတြာများ



1-9-2019 ရက်နေ့မှ 30-9-2019 ရက်နေ့ထိ (တနင်္ဂနွေသားသမီးများ)အတွက် တစ်လစာ ဟောစာတမ်း


စီးပွားရေး



တနင်္ဂနွေသားသမီးများရဲ့ စီးပွားရေးလုပ်ကွက်အခွင့်အလမ်းမှန်သမျှ ပိတ်ဆို့နေပြီး လက်ရှိလုပ်နေတဲ့


လုပ်ငန်းလေး မပြုတ်အောင်အတော်ကလေး သတိထားပြီး ထိန်းနေကြရမှာပါ။ဒီကြားထဲ ခိုးကြောင် ခိုးဝှက်နဲ့


မိမိရဲ့အလုပ်တွေကို စုံစမ်းထောက်လမ်းတာတွေ ခံနေကြရမှာဖြစ်ပါတယ်။မိမိလုပ်တဲ့အလုပ်လေးတွေကိုတောင်


လူသူမသိအောင် သတိနဲ့ လုပ်ကြရမှာပါ။အလုပ်အသစ်တွေ လုပ်ငန်းသစ်တွေ လုံးဝ စ မလုပ်သင့်တဲ့လပါဘဲ။


အစိုးရဝန်ထမ်းတွေကလည်း ပြောင်းဖို့ ရွှေ့ဖို့ထက် မပြုတ်အောင် ဂရုစိုက်လုပ်နေရမှာပါ။



ယတြာ=ရေဘေးဒုက္ခသည်များကို စောင်များ လှူ ဒါန်းပေးပါ။


ငွေကြေး


ကိုယ်ကငွေနောက်လိုက်လေ ငွေက ပြေးလေပါဘဲ။ဒီကြားထဲအလုပ်ပါးမှုကြောင့်အကြွေးတွေ တင်နေတတ်ပြီး


အကြွေးရှင်တွေကို ပါတ်ပြေးနေရကိန်းပါဘဲ။ငွေကြေးကံကလည်းအင်မတန်ညံ့နေတဲ့ လပါဘဲ။


တနင်္ဂနွေသားသမီးတွေအနေနဲ့ ငွေကြေးတွေအလွယ်တကူ သုံးပစ်တာတို့ ချေးငှားလိုက်တာတို့ မလုပ်သင့်ပါဘူး။


ယတြာ=နေ့စဉ် မနက်စောစော မိမိအိမ်မှာ မင်္ဂလသုတ်ကိုအသံကျယ်ရွတ်ဖတ်ပူဇော်ကြပါ။


ကျန်းမာရေး



ခြေထောက်နဲ့ ခန္ဓာကိုယ်အောက်ပိုင်းရောဂါတွေအထူးသတိပြုရမှာပါ။အထူးသဖြင့်တော့ ခြေထောက်ဒါဏ်ရာရတာတွေ


ခလုတ်တိုက်တာတွေ ခြေကျိုးတာတွေအထိ ဖြစ်မည်။


ယတြာ=ဘုန်းကြီးကျောင်းအတွင်း လမ်းများကို လှည်းကျင်းပြီး သန့်ရှင်းရေး မှန်မှန်လုပ်ပေးကြပါ။


အချစ်ရေး



ချစ်သူနှစ်ဦးကြားမှာအနှောက်အယှက်တွေအဖျက်တွေအများကြီးဝင်လာမှာပါ။ဒါပေမယ့် မိမိတို့ လက်တွဲညီနေသ၍


အဲဒီအခက်အခဲအဖျက်တွေကိုအေးအေးဆေးဆေး ကျော်ဖြတ်နိုင်ကြမှာပါ။လက်တွဲမညီလို့ကတော့ လူးလိမ့်ပြီးခံရလိမ့်မည်။


ယတြာ=နီးစပ်ရာဘုရားတွင် တစ်ရက်လျှင် ဖယောင်းတိုင် ၉ တိုင်ဆီ ၅ ရက်တိတိ ထွန်းညှိပူဇော်ပေးပါ။


ပညာရေး


မိဘတွေရဲ့ ဖြစ်စေလိုတဲ့ စိတ်ကြီးမားမှုကြောင့် မိမိရဲ့ကလေးအပေါ်မှာ စိတ်ဖိစီးမှုများအောင် တင်းကြပ်မိတတ်ပါတယ်။


ကလေးမိဘတွေအထူးသဖြင့် ဆယ်တန်းကလေး မိဘတွေအဲလိုမဖြစ်အောင် ဂရုစိုက်ကြပါ။ကြားထဲက ကလေးက


