စက်တင်ဘာ ၇ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-09-07



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း စက်တင်ဘာ ၇ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ရေလုပ်ငန်း၊ ပင်လယ်ထွက်ကုန်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီးအဖိုးတန်ပစ္စည်းလက်ဆောင်ရကိန်း ရှိနေပါတယ်။အရေးကြီးလုပ်ဆောင်စရာတွေကိုတော့ ခေတ္တခဏ ရပ်နားထားသင့်ပါတယ်။အလုပ်သစ်ကနေ ဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေက ပိုများနေမယ့် ကာလပါပဲ။ ဝန်ထမ်းဖြစ်ပါကအလုပ်ခွင်အတွင်းရှိ လူများနဲ့ ကတောက်ကဆ ဖြစ်တတ်ပါတယ်။အလုပ်ပြောင်းဖို့ ရည်ရွယ်ထားရင် နောက်ပြောင်းတဲ့အလုပ်က ပိုဆိုးနိုင်လို့ လက်ရှိအလုပ်မှာပဲ မြဲအောင်ခဏနေပါ၊အိမ်ထောင်ရေးအဆင်ပြေနေပေမယ့် နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့်အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။အချစ်ရေးမှာ စန်းပွင့်နေပြီး ရွေးရခက်နေပါလိမ့်မယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင်အုန်းနို့ကျောက်ကျော ကပ်လှူပေးပါ။


တနင်္လာ - ငွေလိမ်ခံရကိန်းရှိနေပြီး ငွေပေးငွေယူကိစ္စတွေမှာ သတိထားသင့်ပါတယ်။ စုမဲစုခြင်း ငွေစုငွေချေးလုပ်ငန်းများ တာဝန်ခံခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဝေးကွာနေတဲ့ မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံဆည်းရကိန်းရှိပြီး လုပ်ငန်းတိုးချဲ့ဖို့ လမ်းစပေါ်လာပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက လက်ရှိအလုပ်မှာ ရာထူးတိုး ရပ်တန့်နေတတ်ပြီး လစာလည်း မတိုးပဲ ရှိနေပါလိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်တွေအကျိုးများမယ့် ကာလဖြစ်ပြီးအိမ်နေရာထိုင်ခင်းအပြောင်းအရွှေ့လည်း ရှိနေပါတယ်။အချစ်ရေးမှာ ထူးထူူးခြားခြား တိုးတက်မှုတွေ ကြုံရမှာဖြစ်ပြီး ချက်ချင်းဆုံးဖြတ်လုပ်ဆောင်လိုက်တာတွေကနေအကျိုးထူးရရှိစေနိုင်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့အိမ်ထောင်ရေးသုခအပြည့်အဝ ရမယ့်အချိန်ဖြစ်ပြီး သားသမီး ရတနာ ထွန်းကားတတ်ပါတယ်။ ပညာရေးအတွက် ခရီးထွက်ရကိန်းလည်း ရှိပါတယ်။ ကျန်းမာရေးအနေနဲ့ ကျောက်ကပ်ရောဂါ သတိပြုသင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင်ကြာဇံကြော်ကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါသားသမီးတွေအနေနဲ့ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေအကုန်လုံးအဆင်ပြေလာတာ တွေ့ရပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။ ငွေကြေးပိုင်းအင်မတန် စိတ်ချမ်းသာရမယ့်ရက်ဖြစ်ပြီး မိသားစုုအတွင်း ကြီးကဲသူရဲ့ ကျန်းမာရေးသတိပြုသင့်ပါတယ်။ စာစီစာရိုက်လုပ်ငန်း၊ စာပုံနှိပ်စက်လုပ်ငန်းများ ကောင်းမွန်နေပြီး လုပ်ငန်းတူပြိုင်ဖက်တွေရဲ့ တိုက်ခိုက်မှုကိုတော့ ခံရတတ်ပါတယ်။အိမ်ပေါ်ကို မုဆိုးမသော်လည်းကောင်း၊အပူသည်သော်လည်းကောင်း ရောက်လာတတ်ပြီး ရောက်လာခဲ့သည်ရှိသော်အိမ်ရှိလူအချင်းချင်း စိတ်ဝမ်းကွဲခြင်းရှိတတ်လို့ သတိပြုပါ။ ငွေကြေးကူညီမယ့်သူတွေ ပေါများနေမှာဖြစ်ပြီး ငွေဝင်သလောက်ပြန်ထွက်နေမယ့်အချိန်ပါပဲ။ ပညာရေးညံ့နေပြီးအချစ်ရေးကြောင့် ပညာရေးမှာ ထိခိုက်တတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့အိမ်ထောင်ဖက်ကြောင့် ဂုဏ်သိက္ခာ ကျဆင်းတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခါးအောက်ပိုင်း ရောဂါ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင်ဆီမီးကပ်လှူပေးပါ။


