နိုဝင်ဘာလ ၁၀ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်
lotaya.mpt.com.mm
|
2018-11-10

ဆရာမ ဒေါက်တာဒေါ်စောယုနွယ် ဟောစာတမ်း


နေ့စွဲ၊ ၁၀-၁၁-၂၀၁၈


နိုဝင်ဘာလ ၁၀ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘဝတွက်တာ ဗေဒင်ကို နိုဝင်ဘာလ ၁၀ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

မည်သည့်လတွင်မဆို (၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူတွေအဖို့အချစ်ရေးမှာ လမ်းခွဲရမလို ဖြစ်တတ်ပါတယ်။ သင်သည်အလုပ်သစ်တွေ တိုးချဲ့ရတတ်ပါတယ်။ ခရီးတွေလည်း ထွက်ရတတ်ပါတယ်။ နှစ်ဆင့်သွားရသောခရီး၊ နှစ်ခါသွားရသော ခရီးမျိုးတွေ ဖြစ်နေတတ်ပါတယ်။ စာချုပ်၊ စာတမ်း ကိစ္စများနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်တွေ ဖြစ်ရတတ်ပါတယ်။အိုးအိမ်ခြံမြေကိစ္စများနှင့် ပတ်သက်၍လည်း မသေမချာ မရေမရာလေးတွေ ရှိနေတတ်ပါတယ်။ မတော်တဆ ထိခိုက်ဒဏ်ရာလေးတွေလည်း ရတတ်ပါသေး၍ ဂရုစိုက်ပါ။ ပညာရေး၊ သင်တန်းကိစ္စလေးတွေမှာလည်းအထစ်အငေါ့တွေပြေလည်ပြီး ကောင်းသော ပြောင်းလဲခြင်းတွေနဲ့လည်း ကြုံရတတ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၅, ၇, ၂ ကံကောင်းသောအရောင် ။ ။ ပန်းရောင်

ယတြာ ။ ။ ဘုန်းကြီးကျောင်းသို့အုန်းထမင်းနှင့် ဆွမ်းချိုင့်ပို့ပေးလိုက်ပါ။

မည်သည့်လတွင်မဆို (၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူတွေအနေနဲ့ ချစ်သူထံမှ လက်ဆောင်ပစ္စည်းတွေ ရရှိတတ်ပါတယ်။ ထီပေါက်သလို ငွေတွေဒလဟော ဝင်လာတတ်ပါတယ်။အလုပ်နေရာ ပြောင်းခြင်း၊အိမ်နေရာပြောင်းခြင်းမျိုး မလုပ်ပါနှင့်ဦး။ စာပေလုပ်ငန်း၊အနုပညာလုပ်ငန်း လုပ်ကိုင်သူဖြစ်ပါကအောင်မြင်သောအချိန်ကာလ ဖြစ်တတ်ပါတယ်။ ခရီးထွက်ဖို့ ကိစ္စရှိခဲ့ရင်တော့ ယခုကာလတွင် မသွားပါနှင့်ဦး။အိမ်ထောင်ရှင်များအဖို့အိမ်ထောင်ရေး သာယာပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ လည်ချောင်းနာရော၈ါတွေ ရရှိတတ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၃, ၄, ၇ ကံကောင်းသောအရောင် ။ ။အစိမ်းရောင်

ယတြာ ။ ။အိမ်ဘုရားမှာ မွေးနေ့တိုင်း ရှောက်သီးသုပ် ကပ်လှူပါ။

မည်သည့်လတွင်မဆို (၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူတွေအနေနဲ့ သဘောထားကွဲလွဲ၍ စိတ်ထိခိုက်စရာတွေ ကြုံတွေ့ရတတ်ပါတယ်။အစုစပ်လုပ်ငန်းများ၊အကျိုးတူစီးပွား ရေးလုပ်ငန်းများ လုပ်ရတတ်ပါတယ်။ လခစားဝန်ထမ်းများ ကိုယ်ပိုင်စီးပွားရေးတစ်ခု ထပ်မံလုပ်ရတတ်ပါတယ်။ စက်ပစ္စည်းတစ်ခုထွက်ခြင်း (သို့) ပျက်ခြင်းမျိုး ကြုံတွေ့ရတတ်ပါတယ်။ ခရီးသွားရန် ကြံရွယ်ထားသူများ ယခုကာလအတွင်း ကောင်းပါတယ်။ သားသမီးလက်အောက် ငယ်သားနှင့် ပတ်သက်၍ ပူပင်သောကရောက်ရတတ်ပါတယ်။ ပညာရေးတွင် ထင်သလောက် မကောင်းသေးပါ။ ကျန်းမာရေးအနေဖြင့်အထူးစိုးရိမ်ဖွယ်မရှိပါ။

