စက်တင်ဘာ ၆ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-09-06

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း စက်တင်ဘာ ၆ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း စက်တင်ဘာ ၆ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့အသေးစားထိခိုက်မှုမျိုး ရှိနိုင်ပြီး စိုးရိမ်ရတဲ့အနေအထားမျိုးတော့ မရှိနိုင်ပါဘူး။ ငွေလိမ်ခံရကိန်းရှိနေပြီး ငွေပေးငွေယူကိစ္စတွေမှာ သတိထားသင့်ပါတယ်။ငွေကြေးကိစ္စများတွင် ကြားခံအာမခံခြင်းမျိုးမှ တဆင့် နာမည်ပျက်တတ်လို့ သတိပြုသင့်ပါတယ်။ စီးပွားရေး ကံကောင်းနေတဲ့အချိန်ဖြစ်ပြီး ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေအထူးကံကောင်းနေပါတယ်။ လုပ်ငန်းပိုင်းမှာ မြှုပ်နှံထားတာ ကြာနေပြီး မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့လည်း မထင်မှတ်ထားတဲ့နေရာက ငွေဝင်တာမျိုး ကြုံရနိုင်ပါတယ်။ ငွေတစ်လုံးတစ်ခဲတည်း ဝင်လာလျှင်အလှူအတန်းပြုလုပ်ပေးပါ။အိမ်ထောင်သည်တွေအနေနဲ့အိမ်ထောင်ဖက်ရဲ့ ဂရုစိုက်မှုကြောင့် စိတ်ချမ်းသာရမယ့်အချိန်ဖြစ်ပြီး ချစ်သူမရှိသေးသူတွေအနေနဲ့ ချစ်သူရလာတတ်ပါတယ်။ ပညာရေး၊ ကျန်းမာရေးကတော့ ကောင်းမွန်နေတဲ့ နေ့ရက်ပါပဲ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှိဘုရားတွင်အုန်းထမင်း ကပ်လှူပေးပါ။


တနင်္လာ - ဒီနေ့မှာအိမ်ရှိ မိသားစုနဲ့အမြင်မတူတာမျိုး ရှိတတ်ပြီး စကားများရတတ်ပါတယ်။အိမ်ဘေးမှာအပူသည်ရှိတတ်ပြီးအိမ်ကို ညအိပ်ညနေ လင်မယားစုံတွဲ လာရောက်တည်းခိုမယ်ဆိုရင်အညံ့ဖြစ်တတ်ပါတယ်။ လက်မခံပါနဲ့။ ငွေအတိုးပေးတာ၊ စုမဲထည့်ဝင်တာမျိုးတွေအတွက် လူလိမ်ခံရနိုင်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့ရကိန်းရှိပြီးအိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်ပါတယ်။ ငွေဝင်ကိန်းရှိနေလို့ ထီကံစမ်းပေးသင့်တဲ့ နေ့ရက်ပါပဲ။အထူးသဖြင့် လုပ်ငန်းအတွက် စနေ၊အင်္ဂါသားသမီးတွေရဲ့အကူအညီရရှိပါလိမ့်မယ်။ စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေးထုတ်ကုန်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး စက်ပစ္စည်းသစ်လည်း ဝင်ကိန်းရှိနေပါတယ်။ ပညာရေးအတွက် နိုင်ငံရပ်ခြား သွားရကိန်းရှိပါတယ်။အချစ်ရေးမှာတော့ ချစ်သူနဲ့အထင်လွဲရကိန်းရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ကျောက်ကပ်ရောဂါ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင် ခရေပန်းကပ်လှူပေးပါ။