ဗုဒ္ဓဟူး -အောက်လက်ငယ်သားနဲ့ သားသမီးကိစ္စတွေမှာ စိတ်မချမ်းသာစရာ ကြုံရနိုင်ပါတယ်။ မိသားစု မောင်နှမတွေရဲ့အထောက်အပံ့ ရရှိမှာဖြစ်ပြီး လုပ်ငန်းပိုင်းဆိုင်ရာမှာလည်းအလုပ်ရှင်ရဲ့ယုံကြည်စွာ တာဝန်ပေးခြင်း ခံရပါလိမ့်မယ်။ လုပ်ငန်းမှန်သမျှအောင်မြင်စွာ လုပ်ဆောင်နိုင်မယ့်အချိန်လည်း ဖြစ်ပြီး ပညာရေး၊အချစ်ရေးအောင်မြင်နေမှာဖြစ်ပါတယ်။အိမ်ထောင်ရေးကိစ္စမှာလည်း ကောင်းသောအပြောင်းအလဲတွေ ကြုံရပါလိမ့်မယ်။ တစ်ခုရှိတာက ဒီနေ့မှာ ကိုယ်လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်တစ်ခုက သူတစ်ပါးရဲ့အချစ်ရေး၊အိမ်ထောင်ရေး ကိစ္စတွေမှာ ကြားညပ်တတ်လို့ သတိပြုသင့်တာဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီးရောအောက်လူကပါ ကူညီပေးခြင်းကို ခံရတတ်ပါတယ်။အိမ်အနီးအနားမှာ ကိုယ်ဝန်သည်ရှိနေရင်ဖြစ်စေ၊အမျိုးထဲမှာ ကိုယ်ဝန်သည်ရှိနေရင်ဖြစ်စေ သတင်းမေးသွားလိုက်ပါ။ ကျန်းမာရေးအနေနဲ့အစာအိမ်အချဉ်ပေါက်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အရေးကြီးကိစ္စများအတွက်အဝါရောင်ဝတ်ဆင်ဆန္ဒပြုပါ။


ရာဟု -လုပ်ငန်းစီးပွားကံကောင်းနေတယ်လို့ဆိုနိုင်ပြီး ဆုံးရှုံးပြီလို့ထင်တဲ့ ငွေကြေးတွေလည်း လက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ်။ နေရာထိုင်ခင်းအပြောင်းအလဲကြုံနိုင်တဲ့ နေ့ရက်တစ်ရက်လည်းဖြစ်ပါတယ်။ လုပ်ငန်းအောင်မြင်မှုအပေါ် မနာလိုသူပေါများနေမှာဖြစ်ပြီး ဒီရန်တွေကိုကျော်လွှားနိုင်ပါလိမ့်မယ်။အိမ်တွင်းရေးအနည်းငယ် ရှုပ်ထွေးနေပြီးအိမ်ရှိအသက်ကြီးသူ ကျန်းမာရေး ဂရုစိုက်သင့်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းစတင်လိုသူများအချိန်ကောင်းဖြစ်ပြီးအထည်အလိပ်လုပ်ငန်းအထူးကောင်းမွန်နေပါတယ်။ ရေသန့်လုပ်ငန်း၊ ရွှေငွေကျောက်မျက်ရတနာလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး စာပေအနုပညာလုပ်ငန်းရှင်တွေကတော့အနည်းငယ်ညံ့နေပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးကံကောင်းနေတဲ့ နေ့ရက်တစ်ရက်ပါပဲ။အချစ်ရေးကြောင့် စိတ်လေပြီး စာမေးပွဲကျတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်စိတိမ်စွဲခြင်း သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင် ယပ်အဝါရောင်လှူဒါန်းပေးပါ။

