၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း ( ၃-၁၁-၂၀၁၉ ) မှ ( ၉-၁၁-၂၀၁၉) အထိ
lotaya.mpt.com.mm
|
2019-11-03

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း

ဗြဟ္မဏပုဏ္ဍား နက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်းကို ( ၃-၁၁-၂၀၁၉ ) မှ ( ၉-၁၁-၂၀၁၉) အထိ ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီးများ

ငွေရေးကြေးရေးကံ ပွင့်လန်းသလို နှလုံးသားရေးမှာလည်း အဆင်ပြေ၍ သာယာချမ်းမြေ့ပါမယ်။ အလုပ်တွေ မပြီးမပြတ်နဲ့ ရှေ့ဆက်ရလည်း ခက်တတ်ပါတယ်။ သားရေသမီးရေနှင့်၊ တပည့်လက်သား ကျေးကျွန်များ ပတ်သက်၍ အကျိုး မရှိကာလပါ။ အရင်တုန်းက အဖြေရှာမရ ဖြစ်ခဲ့တဲ့ ပြဿနာတွေ ပြန်ရှင်းနိုင်ပါမယ်။ အချစ်ရေးမှာတော့ အထူးကံကောင်းတဲ့အချိန်ပါပဲ။ အိမ်ထောင်ပြုဖို့စီစဉ်ထားသူများ မမျှော်လင့်ပဲ နှစ်ဦးသဘောတူ ခိုးပြေးရတတ်ပါတယ်။ ကျန်းမာရေး အာရုံကြော၊ ရင်၊ ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေ သတိထားပါ။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် အနောက်တောင်အရပ် မျက်နှာမူပြီး မိမိနေနံထောင့်တွင် အုန်းညွန့် လှူပြီး သွားပါ။ အရေးကြီး ကိစ္စများအတွက် အုန်းညွန့် ဆောင်နိုင်သည်။

အကျိုးပေးဂဏန်း - ၁၊ ၂၊ ၅

အကျိုးပေးအရောင် - နီကယ်ရောင်

အကျိုးပေးအရပ် - အရှေမြောက်

ရှောင်ရန်အရပ် - အနောက်တောင်

ယတြာ - တနင်္ဂနွေနေ့တိုင်း ဘုရားမှာ မြေပဲယို(၃)ပန်းကန် ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းပါ။

တနင်္လာသားသမီးမြား

ငွေရေးကြေးရေး အကျပ်အတည်း ရောက်တတ်တဲ့ကာလပါ။ ပိုက်ဆံ အဝင်နည်းပြီး အထွက်များသည့်ကာလပါပဲ။ ငွေချေး၊ ငွေဌား ကိစ္စများ အာမခံတာမျိုး ရှောင်ကျဉ်ပါ။ မိမိလုပ်သော အလုပ်တိုင်းကို တိတိကျကျ သေသေသပ်သပ် ရှင်းရှင်းလင်းလင်း ပီပြင်စွာ စိတ်တိုင်းကျလုပ်တတ်သူဖြစ်၍ သားရေးသမီးရေးနှင့်၊ တပည့်လက်သား ကျေးကျွန်များကြောင့် မိမိအမြဲ ပူပန်နေရ အားမလို အားမရဖြစ်နေလိမ့်မည်။ အမွေဆိုင်ကိစ္စ၊ မြေရောင်းဝယ်ကိစ္စများ အဆင်ပြေလိမ့်မည်။ ရွှေ ရတနာ တန်ဖိုးရှိပစ္စည်းများလည်းဝင်လိမ့်မည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးကတော့ သာသာယာယာရှိနေလိမ့်မည်။ ကျန်းမာရေးကတော့ လေနှင့်ပတ်သက်တဲ့ရောဂါ အထူးဂရုပြုပါ။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် အရှေ့အရပ်မျက်နှာမှုကာ နေမင်းကိုကြည့်ပြီး ရေလောင်းပြီးမှ သွားပါ။

အကျိုးပေးဂဏန်း - ၃၊ ၄၊ ၇

အကျိုးပေးအရောင် - အနက်ရောင်

အကျိုးပေးအရပ် - အနောက်

ရှောင်ရန်အရပ် - အရှေ့

ယတြာ - အိမ်ဘုရားတွင် ရှောက်ယို(၃)ထုပ် မေမြို့ပန်း ဝေဝေဆာဆာ ဘုရားပူဇော်ပြိး လိုရာဆုတောင်းပါ။