စာသင်လိုစိတ်ကုန်သွားနိုင်ပါတယ်။



ယတြာ=မိဘမဲ့ကလေးကျောင်းတွင် မိမိတတ်နိုင်သလောက် စာရေးကိရိယာလှူ ပေးပါ။


လူမှုရေး

အများနဲ့ ပါတ်သက် ပြောဆိုရမယ့်နေရာမှာအောင်မြင်မှုတွေ ရကြမှာဖြစ်ပါတယ်။အများက ကိုယ့်စကားကို


နားထောင်ကြမယ့် လ ဖြစ်ပါတယ်။ရပ်ရွာရေးကိစ္စတွေမှာလည်း တနင်္ဂနွေသားသမီးတွေ ဦးစီးဦးဆောင် လုပ်ရတတ်ပါတယ်။



ယတြာမလိုပါဘူးခင်ဗျ။


အိမ်ထောင်ရေး




ကိုယ်ထင်တာက တစ်ခု ဖြစ်နေတာက တစ်မျိုးဆိုသလိုပါဘဲ ကိုယ့်အိမ်ထောင်ဖက်နဲ့ ပါတ်သက်ပြီး


အချို့ ကိုယ်မသိတဲ့ ကိစ္စတွေအံ့သြဖွယ်ရာ သိလာရတတ်ပါတယ်။အရှေ့မှာ လူကောင်းအနောက်မှာတော့


လူဆိုးဆိုတာမျိုးတွေပေါ့ဗျာ။အိမ်ထောင်ရေးက ကွဲတာတွေ ဖြတ်တာတွေထက် ပြသနာများနေတာတွေနဲ့အချိန်ကုန်နေမှာပါ။


တစ်ချက်တစ်ချက် ဘာအကြောင်းမှတောင် ရေရေရာရာ မရှိဘဲနဲ့ ရန်ဖြစ်ကြရတတ်ပါတယ်။



ယတြာ=ဆိတ်သားဟင်းချက်၍ သံဃာကို ဆွမ်းလောင်းလှူ ပေးပါ။


1-9-2019 ရက်နေ့မှ 30-9-2019 ရက်နေ့ထိ (တနင်္လာသားသမီးများ)အတွက် တစ်လစာ ဟောစာတမ်း


စီးပွားရေး


အလုပ်သစ်ပြောင်းလုပ်တာ ဆိုင်ခန်းနေရာပြောင်းတာ ဒီလ လုံးဝမလုပ်သင့်ပါ။အဆင်မပြေလို့ ပြောင်းလိုက်ခါမှ


ပိုပြီးအဆင်မပြေတဲ့ နေရာ ရောက်သွားတတ်ပါတယ်။ဝန်ထမ်းတွေကအထက်အမိန့်ကြောင့် ပြောင်းရမယ်ဆိုလည်း


အိမ်က ထွက်တဲ့အချိန် နောက်ကျောနဲ့ထွက်ပါ။တံခါးကို မျက်နှာမှုပြီးမှ ထွက်ပါ။


အလုပ်အကိုင်တွေအဆင်ပြေမှုအားနည်းမည်။



ယတြာ=ဘုရားဖူးခရီးသွားသော မိတ်ဆွေများကို မိမိတတ်နိုင်သလောက် ငွေကြေးထည့်ပေးပြီး ကူညီပါ။


ငွေကြေး




အလိမ်ခံရတာတွေ၊ရုံးတိုင်ခံရတာတွေနဲ့ တနင်္လာသားသမီးတွေ ဒီလအလုပ်ရှုပ်ကြလိမ့်မယ်။ငွေချေးတာအာမခံတာ


လုံးဝ လုံးဝ မလုပ်သင့်ပါ။ပေးပြီးမှ ပြန်မရရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါဘဲ။


ယတြာခြေတာထက် မပေးမိအောင် သတိထားရင် လုံလောက်ပါပြီ။


ကျန်းမာရေး




ခေါင်းမူးတာ ခေါင်းနောက်တာတွေ မကြာခဏခံစားရမည်။စိတ်ရောဂါနဲ့ ပါတ်သက်ရင်လည်း သတိထားသင့်ပါတယ်။


ယတြာ=တိရိစ္ဆာန်လေးတွေကိုအစာကြွေးပေးပါ။


အချစ်ရေး




အချစ်ရေးမှာတော့ စန်းပွင့်နေမည်။နှစ်ယောက်ထဲက ဘယ်သူ့ရွေးရမည်မသိဆိုတာတွေ ဖြစ်မည်။အရွေးမမှားအောင်


သတိပြုပါ။ကိုယ့်ချစ်သူကလည်း စန်းပွင့်နေတတ်တာတော့ သတိပြုရမှာပါ။မျက်ခြေမပျတ်စေနဲ့ပေါ့ဗျာ။



ယတြာ=ဘုရားကိုအအေးကပ်လှူ ပေးပါ။


ပညာရေး




ပညာရေးမှာ မိဘတွေ ငွေကုန်ကြေးကျများမယ့်လ ပါဘဲ။မမျှော်လင့်ဘဲ ငွေတွေပညာရေးအတွက် ကုန်လိမ့်မည်။


