လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း စက်တင်ဘာ ၁၃ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန်နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ နိုင်ငံခြား ခရီးသွားရကိန်း ရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေ ရလာနိုင်ပါလိမ့်မယ်။ သင်တန်းတစ်ခုခု တက်ရောက်နေသူဖြစ်ရင်တော့ ဂုဏ်ထူးနဲ့အောင်မြင်ပါလိမ့်မယ်။ ဒီရက်ပိုင်းမှာအောက်လက်ငယ်သား ဒုက္ခပေးတတ်တာကြောင့်လည်း သတိပြုဆက်ဆံသင့်ပါတယ် ။ နိုင်ငံခြားသားနဲ့ စပ်တူလုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှု ရရှိပါလိမ့်မယ်။ လုပ်ငန်းသဘာဝမတူတဲ့ လုပ်ငန်းတွေမှာ ပြောင်းလဲလုပ်ကိုင်ရကိန်းရှိပြီးအလုပ်နဲ့ ပတ်သက်လို့ စိတ်ညစ်ရမယ့် ကာလပါပဲ။ လုုပ်ငန်းရှင်ဖြစ်ပါက ဝန်ထမ်းတွေရဲ့ ဒုက္ခပေးမှုကြောင့် လုပ်ငန်းတိုးတက်မှုအနှောက်အယှက်ဖြစ်တတ်ပါတယ်။အိမ်ထောင်ရေးအဆင်ပြေနေပြီးအချစ်ရေးလည်း သာယာနေပါတယ်။ လူမျိုးခြားထောက်ပံ့မှု ရရှိနိုင်ပြီးအိမ်ထောင်ပရိဘောဂအသစ်ဝင်ကိန်း ရှိနေပါတယ်။ ဒီရက်ပိုင်းမှာ ချော်လဲတတ်လို့အသွားအလာ သတိပြုရမှာပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ -အခန်းရှင်းပေးပါ။
တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ကံကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပြီး ငွေကြေးပိုင်းအနေနဲ့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလပါပဲ။ ပညာရေးပိုင်း ကောင်းမွန်နေပြီးအချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ လုပ်ငန်းခွင်မျိုးကနေ ကမ်းလှမ်းလာတာမျိုး ကြုံရတတ်လို့ ကိုယ့်ဘက်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့အသင့်ပြင်ထားသင့်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့အလှပြင်ဆိုင်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းရှင်များ ကောင်းမွန်နေပါတယ်။ ဒီနေ့မှာ သူတပါးကိစ္စ ကြားဝင်ဆောင်ရွက်ပေးရကိန်းရှိနေပြီး ကိုယ့်စေတနာကို စော်ကားခံရတတ်လို့ သတိပြုပါ။ သူတပါး ငွေချေးငှားခြင်းအတွက် ကြားခံပြုလုပ်ပေးမိပါက ဆုံးရှုံးရတတ်လို့ ဒီရက်ပိုင်း ငွေကြေးအာမခံလုပ်တာမျိုး ရှောင်ပါ။အိမ်ထောင်သည်တွေကတော့အိမ်တွင်းရေးသာယာနေပြီး ချစ်သူမရှိသေးသူများအားကိုးရလောက်တဲ့ ချစ်သူ ရလာတတ်ပါတယ်။ ပညာရေးအထူးကောင်းမွန်နေပြီး စာမေးပွဲမှာ ဂုဏ်ထူးနဲ့အောင်မြင်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အကြောညပ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ကြာဇံဟင်းခါး လှူဒါန်းပေးပါ။
အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သင့်တဲ့ ကာလပါပဲ။ သူငယ်ချင်းအရင်းတွေကတောင်အထင်အမြင်လွဲမှားနိုင်တဲ့ ကာလဖြစ်လို့ သင်ဘာပဲ ကောင်းတာ လုပ်လုပ် သူတို့အကောင်းမြင်မှာ မဟုတ်ပါဘူး။ရေလုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ ငါးပိ၊ ငါးခြောက် လုပ်ငန်းရှင်များ လုပ်ငန်းကောင်းမွန်နေပြီး ဆန်၊ ဆီ၊ ဆား လုပ်ငန်းရှင်တွေကတော့အလုပ်ပါးနေတတ်ပါတယ်။ ငွေကြေးကိစ္စတွေမှာ ကြားခံအာမခံခြင်းမျိုးမှတဆင့် နာမည်ပျက်တတ်လို့ သတိပြုသင့်ပါတယ်။ ငွေစုငွေချေးလုပ်ငန်း၊အတိုးပေးခြင်း ၊အပေါင်ခံခြင်းအစရှိတဲ့လုပ်ငန်းတွေလုပ်ကိုင်သူဖြစ်ပါက ဒီရက်ပိုင်း သတိထားပါ။ ကိုယ်ပိုင်လုပ်ငန်းရှင်တွေကတော့ သူတပါးရဲ့ လုပ်ငန်းပိုင်းမှာ မြှုပ်နှံထားတာ ကြာနေပြီး မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့လည်း မထင်မှတ်ထားတဲ့နေရာက ငွေဝင်တာမျိုး ကြုံရနိုင်ပါတယ်။ ငွေတစ်လုံးတစ်ခဲတည်း ဝင်လာလျှင်အလှူအတန်းပြုလုပ်ပေးပါ။အချစ်ရေးမှာ ချစ်သူနဲ့အဆင်ပြေစိတ်ချမ်းသာရကိန်းရှိပြီးအိမ်ထောင်သည်တွေကတော့ တကျက်ကျက်ရှိနေပါမယ်။ ကျန်းမာရေးအနေနဲ့ မျက်လုံးအကြောအားနည်းတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ -အရေးကြီးကိစ္စများအတွက်အဝါရောင်ဝတ်ဆင်ဆန္ဒပြုပါ။
ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် ဒီနေ့မှာ လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ လုပ်ငန်းခွင်မျိုးကနေ ကမ်းလှမ်းလာတာမျိုး ကြုံရတတ်လို့ ကိုယ့်ဘက်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့အသင့်ပြင်ထားသင့်ပါတယ်။ လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပြီး ငွေကြေးပိုင်းအနေနဲ့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလပါပဲ။လုပ်ငန်းခွဲတွေကနေ ဝင်ငွေရလမ်းများနေမယ့်အချိန်ဖြစ်ပါတယ်။ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ လုပ်ကိုင်သူများအောင်မြင်မယ့်အချိန်ဖြစ်ပြီး ရေသန့်လုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေအကျိုးများပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီးမျက်နှာသာပေးခြင်း ခံရတတ်ပါတယ်။အချစ်ရေးမှာ ချစ်သူမရှိသူတွေ ချစ်သူရလာနိုင်ပြီးအိမ်ထောင်ရေးလည်း သာယာနေမှာပါ။ ကျန်းမာရေးအနေနဲ့အဆုတ်ရောဂါသတိထားသင့်ပါတယ်။ ပညာရေးပိုင်း ကောင်းမွန်နေပြီး နိုင်ငံရပ်ခြား ပညာတော်သင်သွားရကိန်း ရှိနေပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ယပ် ၈ လက်လှူဒါန်းပေးပါ။
ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ငွေဝင်ကိန်းရှိပြီး ထင်မှတ်မထားတဲ့နေရာတွေကနေ ဝင်လာတာကို တွေ့ရမှာပါ။ ပညာရေး၊အချစ်ရေးပိုင်းအောင်မြင်မှာဖြစ်ပြီးအရေးကြီး ဆုံးဖြတ်ချက်တွေကိုလည်း စိတ်ချလက်ချ လုပ်ဆောင်လိုက်ပါ။ ဆုံးရှုံးပြီးသားငွေတွေလည်း ပြန်ဝင်လာမှာဖြစ်ပြီးအိမ်နေရာထိုင်ခင်းအသစ်ပြောင်းလဲရကိန်း ရှိနေပါတယ်။ လုပ်ငန်းစီးပွားတိုးတက်အောင်မြင်နေပြီး မိမိလက်အောက်ငယ်သားနဲ့ တပည့်တွေကို ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ လူမှုရေးနဲ့ ဘာသာရေးဆိုင်ရာ လုပ်ငန်းများမှာလည်း ဝင်ရောက်ကူညီရတတ်ပြီး ဘာသာရေးနဲ့အလှူအတန်းများလည်း ပြုလုပ်နိုင်ပါလိမ့်မယ်။ ဆန်အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ကုန်စည်ရောင်းဝယ်ဖောက်ကားသူများအထူးကောင်းမွန်နေပြီးအထည်အလိပ်၊ ကျောက်မျက်လုပ်ငန်းရှင်များလည်း စီးပွားတိုးတက်အောင်မြင်နေမှာဖြစ်ပါတယ်။အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊အိမ်ခြံမြေပွဲစားလုပ်ကိုင်သူတွေကတော့အနည်းငယ်အလုပ်အေးနေတတ်ပါတယ်။အချစ်ရေးမှာ ကြားလူနှောက်ယှက်တတ်ပြီးအိမ်ထောင်သည်တွေကတော့ နှစ်ဖက်မိဘတွေကြောင့် လင်မယား စကားများရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အစားမှားတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ -လမ်းတွင်တွေ့သောကလေးတစ်ယောက်အား မုန့်ဖိုးပေးလိုက်ပါ။
ကြာသပတေး -အလုပ်မရှိသေးသူတွေအနေနဲ့အနုပညာနဲ့ ဆက်နွယ်တဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာ လုပ်ဆောင်ရင်အထူးကောင်းမွန်နိုင်မှာဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ကိုယ့်လက်အောက်ကလူတွေရဲ့ ကူညီထောက်ပံ့ပေးမှုကြောင့်အဆင်ပြေချောမွေ့ပါလိမ့်မယ်။အသေးစားချေးငွေလုပ်ငန်း၊ ဘဏ်လုပ်ငန်း လုပ်ကိုင်သူများအထူးအောင်မြင်နိုင်ပြီး လုပ်ငန်းအစုစပ်ရှယ်ယာလုပ်ကိုင်ခြင်း၊ ရှယ်ယာငွေထည့်ုခြင်းတို့ကနေ လူလိမ်ခံရနိုင်ပါတယ်။ ကြာသပတေးသားသမီးတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့်အောင်မြင်နိုင်ပါတယ်။ လုပ်ငန်းခွင်အတွင်းအပေါင်းအသင်း မိတ်ဆွေသစ်တိုးပွားခြင်း ကြုံရပါလိမ့်မယ်။ မိတ်ဆွေသူငယ်ချင်းတွေအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ကူညီပေးရခြင်းမျိုး ၊ စာချုပ်စာတမ်းအာမခံရခြင်းမျိုးလည်း ကြုံရနိုင်ပါတယ်။အချစ်ရေးမှာအင်္ဂါ၊ ကြာသပတေးနာမည်ပါသူတွေနဲ့ ဖူးစာဆုံရကိန်းရှိပြီးအိမ်ထောင်သည်တွေကတော့အိမ်ထောင်ဖက်အတွက် ဂုဏ်တက်ကိန်း ရှိပါတယ်။ ပညာရေးအတွက် သင်တန်းအသစ်တက်ရောက်ရကိန်းရှိနေပြီး ကျန်းမာရေးအနေနဲ့အဆုတ်အအေးပတ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင်ပဲပေါက်စီကပ်လှူပေးပါ။