ကံကောင်းသောနံပါတ် ။ ။ ၂, ဝ, ၅ ကံကောင်းသောအရောင် ။ ။အပြာရင့်ရောင်

ယတြာ ။ ။ နေအိမ်ဘုရားမှာအုန်းသီး (၁)စိပ် နို့ (၁)ခွက် ကပ်လှူပါ။

မည်သည့်လတွင်မဆို (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးတွင် ချစ်သူ၏ နှုတ်ဆက်စကားပြောခြင်းကို ခံရတတ်ပါတယ်။ ကြိမ်ဖန်များစွာ ကြိုးစားထားသောကိစ္စများအောင်မြင်အဆင်ပြေနေတတ်ပါတယ်။ သတင်းကောင်း၊ ဧည့်ကောင်းတွေလည်း ရောက်ရှိလာတတ်ပါတယ်။ ရပ်ဝေး ကိစ္စများနှင့်ပတ်သက်ပြီး ဆင်ခြင်တွေးခေါ်ပြီးမှ ဆုံးဖြတ်သင့်၏။ ဘေးစကားများကိုလည်း စဉ်းစားတွေး ခေါ်ပြီးမှယုံပါ။အိမ်ထောင်ရှင်တွေအဖို့ မိမိ၏အိမ်ထောင်ဘက်ကြောင့် စိတ်ပျော်ရွှင်ကြည်နူးစရာလေးတွေ တွေ့ကြုံရမှာပါ။ ကျန်းမာရေးကတော့ ခြေထောက်ထိခိုက်တတ်တယ်။

ကံကောင်းသောနံပါတ် ။ ။ ၈, ၇, ၆ ကံကောင်းသောအရောင် ။ ။အဝါရင့်ရောင်

ယတြာ ။ ။အိမ်ဘုရားမှာ ရွှေပန်းလှူပါ။

မည်သည့်လတွင်မဆို (၅၊ ၁၄၊ ၂၃) ရက်မွေးဖွားသူများ

ဒီရက်မှာ ငယ်ရွယ်သူတွေအနေနဲ့အချစ်ရေးမှာ ကံခေနေတတ်ပါတယ်။အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းနေပေမယ့်အင်မတန်ရန်များရမည့် ကာလတွေပါ။ စိတ်တွေလည်း တအားလေနေတတ်ပါသေးတယ်။ ဝေးကွာနေသောသူများနှင့် ပြန်လည်ဆုံတွေ့ရ တတ်ပါတယ်။အိမ်တွင်းသုံး ပရိဘောဂတွေ ဝင်လာတတ်ပါတယ်။ လက်အောက်ငယ်သားတွေအတွက်လည်း စိတ်ချမ်းသာရတတ်ပါတယ်။ ပညာရေးအနေဖြင့် သင်တန်းတက်ဖို့ကြံရွယ်ပြီးမှ ပျက်သွား တတ်ပါတယ်။အိမ်ထောင်ရှင်တွေအဖို့ စိတ်ချမ်းသာရမည့်ကာလလေးပါ။ ကျန်းမာရေးမှာ ခါးအောက်ပိုင်း ဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၆, ၅, ၄ ကံကောင်းသောအရောင် ။ ။ နက်ပြာရောင်

ယတြာ ။ ။ စာအုပ်စာတမ်းများ လှူပါ။

မည်သည့်လတွင်မဆို (၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးအလွန်ကောင်းနေပါတယ်။ လုပ်နေသောအလုပ်ကအောင်မြင်တော့မည်။ ယခုကာလအတွင်းအထင်အမြင်သေး၊ မယုံကြည်သူများက သင့်ကို လာပါ၊ ြ<ွကပါ ဖိတ်ခေါ်ပြီး ပြောသမျှ ဆိုသမျှမကအခွင့်အရေးတွေ ပေးလိမ့်မည်။ ယခုလုပ်နေသောအလုပ်သည်လည်း မှောက်ထားသောခွက်ကို လှန်ကြည့်သောအခါ ရတနာပုံကြီးတွေ့လိုက်သလိုအောင်မြင်သွားမည်။ ပေးသူတွေ ပေးနေပေမယ့် ယူသင့်မှ ယူမယ်ဆိုတဲ့အချိန်ရောက် လာပါလိမ့်မယ်။အဲဒီအချိန်မှာ ဒီလူ မာနကြီးတယ်လို့အပြောခံရလိမ့်မယ်။ ကျန်းမာရေးဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၆, ၂, ၄ ကံကောင်းသောအရောင် ။ ။ ရွှေအိုရောင်

ယတြာ ။ ။ မိတ်ဆွေတစ်ဦးကို ကော်ဖီနှင့်ကိတ်မုန့် လက်ဆောင်ပေးလိုက်ပါ။

မည်သည့်လတွင်မဆို (၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးကို ဦးစားမပေးသင့်သေးပါ။ ဘာပဲလုပ်လုပ်အဆင်ပြေချောမွေ့နေပါမယ်။ ကြီးကြီးမားမားအောင်မြင်မှုတွေ ကြုံရတတ်ပါတယ်။ ရည်ရွယ်ထားတဲ့ကိစ္စတွေလည်းအထမြောက်အောင်မြင်မှုတွေ ကြုံရတတ်ပါတယ။ ရည်ရွယ်ထားတဲ့ ကိစ္စတွေလည်းအထမြောက်အောင်မြင်ပါလိမ့်မယ်။ ရပ်ထားတဲ့အလုပ်တွေ၊အလုပ် ဟောင်းတွေ ပြန်လုပ်ရတတ်ပါတယ်။ ကွဲကွာနေတဲ့ မိတ်ဟောင်း ဆွေဟောင်းတွေနဲ့ပါ ပြန်ဆုံတွေ့ရ တတ်ပါတယ်။အလုပ်အကိုင်နှင့် ပတ်သက်ပြီး နေရာကောင်းရခြင်း၊ သင်တန်းတက်ခြင်းများ ကြုံရတတ်တယ်။ ငွေကြေးအဆင်ပြေသလိုအိမ်ထောင်ရေးလည်းအဆင်ပြေနေမည်။ မော်တော်ကား နှင့် ပတ်သတ်ပြီး မိတ်ဆွေတစ်ဦးက ကူညီလိမ့်မယ်။