ကလေးတွေရဲ့ ပညာရေးကတော့အပျက်မရှိပါဘူး။ဖျားနာပြီး ကျောင်းမတတ်နိုင်တာလောက်သာ ရှိမှာပါ။



ယတြာမလိုပါဘူး။


လူမှုရေး




အများကိစ္စ၊အများပြသနာကို ကိုယ်က ဝင်ပြီး ခေါင်းခံဖြေရှင်းပေးရတတ်ပါတယ်။ ကိုယ့်ပြသနာတော့ ဘာမှ


မတက်တတ်ပါဘူး။သူငယ်ချင်းတွေ မိန်းမခိုးရင်လည်းအိတ်လိုက်ထမ်းပေးရတတ်ပါတယ်။


အိမ်ထောင်ရေး


အိမ်ထောင်ရေးကတော့အထီးကျန်မှုတွေ လွမ်းဆွေးမှုတွေ ပြည့်နေကြမှာပါ။ပြသနာတွေ ရန်တွေတော့ မဟုတ်ပါဘူး။


အကြောင်းကိစ္စအမျိုးမျိုးကြောင့် ခွဲနေရတတ်ပါတယ်။တစ်ယောက်တစ်နေရာဆီ နေရပြီး လွမ်းနေရတတ်ပါတယ်။



ယတြာ=ယပ်တောင်လှူ ပေးပါ။


1-9-2019 ရက်နေ့မှ 30-9-2019 ရက်နေ့ထိ(အင်္ဂါသားသမီးများ)အတွက် တစ်လစာ ဟောစာတမ်း


စီးပွားရေး


ဘေးကြပ် နံကြပ်နဲ့အလုပ်လုပ်ရတာ သိပ်အဆင်ပြေကြမှာ မဟုတ်ပါဘူး။အစိုးရက တစ်မျိုး၊ဘေးနားက ဆိုင်က


တစ်မျိုး၊ဈေးဝယ်က တစ်မျိုးအမျိုးမျိုးသော ကိစ္စတွေ ကြားမှာ ဘေးကြပ်နံကြပ် ဖြစ်နေမည်။


စိတ်ဖြောင့်ဖြောင့်နှင့်အလုပ်ကို လုပ်ရမည်မဟုတ်ပါ။ဆိုင်ခန်းငှားပြီး ဖွင့်ထားသူတွေလည်း ဆိုင်ရှင်တွေက ပေးတဲ့ဒုက္ခကို ခံကြရမည်။


ဥပမာ-ဈေးတက်တာတို့၊ဖယ်ခိုင်းတာတို့ပေါ့။


ယတြာ=ဘုရားကို နေကြာစေ့ လှူ ပေးကြပါ။


ငွေကြေး




ကိုယ့်ကို ပေးဖို့ရှိတဲ့သူတွေက ရူးချင်ရောင်ဆောင်ကြလိမ့်မယ်။ ကိုယ်ကပေးစရာရှိတဲ့သူကတော့အိမ်ရှေ့လာစောင့်လိမ့်မယ်။


အတော်လေးကို ငွေကြေးတွေ လည်ပါတ်ရခက်မဲ့ လ ပါဘဲ။အထွက်တွေသာ ရှိပြီးအဝင်မရှိတဲ့ လ ပေါ့။အဲဒီတော့ ချွေတာ သုံးကြပေါ့ဗျာ


။ချွေတာ စုမှ သူဌေးဖြစ်ကြမှာပါ။


ယတြာ=သံဃာကို ဖိနပ်လှူ ပေးပါ။


ကျန်းမာရေး




ကျန်းမာရေးကတော့ ကောင်းတဲ့ ဘက်မှာ ရှိပါတယ်။ရောဂါ ကြီးကြီးမားမား ဖြစ်ဖို့ မရှိပါဘူး။အထိုင်များပြီး


ညောင်းညာကိုက်ခဲတာလောက်သာဖြစ်ကြမယ့် လ ပါ။ယတြာမလိုပါဘူး။


အချစ်ရေး




အချစ်ရေးတွေက ကောင်းပါတယ်။ မိဘကိုအသိပေးပြီး မင်္ဂလာကိစ္စစကားပြောမယ်ဆိုရင် ဒီလကအကောင်းဆုံးပါဘဲ။


အိမ်က နည်းနည်းသဘောမတူသလို ရှိနေလည်း ယတြာလေးခြေလိုက်ရင် ok သွားကြမှာပါ။


အပျိုးကြီးမမတွေလည်း မထင်မှတ်ဘဲအိမ်မှာလာပြီး မိမိကို ကြောင်းလမ်းတာ ခံရတတ်ပါတယ်။


ယတြာ=ကောက်ညှင်းပေါင်း၊အုန်းပေါင်းများကိုအကြော်နှင့်တကွ ဘုရားကို ကပ်လှူ ဆုတောင်းပါ။


