တစ်ပတ်စာဗေဒင်ဟောစာတမ်း – စက်တင်ဘာလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ
weddingguide.com.mm
|
2019-09-05

၇ရက်သားသမီးများအတွက်တစ်ပတ်စာဟောစာတမ်းကတော့....


တနင်္ဂနွေသားသမီးများ


ဒီရက်တွေအတွင်းမှာဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ၊စိတ်နှစ်ခွဖြစ်စရာတွေကြုံလာရ


တတ်ပါတယ်။ တစ်ဇွတ်ထိုးလုပ်ပြီးအမှားကြုံတတ်ပါတယ်။ တိုင်တိုင်ပင်ပင်


လုပ်သင့်တဲ့အချိန်ပါပဲ။ သူတစ်ပါးကိုကူညီရတဲ့အလုပ်တွေနဲ့ မနားရအောင်ဖြစ်ရ


တတ်ပါတယ်။အလုပ်တွေတအားလုပ်ရပြီးငွေကြပ်နေမယ်။ နာမည်ကြီးထမင်းငတ်


ဆိုတဲ့ကိန်းမျိုးပါပဲ။ဘယ်လုပ်ငန်းကိုမှကြီးကြီးမားမားမချဲ့သင့်သေးပါဘူး။မြေ၊အမွေ၊ဖုန်း၊


ပညာရေး၊ဘာသာရေး၊နိုင်ငံခြား၊လျှပ်စစ်ပစ္စည်း၊အထည်၊ထီး၊ဖိနပ် လုပ်ငန်းတွေမှာတော့အကျိုး


ထူးနိုင်ပါတယ်။နေရာကိစ္စ၊အဆောက်အဦးကိစ္စတွေမှာတိုးလို့တန်းလန်း ဖြစ်နေမယ်။ စာရွက်


စာတမ်းကိစ္စ၊စပ်တူကိစ္စတွေစိတ်ရှူပ်ရတတ်ပါတယ်။ ခြေထောက်၊ ခါး၊အစာမှားဆေးမှား၊ သွား၊


သွေး သတိပြုသင့်ပါတယ်။ချစ်သူရည်းစားများ၊အိမ်ထောင်ရှင်များအနေနဲ့ ကွဲကွာနေရတာ၊


ဘေးရနှောက်ယှက်တာတွေ ကြုံရတတ်ပါတယ်။၅၇အစမှာအတွဲလိုက်ပူးနေတဲ့ထီလက်မှတ်


ကိုထိုးသင့်ပါတယ်။


ယတြာ - ထန်းပင်တစ်ပင်အောက်မှာအနောက်တောင်ဘက်ကိုလှည့်ပြီး ပေါင်မုန့်စားရင်းလိုရာဆုတောင်းပါ


တနင်္လာသားသမီးများ


ဒီရက်တွေအတွင်းမှာ ပြဿနာတွေ တစ်ခုပြီးတစ်ခုရှင်းနေရတတ်ပါတယ်။ မီး၊ လျှပ်စစ်၊ ထိခိုက်


မှုအန္တရာယ်များလည်း သတိထားသင့်ပါတယ်။ ခရီးကံအထူးကောင်းပါတယ်။ရပ်ဝေးပြည်ပ


အကျိုထူးမယ့်အချိန်ဖြစ်ပါတယ်။ရပ်ဝေးကအဆက်အသွယ်အကူအညီအကောင်းတွေလည်းရ


လာတတ်ပါတယ်။ ထွက်နေတဲ့ငွေတွေ၊ ပစ္စည်းတွေပြန်ဝင်တာ၊ ကွဲကာနေသူများနှင့်ပြန်ဆုံတာ


အိမ်၊ ရာထူး၊အလုပ်၊ နေရာကိစ္စအောင်မြင်တာတွေလည်းကြုံနိုင်ပါတယ်။အသီးအနှံ၊ သစ်၊


သံ၊ သွပ်၊ ရေထွက်ကုန်၊အိမ်ဆောက်ပစ္စည်း၊ ခရီးသွားလုပ်ငန်းများအကျိုးပေးချိန်ဖြစ်တယ်။


မြေ၊အမွေ၊ ဖုန်း၊ ပညာရေးကိစ္စ များ မတင်မကျဖြစ်ပြီးမှအောင်မြင်မယ်။အထည်၊ ထီး၊ ဖိနပ်၊


