စက်တင်ဘာလ ၅ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-09-05



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း စက်တင်ဘာလ ၅ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့အိမ်ခြံမြေကိစ္စ၊အမွေကိစ္စအတွက် စကားများရကိန်းရှိပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာလည်း ဆုံးဖြတ်ချက်မှားတာမျိုးကြုံရနိုင်လို့ ဒီနေ့ရက်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ကြံစည်လုပ်ဆောင်ဖို့ မသင့်သေးပါဘူး။ ဒါ့အပြင် ငွေပေးငွေယူလက်လွန်တာတွေအတွက်အမှုအခင်း ဖြစ်ကိန်းရှိလို့ ဘယ်လိုငွေအပေးအယူမျိုးကိုမှ လုပ်ဆောင်ဖို့ မသင့်တဲ့ ကာလပါပဲ။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးကိန်းရှိသလို နေရာပြောင်းရွှေ့ရကိန်းလည်း ရှိနေပါတယ်။အထက်လူကြီးရဲ့ မျက်နှာသာပေးမှုအပေါ် တစ်ခြားသူတွေက မနာလိုမရှုစိမ့် ချောက်တွန်းခြင်းကိုလည်း ခံရတတ်ပါတယ်။အိမ်အလှဆင်ပစ္စည်းလုပ်ငန်း၊ ပရိဘောဂလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီးအပေါင်ခံခြင်း၊ ငွေတိုးချေးခြင်း လုပ်ကိုင်သူတွေကတော့အနည်းငယ်ညံ့နေပါတယ်။ ပညာရေးပိုင်းကတော့ ပုံမှန်ပဲရှိနေတဲ့အချိန်ဖြစ်ပြီးအချစ်ရေး၊အိမ်ထောင်ရေးသာယာနေမယ့် နေ့ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မတော်တဆထိခိုက်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင်အုန်းထန်းလျက် ကပ်လှူပေးပါ။


တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ ကိစ္စတွေမှာအထူးသတိထား လုပ်ဆောင်သင့်ပါတယ်။အလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံုးဖြတ်ထားသူတွေအနေနဲ့ ရှေ့တိုးလုပ်ဆောင်သင့်ပြီး လုပ်ငန်းသစ်မှာ ယခုထက်ပိုမိုအဆင်ပြေချောမွေ့ပါလိမ့်မယ်။ လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းသဘာဝမတူတဲ့ လုပ်ငန်းခွဲတွေ လုပ်ကိုင်ခွင့် ရရှိလာမှာဖြစ်ပြီးအဲဒီလုပ်ငန်းတွေကနေအကျိုးအမြတ်များများ ရလာနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းစပ်တူ လုပ်ကိုင်သူတွေအနေနဲ့ကတော့ လုပ်ငန်းထဲကငွေတွေ ပြန်ထုတ်ဖို့ တောင်းဆိုတာမျိုးကြုံပြီး လုပ်ငန်းခွင်မှာ ရှေ့ဆက်ဖို့အခက်တွေ့တတ်ပါတယ်။ ကုမ္ပဏီဝန်ထမ်းဖြစ်ပါကအလုပ်ရှင်ရဲ့အထင်အမြင်လွဲမှု ခံရတတ်ပြီး ရေထွက်ပစ္စည်းလုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူများအထူးကောင်းမွန်နေပြီးအချစ်ရေး၊အိမ်ထောင်ရေးကတော့ ပုံမှန်အနေအထားမှာရှိနေပါတယ်။ ဆေးဆိုင်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သူများအနည်းငယ်ညံ့နေပါတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းအသင့်အတင့်ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင် ကြာပန်းကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့အခက်အခဲမှန်သမျှ ကျော်လွှားနိုင်မှာဖြစ်ပြီးအတွေးအမြင်သစ်များကနေ ထူးခြားတဲ့ ကံကောင်းမှုတွေ ရရှိခံစားရပါလိမ့်မယ်။အချစ်ရေး၊ ပညာရေးကောင်းမွန်နေပြီး ပုံမှန်ထက်ငွေဝင်ခြင်းအဆင်ပြေခြင်းများ ကြုံတွေ့ရမယ့် နေ့ရက်တစ်ရက်ပါပဲ။ ကလေးနဲ့ ပတ်သက်တဲ့ ပစ္စည်းရောင်းဝယ်တာမျိုး၊အထည်အလိပ်၊ ဆေးဝါးအရောင်းအဝယ် ပြုလုပ်တာမျိုးတွေအတွက် ကောင်းမွန်နေပြီး စားသောက်ကုန် လုပ်ငန်းရှင်များ၊အမြတ်နည်းနေတတ်ပါတယ်။အချစ်ရေးမှာ လတ်တလော သာယာနေတတ်ပြီး ချစ်သူမရှိသေးသူတွေတောင်မှ ချစ်သူ ရလာတတ်တဲ့အချိန်ပါပဲ။ မိမိကို သောကြာ၊ ဗုဒ္ဓဟူး နာမည်ပါသူတွေက ချစ်ရေးဆိုခြင်း လက်ထပ်ယူခြင်းမျိုးအထိ ကြုံရနိုင်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့ကတော့အိမ်ထောင်ဖက်ရဲ့ လုပ်ငန်းအောင်မြင်ပြီး ငွေဝင်နေပါလိမ့်မယ်။ နိုင်ငံရပ်ခြားခရီးလည်း သွားရောက်ရကိန်းရှိပြီး ကျန်းမာရေးအနေနဲ့အစာအိမ်ဒုက္ခပေးတတ်လို့ သတိပြုရပါမယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -စာကလေးအိမ်ချိတ်ဆွဲပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဓဟူးသားသမီးတွေအတွက် ရုတ်တရက်ငွေဝင်ကိန်းမျိုး ရှိပြီး ချက်ချင်းဆုံးဖြတ်လုပ်ဆောင်လိုက်တဲ့ ကိစ္စမျိုးတွေမှာအထူးအောင်မြင်ပါလိမ့်မယ်။ လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ လုပ်ငန်းခွင်မျိုးကနေ ကမ်းလှမ်းလာတာမျိုး ကြုံရတတ်လို့ ကိုယ့်ဘက်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့အသင့်ပြင်ထားသင့်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့အလှပြင်ဆိုင်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းရှင်များ ကောင်းမွန်နေပါတယ်။ သူတပါးကိစ္စ ကြားဝင်ဆောင်ရွက်ပေးရကိန်းရှိနေပြီးအချစ်ရေးမှာလည်း မြားနတ်မောင် လုပ်ပေးရကိန်း ရှိနေပါတယ်။အိမ်တွင်းရေး၊အိမ်ထောင်ရေး သာယာနေပြီး ချစ်သူမရှိသေးသူများအားကိုးရလောက်တဲ့ ချစ်သူရလာတတ်ပါတယ်။ ပညာရေးပိုင်းကောင်းမွန်နေပြီး ဖြေဆိုထားသမျှ စာမေးပွဲတိုင်း ထူးထူူးချွန်ချွန်အောင်မြင်ကိန်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့အရိုးအဆစ်ရောဂါ၊ ဂေါက်ရောဂါများ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၁၀ နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။