ကံကောင်းသောနံပါတ် ။ ။ ၉, ၆, ၃ ကံကောင်းသောအရောင် ။ ။ မော်ဒယ်စိမ်းရောင်

ယတြာ ။ ။ မိတ်ဆွေတစ်ဦးကို ကော်ပြန့်စိမ်းဖြင့် ဧည့်ခံလိုက်ပါ။

မည်သည့်လတွင်မဆို (၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအဖို့ မိမိချစ်သူ၏ သစ္စာဖောက်ခြင်း ခံရတတ်သည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတတ်သည်။ ရှေ့တိုးရအခက်၊ နောက်ဆုတ်ရအခက်အဖြစ်မျိုးတွေ မကြာခဏကြုံရတတ်တယ်။ စိတ်တွေလည်း လေနေတတ်ပါတယ်။ ဘာရယ် မဟုတ်ဘဲ စိတ်ထဲမှာ တင်းကြပ်နေတတ်တယ်။အလုပ်နဲ့ပတ်သက်လို့အပြောင်းအလဲကြီးကြီး မားမား တွေမလုပ်ပါနဲ့ဦး။အလုပ်တွေလည်း မတိုးချဲ့သင့်ပါဘူး။ ငွေကြေးကိစ္စတွေမှာလည်းအကျပ်အတည်း ကြုံနေရတတ်ပါတယ်။ ငွေကြေးကြီးကြီးမားမားဝင်ရင်လည်း မကောင်းပါဘူး။ ကိုယ်မသုံးရပဲ ဆေးဖိုးဝါးခ ဖြစ်သွားတတ်ပါတယ်။ ကျန်းမာရေးအတွက်နဲ့ ငွေကုန်ကြေးကျ များနေတတ်ပါတယ်။အိမ်ထောင်သည်များအဖို့ မိသားစုနဲ့အပျော်ခရီး သွားရတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၆, ၈, ၇ ကံကောင်းသောအရောင် ။ ။အဖြူရောင်

ယတြာ ။ ။ မိတ်ဆွေတစ်ဦးကို ထမင်းဆီဆမ်းနှင့် ကြက်ကြော်ဝယ်ကျွေးပါ။

မည်သည့်လတွင်မဆို (၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအဖို့ ချစ်သူဟောင်းထံမှ လက်ဆောင်ပစ္စည်း ရတတ်သည်။ ဘယ်သူနဲ့ဖြစ်ဖြစ် ကိုယ်ကစိတ်အခန့်မသင့် ဖြစ်နေတတ်တယ်။ မတော်တဆထိခိုက်မိတာ ကျန်းမာရေးညံ့ပြီး ဆေးရုံဆေးခန်း ရောက်ရတာမျိုး ကြုံရတတ်ပါတယ်။ ဒါကြောင့် ဘာမဆို သတိထားသင့်တဲ့အချိန်ဖြစ်ပါတယ်။အလုပ်မှာလည်းအနှောင့်အယှက်တစ်ခုမဟုတ် တစ်ခုနဲ့ ကြုံနေတတ်ပါတယ်။ ပစ္စည်းပျောက်တာတွေ သူခိုးခိုးခံရတာတွေလည်း ကြုံရတတ်ပါတယ်။ မထင်မှတ်တဲ့ နေရာကနေ ငွေကြေးရတတ်ပါတယ်။ ထီမကြာခဏ ထိုးသင့်တဲ့ကာလဖြစ်ပါတယ်။ ရွှေ၊ လက်ဝတ်ရတနာတွေလည်း ဝင်လာတတ်ပါတယ်။ မထင်မှတ်တဲ့ ဆွေမျိုးသားချင်းတွေဆီက သတင်းတွေ၊အဆက်အသွယ်တွေ ရောက်လာတတ်ပါတယ်။ ခရီးဝေးလည်း သွားရတတ်ပါတယ်။ လက်အောက် ငယ်သား ကိုယ့်ကို ဒုက္ခပေးတတ်ပါတယ်။အိမ်ထောင်သည်များအဖို့ မိသားစုကြောင့် စိတ်သောကရောက်ရတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၆, ၃, ၈ ကံကောင်းသောအရောင် ။ ။ မီးခိုးရောင်

ယတြာ ။ ။ မိတ်ဆွေတစ်ဦးကို ကော်ရည်ခေါက်ဆွဲ ဝယ်ကျွေးပါ။




Some text some message..