ကြာသပတေး - လုပ်ငန်းတိုးချဲ့မှုပိုင်းအောင်မြင်နိုင်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းအကျိုးပေးပြီး ထီ စပ်တူထိုးပေးသင့်ပါတယ်။အဝတ်အထည်၊ ဖန်စီလုပ်ငန်း၊အထည်အလိပ်လုပ်ငန်းများ ကောင်းမွန်နေပြီး လျှပ်စစ်ပစ္စည်းဆိုင်ရာလုပ်ငန်းများလည်းအကျိုးများပါလိမ့်မယ်။ ရေဝေးမြေခြား ခရီးရှည်သွားရကိန်းကြုံနိုင်ပြီး ပညာ၊အမွေကိစ္စ စကားပြောရတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအလုပ်မှထွက်ချင်စိတ်ဖြစ်နေပါလိမ့်မယ်။ မိသားစုထဲမှအကြီးအကဲ ကျန်းမာရေးပူပင်ရမှာဖြစ်ပြီး မတော်တဆ ထိခိုက်ဒဏ်ရာ ဂရုစိုက်ပေးပါ။အချစ်ရေးမှာ ချစ်သူ ဝိုင်းဝိုင်းလည်နေမှာဖြစ်ပြီးအိမ်ထောင်သည်တွေကတော့အိမ်ထောင်ရေး ဖောက်ပြန်မှု ကြုံရကိန်းရှိလို့ သတိပြုသင့်ပါတယ်။ ပညာရေးအတွက် နိုင်ငံခြားသွားရကိန်းမျိုးလည်း ရှိပါတယ်။ ကျန်းမာရေးအနေနဲ့အသည်းယောင်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်မုန့်လက်ကောက်ကြော် ကပ်လှူပေးပါ။


သောကြာ - သောကြာသားသမီးတွေအနေနဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာ မိမိရဲ့အကြံအစည်ကို လက်ခံသူမရှိဖြစ်နေတတ်ပြီး လုပ်ငန်းခွင် ပဋိပက္ခလေးတွေအနည်းငယ် ကြုံရနိုင်ပါတယ်။ သူတစ်ပါးသွေးထိုးမှု ခံရကိန်းရှိပြီး လုပ်ငန်းအောင်မြင်မှုအပေါ် နှောင့်ယှက်သူပေါတတ်တဲ့အချိန်လည်း ဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်း၊အိမ်ရာလုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ဆေးဆိုင်၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအနည်းငယ်ညံ့နေပါတယ်။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှုအောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနိုင်ပါတယ်။ ဝန်ထမ်းဖြစ်ပါက လက်ရှိနေရာကနေ ပြောင်းရကိန်း ရှိနေပါတယ်။ ရပ်ဝေးခရီးသွားရကိန်းရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေရရှိလာမှာ ဖြစ်ပါတယ်။ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်ပြီး ချစ်သူရဲ့ နာမည်မှာ တနင်္လာ၊ စနေ နာမည်ပါတတ်ပါတယ်။အိမ်ထောင်ရှင်များ ငွေကြေးအများအပြား ရရှိနေမယ့်အချိန်ဖြစ်ပြီး ကျန်းမာရေးအနည်းငယ်ညံ့လို့အထူးသတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင် သံပုရာရည်ကပ်လှူပေးပါ။


စနေ -အောက်လက်ငယ်သားနဲ့ သားသမီးကိစ္စတွေမှာ စိတ်မချမ်းသာစရာ ကြုံရနိုင်ပေမယ့်အရမ်းကြီးစိုးရိမ်စရာတော့ မရှိပါဘူး။ စားသောက်ကုန်လုပ်ငန်း၊အိမ်ထောင်ပရိဘောဂလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီးအနုပညာလုပ်ငန်းလုပ်ကိုင်သူများအခက်အခဲရှိနေမယ့်အချိန်ဖြစ်ပါတယ်။ တနင်္လာ၊ သောကြာသားသမီးများ၏အကူအညီဖြင့် လုပ်ငန်းအောင်မြင်တိုးတက်နိုင်ပြီး ငွေဝင်သလောက် ပြန်ထွက်နေမယ့်အချိန်လည်း ဖြစ်ပါတယ်။ မိမိကိစ္စမဟုတ်တဲ့ သူတပါးအရေးအရာတွေနဲ့အချိန်ကုန်နေရတတ်ပြီးအိမ်အနီးအနားမှာ မီးလန့်တတ်ပါတယ်။ ဒီရက်ပိုင်းမှာ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုးအစရှိတဲ့အဖိုးတန်ပစ္စည်းများ ပျောက်တတ် ပျက်တတ်ပြီး ပျက်လျှင်ပြန်မပြင်ပဲအသစ်သာ ပြန်ဝယ်လိုက်ပါ။ ပညာရေး၊အချစ်ရေးအောင်မြင်မှာဖြစ်ပြီးအိမ်ထောင်ရေးကိစ္စမှာလည်း ကောင်းသောအပြောင်းအလဲတွေ ကြုံရပါလိမ့်မယ်။ ကျန်းမာရေးပိုင်းအနည်းငယ်ညံ့နေပြီး ဆေးရုံဆေးခန်းပြသရကိန်း ရှိနေလို့ ဆေးရုံတက်နေသူတစ်ဦးဦးကို သွားရောက်သတင်းမေးလိုက်ပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင် နို့ပေါင်မုန့် ကပ်လှူပေးပါ။

ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..