သောကြာ - သောကြာသားသမီးတွေအနေနဲ့ ဝင်ငွေထက် ထွက်ငွေများပြားနေတဲ့ ကာလဖြစ်ပြီး ရှာသလောက်အဖတ်မတင်ဖြစ်နေတတ်ပါတယ်။။ လုပ်ငန်းကိုင်ငန်း ကိစ္စအ၀၀အဆင်ပြေနေတဲ့ ကာလဖြစ်ပြီး ပညာရေးနဲ့ ပတ်သက်ပြီး သင်တန်း တစ်ခုခု တက်ရောက်ဖြစ်ပါလိမ့်မယ်။ကုန်ပစ္စည်းသိုလှောင်ခြင်း ၊ ဆေးအရောင်းဆိုင်လုပ်ငန်းများအထူးအောင်မြင်မည်။ ဆရာဝန်၊အဆိုတော်များအကျိုးများမယ့်အချိန်ဖြစ်ပြီး သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူများ၊ စာပေနှင့် စာနယ်ဇင်း ပညာရှင်များလည်း နာမည်ကျော်ကြားမယ့်အချိန်ဖြစ်ပါတယ်။ လုပ်ငန်းသစ်ကနေလည်း ဝင်ငွေကောင်းမှာဖြစ်လို့ တိုးချဲ့လုပ်ကိုင်သင့်ပါတယ်။ ဒါပေမယ့်အတွင်းလူ ၊ လူယုံ ဒုက္ခပေးတတ်တာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအောက်လူဒုက္ခပေးတဲ့ကိစ္စတွေ ဖြေရှင်းရတတ်ပြီး လုပ်ငန်းခွင်အတွင်း မကြာခဏ စိတ်ညစ်ရတတ်ပါတယ်။ ချစ်သူရှိပြီးသူများ ချစ်သူနဲ့ လမ်းခွဲရတတ်ပြီးအိမ်ထောင်သည်တွေအနေနဲ့ သားသမီး ပညာရေးထွန်းပေါက်တတ်ပါတယ်။အိမ်ထောင်ဖက်ရဲ့ လုပ်ငန်းကိစ္စအဝဝလည်းအဆင်ပြေ ငွေဝင်နေမယ့်အချိန်ဖြစ်လို့အိမ်ထောင်ရေးသာယာမယ့်အချိန်လို့ ဆိုရမှာပါ။ ပညာရေးလည်း ကောင်းမွန်နေပါတယ်။ ကျန်းမာရေးအနေနဲ့ လက်နဲ့ ခြေထောက်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိတတ်လို့ သတိထားသင့်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် သစ်သီးကိုးမျိုးကပ်လှူပေးပါ။
စနေ -လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာတာတွေ့ရမှာပါ။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှုအောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်းအပြောင်းအရွှေ့ ရှိနိုင်ပါသေးတယ်။ ခရီးဝေးသွားရကိန်းရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေ ရရှိလာမှာဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအထက်အရာရှိရဲ့ မျက်နှာသာပေးခံရတတ်ပြီး လက်အောက်ငယ်သားတွေနဲ့ လုပ်ငန်းပြိုင်တွေ၊ ရာထူးတူသူတွေရဲ့ မနာလိုမှုကိုတော့ ခံရကိန်းရှိနေပါတယ်။ ဒီရက်မှာ နိုင်ငံရပ်ခြား ခရီးစဉ်လည်း ပေါ်ပေါက်လာမှာဖြစ်ပြီး ကောင်းသောခရီးဖြစ်နိုင်ပါတယ်။ ထီး၊ ဖိနပ်လုပ်ငန်း၊အထည်အလိပ် လုပ်ငန်းရှင်များ ကောင်းမွန်နေပြီးအိမ်ခြံမြေ လုပ်ငန်းရှင်တွေကတော့အနည်းငယ်အထစ်အငေါ့ ရှိနေပါတယ်။အချစ်ရေးမှာ ချစ်သူနဲ့အဆင်ပြေနေပေမယ့် ချစ်သူရဲ့ မိဘတွေနဲ့အဆင်မပြေဖြစ်ရတတ်ပြီးအိမ်ထောင်သည်တွေကတော့အိမ်မှာရောက်လာတဲ့ ဧည့်သည်ကြောင့် စကားများ ရန်ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အူယောင်ငန်းဖျား ဖြစ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ -ဘုရားတွင် ထန်းမြစ်ကပ်လှူပေးပါ။
LEO
ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။