၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း( ၂၀-၁၀-၂၀၁၉ ) မှ ( ၂၆-၁၀-၂၀၁၉) အထိ
lotaya.mpt.com.mm
|
2019-10-20

ဗြဟ္မဏပုဏ္ဍား နက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့် လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်းကို ( ၂၀-၁၀-၂၀၁၉ ) မှ ( ၂၆-၁၀-၂၀၁၉) အထိ ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီးများ

ကံတရားက ကောင်းတစ်ခါ၊ ညံ့တစ်လှည့် ဖြစ်နေပါမယ်။ ငွေကြွေးတွေလည်း ဆုံးပါးတတ်သည်။ အိမ်ကပစ္စည်းတွေ ချရောင်းရတဲ့အထိ ငွေပြတ်သွားတတ်လို့ သတိပြုပါ။ အလုပ်ရှာနေသူများ အလုပ်ကောင်း ရလာတတ်ချိန်ဖြစ်ပြီး အင်တာဗျူးဖြေထားသူတွေလည်း အောင်မြင်ပါလိမ့်မယ်။

အလုပ်ကိုစိတ်မဝင်စားသလိုဖြစ်နေတတ်ပြီး အလုပ်မှာ ပြဿနာတက်တတ်ပါတယ်။

အချစ်ရေးမှာ အဆင်မပြေမှုများကြုံတွေ့ရမယ့် အချိန်ဖြစ်ပြီး အိမ်ထောင်ရေး အိမ်တွင်းရေး ပြဿနာတွေကိုလည်း ဖြေရှင်းရတတ်ပါတယ်။ ကြားအဖျက်ပေါများမဲ့ ကာလဖြစ်တဲ့အတွက် ဘေးစကားများနားမယောင်ပါနဲ့။ သတိထားရမယ့်အချက်က စိတ်လိုက်မာန်ပါ အလျင်စလို ဘာမှ မလုပ်ဖို့ပါပဲ။ ငယ်ရွယ်သူများ အပေါင်းအသင်းမှားတတ်ပီး ပညာရေးမှာလည်း အနှောက်အယှက်ကြုံရတတ်ပါတယ်။ ကျန်းမာရေးကတော့ အစားမမှားဖို့ အလွန်အရေးကြီးပါတယ်။ အစာအိမ်ရောဂါ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - {၂.၅.၆.၈}

အကျိုးပေးအရောင် - မီးခိုးရောင်

ဆောင်ရန် - သီးညွန့်

ယတြာ - စေတီတော်တစ်ဆူသို့သွားပြီး ( ဗုဒ္ဓေါ ဂုဏ်တော်ကိုပုတီး(၃)ပတ်စိပ်ပါ။

အောင်သပြေ၊ သီးညွန့် ကပ်လှူပြီး လိုရာဆုတောင်းပါ )

တနင်္လာသားသမီးမြား

အလုပ်ကိစ္စမှာလည်း တဖြည်းဖြည်း ကောင်းလာပါမယ်။ ခေါင်းအေးအေးထား လုပ်နိုင်လေ ပိုကောင်းလေပါပဲ။ အရာတိုင်း ဖြည်းဖြည်းချင်း အကောင်းဘက်ကို ဦးတည် ပြောင်းလဲလာပါလိမ့်မယ်။ လုပ်ငန်းဆိုင်ရာ အဆက်အသွယ်တွေလည်း ပြန်ရပါမယ်။ ရပ်နားထားရတဲ့ အလုပ်တွေ ပြန်စရပါမယ်။ ရပ်ဝေးခရီး ဘုရားဖူးသွားရတတ်သည်။ အချစ်ရေးမှာ ကံဆန်းထမဲ့ ကာလဖြစ်တဲ့အတွက် ချစ်သူမရှိသေးသူများလည်း အဆင်ပြေလာပါလိမ့်မယ်။ ပညာရေးကံမကောင်းပါ။ သင်တန်းများ တိုးလို့တန်းလန်း ဖြစ်နေတတ်ပါတယ်။ အိမ်ထောင်ရေးမှာလည်း သူတပါးကြောင့် အချင်းချင်း အထင်လွဲမှားမှုတွေ ကြုံရတတ်ပါတယ်။ ကျန်းမာရေး အနေနဲ့ ကလေးငယ်များကို အထူးဂရုစိုက်သင့်တဲ့ အချိန်ပါပဲ။ တုပ်ကွေးရောဂါဖြစ်ပွားတတ်ပြီး တစ်မိသားစုလုံးကူးတာမျိုး ဖြစ်တတ်လို့ ဂရုပြုပါ။