ယတြာ -ဘုရားတွင်ရွှေရင်အေးလှူဒါန်းပေးပါ။


ရာဟု - ရာဟုသားသမီးတွေကတော့ လုပ်ငန်းတိုးချဲ့မှုတွေကိုသတိထားလုပ်ဆောင်သင့်ပါတယ်။အိမ်နေရာထိုင်ခင်းအပြောင်းအရွှေ့တွေမှာလည်းအပျောက်အရှရှိတတ်လို့ သတိပြုသင့်ပါတယ်။ သူခိုးခိုးခံရကိန်းရှိပြီး လမ်းသွားတဲ့အခါ မိမိပိုင်တဲ့ ဖုန်း ၊ ပိုက်ဆံအိတ် သတိထားကိုင်ဆောင်သင့်ပါတယ်။အိမ်ကိုကိုယ်ဝန်ဆောင်ရောက်လာရင်အိမ်ရှိလူရန်ဖြစ်ပြီးအိမ်ပေါ်ကဆင်းသွားတတ်လို့ သတိထားသင့်တဲ့အချိန်ပါ။ ဝန်ထမ်းဖြစ်ပါကရာထူးချခံရကိန်း၊ မတရားစွပ်စွဲခံရကိန်းရှိနေပြီး လုပ်ငန်းပိုင်ရှင်တွေအနေနဲ့ ကိုယ်ပိုင်တစ်ဦးတည်းလုပ်ကိုင်သင့်တဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ စပ်တူရှယ်ယာထည့်ဝင်မိပါကဆုံးတတ်ပါတယ်။ ပညာရေးကောင်းမွန်နေပြီးအချစ်ရေးမှာတော့ လိမ်ညာလှည့်ဖျားမယ့်သူနဲ့ ဆုံရတတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့ သားသမီး မရှိသေးသူများ သားသမီး ရတနာ တိုးပွားတတ်ပါတယ်။အကျိုးဆောင်လုပ်ငန်း၊အိမ်ခြံမြေလုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ကျန်းမာရေးအနေနဲ့အသည်းရောဂါသတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀ နာရီခွဲကနေ ၁၂နာရီအတွင်း ပြုလုပ်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ -ဘုရားတွင်လက်ဖက်အသားကပ်လှူပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ ခရီးသွားရကိန်းရှိပြီးလူမျိုးခြားနဲ့ ပတ်သက်ပြီးကောင်းကျိုးရရှိနိုင်ပါတယ်။ သင်တန်းတက်ဖို့ စီစဉ်ထားတာရှိရင်အဆင်ပြေတိုးတက်မယ့် ကာလပါပဲ။ နိုင်ငံခြားခရီးလည်းသွားရကိန်းရှိပြီး ဒီခရီးကနေပိုမိုတိုးတက်တဲ့လုပ်ငန်းခွင်နဲ့ ဘဝကို ရရှိလာဖို့ တက်လမ်းပါပဲ။ လုပ်ငန်းစပ်တူလုပ်ကိုင်မှုတွေကနေအကျိုးအမြတ်ရရှိလာပါလိမ့်မယ်။အိမ်နေရာထိုင်ခင်းအသစ်ဝင်ကိန်းရှိပြီးအိမ်ကိုသောကြာသားသမီးတစ်ဦး ရောက်လာရင် ထီထိုးပေးပါ။ ရေသန့်လုပ်ငန်း၊ ရွှေလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီးအလှပြင်လုပ်ငန်းလုပ်ကိုင်သူများ၊အလှကုန်ဖြန့်ချိသူများအနည်းငယ်ညံ့နေပါတယ်။အချစ်ရေးမှာ ချစ်သူနဲ့ စိတ်ကောက်နေရတတ်ပြီးအိမ်ထောင်သည်တွေကတော့ ခင်ပွန်းသည်အပေါ် စိတ်မချရတဲ့အချိန်ပါပဲ။ ပျိုရွယ်သူတွေအနေနဲ့ ပညာရေးကို စိတ်မဝင်စားပဲအချစ်ရေးကို ဦးစားပေးတတ်ကြလို့ စာမေးပွဲဖြေဆိုမှုမှာ ထိခိုက်တတ်ပါတယ်။ ကျန်းမာရေးပိုင်းမှာတော့ ခေါင်းမူးခေါင်းကိုက်ဖြစ်နိုင်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ပူရီကပ်လှူပေးပါ။


