လူတိုင်းအိပ်မက် မက်ဖူးကြပါတယ်။ ဒါပေမယ့်အိပ်မက်ကိုအလုံးစုံပြန်မှတ်မိတဲ့ သူကတော့ ရှားပါတယ်။ တစ်ခါတစ်ရံအိမ်မက်ထဲမှာ စိတ်မစွဲပဲနဲ့ ထူးဆန်းတဲ့အကြောင်းအရာတွေကို မြင်မက်တတ်ကြပါတယ်။
မြန်မာလူမျိုးတွေဟာလည်းအိပ်မက်ရဲ့အတိတ်နိမိတ်ကို ယုံကြည်တတ်ကြပါသလိုအိပ်မက်တိုင်းမှာလည်း သူ့အဓိပ္ပါယ်နဲ့သူ ရှိပြီးသားပါ။
အိပ်မက်ဟာ ဘယ်လောက်ထိ ထူးဆန်းသလဲဆိုရင် သိပ္ပံပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာတောင် လူတွေ ဘာကြောင့်အိပ်မက် မက်ကြတာလဲဆိုတာကို ဆေးသိပ္ပံပညာရှင်တွေ၊ စိတ်ပညာရှင်တွေအတိအကျအဖြေမပေးနိုင်သေးပါဘူး။
ဒါပေမယ့်အိပ်မက် မက်တာနဲ့ ပက်သက်ပြီး စိတ်ဝင်စားစရာအချက်လက်အချို့ကိုတော့ ရှာဖွေတွေရှိထားပါတယ်။အိပ်မက်ဆိုတာ သူ့ဟာသူ တိုက်ရိုက်ကြီး ထမက်တာမျိုးမဟုတ်ပဲအိပ်ပျော်နေစဉ်မှာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကာမလှုပ်ရှားမှုတွေ၊ ပုန်းလျှိုးနေတဲ့ စိတ်ခံစားချက်တွေကြောင့်အိပ်မက်တွေ မျိုးစုံမက်ကြတယ်လို့ တွေ့ရှိထားပါတယ်။
ဒါကြောင့်လည်းအိပ်မက်တွေတိုင်းမှာအဓိပ္ပါယ်ဖွင့်ဆိုချက်အသီးသီးရှိကြပြီး မိမိရဲ့ လက်ရှိစိတ်ခံစားချက်တွေကိုလည်း ဖော်ပြပေးနေတယ်လို့ ဆိုပါတယ်။
လူတွေအများအားဖြင့် မြင်မက်တတ်ကြတဲ့အိမ်မက်တွေရဲ့အဓိပ္ပါယ်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ရေပြင်
ရေနဲ့ဆက်စပ်တဲ့အိပ်မက်ကို မက်တယ်ဆိုရင်တော့ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ဂရုမစိုက်တာ ဒါမှမဟုတ် စိတ်ထိခိုက်အောင် လုပ်တာမျိုး ဖြစ်တတ်ပါတယ်။
၂။ စက်တပ်ယာဉ်
မော်တော်ယာဉ်၊ ရထား စသည်တို့ကို မက်ရင်တော့ ကိုယ့်ရဲ့ဘဝရှေ့ရေးနဲ့ ပက်သက်ပြီး စိတ်ပူပန်နေရတယ်လို့အဓိပ္ပါယ်ရပါတယ်။
၃။အမြင့်ကနေ ပြုတ်ကျ
အမြင့်တစ်နေရာ၊ ချောက်ကမ်းပါးအစရှိသည်တို့က ပြုတ်ကျတယ်အောက်ကိုလည်း မရောက်နိုင်ဘူး ဆက်တိုက်ကြီးပြုတ်ကျနေတာမျိုးအိမ်မက်မက်ရင်တော့ သတိထားပါ။ ကိုယ့်အတွက်အဓိကကျတဲ့အလုပ်၊ လူမှုပေါင်းသင်းဆက်ဆံရေး၊အိမ်ထောင်ရေး စတာတွေမှာ ပြသနာကြီးကြီးမားမား ရှိနေတတ်ပါတယ်။
၄။ သွားကျွတ်ထွက်ခြင်း
အိမ်မက်ထဲမှာ သွားကျိုးတယ်၊ ကျွတ်ထွက်တယ်လို့ မက်ရင် တစ်ခုခုပေါ်မှာအရမ်းစိတ်ပျက်နေတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်၊အလုပ်က ထွက်ချင်နေတာမျိုး ရည်းစားနဲ့အဆက်ဖြတ်ချင်နေတာမျိုး ဖြစ်ပါတယ်။
၆။ ကိုယ်လုံးတီး
