၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း( ၈-၉-၂၀၁၉ ) မှ ( ၁၄-၉-၂၀၁၉)အထိေ
lotaya.mpt.com.mm
|
2019-09-08

ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၈-၉-၂၀၁၉ ) မှ ( ၁၄-၉-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။

ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၈-၉-၂၀၁၉ ) မှ ( ၁၄-၉-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီးများ

အထူးကံဇာတာတက်နေ၍ လှုမှုရေးနှင့်ဘာသာရေး လုုပ်ငန်းအခွင့်အလန်းများ တွေ့မည်။ ဆရာသမားအကြီးအကဲ ကူညီမစခြင်းနှင့်အလုပ်ရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ ရှိအံ့။ ကျောက်ရတနာရောင်းဝယ်ခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းနှင့် လုပ်ငန်းစတင်ခြင်း ကျောက်မျက်တူးဖော်ခြင်းကောင်း၏။ စီးပွားရေး စာပေထုတ်ဝေ ဖြန့်ချီလုပ်ငန်း၊ ကုန်ရောင်း၊ ကုန်ဝယ်အကျိုးပေးအံ့။ ပညာရေး ကံကောင်း၏ ဤရက်သတ္တပတ် ပညာရေးဆိုင်ရာ ပြည်ပခရီးများ ထွက်ခွာရခြင်းနှင့် မိမိလုပ်ငန်းဆောင်တာများအကောင်အထည်ဖော်မည်။အချစ်ရေး စန်းပွင့်နေပြီးအချစ်သစ်တွေ့ခြင်းမျိုး ရှိတတ်ပါသည်။အိမ်ထောင်ရေး မိသားစုအိမ်တွင်းရေး ပီတီမင်္ဂလာ၊အဝေးရောက်အမျိုးသားနှင့်သားသမီးထံမှ သတင်းကောင်းကြားရမည်။ ကျန်းမာရေး ခြေ၊လက်အရိုးအဆစ် ထိခိုက် ခံစားရတတ်သည်။

အကျိုးပေးဂဏန်း - {၆-၃-၅}

အကျိုးပေးအရောင် - မီးခိုးရောင်

ဆောင်ရန် - လက်ကိုင်ပဝါ မီးခိုးရောင်

ယတြာ -အိမ်ဘုရားမှာ ဖယောင်းတိုင် (၆)တိုင်အမွှေးတိုင် (၉)တိုင် မုန့်တီဆွမ်းဖြင့် ဆွမ်းတော်ကပ်လှူ ဆုတောင်းပါ။

တနင်္လာသားသမီးများ

တနင်္လာသားသမီးများ မိမိလုပ်ငန်းခွင်၌ ရဲ့ရင့်ပြတ်သားစွာ ဆုံးဖြတ်ပါ မိမိဆန္ဒပြည်စုံမည်။ ဘာသာရေးနှင့်လူမှုရေး မိသားစုအိမ်တွင်းရေး ပီတီမင်္ဂလာအလှူဒါန ကုသိုလ်ကောင်းမှု ပြုလုပ်ရမည်။ ဥစ္စာပစ္စည်းပျောက်မည်။ စက်ပစ္စည်းအဟောင်းထွက်အသစ်ဝင်ခြင်းနှင့်အလဲအထပ် ပြုလုပ်ရအံ့။ ဆေးဖော်၊ ဆေးဝါးဖြန့်ခြင်း၊ စာပေလုပ်ငန်း စာတင်ခြင်း၊အလုပ်သစ်လျှောက်ခြင်း နှင့် ရေကြောင်းခရီးသွားလာခြင်း ကောင်း၏။ ပညာရေးအသစ်အဆန်းများ သင်ယူရအံ့။အချစ်ရေးတွင် တစ်ပါးသူ၏ ပယောဂမကင်းသလို ဖျက်လိုဖျက်ဆီးကိစ္စများ ပေါ်လာအံ့။အိမ်ထောင်ရေး သာသာယာယာရှိအံ့၊ ရွေဝင်အံ့၊ ခြေနှစ်ချောင်း မကယ်ကောင်း၊အထူးသဖြင့် စနေသားသမီးရန် ဂရုပြုပါ။