အကျိုးပေးဂဏန်း - {၁.၆.၃.၄}

အကျိူ းပေးအရောင် - အကွက်ပြောက်ရောင်

ဆောင်ရန် - ခရေညွန့်

ယတြာ - အိမ်ရှိဘုရားမှာ ကော်ဖီ(၁)ခွက်ကိတ်မုန့် (၉) ချပ်ကပ်လှူ လိုရာဆုတောင်းပါ။

အင်္ဂါသားသမီးများ

ဒီအပတ်လထဲမှာ တစ်ကြိမ်မျှမလုပ်ဖူးသော အလုပ်ကိစ္စများလုပ်ဆောင်ရမည်။ အတွေ့အကြုံအသစ်များရရှိမည်။ အလုပ်အောက်လူများ ဆရာသမားကြောင့် အလုပ်ထွက်ချင်းစိတ်ဖြစ်ပေါ်တတ်ပါသည်။ ကိုယ်ပိုင်လုပ်ငန်း စီးပွားလုပ်သူများ လုပ်ငန်အဆင်ပြေအောင်မြင်မှုရလိမ့်မည်။ လက်လွန်ထားသောငွေများရပါမည်။

လုပ်ငန်းတိုးချဲ့ခြင်း အထူးသဖြင့် ရှယ်ယာထည့်ဝင်ထားသည့် လုပ်ငန်းများအောင်မြင်ပါလိမ့်မယ်။

ကိုယ်နှင့်မသင့်မြတ်သူတွေနဲ့ပြန်လည် သင့်မြတ်တတ်တဲ့ အချိန်ဖြစ်ပြီး အချစ်ရေးကံကြမ္မာကတော့ ညံ့နေတတ်ပါတယ်။ ကြားက သွေးထိုးစကားတွေကြောင့် နှစ်ဦးကြား ပြဿနာကြုံတွေ့ရမယ့် အချိန်ပါပဲ။ အချစ်ရေး ကံကောင်းနေပြီး ပညာရေးနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းသစ်များလည်း ရရှိလာတတ်ပါတယ်။ ကျန်းမာရေးကတော့ အနည်းငယ်ညံ့နေတဲ့ အချိန်ဖြစ်ပါတယ်။

အကျိုးပေးဂဏန်း - {၅.၆.၁.၃}

အကျိုးပေးအရောင် - အနီရောင်

ဆောင်ရန် - ပိတောက်ညွန့်

ယတြာ - လမ်းမှာတွေ့တဲ့ ဘုန်းကြီးတစ်ပါးကို မျက်နှာသုတ်ပဝါ လှူပါ။

ဗုဒ္ဓဟူးသားသမီးများ

လုပ်နေတာတွေက ဟုတ်မလိုနဲ့ အဖျားရှူးသွားမယ်။ လုပ်ငန်းတွေ တပိုင်းတစနဲ့ ထုံထိုင်း နှေးကွေးနေတတ်ပါတယ်။ ဒီလိုချိန်မှာ မိမိကိုကူညီမဲ့သူတွေထက် ဒုက္ခပေးမည့်သူတွေပဲ ဝန်းရံနေတတ်ပါတယ်။ စပ်တူရှယ်ယာ အလုပ်တွေမှာ အငြင်းပွားစရာတွေ ပေါ်လာနိုင်တဲ့ အချိန်ဖြစ်ပြီး အပြောအဆိုပိုင်းမှာ အမှားတွေ ပါနေတတ်တဲ့ အချိန်ဖြစ်လို့ သတိပြုသင့်ပါတယ်။

ငွေကြေးကိစ္စမှာလည်း ရလိုက်ကုန်လိုက် ဖြစ်တတ်ပါတယ်။ အချစ်ရေးတစ်ခုတည်း သာသာယာယာ ရှိပါမယ်။ ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။