စာချုပ်စာတမ်းကိစ္စများ မကောင်းလှပါဘူး။ ငွေအဝင်အထွက်ကြမ်းမယ့်ရက်တွေဖြစ်ပါတယ်။


အိမ်ထောင်ရှင်များ စိတ်ချမ်းသာ ရပြီး၊ ချစ်သူရည်းစားများလမ်းခွဲရမတတ်ဖြစ်တတ်ပါတယ်။


ထီဝါသနာပါရင်၁၆ရှေ့မှာပူးနေတဲ့ထီလက်မှတ်ကို ရှာထိုးပါ။ ကျန်းမာရေးအညံဘက်ကိုများနေပါတယ်။


ယတြာ -အုန်းပင်တစ်ပင်အောက်မှာအရှေ့မြောက်ဘက်ကိုလှည့်၍ သရက်ယိုစားရင်းဆုတောင်းပါလေ။


အင်္ဂါသားသမီးများ


ဒီရက်တွေအတွင်းမှာအဆင်မပြေအလွဲအချော်တွေများနေမယ်။ဟိုဟာလုပ်ရတော့မလိုလို


ဒီဟာလုပ်ရတော့မလိုလိုနဲ့အချိန်ကုန်တတ်ပါတယ်။ သူများပြဿနာတွေမှာလည်း ကြားညှပ်


တတ်ပါတယ်။ ဘာမဆိုစိတ်ရှည်သင့်တဲ့အချိန်ပါပဲ။လုပ်ငန်းသစ်စတာ၊ တဖြည်းဖြည်း တိုးချဲ့တာ၊


စပ်တူရှယ်ယာအလုပ်စာချုပ်လုပ်ငန်းတွေ ကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက္ကူ၊ စာအုပ်


အင်္ဂါနံတွေအလုပ်ဖြစ်မယ်။ မထင်မှတ်ဘဲအိမ်၊အလုပ်၊ နေရာ၊ ရာထူး၊ ဆိုင်ခန်း၊အခွင့်အရေးကြုံ


တတ်ပါတယ်။ နိုင်ငံရပ်ခြားနဲ့ပတ်သက်တဲ့အခွင့်အရေးကောင်း၊အဆက်အသွယ်ကောင်းတွေလည်း


ရတတ်ပါတယ်။ မိတ်ရင်း၊ ဆရာရင်းတို့ကြောင့် စိတ်ရှပ်ရတတ်ပါတယ်။ ငွေကံပတော့အတော်


လေးနိမ့်နေပါတယ်။ ငွေများများရှိနေရင်လည်း ဆေးဖိုးဝါးခ ဖြစ်သွားတတ်ပါတယ်။


အိမ်ထောင်ရှင်များအဆင်မပြေမှု တွေပြေလည်သွားလိမ့်မယ်။ ချစ်သူရည်းစားများကတော့ ဆုံးဖြတ်


ရခက်တဲ့အကျပ်အတည်းမျိုး ကြုံလာတတ်ပါတယ်။ ၃၁အတွဲ လိုက်စတဲ့ထီလက်မှတ်ကိုရှာပြီးထိုးသင့်ပါတယ်။


ယတြာ- ညောင်ပင်တစ်ပင်အောက်မှာအရှေ့တောင်ဘက်ကိုလှည့်၍အုန်းသီးစားရင်းလိုရာဆုတောင်းပါလေ။


ဗုဒ္ဓဟူးသားသမီးများ


ဒီရက်တွေအတွင်းမှာ ထွက်နေ၊ ဆုံးရှူံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ၊အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။


လုပ်ငန်းဟောင်း၊ နေရာဟောင်း၊ လုပ်ဖော်ကိုင်ဘက်ဟောင်းတွေနဲ့လည်း ပြန်လည်ဆုံစည်းရတတ်ပါတယ်။


ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ် တတ်တာကိုလည်းသတိပြုဖို့လိုပါတယ်။ ငွေတအားရွှင်မယ်။


