စက်တင်ဘာ ၈ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-09-08

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း စက်တင်ဘာ ၈ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း စက်တင်ဘာ ၈ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ငွေစုခြင်း၊ စပ်တူရှယ်ယာလုပ်ကိုင်ခြင်းမျိုးတွေကနေ လူလိမ်ခံရတတ်ပါတယ်။ သူတပါးအပေါ်အယုံလွယ်မိခြင်းကြောင့် ငွေလိမ်ခံရခြင်း၊ ကိုယ့်နာမည်သုံးပြီး ငွေအလွဲသုံးစားလုပ်ခြင်းမျိုးလည်း ရှိလာနိုင်ပါတယ်။အလုပ်သစ်ကနေဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေကပိုများနေမယ့် ကာလပါပဲ။ စက်မှုထုတ်ကုန်လုပ်ငန်း၊အထည်အလိပ်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီးအချစ်ရေးမှာ မိဘသဘောမတူတာကြောင့် စိတ်ဆင်းရဲရတတ်ပါတယ်။အိမ်ထောင်ရေးအဆင်ပြေနေပေမယ့် နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့်အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။ ပညာရေး၊ ကျန်းမာရေးပိုင်းကတော့ တိုးတက်မှု ရရှိနေတဲ့ ရက်ဖြစ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင်အကြော်စုံကပ်လှူပေးပါ။


တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့အောက်လက်ငယ်သားဒုက္ခပေးတတ်ပြီးလူမျိုးခြားနဲ့ တွဲဖက်လုပ်ဆောင်မှုကနေအောင်မြင်မှု ရရှိလာနိုင်တဲ့ ကာလပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ချောက်တွန်းမှု ခံရတတ်ပြီးလက်ရှိအလုပ်မှာစိတ်ညစ်နေတတ်ပါတယ်။ ဒါပေမယ့်အလုပ်သစ်ပြောင်းရင် ဒီထက်ပိုဆိုးနိုင်တဲ့အနေအထားဖြစ်လို့ လက်ရှိမှာပဲသည်းခံပြီး လုပ်ဆောင်သင့်ပါတယ်။အလုပ်မရှိသေးသူတွေအနေနဲ့အနုပညာနဲ့ ဆက်နွယ်တဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာလုပ်ဆောင်ရင်အထူးကောင်းမွန်နိုင်မှာဖြစ်ပါတယ်။ စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ စာပုံနှိပ်လုပ်ငန်းရှင်များ ကောင်းမွန်နေချိန်ဖြစ်ပြီး လုပ်ငန်းတို့ချဲ့မှုအောင်မြင်ပါလိမ့်မယ်။ ရွှေဆိုင်လုပ်ငန်း၊အိမ်ဆောက်ပစ္စည်းလုပ်ငန်းရှင်များအရောင်းအဝယ်အေးနေမယ့် ကာလဖြစ်ပါတယ်။ ပညာရေးအနည်းငယ်ညံ့နေလို့ ပညာရေးဘက်မှာအားစိုက်ပေးပါ။အိမ်ထောင်ရေး၊အချစ်ရေးပုံမှန်ရှိနေပြီး ကျန်းမာရေးအနေနဲ့ သွားကိုက်သွားနာဖြစ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင်ကော်ဖီမစ်ကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ပညာရေးပိုင်းအထူးကောင်းမွန်နေပြီး နိုင်ငံခြားကိုပညာတော်သင် သွားရကိန်းရှိလာတတ်ပါတယ်။ ဒီရက်ပိုင်းမှာ ငွေစုရင် မမြဲတာကြောင့် ရွှေစုပေးပါ။ ဝင်ငွေများသလောက် ထွက်ငွေများနေမယ့် ကာလဖြစ်ပြီးကျန်းမာရေးနဲ့အချစ်ရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။အိမ်နေရာထိုင်ခင်းအပြောင်းအလဲရှိနေပြီးလက်ရှိလုပ်ကိုင်နေတဲ့အလုပ်မှာလည်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲလုပ်ကိုင်လိုစိတ်အားနည်းနေမယ့် ကာလပါပဲ။အလုပ်သစ်ပြောင်းမယ်ဆိုရင်အနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်း၊ စာပေလုပ်ငန်းဘက်ကို ပြောင်းဖို့သင့်တော်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့ခင်ပွန်းသည်က လောင်းကစားတတ်လို့ ငွေကြေးဆုံးရှုံးရတတ်ပါတယ်။ ချစ်သူရှိပြီးသူများချစ်သူရဲ့ သစ္စာဖောက်ခြင်းခံရတတ်ပါတယ်။ ပညာရေးမှာ ထူးချွန်ကျောင်းသားအဖြစ်အသိအမှတ်ပြုခြင်း ခံရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းပျက်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -ဘုရားတွင် စာကလေးခွေ ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ နိုင်ငံခြားခရီးသွားရကိန်းရှိပြီးအိမ်ခြံမြေကိစ္စအမွေကိစ္စနဲ့ စကားများတာမျိုးလည်း ဖြစ်တတ်ပါတယ်။ စက်ကိရိယာရောင်းဝယ်ခြင်းလုပ်ငန်း၊ ကားအပိုပစ္စည်းရောင်းဝယ်ခြင်း၊ ယာဉ်၊ ဆန်စက်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး စပ်တူလုပ်ငန်း သတိပြုသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီး ညိုငြင်တတ်ပါတယ်။အိမ်မှာ စနေသားသမီးရှိရင် သတိထားပါ၊ ချစ်သူမရှိသေးသူ လူပျိုအပျိုဆိုလျှင်အိမ်ထောင်ကျတတ်ပြီးအိမ်ထောင်ရှိပြီးသူဆိုလျှင် ဖောက်ပြန်တတ်ပါတယ်။အချစ်ရေးမှာ ချစ်သူမရှိသေးသူတွေ ချစ်သူရလာနိုင်ပြီးအိမ်ထောင်ရှင်တွေကတော့အိမ်တွင်းရေးသာယာနေပါတယ်။ ပညာရေးအတွက် နိုင်ငံရပ်ခြား သွားရောက်ရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ခံတွင်းပျက်ခြင်း၊အေ့ာအန်ခြင်းမျိုး ဖြစ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။


