စက်တင်ဘာ ၄ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-09-04



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း စက်တင်ဘာ ၄ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ- တနင်္ဂနွေသားသမီးတွေအနေနဲ့ သင်တန်းတစ်ခုခုတက်ရောက်နေသူဖြစ်ရင်တော့ ဂုဏ်ထူးနဲ့အောင်မြင်ပါလိမ့်မယ်။အောက်လက်ငယ်သား ဒုက္ခပေးတတ်လို့ သတိပြုဆက်ဆံသင့်ပါတယ်။ နိုင်ငံခြားသားနဲ့ စပ်တူလုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှု ရရှိပါလိမ့်မယ်။ နိုင်ငံခြား ခရီးသွားရကိန်းရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေ ရလာနိုင်မှာဖြစ်ပါတယ်။အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ ဆေးဆိုင်လုပ်ငန်း လုပ်ကိုင်သူများအကျိုးအမြတ်ရှိမယ့် ကာလဖြစ်ပြီး လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပါလိမ့်မယ်။ ငွေကြေးပိုင်းအနေနဲ့လည်း ပုံမှန်ဝင်ငွေရှိနေပါမယ်။လုပ်ငန်းခွဲတွေကနေ ဝင်ငွေရလမ်းများနေမယ့်အချိန်ဖြစ်ပါတယ်။ လက်ရှိအလုပ်မှာလည်းအဆင်ပြေနေပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေအထိ စတင်နိုင်မယ့်အချိန်လို့လည်း ဆိုရမှာပါ။ ကျန်းမာရေးအနေနဲ့ စိတ်ကျရောဂါဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အကျီအဟောင်းအစုတ်များ စွန့်ပစ်လိုက်ပါ။


တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ ခရီးသွားရကိန်းရှိပြီး လူမျိုးခြားနဲ့ ပတ်သက်ပြီး ကောင်းကျိုး ရရှိနိုင်ပါတယ်။ သင်တန်းတက်ဖို့ စီစဉ်ထားတာရှိရင်အဆင်ပြေတိုးတက်မယ့် ကာလပါပဲ။ နိုင်ငံခြားခရီးလည်း သွားရကိန်းရှိပြီ ဒီခရီးကနေ ပိုမိုတိုးတက်တဲ့လုပ်ငန်းခွင်နဲ့ ဘဝကို ရရှိလာဖို့ တက်လမ်းပါပဲ။ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေအထူးကံကောင်းနေပါတယ်။ လုပ်ငန်းပိုင်းမှာ မြှုပ်နှံထားတာ ကြာနေပြီး မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့လည်း မထင်မှတ်ထားတဲ့နေရာက ငွေဝင်တာမျိုး ကြုံရနိုင်ပါတယ်။ ငွေတစ်လုံးတစ်ခဲတည်း ဝင်လာလျှင်အလှူအတန်းပြုလုပ်ပေးပါ။ ဒီရက်မှာ ချစ်သူနဲ့အကြီးအကျယ်စကားများရတတ်ပြီး ချစ်သူက မိမိအပေါ် စိတ်ကုန်တဲ့ပုံစံ ပြလာတတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့ကတော့အိမ်ထောင်ရေးပုံမှန်ပဲ ရှိနေမှာပါ။ ပညာရေး၊ ကျန်းမာရေးပိုင်းကတော့အသင့်အတင့်ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင် ခေါက်ဆွဲပြုတ်ကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာ ကိုယ့်လက်အောက်ကသူတွေရဲ့ သစ္စာဖောက်မှု ခံရနိုင်တာကြောင့် သတိပြုဖို့လိုပြီးအလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံုးဖြတ်ထားသူတွေအနေနဲ့ ရှေ့တိုးလုပ်ဆောင်သင့်ပါတယ်။ လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ ကိစ္စတွေမှာအထူးသတိထားလုပ်ဆောင်သင့်ပြီးအမျိုးသမီး တစ်ဦးရဲ့ ငွေကြေးအကူအညီရရှိလာပါလိမ့်မယ်။အိမ်အနီးအနားမှာအလှူကြီးပေးသူရှိတတ်ပြီး တတ်နိုင်သမျှပါဝင်ပေးလိုက်ပါ။ ဝန်ထမ်းများအနေနဲ့အလုပ်နေရာ ပြောင်းရွှေ့ခံရကိန်းရှိပြီး ငွေကြေးကြောင့် နာမည်ပျက်လည်း ရှိတတ်လို့ သတိပြုသင့်ပါတယ်။ ကန်ထရိုက်တာများ၊အိမ်အရောင်းအဝယ်ပြုလ လုပ်သူများ၊ ပွဲစားများအလုပ်ပါးနေပြီးအလှပြင်လုပ်ငန်း၊ ဒီဇိုင်နာလုပ်ငန်းများကောင်းမွန်နေပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးကတော့ ပုံမှန်အနေအထားမှာ ရှိနေပြီး ကျန်းမာရေးအနေနဲ့အဆုတ်အအေးပတ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင် ဇီဇဝါပန်း ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့အိမ်အသစ်ရခြင်း၊အိမ်သစ်တက်ရခြင်းမျိုး ရှိတတ်ပါတယ်။ မိသားစုထဲမှာ နာတာရှည်ရောဂါသည်ရှိနေရင် ကျန်းမာရေးအထူးဂရုပြုပေးသင့်တဲ့အချိန်ပါပဲ။ ဒီရက်ပိုင်းမှာ လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ ကိစ္စတွေမှာအထူးသတိထားလုပ်ဆောင်သင့်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများအနေနဲ့ လုပ်ငန်းတွေရုတ်တရက် ရပ်သွားတာမျိုး ရှိတတ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ လူမျိုးခြားရဲ့အကြံဉာဏ်ကနေတဆင့်အကျိုးအမြတ်ကောင်း ပြန်လည်ရရှိပါလိမ့်မယ်။ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လက်အောက်ငယ်သားများရဲ့ ပုန်ကန်မှု ခံရတတ်ပါတယ်။အလုပ်ရှင်ရဲ့ ယုံကြည်မှုကို ရရှိနေမယ့်အချိန်ဖြစ်ပြီး မနာလိုသူတွေရဲ့ တိုက်ခိုက်မှုကိုတော့ သတိပြုရမှာပါ။ ပညာရေးနဲ့ပတ်သက်ပြီးအစစအရာရာ စိတ်ချမ်းသာရမယ့်အချိန်ဖြစ်ပြီး ကျန်းမာရေးအနေနဲ့ လည်ချောင်းနာတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။