ပညာရေး




ပညာရေးကို ကလေးတွေ စိတ်ပါဝင်စားမှုနည်းကြလိမ့်မယ်။မိဘတွေအနေနဲ့ နည်းနည်းစိတ်ရှည်သီးခံပြီး


တွန်းအားပေးရမယ့် လ ဖြစ်ပါတယ်။အဲလိုလုပ်နိုင်ရင်တော့ ကလေးတွေ စာကို ပြန်လည်စိတ်ဝင်စားလာကြမှာပါ။


ဝန်ထမ်းတွေတော့ ရာထူးတိုးစာမေးပွဲတွေရှိနေရင်အေးဆေးအောင်သွားကြမှာပါ။


ယတြာ=ရေဘေးဒုက္ခသည်များကိုအနွေးထည်များ မိမိတတ်နိုင်သလောက် လှူ ပေးကြပါ။


လူမှုရေး


သူငယ်ချင်းတွေအချင်းချင်းအထင်လွဲပြီး စိတ်ဝမ်းကွဲနေတတ်ပါတယ်။တစ်ပါတ်ကျော်ကျော်လောက်ပါဘဲ။ပြီးရင်


ပြန်ပြီး ပြေလည်သွားကြမှာပါ။အရပ်ထဲမှာတော့ ကိုယ်က နေရာတကာမှာ ဝင်ပြီး ရပ်ရေးရွာရေးကိစ္စတွေ


ဆောင်ရွက်ပေးရတတ်ပါတယ်။


အိမ်ထောင်ရေး




အိမ်ထောင်သည်တွေအများစုကတော့ ဒီလမှာ သားသမီးရတနာနဲ့ ပါတ်သက်ပြီး သီတင်းကောင်းတွေ ကြားရမယ့်လ ဖြစ်ပါတယ်။


အိမ်တွင်းမှာ လူဦးရေတိုးတာမျိုးပေါ့။အိမ်ထောင်ရေးကိစ္စတွေအိမ်ထောင်သည်တွေ ပြသနာတက်နေတာတို့


ရန်ဖြစ်ထားကြတာတွေလည်း ဒီလမှာ ပြန်ပြီး ပြေလည်သွားကြမှာပါ။



ချော့မယ်ဆိုလည်း မြန်မြန်သာချော့ပါ ပြေလည်ဖို့ နီးစပ်ပါတယ်။အမိျိုးသမီးတွေအနေနဲ့လည်း တစ်ခုခုတောင်းဆိုစရာရှိရင်


ဒီလမှာ တောင်းဆိုကြပါ။အိမ်ထောင်ဘက်က မိမိရဲ့တောင်းဆိုချက်ကို လက်ခံပေးမှာဖြစ်ပါတယ်။
ယတြာမလိုပါဘူး။


1-9-2019 ရက်နေ့မှ 30-9-2019 ရက်နေ့ထိ (ဗုဒ္ဓဟူးသားသမီးများ)အတွက် တစ်လစာ ဟောစာတမ်း


စီးပွားရေး



အရောင်းအဝယ်တွေအရမ်းကောင်းမည်။တပည့်အသစ်တွေ ဝန်ထမ်းအသစ်တွေ တိုးမည်။အလုပ်တိုးချဲ့လိုသူများ


ဒီလကအကောင်းဆုံး လ ပါ။အပြောင်းအရွှေ့တွေတော့ သိပ်မကောင်းဘူး။အထူးသဖြင့်အစိုးရဝန်ထမ်းတွေပေါ့။


အလုပ်သစ်တွေလည်း စလုပ်လို့ကောင်းပါတယ်။



ယတြာမလိုပါဘူး။


ငွေကြေး




ငွေကတော့ လည်ပါတ်အားကောင်းနေမှာဖြစ်ပါတယ်။ မမျှော်လင့်ဘဲ ငွေအများကြီးဝင်တတ်ပါတယ်။


ကျောက်အောင်တာတို့၊ထီပေါက်တာတို့ပေါ့။ဝင်ငွေများမှာဖြစ်သလို ထွက်ငွေလည်းအင်မတန်များနေမှာဖြစ်ပါတယ်။


များပါစေ။တစ်ဖက်က ထွက်လေ တစ်ဖက်က ဝင်လေပါဘဲ။ပိုကောင်းအောင် ယတြာလေးလုပ်ပေးကြပါ။


ယတြာ=လက်ဖက်ခြောက်ထုတ်များ ဘိုးဘွားရိပ်သာမှာ လှူ ပေးကြပါ။


ကျန်းမာရေး

ကျန်းမာရေးကတော့အင်္ဂါစပ်နဲ့ ပါတ်သက်တဲ့ ရောဂါတွေ သတိထားသင့်ပါတယ်။အနာပေါက်တာတို့အူကျတာတို့ပေါ့။