သောကြာ - ဒီနေ့ကနေစပြီးအရင်ဖြစ်ပျက်ခဲ့တဲ့ ဒုက္ခနဲ့ ကိစ္စအားလုံး ချုပ်ငြိမ်းသွားပြီလို့ ဆိုနိုင်ပြီး လုပ်ငန်း စီးပွားကအစအကောင်းဘက်ကိုရောက်ရှိပြီလို့ ပြောနိုင်ပါတယ်။ ငွေကြေးကံကောင်းနေပြီး လုပ်ငန်းရှင်တွေအနေနဲ့ ဆိုရင်လည်း လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ ရွှေဆိုင်လုပ်ငန်း၊အထည်အလိပ်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ကားအရောင်းအဝယ်လုပ်ငန်း၊အိမ်အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူတွေကတော့အနည်းငယ်ညံ့နေပါတယ်။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီးရဲ့ လူယုံအဖြစ် နေရာပေးခြင်း ခံရတတ်ပြီးအစိုးရဝန်ထမ်းတွေကတော့ ရာထူးတိုးတတ်ပါတယ်။အချစ်ရေးမှာ ချစ်သူကို မိဘတွေက သဘောမကျလို့အနည်းငယ် စိတ်ညစ်ရတတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့အိမ်ထောင်ဖက် ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျ များတတ်တဲ့အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့အစာအဆိပ်သင့်တတ်လို့ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင် သကြားပလာတာ ကပ်လှူပေးပါ။


စနေ - ဆုံးဖြတ်ချက်မှားတာမျိုးကြုံရနိုင်လို့ ဒီနေ့ရက်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ကြံစည်လုပ်ဆောင်ဖို့ မသင့်သေးပါဘူး။ ငွေပေးငွေယူလက်မလွန်ပါစေနှင့်၊အမှုအခင်းဖြစ်ကိန်းရှိပါတယ်။ နိုင်ငံခြားခရီးသွားရကိန်းရှိပြီးအိမ်ခြံမြေကိစ္စအမွေကိစ္စနဲ့ စကားများတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စက်ကိရိယာ ရောင်းဝယ်ခြင်းလုပ်ငန်း၊ ကားအပိုပစ္စည်းရောင်းဝယ်ခြင်း၊ ယာဉ်၊ ဆန်စက်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး စပ်တူလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ကတော့ သတိထားလုပ်ဆောင်သင့်ပါတယ်။ လုပ်ငန်းတူချင်း နောက်ကျောဓါးနဲ့ထိုးတာမျိုးလည်း ကြုံရနိုင်ပြီး လုပ်ငန်းရှင်များအနေနဲ့ လက်အောက်ငယ်သား သစ္စာဖောက်တတ်ပါတယ်။ နေအိမ်နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနေတာကြောင့်အိမ်မပြောင်းချင်သူတွေအနေနဲ့အိမ်ရှိ ပရိဘောဂပစ္စည်းတွေကို နေရာရွှေ့ပေးလိုက်ပါ။အချစ်ရေးမှာ ချစ်သူမရှိသေးသူတွေ ချစ်သူရလာနိုင်ပြီးအိမ်ထောင်ရှင်တွေကတော့အိမ်တွင်းရေး သာယာနေပါတယ်။ ကျန်းမာရေးအနေနဲ့ ကျီးပေါင်းရောဂါ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ -ဘုရားတွင် ထန်းသီးမုန့် ကပ်လှူပေးပါ။

ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..