ရတနာပစ္စည်းတွေအလှကုန်ပစ္စည်းတွေဝင်တတ်ပါတယ်။ကား၊ ကျောက်၊ ကွန်ပျူတာ၊ ကင်မရာ၊


ရွှေ၊အလှကုန်လုပ်ငန်းတွေအကျိုးပေးအောင်မြင်မယ်။သူတစ်ပါး မနာလိုဖြစ်လောက်အောင်စီးပွားတက်အောင်မြင်မယ့်ကိန်းမျိုးဖြစ်ပါတယ်။


တမင်ရန်စ နှောင့်ယှက်တာမျိုးတွေခံရတတ်ပါတယ်။လူရင်း၊ လူယုံ ဒုက္ခပေးတတ်ပါတယ်။


ဘယ်ကိစ္စမဆိုအနှောင့်အယှက်လေးတွေကြုံပြီးမှအောင်မြင်တတ်ပါတယ်။ချစ်သူရည်းစားများအတွက်ကံကြမ္မာ


အထူးပွင့်လင်းနေပြီးအိမ်ထောင်ရှင်များအတွက်တော့မတင်မကျကိစ္စလေးတွေရှိနေပါလိမ့်မယ်။


ထီဝါသနာရှင်များအနေနဲ့ ၂၄အတွဲလိုက်စတဲ့ ထီနံပါတ်ကိုဖိဖိစီးစီးထိုးသင့်ပါတယ်။


ယတျာ - ဝါးပင်အောက်မှာ တောင်ဘက်ကိုလှည့်၍ကိတ်မုန့်စားရင်းလိုရာဆုကိုတောင်းပါလေ။

<<<
ကြာသပတေးသားသမီးများ


ဒီရက်တွေအတွင်းမှာ ဘာသာရေးအလုပ်၊ ပညာရေးအလုပ်၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားကိစ္စတွေ


အထူးကောင်းပါတယ်။ စပ်တူရှယ်ယာကိစ္စတွေလည်းအောင်မြင်မယ်။ မြေ၊ ဖုန်း၊ ဆိုင်၊ စက် ကောင်းသော


ဝင်ခြင်းများကြုံမယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ပဲ၊ ပြောင်း၊အင်္ဂါနံ၊ ကြာသပတေးနံအလုပ်တွေအလုပ်ဖြစ်အကျိုးပေးမယ်။


ငွေကံလည်းကောင်းနေပါတယ်။အလှူမင်္ဂလာပွဲတွေ ကြုံရတတ်ပါတယ်။ဘာသာရေးလုပ်လေလေကံကောင်းလေလေကိန်းမျိုးပါပဲ။


ဆွေမျိုးမိတ်ဆွေတို့ရဲ့မကောင်းသောသတင်းကိုတော့ကြားရတတ်ပါတယ်။အောက်လက်ငယ်သားကိစ္စ၊ ရွှေကိစ္စ၊အထည်၊ ထီး၊


ဖိနပ်ကိစ္စတွေမှာလည်းစိတ်ညစ်ရတတ်ပါတယ်။


အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ ကောင်းသောခွဲခြင်းကြုံရတတ်ပါတယ်။လေထိုး၊ လေအောင့်၊ နှလုံးအားနည်း၊ ဒူး၊နား၊သွား၊


သွေး သတိထားသင့်ပါတယ်။ဒီတစ်ပါတ်နာရေးကိစ္စလုံးဝရှောင်သင့်ပါတယ်။ထီဝါသနာပါရင်၅၃အတွဲလိုက်စတဲ့ထီဂဏန်းကိုရှာထိုးသင့်ပါတယ်။


ယတြာ - ပိတောက်ပင်အောက်မှာအနောက်ဘက်ကိုလှည့်၍ဆီးသီါ်စားရင်းလိုရာဆုကိုတောင်းပါလေ။


သောကြာသားသမီးများ


ဒီရက်တွေအတွင်းမှာအဘက်ဘက်က ကံဇာတာပွင့်လန်းနေပါလိမ့်မယ်။လုပ်ငန်းစီးပွားတွေကို


အရှိန်မြှင့်ပြီးလုပ်သင့်ပါတယ်။ လုပ်ငန်းသစ်၊ နေရာသစ်အစပြုခြင်းတွေလည်းကောင်းပါတယ်။ရပ်ဝေးပြည်ပခရီးကောင်းတွေကြုံမယ်။


