
ဒီနေ့မှာတော့ Myanmar Wedding Guide ပရိသတ်ကြီးအတွက် (၃) ဂဏာန်းသမားများအကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။
အင်္ဂလိပ်လ ဘယ်လမှာပဲ ဖြစ်ဖြစ် ၃-ရက်၊ ၁၂-ရက် ၊ ၂၁-ရက် ၊ ၃၀-ရက်တွေမှာ မွေးရင်တော့အဲဒီ လူကို ၃-ဂဏန်း သမား လို့ ခေါ်ရမှာပဲ။
သူတို့က မျက်နှာ သွယ် တတ်ကြပါတယ်။ သူတို့ရဲ့ မျက်နှာကို ကြည့်ရင်အစဉ်သဖြင့်အေးအေး ဆေးဆေး ရှိတတ် ကြပါတယ်။
ဘယ်လိုနေရာကို ရောက်ရောက်အဆင်ပြေအောင် နေထိုင် တတ်ကြတယ်။
သဘာ၀ မကျအောင် ထုပ်ထားတဲ့ စည်းကမ်း ဥပဒေတွေကို တစ်လေး တစ်စား လိုက်နာကြ တယ်။
အလုပ် ဝတ္တရား ကိုလည်းအလွန် ရိုသေ တတ်ကြတယ်။
သူတို့နဲ့ သင့်တော်တဲ့အရောင် တွေ ကတော့ ခရမ်းရောင် ၊ မရမ်းရောင် ။ ပန်းနုရောင်တွေ ဖြစ်တယ်။
ကျောက်မျက် ရတနာ ထဲမှာဆိုရင် ဂေါ်မုတ် ကျောက်ဟာ ၃-ဂဏန်းသမား နဲ့ သင့်တော်တဲ့ ကျောက်ပဲ။
၃-ဂဏန်း သမားတွေအတွက်အရေးကြီးတဲ့အလုပ်တွေ လုပ်ဖို့ ကောင်းတဲ့ ရက်တွေကတော့
အင်္ဂလိပ်လ ရဲ့ ၃-ရက် ၊ ၁၂-ရက် ၊ ၂၁-ရက်တွေဟာ ပထမတန်းစား ကံကောင်းတဲ့ နေ့တွေပဲ။
၆-ရက် ၊ ၁၅-ရက် ၊ ၂၄-ရက်တွေဟာ ဒုတိယတန်းစား ကံကောင်းတဲ့ နေ့တွေပါပဲ။
၉-ရက် ။ ၁၈-ရက် ။ ၂၇-ရက်တွေဟာ တတိယ တန်း စား ကံကောင်းတဲ့နေ့တွေပါပဲ။
၃-ဂဏန်း သမားတွေ ဖြစ်တတ်တဲ့ ရောဂါတွေ ကတော့ ဦးခေါင်းပိုင်းမှာအများဆုံး ဖြစ်တတ်တယ်။
ပြီးတော့အကြောရောင် ရော၈ါ ၊အကြောတက်ရောဂါ ၊ ဖြစ်တတ်တယ်။
သူတို့အတွက်အကောင်းဆုံး ဓာတ်စာ ကတော့ နာနတ်သီး ဖြစ်တယ်။
ဒုတိယ သင့်တော်တာ ကတော့ ဆီးဖြူ သီးဖြစ်တယ်။
ဘာပဲဖြစ်ဖြစ် ၃-ဂဏန်း သမားတွေဟာ နာနတ်သီး တစ်လှည့် ဇီးဖြူသီး တစ်လှည့် မှန်မှန်ကြီး စားစား ပေးသွားဖို့ လိုပါတယ်။
Source:Sayar Zayar Htoo
Myanmar Wedding Guide