ယတြာ -ဘုရားတွင် လိမ္မော်သီးကပ်လှူပေးပါ။


ရာဟု - ရာဟုသားသမီးတွေအနေနဲ့လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာတာတွေ့ရမှာပါ။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှုအောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနိုင် ပါသေးတယ်။ ခရီးဝေးသွားရကိန်းရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေ ရရှိလာမှာဖြစ်ပါတယ်။ နိုင်ငံခြားမှာ သွားရောက်လုပ်ကိုင်နေသူများ ဒီရက်ပိုင်းအတွက်အခက်အခဲရှိနေပါလိမ့်မယ်။ ပညာရေးကောင်းမွန်နေပြီး နိုင်ငံရပ်ခြား ပညာတော်သင်ကိစ္စတွေလည်း ပေါ်ပေါက်လာပါလိမ့်မယ်။ စားသောက်ဆိုင်လုပ်ငန်းရှင်များ ကောင်းမွန်နေတဲ့ ကာလဖြစ်ပြီး ဆိုင်ခွဲဖွင့်မယ်ဆိုရင်လည်း သင့်တော်တဲ့အချိန်ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီး ညိုငြင်တတ်ပါတယ်။အချစ်ရေးပိုင်းမှာ စန်းပွင့်နေတဲ့ ကာလဖြစ်ပြီးအိမ်ထောင်သည်တွေအနေနဲ့ကတော့ ခင်ပွန်းဖောက်ပြန်တတ်လို့ သတိပြုရပါမယ်။ ကျန်းမာရေးအနေနဲ့ ခါးနာ၊ ခါးကိုက် ဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ -ဘုရားတွင် လမုန့်ကပ်လှူပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ ငွေကြေးပိုင်းအင်မတန် စိတ်ချမ်းသာရမယ့်ရက်ဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုတွေကနေလည်းအောင်မြင်မှုတွေ ရရှိပါလိမ့်မယ်။အိမ်တွင်းရေးအဆင်ပြေနေပြီးအိမ်ထောင်သည်တွေအနေနဲ့ စီးပွားအဆင်ပြေတာကြောင့် မိသားစုနဲ့ မိဘ၊ မောင်နှမတွေကို ထောက်ပံ့ကူညီနိုင်ပါလိမ့်မယ်။အချစ်ရေးမှာတော့ ချစ်သူနဲ့ စိတ်ကောက်တတ်ပါတယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိတ်ပူစရာမရှိပါဘူး။ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေအကုန်လုံးအဆင်ပြေလာတာ တွေ့ရပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ သံ၊ လက်မှုပစ္စည်းလုပ်ငန်းရှင်များအထူးကောင်းမွန်နေပါတယ်။ ကျန်းမာရေးအနေနဲ့အကြောတက်ရောဂါပြင်းထန်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၂နာရီကနေ နေ့လည် ၁နာရီခွဲအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။