ခွဲစိတ်ခံရဖို့အထိလည်း ရှိနေပါတယ်။ ဂရုပြု ကြပါ။



ယတြာ=အောင်သပြေ ၆ ညွှန့် မွေးနေ့တိုင်း ဘုရားကို လှူ ပေးပြီး ဆုတောင်းပါ။


အချစ်ရေး

အချစ်ရေးကတော့အသည်းကွဲသူတွေ များမည့််လ ဖြစ်ပါတယ်။ မိမိရဲ့နှလုံးသားကို ကစားတာ


ခံရမယ့်လ ပါဘဲ။ယုံလို့ ပုံအပ်ရင်တော့ မျက်ရည်တွေသာ ပိုင်ဆိုင်လိမ့်မည်။



ယတြ=ကြက်သားဟင်းချက်၍ ဆွမ်းလောင်းလှူ ပေးပါ။


ပညာရေး




ပညာရေးကတော့အကောင်းပါဘဲ။လုပ်သလောက် ဖြစ်ကြမှာပါ။ကြိုးစားသလောက်ကတော့


အေးဆေးအောင်မြင်မှာပါ။စာကျက်ရ မှတ်ရလည်း လွယ်ကူမှာပါ။


လူမှုရေး

ရပ်ရေးရွာရေး တာဝန်တွေအင်မတန်များပြီး ပင်ပန်းမယ့် လ ပါ။ပရဟိတလုပ်ငန်းတွေမှာလည်း


မိမိက ဦးဆောင်ပြီး ဆောင်ရွက်ပေးရတတ်ပါတယ်။


အိမ်ထောင်ရေး



အိမ်ထောင်ရေးကိစ္စတွေမှာတော့ မိမိစိတ်တိုင်းမကျမှုတွေ များနေလိမ့်မည်။ ကိုယ်ဖြစ်စေချင်တဲ့


အတိုင်း ကိုယ့်အိမ်ထောင်ဖက်က လုပ်ဆောင်မှာမဟုတ်ဘဲ သူလုပ်ချင်တာတွေ လုပ်နေမှာဘဲ ဖြစ်ပါတယ်။


ကွဲမှာ ကွာမှာလည်း မဟုတ်ပေမယ့် ကိုယ့်သဘောမဟုတ်ဘဲ သူ့သဘောအတိုင်းသာ ကိုယ်က လိုက်လုပ်ပေးနေရဖို့ရှိပါတယ်။



ယတြာ=မိမိအိမ်ရှေ့က လမ်းကို မှန်မှန်လှည်းကျင်းပြီး ဆုတောငိးပါ။


1-9-2019 ရက်နေ့မှ 30-9-2019 ရက်နေ့ထိ( ကြာသပတေးသားသမီးများ)အတွက် တစ်လစာ ဟောစာတမ်း


စီးပွားရေး


သူများကိုလည်း ကိုယ်မကူနိုင်၊ကိုယ့်ကိုလည်း ကူမယ့်သူမရှိ ဆိုသလိုပါဘဲ။သူများအခက်အခဲတွေ မြင်ပြီး


ကိုယ်က ကူညီပေးချင်ပေမယ့် ကိုယ့်အခက်အခဲကိုအရင်ဖြေရှင်းနေရတဲ့အနေအထားပါ။စီးပွားရေးကိစ္စတစ်ချို့မှာ


တစ်ချို့ပြသနာတွေက ကိုယ်လည်းမဖြေရှင်းနိုင် ကိုယ့်ကိုလည်း ကူညီပြီး ဖြေရှင်းပေးမယ့်သူမရှိဘဲ


အခက်ကြုံနေမည့် လ ပါ။အကောင်းဆုံးကတော့ ဘာပြသနာဘဲဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးပါ။ကိုယ်တိုင် ဆုံးဖြတ်ပြီး


လုပ်ဆောင်ပါ။အဲဒါမှ ကြုံနေတဲ့အခက်အခဲ ပြသနာကနေ ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။



ယတြာ=ငါး သက်စေ့ လွှတ်ပေးပါ။


ငွေကြေး


ထိန်းထိန်းသိမ်းသိမ်း သုံးစွဲမှသာလျှင် ဒီလက ချောင်လည်မှာပါ။မဟုတ်လို့ကတော့အကြွေးတောင် တင်သွားနိုင်ပါတယ်။


အသုံးကိုစိစစ်ပြီး သုံးကြပါ။ဆုကြေးတွေ ဝင်ထားရင်လည်း သတိထားရမယ့် လ ပါဘဲ။ကိုယ့်အလှည့်မှ မလျော်ဘူး ဖြစ်လိမ့်မည်။