ရပ်ဝေးက စာ၊ ငွေ၊အဆက်အသွယ်၊အကူအညီတွေလည်းရတတ်ပါတယ်။မိတ်ရင်းဆရာရင်းတို့ရဲ့အထင်အမြင်လွဲမှားခြင်းကိုတော့ခံရတတ်ပါတယ်။


မြေ၊အမွေ၊ ဖုန်း၊ ကား၊အထည်၊ လျှပ်စစ်ကိစ္စတွေမှာအနှောင့်အယှက်အထစ်အငေါ့များမယ်။


သစ်၊ သံ၊ သွပ်၊ ရေထွက်ကုန်၊အသီးအနှံ၊ ခရီးသွားလုပ်ငန်းတွေမှာတော့အောင်မြင်မှူကြီးများရရှိနိုင်ပါတယ်။


သူတစ်ပါးရဲ့ပြဿနာမှာကြားညပ်ဖြေရှင်းတတ်ပါတယ်။ စပ်တူကိစ္စများမတင်မကျဆုံးဖြတ်ရခက်လိမ့်မယ်။


ဝမ်းဗိုက်၊ ဦးခေါင်း၊အကြော၊အဆစ် ကျန်းမာရေးသတိပြုသင့်ပါတယ်။ချစ်သူရည်းစားများ၊အိမ်ထောင်ရှင်များ နားလည်မှုလွဲတတ်တဲ့ကာလဖြစ်ပါတယ်။


ထီဝါသနာပါရင် ၆၄အတွဲလိုက်စတဲ့ထီဂဏန်းရှာပြီးထိုးပါလေ။


ယတြာ-သရက်ပင်အောက်မှာမြောက်ဘက်ကိုလှည့်၍ ရှောက်ယိုစားရင်းလိုရာဆုတောင်းပါလေ။


စနေသားသမီးများ


ဒီရက်တွေအတွင်းမှာနာမည်ဂုဏ်သတင်းတက်စရာတွေကြုံမယ်။ ရာထူးနေရာအခွင့်အရေးတွေကြုံရတတ်ပါတယ်။


နိုင်ငံခြား၊ လူမျိုးခြားကိစ္စတွေလည်းအကျိုးထူးမယ်။ ခရီးကောင်းတွေလည်းသွားရတတ်ပါတယ်။အလှူမင်္ဂလာအစီအစဉ်တွေအောင်မြင်မယ်။


ကားတိုက်မှုတစ်ခုခုကိုမြင်လိုက်၊ ပတ်သက်လိုက်အစီအစဉ်တွေအောင်မြင်မယ်။ ကားတိုက်မှုတစ်ခုခုကိုမြင်လိုက်၊ ပတ်သက်လိုက်ရတာနဲ့


၇၂အတွဲလိုက်စတဲ့ထီဂဏန်းကိုချက်ချင်းထိုးသင့်ပါတယ်။အထည်၊ ထီး၊ ဖိနပ်၊ ကား၊ ကျောက်၊ လျှပ်စစ်ပစ္စည်း၊ ကွန်ပျုတာ၊


ကင်မရာလုပ်ငန်းတွေအကျိုးပေးအောင်မြင်နိုင်ပါတယ်။အိမ်အဆောက်အဦးကိစ္စလည်းအောင်မြင်မယ်။


စပ်တူကိစ္စ၊ ရွှေကိစ္စ၊အောက်လက်ငယ်သားကိစ္စ၊ မိသားစုကိစ္စတွေအတွက်တော့စိတ်ရှုပ်ခေါင်း စားရတတ်ပါတယ်။


ငွေကိစ္စတွေအောင်မြင်မယ်။ လုပ်ငန်းတွေတိုးချဲ့သင့်ပါတယ်။ ချစ်သူရည်းစားများအတွက် ကြည်နူးဖွယ်ရာများအထူးကြုံတွေ့နိုင်ပြီး


အိမ်ထောင်ရှင်များအတွက်တော့တကျက်ကျက်ဖြစ်ရတဲ့ ကိန်းမျိုးပါပဲ။အာရုံကြော၊ ရင်၊ ဝမ်းသတိထားပါ။


ယတြာ-ကုက္ကိုပင်အောက်မှာအရှေ့ဘက်ကိုလှည့်၍ နွားနို့သောက်ရင်းလိုရာဆုတောင်းပါလေ။

Myanmar Wedding Guide



Some text some message..