ယတြာ -ဘုရားတွင်မွေးနံထောင့်ရေသပ္ပာယ်ပေးပါ။


ရာဟု - ရာဟုသားသမီးတွေအနေနဲ့ လုပ်ငန်းခွင်ပြဿနာတွေဖြေရှင်းရတတ်ပြီး နာမည်အလွဲသုံးစားလုပ်မှု ငွေအလွဲသုံးစားလုပ်ခံရတာမျိုးတွေလည်း ကြုံနိုင်ပါတယ်။ သစ်သီးဒိုင်၊ ဟင်းသီးဟင်းရွက်ဒိုင်များ ကောင်းမွန်နေပြီး စက်ပစ္စည်းပြုပြင်ရေးလုပ်ငန်း၊ မော်တေ်ာကားရေဆေးဆီထိုးလုပ်ငန်းတွေမှာလည်း ငွေဝင်နေပါလိမ့်မယ်။ ရွှေ၊ ငွေ၊ ကျောက်မျက်အစရှိတဲ့အဖိုးတန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများအထားမှားသဖြင့် ထွက်တတ်ပျက်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အာရုံကြောရောဂါဖြစ်ပွားတတ်ပါတယ်။ ပညာရေး၊အချစ်ရေးအောင်မြင်မှာဖြစ်ပြီးအိမ်ထောင်ရေးကိစ္စမှာလည်း ကောင်းသောအပြောင်းအလဲတွေ ကြုံရပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုရှိတာက သူတစ်ပါးရဲ့အချစ်ရေး၊အိမ်ထောင်ရေးကိစ္စတွေမှာ ဝင်ပြီးအကြံပေးတာမျိုး ဝင်ပါမိတာမျိုးကြောင့် ငွေကြေးဆုံးရှုံးခြင်း၊ ဂုဏ်သိက္ခာထိခိုက်ခြင်းမျိုး ဖြစ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ -ဘုရားတွင်ရွှေကြည် ကပ်လှူပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ခရီးဝေးသွားရကိန်းရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေ ရရှိလာမှာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ရေထွက်ကုန်လုပ်ငန်းရှင်များအနည်းငယ်ညံ့နေပါတယ်။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှုအောင်မြင်မှာဖြစ်ပြီးနေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနိုင် ပါသေးတယ်။ ဝန်ထမ်းဖြစ်ပါကအောက်လူ ဒုက္ခပေးတတ်ပြီးအထက်လူကြီးနဲ့ကတော့အဆင်ပြေနေမှာဖြစ်ပါတယ်။ ချစ်သူရှိပြီးသူများချစ်သူရဲ့အကြောင်းမရှိအကြောင်းရှာ ပြတ်စဲခြင်းကိုခံရတတ်ပြီး ချစ်သူမရှိသေးသူများ လူလိမ်လူညာ၊ ပိုင်းလုံးနဲ့ ဆုံရတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး နိုင်ငံခြားပညာတော်သင်သွားရကိန်းရှိနေပါတယ်။ ကျန်းမာရေးပိုင်းမှာတော့ လည်ချောင်းနာတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၂နာရီကနေ နေ့လည် ၁နာရီခွဲအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင်မုန့်လုံးရေပေါ် ကပ်လှူပေးပါ။