ယတြာ=အသက်ကြီးသူများကိုအချိုရည်လှူ ပေးပါ။


ကျန်းမာရေး




ကိုယ့်ကို ဒုက္ခပေးမယ့် ရောဂါကိုမှ ကိုယ်က မွေးမြူ နေမိသလို ဖြစ်လိမ့်မည်။ဥပမာ-အမိျိုးသမီးများအနေဖြင့်


မီးယပ်ရောဂါကို ပေါ့ပြီး ဆေးခန်းမပြဘဲ နေမိပြီးမှ မီးယပ်ကိစ္စ ဒုက္ခရောက်မှအဖေကယ်ပါအမေကယ်ပါ တွေ


ဖြစ်ကုန်လိမ့်မည်။အမျိုးသားတွေကတော့လိင်အင်္ဂါတစ်ဝိုက်အနာဖြစ်တာကို ကုက်လိုက်မိတာတို့ ဆေးမထည့်မိတာတို့ပေါ့။


ယတြာ=ဘိုးဘွားရိပ်သာ သွား၍အပေါ့စွန့်တဲ့အချိန်မှာ သုံးတဲ့ ပလပ်စတစ်အိုးလေးတွေ သွားလှူ ပေးကြပါ။


အချစ်ရေး

မျက်နှာများတာ ၂ယောက်အပြိုင်တွဲနေတာတွေ ဒီလမှာတော့ မလွယ်ဘူးသာမှတ်ပေတော့။အဲလိုလူတွေ


ပြသနာအကြီးကြီးတွေနဲ့ ရင်ဆိုင်ရမည်။တရားဆွဲခံရတဲ့အထိ ဖြစ်မည်။ဒီလမှာတော့ ကိုယ်တစ်ကယ်ချစ်တဲ့ ချစ်သူနဲ့


အေးအေးဆေးဆေး သာသာယာယာလေးဘဲ နေသင့်ပါတယ်။နောက်တစ်ယောက်ထားတာတို့၊ထပ်တွဲတာတို့


လုပ်ရင်တော့ ရှေ့နေသာ ကြို ငှားထားပေတော့။



ယတြာ=ဘုရားကို ကွာစေ့လှူ ပါ။


ပညာရေး




ပညာရေးနဲ့ ပါတ်သက်ပြီး လေ့လာရေးခရီးတွေ ဒီလမှာ ကလေးတွေ သွားရဖို့ရှိပါတယ်။ကလေးတွေရဲ့


ကျန်းမာရေးအခြေအနေကြောင့် ကျောင်းပျက်တာများပြီး ဒီလမှာ စာကို မလိုက်နိုင်ဘဲ စိတ်ပျက်ကြလိမ့်မယ်။



ယတြာ=အိမ်ဘုရားမှာ လဘက်ရည်ကပ်လှူ ပေးပါ။


လူမှုရေး




ရိုက်ကြ ခုတ်ကြနဲ့ သူငယ်ချင်းတွေကြားမှာ ပြသနာတွေအများကြီးတက်ဖို့ရှိပါတယ်။ကိုယ့်ရည်းစားကို


သူက သွား စ တာတို့၊စာလိုက်ပေးတာတို့ကြောင့်ပါဘဲ။သူငယ်ချင်းတွေကြားမှာ သစ္စာကို ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။


အိမ်ထောင်ရေး




ဆွေမျိုးတွေ မောင်နှမတွေကြောင့် လင်မယားတွေကြားမှာ ပြသနာတွေ တက်ကြလိမ့်မည်။ရန်တိုက်ပေးတာတို့၊


ကြားစကားတွေ ယုံမိတာတို့ ဖြစ်လိမ့်မည်။ကွဲကွာမှာ မဟုတ်ပေမယ့် ချစ်ခင်မှုတွေ နည်းကြလိမ့်မည်။တစ်ခုတင်ထဲ


အတူအိပ်ပေမယ့် တစ်နယ်စီခြားနေသလိုဘဲ ဖြစ်ကြမည်။



ယတြာ=မိမိအသိမိတ်ဆွေများထဲက ဘုရားဖူးခရီးသွားမည့်သူတွေကို လမ်းခရီးမှာ စားဖို့အတွက် ဒံပေါက်ဝယ်ပေးလိုက်ပါ။


1-9-2019 ရက်နေ့မှ 30-9-2019 ရက်နေ့ထိ (သောကြာသားသမီးများ)အတွက် တစ်လစာ ဟောစာတမ်း


စီးပွားရေး



အေးအေးဆေးဆေးထိုင်နေရင်လည်းအခွင့်အရေးက ကိုယ့်ကိုလိုက်ရှာလိမ့်မည်။အခွင့်အရေး ရပြီဆိုလည်း