အင်္ဂါ - ဒီနေ့မှာ သူငယ်ချင်းအရင်းတွေကတောင်အထင်အမြင်လွဲမှားနိုင်တဲ့ ကာလဖြစ်လို့ သင်ဘာပဲ ကောင်းတာ လုပ်လုပ် သူတို့အကောင်းမြင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်လုပ်စရာရှိတာကို မှန်မှန်ကန်ကန်ဆက်လုပ်သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။ဝန်ထမ်းတွေအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အထက်အရာရှိအလုပ်ရှင်တို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို လုပ်ကိုင်ခွင့်ရပါလိမ့်မယ်။ ဒီနေ့မှာ တနင်္လာသားသမီး တွေနဲ့ပတ်သက်ပြီး သတိထားလုပ်ဆောင်သင့်ပါတယ်။ လုပ်ငန်းခွဲတွေကနေ ဝင်ငွေရလမ်းများနေမယ့်အချိန်ဖြစ်ပါတယ်။ လက်ရှိအလုပ်မှာလည်းအဆင်ပြေနေပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေအထိ စတင်နိုင်မယ့်အချိန်လို့လည်း ဆိုရမှာပါ။ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ လုပ်ကိုင်သူများအောင်မြင်မယ့်အချိန်ဖြစ်ပြီး ရေလုပ်ငန်းလုပ်ကိုင်သူတွေလည်းအကျိုးပေးမယ့် ကာလပါပဲ။အချစ်ရေးမှာ ချစ်သူမရှိသူတွေ ချစ်သူရလာနိုင်ပြီးအိမ်ထောင်ရေးလည်း သာယာနေမှာပါ။ ကျန်းမာရေးအနေနဲ့ ဝမ်းပျက်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင် စပျစ်သီးကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ ကြိုးစားမှုတွေအပေါ် မကောင်းကြံမယ့်သူတွေ ပေါ်ပေါက်ကြုံတွေ့ရတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကပါ မကောင်းကြံစိတ်မွေးနိုင်တဲ့ ကာလဖြစ်လို့ ဘယ်သူ့ကိုမဆို ယုံကြည်မှုလွန်ကဲပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတိုင်ပင်တာမျိုးတွေကို သတိထားသင့်ပါတယ်။ လူယုံသတ်တတ်ပြီး ကိုယ့်ရဲ့အားနည်းချက်အပေါ်အခွင့်ကောင်းယူ မကောင်းကြံတာမျိုးလည်း ကြုံရတတ်ပါတယ်။အိမ်မိသားစုမှာ စနေ၊အင်္ဂါနံ မောင်နှမသားချင်းရှိတယ်ဆိုရင်အဆိုပါ မောင်နှမသားချင်းအတွက် မင်္ဂလာကိစ္စ စကားပြောရတတ်ပါတယ်။ ရွှေဆိုင်လုပ်ငန်းရှင်များအနည်းငယ်ညံ့နေပြီး ဆေးရုံ၊ ဆေးခန်းပိုင်ရှင်များအထူးဝင်ငွေကောင်းမွန်နေတဲ့ ကာလပါပဲ။အိမ်ထောင်ရေးမှာ သားသမီးကြောင့် ဂုဏ်တက်တတ်ပြီးအိမ်ထောင်ဖက် ဝင်ငွေကောင်းနေပါလိမ့်မယ်။ ငွေကြေးကံကောင်းနေပြီးအချစ်ရေးလည်း သာယာနေပြီး ကျန်းမာရေးအနေနဲ့ နှလုံးရောဂါသတိပြုသင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင်လီလီပန်းကပ်လှူပေးပါ။


ရာဟု - လုပ်ငန်းတိုးချဲ့မှုပိုင်းအနည်းငယ်ကြန့်ကြာနေတတ်ပြီး လုပ်ငန်းရှယ်ယာငွေပိုင်းဆိုင်ရာအခက်အခဲရှိတတ်ပါတယ်။အိမ်ထောင်ပရိဘောဂလုပ်ငန်းများအနည်းငယ်ညံ့နေပြီး ရွှေဆိုင်လုပ်ငန်း၊ ရေသန့်လုပ်ငန်းရှင်တွေကတော့ ကောင်းမွန်နေပါတယ်။အိုးအိမ်သစ် ဝင်ကိန်းရှိပြီးအမွေကိစ္စစကားများရတတ်ပါတယ်။ စာရွက်စာတမ်း ကိစ္စများတွင် ကြားဝင်ခြင်းမျိုးအတွက် ပြဿနာ တက်တတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီးရဲ့ မျက်နှာသာပေးခြင်းခံရတတ်ပြီး မနာလိုသူပေါများနေတတ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းကငွေတွေကိုအလွဲသုံးစားပြုလုပ်မိတတ်လို့အမှုအခင်းသော်လည်းကောင်း ကြုံရနိုင်ပါတယ်။အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ မင်္ဂလာကိစ္စဆောင်ရွက်ရတတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့ သားသမီးကြောင့် စိတ်ချမ်းမြေ့ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ချောင်းဆိုးတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ -ဘုရားတွင် ရွှေသင်္ကန်းကပ်လှူပေးပါ။