သောကြာ - မထင်မှတ်ထားတဲ့ နေရာကနေ ငွေကြေးအမြတ်အစွန်း ရရှိလာပါလိမ့်မယ်။အရေးကြီးလုပ်ငန်းကိစ္စတွေကိုလည်း ဒီနေ့မှာစတင်နိုင်ပြီးအဖိုးတန်ပစ္စည်းတွေကို လက်ဆောင်ပေးသူ ပေါ်ပေါက်လာနိုင်ပါတယ်။အိမ်ကိုဧည့်သည်ရောက်လာတတ်ပြီး ကောင်းတဲ့သတင်းစကားပါလာပါလိမ့်မယ်။အဆိုတော်၊အနုပညာရှင်များ၊ ပန်းချီဆရာများ၊ စာရေးဆရာအစရှိသူတို့ လုပ်ငန်းအထူး ကောင်းမွန်နေချိန်ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအလုပ်ခွင်မှာ ပြဿနာအကြီးကြီးတစ်ခု ကြားညပ်တတ်ပါတယ်။ ပုံမှန်ရနေကျ ငွေကြေးအစား ငွေကြေးရုတ်တရက် ခက်ခဲသွားတတ်တဲ့အချိန်ပါပဲ။အချစ်ရေး ၊အိမ်ထောင်ရေး သာယာနေပြီးသားသမီး ရတနာ တိုးပွားတတ်ပါတယ်။ ပညာရေးကောင်းမွန်နေပြီး ကျန်းမာရေးအနေနဲ့ လက်နဲ့ ခြေထောက်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိတတ်လို့ သတိထားသင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။


ယတြာ -ဘုရားတွင် သလဲသီးကပ်လှူဆုတောင်းပါ။


စနေ - ဒီနေ့မှာ စနေသားသမီးတွေအတွက် လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ကံကောင်းသောတိုးချဲ့ခြင်းမျိုး ဖြစ်ပြီးငွေကြေးပိုင်းအနေနဲ့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလဖြစ်လို့ သတိထားသင့်ပါတယ်။ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကိုတက်လှမ်းနိုင်မယ့် ကာလလို့ ဆိုရမှာဖြစ်ပြီး ရာထူးတိုး၊ လစာတိုး ကြုံရတတ်ပါတယ်။အိမ်အနီးအနားမှာ နာရေးရှိရင် ထီထိုးပေးပါ။ ဒီရက်ပိုင်းမှာအလှူကြီးပေးရတတ်ပြီးအလှူမှာ တန်ဖိုးကြီး ပစ္စည်းပျောက်တတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့ သားသမီးရဲ့ ကျန်းမာရေးပိုင်းဆိုင်ရာအထူးသတိပြုပေးရမှာဖြစ်ပါတယ်။အချစ်ရေးမှာတော့ ချစ်သူရဲ့ သစ္စာဖောက်ခြင်း ခံရတတ်ပါတယ်။ ပညာရေးပိုင်းကောင်းမွန်နေပြီးအချစ်ရေးပိုင်းကတော့ ပုံမှန်ပဲရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့အာရုံကြောရောဂါဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ -ဘုရားတွင် နွားနို့ ကပ်လှူပေးပါ။

ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..