လက်မလွှတ်စေနဲ့တော့ပေါ့။ဒီလမှာအလုပ်နဲ့ ပါတ်သက်တဲ့အခွင့်အရေးတွေအခွင့်အလမ်းတွေ


အများကြီးရဖို့ရှိပါတယ်။မိမိရရဆုတ်ကိုင်နိုင်ဖို့သာအရေးကြီးပါတယ်။အလုပ်ပါးနေသူတွေလည်းဘအလုပ်တွေ


လှိုင်လှိုင်ပြန်ဖြစ်လာလိမ့်မည်။ခရီးသွားကုန်သည်တွေတော့ သိပ်အဆင်ပြေကြမှာ မဟုတ်ပါဘူး။



ယတြာ=သံပုရာရည်အေးအေးလေးဖျော်၍အိမ်ဘုရားကို ကပ်လှူ ပေးပါ။


ငွေကြေး




ငွေကြေးကိစ္စမှာတော့ ဘုရင်ဘဲ။လက်ထဲမှာ ငွေမရှိပေမယ့် ရှားလည်းမရှားပါဘူး။ရစရာတွေ တစ်ပုံကြီးရှိနေပြီး


လက်ထဲမှာတော့ ပြတ်တောက် ပြတ်တောက်ပါဘဲ။ထီဆုကြီးလည်း ပါက်လိမ့်မည်။ ထီထိုးကြပါ။



ယတြာ=ကိုယ့်အသိမိတ်ဆွေများထဲတွင် ရှိသော ရှေ့နေလုပ်သူများကို လက်ဘက်ရည်တိုင်ပါ။


ကျန်းမာရေး



ခါးနာတာ ခါးကိုက်တာတွေနဲ့ ကျောက်ကပ်နဲ့ ပါတ်သက်တဲ့ ရောဂါတွေအဖြစ်များလိမ့်မယ်။


တုပ်ကွေးရောဂါတွေလည်းအဖြစ်များလိမ့်မယ်။



ယတြာ=လျက်ဆားလှူ ပေးပါ။


အချစ်ရေး

အချစ်ရေးကတော့ လုံးဝညံ့ပါတယ်။ကွဲကွာမှုတွေ ချစ်ရဲ့သားနဲ့အခြားတစ်ယောက်နဲ့ တွဲခုတ်သွားတာတွေ


အများကြီးကြုံလိမ့်မည်။ကိုယ်လည်း သစ္စာရှိဖို့လိုသလို ကိုယ့်ချစ်သူကိုလည်း မျက်ခြေမပြတ်စေနဲ့။



ယတြာ=ယပ်တောင်လှူ ပေးပါ။


ပညာရေး




ကျန်းမာရေးအားနည်းမှုကြောင့် ပညာရေးမှာ နောက်နှေးကြလိမ့်မယ်။ဖျားနာရောဂါတွေ


ကျောင်းသားတွေမှာအဖြစ်များလိမ့်မည်။



အခြားပညာရေးအညံ့တော့ မရှိပါ။


ယတြာခြေဖို့ မလိုပါ။ကျန်းမာရေး ဂရုစိုက်ဖို့သာ လိုပါတယ်။


လူမှုရေး




ဒီလမှာတော့ ဘယ်မိတ်ဆွေတွေက မိမိအပေါ်ကောင်းတယ်။ဘယ်မိတ်ဆွေကတော့


မိမိအပေါ်မကောင်းဘူး ဆိုတာ သဲသဲကွဲကွဲ သိရမယ့်လ ဖြစ်ပါတယ်။မိတ်ဆွေအချင်းချင်း


လိမ်လည် လှည့်စားကြလိမ့်မည်။အချိူ့မိတ်ဆွေတွေကတော့ မိမိအပေါ်အရမ်းကူညီလိမ့်မည်။


အိမ်ထောင်ရေး




ကွဲမလိုလို ဖြစ်နေတဲ့အိမ်ထောင်ဖက်တွေ ပြန်အဆင်ပြေ ပေါင်းဖက်ရလိမ့်မည်။အဆင်ပြေနေတဲ့


အိမ်ထောင်ဖက်တွေကတော့ ကွဲမလိုလို ဖြစ်ကြလိမ့်မည်။ကွဲမှာလည်း မဟုတ်ပါဘူး။ပြန်အဆင်ပြေသွားကြမှာ ဖြစ်ပါတယ်။


