
လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားကို နာမည်ကိုကြည့်ပြီး ခန့်မှန်းလို့ရပါတယ်နော်။
ဒါကြောင့်ဒီနေ့မှာတော့ တနင်္ဂနွေနံဖြင့်အဆုံးသတ်မှည့်ခေါ်ထားတဲ့ နာမည်ရှင်တွေရဲ့စိတ်နေစိတ်ထား တွေကိုဖော်ပြပေးချင်ပါတယ်။
တနင်္ဂနွေနံနဲ့အဆုံးသတ်တဲ့နာမည်ပိုင်ရှင်တွေဆိုတာ ဥပမာ-သူရအောင် ၊သီရိအေး စတဲ့ “အ”သံနဲ့အဆုံးသတ်ထားတဲ့နာမည်ပိုင်ရှင်တွေဖြစ်ပါတယ်။
တနင်္ဂနွေနံဖြင့်အဆုံးသတ်မှည့်ခေါ်ထားတဲ့နာမည်ပိုင်ရှင်တွေဟာ စည်းကမ်းကြီးသူတွေဖြစ်ကြသလို တစ်ကိုယ်ရည်သန့်ရှင်းရေးကို
အထူးဂရုစိုက်သူတွေဖြစ်ကြပါတယ်။သူတို့ဟာ ရည်မှန်းချက်ကြီးသူတွေဖြစ်ပြီး သူတို့ရဲ့ရည်မှန်းချက်နဲ့ပက်သက်ပြီးကပျက်ကချော်ပြောဆိုတာမျိုးကို
မုန်းတီးကြပါတယ်။သူတို့ဟာအသိအမှတ်အပြူခံချင်စိတ်ရှိသူတွေဖြစ်တဲ့အတွက် သူတို့ကိုချီးကျူးပေးဖို့တော့ မမေ့ပါနဲ့။
ဘာသာရေးနဲ့ပက်သက်လို့ကတော့ ဘာသာမဲ့နီးပါး ဘာသာရေးမလုပ်သူနဲ့ ဘာသာရေးနဲ့ပက်သက်ရင် တအား sensitive ဖြစ်တဲ့သူဆိုပြီး
နှစ်မျိုးရှိနိုင်ပါတယ်။အားသာချက်အနေနဲ့ကတော့ သူတို့ဟာတာဝန်ယူစိတ်၊တာဝန်ခံစိတ်ရှိပြီးခေါင်းဆောင်စိတ်ဓာတ်အပြည့်အဝရှိသူများဖြစ်ကြပါတယ်။
ဒါပေမယ့်အဲ့ဒီစိတ်ကလွန်ကဲသွားရင်တော့ သူတစ်ဖက်သားအပေါ် စိုးမိုးချင်စိတ်တွေများသွားတတ်ပါတယ်။
Source-ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Myanmar Wedding Guide