ယတြာ -ဘုရားတွင်ပိန်းပန်း ကပ်လှူပေးပါ။


သောကြာ - ဒီနေ့မှာ သောကြာသားသမီးတွေအနေနဲ့မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းအကျိုးပေးပြီး ထီ စပ်တူထိုးပေးသင့်ပါတယ်။ ငွေဝင်သလောက်ပြန်ထွက်နေမယ့်အချိန်ဖြစ်လို့ ရွှေဖြစ်ဖြစ် ဝယ်စုထားသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်အတွင်း ပေါင်းသင်းဆက်ဆံရေးဆိုင်ရာအရှုပ်အထွေးဖြစ်ပေါ်တတ်ပါတယ်။အလှကုန်ရောင်းချသူများ၊ Beauty Blogger လုပ်ငန်း လုပ်ကိုင်သူများအဆင်ပြေနေမယ့် ကာလဖြစ်ပြီးအဝတ်အထည်၊ ဖန်စီလုပ်ငန်း၊အထည်အလိပ်လုပ်ငန်းများ ကောင်းမွန်နေပြီး လျှပ်စစ်ပစ္စည်းဆိုင်ရာလုပ်ငန်းများလည်းအကျိုးများပါလိမ့်မယ်။အချစ်ရေးမှာ ချစ်သူ ဝိုင်းဝိုင်းလည်နေမှာဖြစ်ပြီးအိမ်ထောင်သည်တွေကတော့အိမ်ထောင်ရေးသာယာနေမယ့်အချိန်ပါပဲ။ ပညာရေးအနေနဲ့ ဘွဲ့လွန်သင်တန်းတွေ ထပ်တက်ရကိန်းရှိပြီး ကျန်းမာရေးအနေနဲ့အကျိတ်အဖု သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။


ယတြာ -ဘုရားတွင်သောက်တော်ရေ ၃ ခွက်လှူဒါန်းပေးပါ။


စနေ - ဒီနေ့မှာ စနေသားသမီးတွေအနေနဲ့ လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့အလုပ်တာဝန် မနိုင်မနင်းဖြစ်နေတတ်ပါတယ်။အိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်ပြီး ငွေဝင်ကိန်းရှိနေလို့ ထီကံစမ်းပေးသင့်တဲ့ နေ့ရက်ပါပဲ။ လုပ်ငန်းတူသူတွေနဲ့ ပူးပေါင်းလုပ်ကိုင်တာကနေလည်းအောင်မြင်နိုင်ပြီး မိမိကို ငွေကြေးကူညီမယ့်သူတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ လမ်းပြပေးသူတွေလည်း တွေ့ကြုံရပါလိမ့်မယ်။အထူးသဖြင့် စနေ၊အင်္ဂါသားသမီးတွေရဲ့အကူအညီရရှိပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက မိမိ Team မှာ ဝန်ထမ်းတွေရဲ့ စည်းလုံးမှုနဲ့ မိမိပါ နာမည်ရတတ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေးထုတ်ကုန်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး စက်ပစ္စည်းသစ်လည်း ဝင်ကိန်းရှိနေပါတယ်။ ပညာရေးအတွက် နိုင်ငံရပ်ခြား သွားရကိန်းရှိပါတယ်။အချစ်ရေးမှာတော့ ချစ်သူနဲ့အထင်လွဲရကိန်းရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့အစားမှားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ -ဘုရားတွင် နို့ထမင်း ကပ်လှူပေးပါ။

ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..