အကျိုးပေးဂဏန်း - {၃-ဝ-၆}

အကျိုးပေးအရောင်- ဖက်ဖူးရောင်

ဆောင်ရန် - ထန်းလျက်ခဲ ၁လုံး

ယတြာ - သစ္စာပန်း၊ သနပ်ခါးညွန့် ၊ ဇီးယို ဆွမ်းတော်ကပ်လှူ ဆုတောင်းပါ။

အင်္ဂါသားသမီးများ

ဆေးဝါးဖြန့်ချိခြင်းလုပ်ငန်း၊အိမ်ဆောက်ပစ္စည်းရောင်းဝယ်ခြင်း၊ စာပေလုပ်ငန်း၊ ရေကြောင်းလုပ်ငန်း၊ ရေတွင်းရေကန်တူးဖော်ခြင်းလုပ်ငန်းအကျိုးပေးအံ့။အချစ်ရေးကံ ကောင်းလာပါမယ်။အိမ်ထောင်ရေး စိတ်ချမ်းသာ၍ ပညာရေးဝန်ထမ်းများ လစာတိုးခြင်းနှင့်အပြောင်းအရွှေ့ပေါ်အံ့။ ပြောင်းရွှေ့စာ ရောက်လာခြင်း သတင်းကောင်းဖြစ်အံ့။ လုပ်ငန်းခွင်၌ စနေနေ့နံသားသမီးများမှ ပျက်လိုပျက်စီးအတိုက်ပြုအံ့။ မြောက်အရပ်ဘက်အခြေအတင် စကားများရအံ့၊ ရုံးရောက်ရတတ်အံ့။ ကျန်းမာရေးအထူးကောင်း၏။ သို့သော် မိမိရင်သွေးငယ်များ ကျန်းမာရေးချို့တဲ့ခြင်း၊ စိတ်ပူရမည်။ ယာယီပါ၊ ပြန်ကောင်းလာအံ့။

အကျိုးပေးဂဏန်း - {၅-၃-၉}

အကျိုးပေးအရောင် - ရွှေအိုးရောင်

ဆောင်ရန် - ဒန် လက်တစ်ဆစ်

ယတြာ - ကြေးဖလားနှင့် ရေတော်(၁)ခွက် မာလာဟင်း ဆွမ်းတော်ကပ်ပါ။

ဗုဒ္ဓဟူးသားသမီးများ

အလုပ်ဟာ လုပ်လေမဟုတ်လေဖြစ်ပြီး စိတ်ပျက်လာမည်၊ စိတ်ကုန်လာမည်။ ငွေရင်းနှီးများပြိးအကျိုးမရှိဖြစ်နေမည်။အိမ်တွင်းပြဿနာ၊အိမ်တွင်းဥစ္စာပျက်စီးခြင်းနှင့်အိမ်၊ခြံ၊မြေအပေါင်၊ ငွေကြေးကိစ္စများအဆုံးရှုံးဖြစ်လာအံ့။ ဆင်းရဲသောကများအံ့။ မြောက်အရပ်အကျိုးပေး၍ မိတ်ဆွေသစ်ရအံ့ ကူညီမစသူပေါ်အံ့။ ပညာရေးတွင်အညံ့မရှိပါ။ ပြည်ပသို့ ပညာတော်သင် သွားရတတ်သည်။အချစ်ရေးမှာတော့ ချစ်သူနှစ်ဦး ကြားကနေပြောလာတဲ့ သွေးထိုးစကားတွေကို ချင့်ချိန်ပြီးမှ ယုံကြည်စေချင်ပါတယ်။ စိုးရိမ်စရာတော့ မရှိပါ။အိမ်ထောင်ရှိသူဆိုလျှင်အိမ်ထောင်ဘက်အတွက် စိတ်ညစ်ရတတ်၏။ ဆွေမျိုးသားချင်းများ ကျန်းမာရေးအသည်းအသန် ဖြစ်တတ်၏။