အကျိုးပေးဂဏန်း - {၁.၂.၅.၆}

အကျိုးပေးအရောင် - ပန်းရောင်

ဆောင်ရန် - ရွက်လှညွန့်

ယတြာ - ဘုရားမှာ ရွက်လှပန်း ( ၈ ) ညွန့် ၊ ရေတော်သက်စေ့၊ ဆီမီးသက်စေ့ လှူဒါန်းပူဇော်ပါ။

ကြာသပတေးသားသမီးများ

မိမိကိုယ် မိမိသာ အားကိုးရမယ့် ကာလဖြစ်ပါတယ်။ ခရီးကိစ္စများ ကြန့်ကြာပီးမှ လိုရာပန်းတိုင်ရောက်လိမ့်မည်။ အလုပ်ပေါ်မှာ စိတ်ပါဝင်စားမှု အားနည်းနေတတ်ပီး အလုပ်ထွက်ချင်စိတ်တွေ ဖြစ်ပေါ်နေတတ်ပါတယ်။ အထက်လူကြီးတွေနဲ့ အဆင်မပြေတာတွေဖြစ်လိမ့်မည်။ ပညာရေးကံမှာ အားနည်းနေတတ်ပီး စာတွေမလိုက်နိုင်တာမျိုးကြုံတွေ့မည်။ အိမ်ထောင်ရေးမှာတော့ ပြည့်စုံမှု သာယာမှုတွေ ရရှိလိမ့်မည်။ ကျန်းမာရေးကတော့ ခေါင်းကိုက်တာ ၊ခေါင်းမူးတာမျိုး အာရုံကြောနဲ့ပတ်သက်တဲ့ ဝေဒနာတွေခံစားရလိမ့်မည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင်

အကျိုးပေးဂဏန်း - {၈.၅.၄.ဝ}

အကျိုးပေးအရောင် - မီးခိုးရောင်

ဆောင်ရန် - ပန်းသီး

ယတြာ - မိမိမွေးနေ့ မနက်(၁၀) နာရီ လောက်မှာ ဘုန်းကြီးတစ်ပါးကို ဒံပေါက်တစ်ထုပ်ဝယ်ပြီး လှူပေးပါ။

သောကြာသားသမီးများ

ဤအပတ် နားရတယ်မရှိနိုင်ပါဘူး။ အလုပ်တစ်ခုပြီးတစ်ခု လုပ်နေရလို့ အလွန်ကို

ပင်ပန်းတတ်ပါတယ်။ ဖြေရှင်းစရာ ပြဿနာတွေလည်း ပေါ်လာတတ်ပါတယ်။ ပေါ်တတ်တယ်။ မနာလိုသူတွေက မကောင်းကြံလို့ လုပ်ငန်းတွေ ထိခိုက်တတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ချင်း စိတ်ဝမ်းကွဲတာ တွေကြုံရနိုင်တဲ့ အချိန်ဖြစ်ပြီး သူတပါးက စုန်းအနတ် ပယောဂအတတ်တွေနဲ့ ကိုယ်ကို မကောင်းကြံတတ်လို့ သတိပြုပါ။ စက်ပစ္စည်းများ အဟောင်းထွက် အသစ်ဝင်ပါလိမ့်မယ်။ ငွေရေးကြေးရေး မှန်းတာထက် ပိုရတတ်ပေမယ့် အသုံးလည်း များနေပါမယ်။ အချစ်ရေးမှာ နားလည်မှု လွဲတတ်ပေမယ့် ပြေလည်သွားမှာပါ။

အပေါင်းသင်းဆန့်နေတတ်ချိန်ဖြစ်ပြီး သူငယ်ချင်းများနဲ့အတူ နိုင်ငံရပ်ခြား အလုပ်သွားလုပ်ရတတ်ပါတယ်။ နိုင်ငံခြားမှာ ပိုအကျိုးပေးမည်။ အိမ်ထောင်ရေး သာယာ၍ ကျန်းမာရေးအနေဖြင့် သွားခံတွင်း အထူးဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - {၆.၇.၃.၄}

အကျိုးပေးအရောင် - အဝါရောင်

ဆောင်ရန် - ဝါးညွန့်

ယတြာ - မနက်စောစော ပန်းအဝါ(၅)ပွင့်၊ သောက်တော်ရေ(၅)ခွက်၊ ဖယောင်းတိုင်(၅)တိုင်ထွန်းပူဇော် ပေါင်မုန့်(၅)ချပ် ဘုရားဆွမ်းကပ်လှူ ပါ။