အိမ်မက်ထဲမှာ လူကြားသူကြားထဲအဝတ်အစားမပါပဲ ကိုယ်လုံးတီးကြီးဖြစ်နေတယ်လို့ မက်ရင် ကိုယ်ဟာ တစ်ခုခုကို ဟန်ဆောင်ထားတယ် ဒါမှမဟုတ် ကိုယ်ထိန်ချန်ထားတဲ့ ကိစ္စကို လူတွေသိမှာ စိုးရိမ်နေတယ်လို့အဓိပ္ပါယ်ရပါတယ်။
၇။ နောက်ကနေလိုက်ခံနေရတယ်
အိမ်မက်ထဲမှာ တစ်စုံတစ်ရာက ကိုယ့်နောက်က လိုက်နေလို့ ပြေးလွှားနေရတယ်လို့ မက်ရင်တော့ ကိုယ့်ဟာ နေ့စဉ် ဘဝထဲက တစ်ခုခုကို မျက်နှာချင်းမဆိုင်လိုပဲ ရှောင်ဖို့ ကြိုးစားနေတယ်လို့အဓိပ္ပါယ်ရပါတယ်။
၈။ စာမေးပွဲဖြေရတယ်
အိမ်မက်ထဲမှာ စာမေးပွဲဖြေနေရတယ် စာကလည်းမရဘူးလို့အိမ်မက်မက်ရင်တော့ ဒါဟာအလုပ်နဲ့ ပက်သက်၍သော်၎င်း၊ ကျောင်းစာနဲ့ပက်သက်၍သော်၎င်း တော်တော်လေး စိတ်ဖိစီးနေတယ်လို့ ရည်ညွှန်းပါတယ်။
၉။ လေထဲမှာ ဝဲပျံ
လေထဲမှာ လွှင့်တက်ပျံဝဲနေရသည်ဟု မက်မြင်ပါကအဓိပ္ပါယ်နှစ်ခု ဖြစ်နိုင်ပြီး တစ်ခုက လွပ်လပ်ပေါ့ပါနေခြင်း ဖြစ်သလို ကျန်တစ်ခုကတော့ လက်ရှိအခြေအနေကနေ လွတ်မြောက်လိုစိတ် ပြင်းထန်ခြင်းတို့ ဖြစ်သည်။
၁၀။ ကိုယ်ဝန်ရသည်
အမျိုးသမီးများအနေနဲ့ ကိုယ်ဝန်ရှိနေသည်ဟု မက်မြင်ပါကအပြင်မှာအမှန်တစ်ကယ်ကိုယ်ဝန်ရှိလာနိုင်တယ်လို့အဓိပ္ပါယ်ရပါတယ်။
၁၁။အမျိုးတစ်ယောက်ယောက် သေသည်
အမျိုးတစ်ယောက်ယောက် သေသည်ဟု မက်ပါက ထိုတစ်ယောက်အား သတိရနေခြင်းဖြစ်သည်။
၁၂။ ခွေး
ခွေးတွေဟာ သစ္စာရှိတဲ့ သတ္တဝါဖြစ်တာကြောင့် ခွေးတွေကိုအိမ်မက်မက်ရင်တော့ ကိုယ်နဲ့အရင်းနှီးဆုံး လူတစ်ယောက်က ကိုယ့်အပေါ် သစ္စာဖောက်တယ်လို့ ခံးစားနေရလို့ဖြစ်ပါတယ်။
၁၃။ ထောင်ကျသည်
အိပ်မက်ထဲမှာ ထောင်ကျတယ်လို့ မက်ရင်အပြင်လောကမှာတော့ ကိုယ်လုပ်ကိုင်နေတဲ့အလုပ်တစ်ခုခုကို ရပ်ဆိုင်းခံလိုက်ရတာမျိုးအဟန့်အတားလုပ်ခံရတာမျိုး ဖြစ်ပါတယ်။
၁၄။ လိင်ဆက်ဆံ
အိပ်မက်ထဲမှာ လိင်ဆက်ဆံရတယ်လို့ မက်ရင်တော့ သင့်မှာ ဆန္ဒပြင်းပြမှုဖြစ်နေတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။
၁၅။ ရိုလာကိုစတာ
ရိုလာကိုစတာ စီးတယ်လို့ မက်ရင်တော့ သင်ဟာ စိတ်မပါတဲ့ လက်ရှိအလုပ်ကနေ ရုန်းထွက်ချင်ပြီး ဝါသနာပါရာအလုပ်ကို စွန့်စွန့်စားစား လုပ်ကိုင်လိုစိတ် ပြင်းပျနေတယ်လို့ ရည်းညွှန်းပါတယ်။
ဖော်ပြပါအိပ်မက်နိမိတ်တွေက လူတွေအများအားဖြင့် မက်လေ့ရှိတဲ့အိပ်မက်တွေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အိပ်မက်နိမိတ်တွေက ကိုယ့်ရဲ့ စိတ်ခံစားအမှန်တွေကို ပြောပြပေးနေပါတယ်။