အကျိုးပေးဂဏန်း - {၂,၈,၄}

အကျိုးပေးအရောင်- ဆင်စွယ်ရောင်

ဆောင်ရန် - ရဲယိုညွန့် လက်တစ်ဆစ်

ယတြာ -အိမ်ဘုရားစင်မှာ လိမ္မော်ရည်(၁)ခွက် ပေါင်မုန့်(၉)ချပ်ကပ်လှူပါ။

ကြာသပတေးသားသမီးများ

အိမ်ခြံမြေ၊အစုရှယ်ယာလုပ်ငန်း၊ ငွေဝန်ဆောင်မှု၊အလှဆင်၊အဝတ်အထည်ယှက် ထိုလုပ်ငန်းများအကျိုးပေးအံ့။ ဗုဒ္ဓဟူးနံအပျောက်၊အပျက်နှင့် ထိုနေနံ မိန်ကလေး*ယရလဝ*အက္ခရာပါအမည်ရှင်များ ဂရုစိုက်သင့်၍ ပြဿနာအကြီးအကျယ်တက်တတ်အံ့။အိမ်ဝယ်လျှင်အနောက်အရပ်အထူး (၄) ဂဏန်းနံပါတ် ရှောင်ရန်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့အဆင်မပြေဖြစ်မယ်။ နောက်ကျောကို ဓားနဲ့ထိုးမဲ့သူတွေ ဝန်းရံနေတတ်တဲ့အတွက် သတိထားပါ။အရှေ့မြောက်အရပ် လာဘ်အကျိုးပေး၊အနောက်တောင်အရပ် ရှောင်ပါ။အပေါင်းအသင်း သူငယ်ချင်းများနှင့်အတူ နိုင်ငံရပ်ခြားအလုပ်သွားရကိန်း ကြုံတွေ့ရတတ်သည်။အချစ်ရေးများ ကံကောင်းပါလိမ့်မယ်။ ဘုရားဖူးသွားရတတ်ပြီး ခရီးမှာ ပျော်ရွှင်မှု ရတတ်သည်။အိမ်ထောင်ရေးတွင် တစ်ဦးပေါ်တစ်ဦး နာလည်ခွင့်ပေးလျှင် သာယာမည့်အချိန်ပါ။

ကျန်မားရေးကာတော့ နည်းနည်းဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - {၅,၃,၉}

အကျိုးပေးအရောင် -အနီရောင်

ဆောင်ရန် - ဇီးညွန့်

ယတြာ - ဆင်းရဲနွမ်းပါးသူကို လမ်းကြုံတွေ့ခဲ့လျှင် ခရီးစရိတ်ထောက်ပံ့ပေးပါ။

သောကြာသားသမီးများ

အလုပ်မှ ခွင့်ဖြင့် နားရတယ်မရှိလောက်အောင်အလုပ်များနေတတ်ပါတယ်။အလုပ်တစ်ခုပြီးတစ်ခု လုပ်နေရလို့အလွန်ကို ပင်ပန်းတတ်ပါတယ်။ စဉ်းစားချင့်ချိန်ပြီးမှအရာရာကိုလုပ်သင့်တဲ့အချိန်ပါပဲ။ လုပ်ငန်းတိုးချဲ့ခြင်းအထူးရှယ်ယာဝင် လုပ်ငန်းများအောင်မြင်လိမ့်မယ်။ စက်ပစ္စည်များအဟာင်းထွက်အသစ်ဝင်ပါလိမ့်မယ်။ လက်လွန်ထားသော ငွေများရပါမည်။ တနင်္လာ၊အင်္ဂါသားသမီးများနှင့်အမှုအခင်း ရုံးပြင်ကန္တား နှင့် ပတ်သက်ရတတ်တယ်။ ဘာကိစ္စကိုမဆို ခေါင်းအေးအေးထားပြီး ဆုံးဖြတ်ချက်ချပါ။အိမ်ထောင်ရှင်များ ဘေးလူအနှောက်အယှက်ကြောင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုလွဲပြီး ဒေါသကိုရှေ့ထားကာ စကားများ၊ ရန်ဖြစ်ရတတ်ပါသည်။ ကျန်းမာရေးအနေဖြင့် လက်ခြေထောက် ထိခိုက်ဒဏ်ရာရတတ်သည်။

အကျိုးပေးဂဏန်း - {၂,၈,၇}

အကျိုးပေးအရောင် - ငွေရောင်၊ နံ့သာရောင်

ဆောင်ရန် - ဓာတ်ခဲ

ယတြာ - မိမိနေ့နံဂြိဟ်ဘုရားထောင့်တွင် နှင်းဆီပန်း(၁၁)ပွင့် ဇီးဖျော်ရည်(၁)ခွက် ကပ်လှူပါ။