ကြာသပတေး - နေရာထိုင်ခင်းအပြောင်းအလဲ ရှိနေပြီးအိမ်မှာ နေရတာကို စိတ်ညစ်နေပါလိမ့်မယ်။ ဘယ်သူနဲ့မဆို စကားပြောအဆင်မပြေဖြစ်နေမယ့် ကာလဖြစ်လို့ စကားပြောဆင်ခြင် သင့်ပါတယ်။ ငွေကြေး လက်လွန်မိလို့အမှုအခင်း ဖြစ်နိုင်တာကြောင့် ငွေကြေးအပေးအယူကိစ္စတွေမှာ သတိပြုရမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွဲတွေများစွာ တိုးချဲ့နိုင်မယ့်အချိန်ပါပဲ။ လုပ်ငန်းတိုးတက်မှု ရရှိနေပေမယ့်အိမ်တွင်းရေးအိမ်ထောင်ရေးအညံ့ရှိတတ်လို့ သတိပြု၇ပါမယ်။အိမ်၊ ခြံမြေအသစ် ရကိန်းရှိပြီး ထီပေါက်သလို ငွေဝင်နေတတ်ပါတယ်။ ဆန်၊ဆီ၊ ဆား ရောင်းဝယ်ရေးလုပ်ကိုင်သူတွေအကျိုးများမယ့်အချိန်ဖြစ်ပြီးအိမ်ရှိ ကလေးသူငယ်တစ်ဦးဦး ဖျားနာတတ်လို့ သတိပြုရပါမယ်။ ရွှေပျောက်တတ်ပြီး ပျောက်တဲ့နေရာအနီးအနားကနေပဲ ပြန်တွေ့ပါလိမ့်မယ်။အင်္ဂါသားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်မှုတွေကနေအကျိုးအမြတ်များနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့အူအတက်ရောင်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် မုန့်ဟင်းခါး ကပ်လှူပေးပါ။


သောကြာ - ဒီကာလမှာ တစ်ယောက်တည်း နေထိုင်လုပ်ကိုင်တာကအကောင်းဆုံးဖြစ်ပြီး ကိုယ့်ကို တိုင်ပင်လာတဲ့ ကိစ္စတွေမှာ ဝင်ပြီးအကြံပေးတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဝင်ငွေပုံမှန်ရှိနေတဲ့ ကာလဖြစ်ပြီးအဆုတ်ပိုင်းဆိုင်ရာ ကျန်းမာရေးညံ့တတ်လို့ သတိပြုသင့်ပါတယ်။ ဒီရက်မှာ ကြားကနေအာမခံပြီး ငွေချေးတာတို့ ငွေပေးငွေယူ ကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါလိမ့်မယ်။ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများအကျိုးအမြတ်ရှိမယ့် ကာလဖြစ်ပြီး လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပါလိမ့်မယ်။အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေး ဂရုစိုက်ပေးသင့်ပြီး ချစ်သူမရှိသေးသူများချစ်ရေးဆိုသူတွေ ဝိုင်းဝိုင်းလည်လာတတ်ပါတယ်။ ပညာရေးမှာ ထူးထူးချွန်ချွန်အောင်မြင်မယ့်အချိန်ဖြစ်ပြီး တဆင့်မြင့်သင်တန်းတွေ တက်ရောက်ရကိန်းလည်း ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ -ဘုရားတွင်သစ္စာပန်းလှူဒါန်းပေးပါ။


စနေ - ဒီနေ့မှာ ငွေပေးငွေယူလက်မလွန်ပါစေနှင့်၊အမှုအခင်းဖြစ်ကိန်းရှိပါတယ်။ နိုင်ငံခြားခရီးသွားရကိန်းရှိပြီးအိမ်ခြံမြေကိစ္စအမွေကိစ္စနဲ့ စကားများတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စက်ကိရိယာရောင်းဝယ်ခြင်းလုပ်ငန်း၊ ကားအပိုပစ္စည်းရောင်းဝယ်ခြင်း၊ ယာဉ်၊ ဆန်စက်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များအခန်းများ ရောင်းမထွက်ဖြစ်နေတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအလုပ်မှာ ရာထူးမတိုးပဲ တန့်နေတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ လုပ်ငန်း မနိုင်နင်းပဲ တစ်ခြားသူတွေကို ရှယ်ယာခေါ်ရတတ်ပါတယ်။ လုပ်ငန်း တစ်ခုမက လုပ်ကိုင်နေသူ လုပ်ငန်းရှင်တွေလည်း လုပ်ငန်းအားလုံးနီးပါးအခက်တွေ့နေရမယ့်အချိန်ပါပဲ။အချစ်ရေးမှာ ချစ်သူမရှိသေးသူတွေ ချစ်သူရလာနိုင်ပြီးအိမ်ထောင်ရှင်တွေကတော့အိမ်တွင်းရေး သာယာနေပါတယ်။ ပညာရေးအတွက် နိုင်ငံရပ်ခြား သွားရောက်ရကိန်းလည်းရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ရာသီတုတ်ကွေး သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင် ထောပတ်ထမင်း ကပ်လှူပေးပါ။

ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..