ယတြာ=နာရေးကူညီမှုအသင်းတွေမှာ မိမိတတ်နိုင်သလောက် ငွေလှူ ပေးကြပါ။


1-9-2019 ရက်နေ့မှ 30-9-2019 ရက်နေ့ထိ (စနေသားသမီးများ)အတွက် တစ်လစာ ဟောစာတမ်း


စီးပွားရေး


စနေသားသမီးတွေကတော့ စီးပွားရေးမှာအတော်လေးအခက်အခဲ ဖြစ်ကြလိမ့်မည်။ကိုယ့်ဆီ


အားပေးနေကြဖောက်သည်တွေအခြား မိမိနဲ့ လုပ်ငန်းတူသူတွေဆီ ရောက်သွားတတ်ပါတယ်။


ဖောက်သည်အသစ်လည်း ထပ်မတိုး၊ဖောက်သည်အဟောင်းလည်း ပျက် ဆိုတာမျိုးတွေနဲ့


အခက်အခဲဖြစ်ကြမည်။ဝန်ထမ်းတွေလည်းအထက်လူကြီးတွေကြောင့် စိတ်ပျက်ပြီး


ထွက်ချင်စိတ်တွေ ဖြစ်ပြီးအလုပ်ထွက်ကြလိမ့်မည်။



ယတြာ=ရေဘေးဒုက္ခဖြစ်နေတဲ့ နေရာမှာအကိုက်အခဲပျောက်ဆေး လှူ ပေးပါ။


ငွေကြေး




ကိုယ့်အမျိုးတွေကို ချေးထားမိရင်တော့ ပြန်မရတော့ဘူးသာ မှတ်ပါတော့။အခြားသူတွေကို


ချေးထားတာကမှ တစ်ချို့ပြန်ရမည်။ဆွေမျိုးမောင်နှမကို ပေးထားရင်တော့အားလုံးဆုံးပြီဘဲ။ငွေကတော့


သံကြိုးနဲ့ချည်ထားလည်း ထွက်မယ့် လ ပါဘဲ။


ယတြာ=ဆိတ်သားဟင်းချက်၍ သံဃာကို လောင်းလှူ ပေးပါ။


ကျန်းမာရေး




အရေပြားရောဂါ၊ဒူးနာ ခါးနာရောဂါ တွေအဖြစ်များလိမ့်မည်။သန့်ရှင်းမှုကအရေးကြီးပါတယ်။


သန့်ရှင်းသူတွေတောင်အခြားသူဆီက ကူးဆက်ပြီးအရေပြားရောဂါဖြစ်တတ်ပါတယ်။မသန့်ရှင်းသူကတော့


စဉ်းစားသာကြည့်ပေတော့။



ယတြာ=ကိုယ်တိုက်ဆပ်ပြာလှူ ပေးပါ။


အချစ်ရေး




တစ်ခုခုလိုချင်လို့ ကိုယ့်ကိုလာပြီး ချဉ်းကပ်လိမ့်မည်။အဲဒါကို ကိုယ်ကမသိဘဲ ကိုယ့်ကို တစ်ကယ်သံယောဇဉ်ရှိနေတယ်လို့


ထင်မိရင်တော့ ဘဝပါ ပျက်မတတ် ခံစားရမည်။အချစ်စစ်အချစ်မှန်တွေ ရှားပါးမယ့် လ ဖြစ်ပါတယ်။


အချစ်ရေးကိုအပေးအယူလောက်သာ သဘောထားသူတွေအများကြီးတွေ့လိမ့်မည်။


သတိထားပြီး လက်ခံပါ။



ယတြာ=လက်ဖက်ဆီဆိမ် လှူ ပါ။


ပညာရေး


ပညာရေးကတော့ သီတင်းကောင်းတွေ ကြားရဖို့ ရှိပါတယ်။မိမိရဲ့ကလေးက ပထမဆု ရတာတို့၊


ကျောင်းမှာအရင်ကထက် စာတော်လာတာတို့ပေါ့။



ယတြာမလိုပါဘူး။


လူမှုရေး




ရုံးတွေ ဂါတ်တွေမှာ မိတ်ဆွေအချင်းချင်းရန်ဖြစ်တဲ့ ပြသနာတွေ၊အိမ်နီးချင်းအချင်းချင်းရန်ဖြစ်တဲ့


ပြသနာတွေနဲ့ ပြည့်နေလိမ့်မည်။အထူးသဖြင့် မိမိရဲ့ ညာဘက်ဘေးအိမ်နဲ့ ပြသနာတွေ တက်လိမ့်မည်။



ယတြာမလိုပါဘူး။


အိမ်ထောင်ရေး




အိမ်ထောင်ရေးကတော့ သာသာယာယာပါဘဲ။ကလေးမရသေးသူတွေလည်း ဒီလမှာ ကလေးယူဖို့


ကြိုးစားသင့်ပါတယ်။ရပြီးသားအိမ်ထောင်သည်တွေလည်း ဒီလ ထပ်ပြီးရတတ်ပါတယ်။လင်မယားကြားမှာ


သူစိမ်းမဝင်အောင်သာ သတိပြု ကြပါ။



ယတြာ=အဖြူ ရောင်ပန်း ၆ ပွင့် ဘုရားကို နေ့တိုင်းလှူ ပေးပါ။


Source: ဗေဒင်

Myanmar Wedding Guide



Some text some message..