စနေသားသမီးများ

ကိုယ်ကို မလေးစားတဲ့လူတွေတောင် ကြည်ညိုလေးစားလာတတ်ပါတယ်။ စက်ပစ္စည်းတွေ နဲ့ ရွှေငွေစိန်ကျောက်မျက်ရတနာများလည်း ဝင်လာတတ်ပါတယ်။အမှုအခင်းကိစ္စ ကြုံရသည်ရှိပါကအမှုအခင်းနိုင်ပါတယ်။ မိမိအား ပြဿနာလုပ်နေသူများရှိလျှင် သတိထားဆက်ဆံလိုက်ပါ ၊အဆင်ပြေသွားလိမ့်မည်။အလှူလုပ်ရတတ်သည်။ လုပ်ရမယ့်အလှူကလည်း ရည်ရွယ်တုန်းက သေးသေး တကယ်လုပ်ဖြစ်တော့အလှူကြီးပေးရတတ်သည်။ ဆုံးမလို ဖြစ်နေသော ပစ္စည်းတွေလည်းပြန်ရတတ်ပါသည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ ပြည်ပ၊ နယ်ခြားအနေဝေးနေတဲ့ ချစ်သူကအဆက်ဖြတ်ဖို့ ကြိုးစားတာမျိုးလည်း ကြုံရတတ်သည်။အချစ်ရေးကံကောင်း၍ ချစ်သူမရှိသေးသူများ ချစ်သူအသစ်ရမယ်။ ချစ်သူရှိပြီးသူများအိမ်ထောင်ကျတတ်တယ်။အိမ်ထောင်ရေးတွင် မိမိအိမ်ထောင်ဖက်၏အထင်မြင်လွဲမှားခြင်းကို ခံရတတ်တယ်။ ကျန်းမာရေးအနေဖြင့် သွားနာခြင်း၊ မျက်စိနာခြင်း ဝေဒနာများ ဖြစ်ပွားတတ်ပါတယ်။

အကျိုးပေးဂဏန်း - {၂,ဝ,၈}

အကျိုးပေးအရောင် -အပြာရောင်၊ ဖက်ဖူးရောင်

ဆောင်ရန် - ဝါးဆစ် လက်တစ်ဆစ်

ယတြာ - တန်ခိုးကြီးဘုရားမှာ ရေတော် သက်စေ့၊ ပန်း၊ ဆီးမီးကပ်လှူပါ။အဝတ်အစားအဟောင်း မြောက်အရပ်သို့ စွန့်ပစ်ပါ။

ရာဟုသားသမီးများ

ကိုယ်ပိုင်အလုပ်လုပ်သူတွေအလုပ်ပါးတတ်သလို ဝန်ထမ်းတွေအဖို့အထက်လူကြီး ငြိုငြင်တာခံရလိမ့်မည်။ တစ်ခုအကြံပေးချင်တာက ဒီကာလမှာကိုယ်အလုပ်ကို ကြိုးစားပြီးလုပ်ပါ။အထူးအားဖြင့် ကျောက်မျက်ရတနာလုပ်ငန်းများ ငွေအမြောက်အများ ဝင်လာတတ်သော ကာလဖြစ်သည်။ သို့ရာတွင် မိမိကိုယ်ပိုင်ကျောက်မျက်ရတနာ ရွှေငွေအယုံကြည် ပေးမလွဲနှင့် မိမိရှေ့မှာလုပ်ငန်းပြုလုပ်ပါ။ မိမိကွယ်ရာ မပြုလုပ်ပါနှင့်။ ဘယ်အသင်းအဖွဲ့မှာမှ မဝင်ပါနဲ့။အလောင်းအစား မပြုလုပ်ပါနဲ့အကျိုးမပေးပါ။အဖမ်းအဆီး ခံရတတ်တယ်။အချစ်ရေးကြောင့် ခေါင်းရှုပ်ရတတ်သည်။ ပညာရေးကောင်းပြီး မိမိအိမ်မှာ သားသ္မီးပျိုများ ရှိလျှင် သတင်းကောင်းများကြားရတတ်ပြီး ရှေ့ရေးအနာဂတ်ချမ်းသာသောအသိုင်းဝိုင်းများမှ လာရောက်မြန်းတတ်၊ တောင်းတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့်အနာ၊အပူရောဂါဖြစ်ပွားတတ်သည်။

အကျိုးပေးဂဏန်း - {၃,၅,၉}

အကျိုးပေးအရောင် -အစိမ်းရောင်

ဆောင်ရန် - လက်ကိုင်ပုဝါအစိမ်းရောင်

ရှောင်ရန် -အနောက်တောင်အရပ်

ယတြာ -အိမ်ရှေ့တွင် နေကိုကြည့်၍ ရေတစ်ခွက် လောင်းပြီး လိုရာဆုတောင်းပါ။

ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..