စနေသားသမီးများ

ငွေကြေးအခက်ခဲရှိနေသူများ ဤအချိန်တွင်အဆင်ပြေလာလိမ့်မည်။ ခြံ၊ ကား၊ တိုက်အခန်းလဲလှည်မှုတွေ ကြုံရတတ်ပြီး အပြောင်းအလဲတွေဖြစ်မည်။ မိမိ မရောက်ဖူးသော အရပ်ဒေသများ အလည်အပတ်သွားရတတ်၏ ။ နာမည်သိက္ခာကျအောင် အစွပ်အစွဲခံရတတ်ပါတယ်။ အိမ်တွင်းရေး၊ လူမှုရေး ကိစ္စအရှုပ်အထွေးများ ဖြေရှင်းရမယ့် အချိန်ဖြစ်ပြီး အသေးအမွှားကိစ္စတွေကိုလည်း ပုံကြီးချဲ့ခံရတတ်ပါတယ်။ ပညာရေးနှင့်ပတ်သက်ပြီး အကူအညီကောင်း အဆက်အသွယ်ကောင်းများ ပေါ်လာတတ်ပါတယ်။ အိမ်ထောင်ရေးကံကောင်းနေသော်လည်း ကိုယ်ကျင့်တရားကို အထူးဂရုစိုက် ထိန်းသိမ်းသင့်တဲ့ အချိန်ပါ။ အချစ်ရေးကံကောင်းပါလိမ့်မယ်။

ကျန်းမာရေးမှာတော့ အညံ့ ရှိနေလို့ မပေါ့အပ်ပါ။ မတော်တဆ ထိခိုက်မှုအန္တရယ် အထူးဂရုပြုပါ။

အကျိုးပေးဂဏန်း - {၃.၇.ဝ.၁}

အကျိုးပေးအရောင် - နက်ပြာရောင်

ဆောင်ရန် - ဆီးပင်မှ ဆီးကိုင်းလက်တစ်ဆစ်

ယတြာ - အသက်ကြီးရွယ်အိုများအား တတ်နိုင်သမျှ ကော်ဖီနှင့်ကိတ်မုန့် ဒါနပြုလုပ်ပါ။

ရာဟုသားသမီးများ

မိမိတို့ စိတ်ကူးထားသမျှ ရည်ရွယ်ထားသမျှ အားလုံးအကောင်အထည်ပေါ်လိမ့်မယ်။

လက်ရှိတွဲနေသူတွေအနေနဲ့တော့ ချစ်သူဘဝကို ငြီးငွေ့နေမိတတ်ပါတယ်။

ရာထူးတိုး နေရာပြောင်းရွှေ့ကိစ္စရပ်များ အဆင်ပြေမည်။ စက်ပစ္စည်း အဟောင်းများထွက်ပီး အသစ်ဝင်လိမ့်မည်။ လုပ်ငန်းစီးပွား တိုးချဲ့လုပ်ဆောင်ရတတ်ပါတယ်။ လူမျိုးခြား၊ ဘာသာခြား အကူညီရလိမ့်မယ်။ စိတ်ကိုတော့ အလိုမလိုက်ပါနှင့် ဒုက္ခတွေ့သွားတတ်ပါတယ်။ အိမ်ထောင်ရေး သာယာ၍ စိတ်ချမ်းသာနေမယ့် အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့ ဒူးနဲ့ ကျောက်ကပ်နာခြင်း၊ အောင့်ခြင်းများ ဖြစ်တတ်ပါတယ်။

အကျိုးပေးဂဏန်း - {၂.၈.၉.၁}

အကျိုးပေးအရောင် - ဗေဒါရောင်

ဆောင်ရန် - လက်ပုဝါပေါ် (ရ) ရေး ဆောင်ပါ

ယတြာ - အိမ်ဘုရားမှာ သစ်သီး(၈)လုံး၊ ကိတ်မုန့်(၂)ချပ်၊ ပန်းအဝါ(၈)ပွင့်၊ သောက်တော်ရေ(၅)ခွက်၊ ဖယောင်းတိုင်၊ အမွှေးတိုင်(၈)တိုင် ထွန်းညှိပူဇော်ပါ။

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..