အင်္ဂါသားသမီးများ

ဆိုင်းငံ့ရပ်တန့်ထားသောလုပ်ငန်းများ သက်ဝင်အောင်လုပ်ကိုင်ရမည်။ အိုးအိမ်နေရာထိုင်ခင်းကိစ္စများအတွက် စကားပြောဆိုမှုရှိပြီး အောင်မြင်သည်။ ရေထွက်ကုန်၊ ရွှေ၊ အလှကုန်၊ လျှပ်စစ်ပစ္စည်း၊ ခရီးသွားလုပ်ငန်းတွေမှာ အကျိုးပေးအောင်မြင်နိုင်ပါတယ်။

ပြည်တွင်း၊ ပြည်ပခရီးတွေအောင်မြင်မယ်။ မဲစုကြေးများ အလိမ်ခံရကိန်း ရှိသည်။ လူယုံသတိထားရလိမ့်မည်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ ရှေ့တိုး ရခက်၊ နောက်ဆုတ်ရခက်၊ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲ အကြပ်အတည်းလေးတွေ့ ကြုံရတတ်ပါ တယ်။ ကျန်းမာရေး ဆီး၊ သွေး၊ ဗိုက်နဲ့ ပတ်သက် တဲ့ရောဂါများ သတိထားသင့်ပါတယ်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် စေတီတွင် ဆီမီး ၁ခွက် ထွန်းညှိပူဇော်ပြီးသွားပါ။ အရေးကြီး ကိစ္စရပ်များအတွက် သပြေရွက်ဆောင်နိုင်သည်။

အကျိုးပေးဂဏန်း - ၂၊ ၅၊ ၈

အကျိုးပေးအရောင် - ပန်းရောင်

အကျိုးပေးအရပ် - အရှေ့တောင်

ရှောင်ရန်အရပ် - အနောက်မြောက်

ယတြာ - အင်္ဂါနေ့တိုင်းသက်သက်လွတ်စားပြီး နေအိမ်ဘုရားမှာဆီမီး(၅) ခွက်၊ ဘူးသီးကြော် ဆွမ်းကပ် လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူးသားသမီးများ

စိတ်ကူး အကြံဉာဏ်ကောင်းတွေ ပေါ်ထွက်လာတတ်ပါတယ်။ လုပ်ငန်းသစ်စတင်ခြင်း၊ နေရာပြောင်းခြင်း၊ အခြေအနေပြောင်းခြင်းစတဲ့ ကိစ္စတွေမှာ အကျိုးပေး အောင်မြင်နိုင်ပါတယ်။ ဘယ်ကိစ္စမဆို အထစ်အငေါ့လေးတွေဖြစ်ပြီးမှ အောင်မြင်တတ်ပါတယ်။

ထွက်နေတဲ့ ငွေတွေ ပစ္စည်းတွေ ပြန်ဝင်လာမယ်။ ကွဲကွာနေသူတွေ နဲ့ပြန်ဆုံရတတ်တယ်။ အချစ်ရေးမှာ စန်းပွင့်နေပြီး အိမ်ထောင်သည်တွေအနေနဲ့လည်း စိတ်ချမ်းသာရမယ့် အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောရောဂါ သတိပြုပါ။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် မြောက်အရပ်စေတီ သို့ ဘုန်းကြီးကျောင်း တံမြက်စည်းလှဲပြီးမှ သွားပါ။ အရေးကြီး ကိစ္စရပ်များအတွက် ကံကော်ညွန့် ဆောင်နိုင်သည်။

အကျိုးပေးဂဏန်း - ၁၊ ၂၊ ၉

အကျိုးပေးအရောင် - အပြာရောင်

အကျိုးပေးအရပ် - တောင်

ရှောင်ရန်အရပ် - မြောက်

ယတြာ - အိမ်ရှိဘုရားတွင် စံပယ်ပန်းများ မြေပဲယို့၊ သရက်ယို ဆွမ်း ကပ်လှူုတောင်းပါ။

ကြာသပတေးသားသမီးများ

အိမ်အဆောက်အဦးကိစ္စ အောင်မြင်မယ်။ ဝင်ငွေဝင်လမ်း တိုးတက်လာပါမည်။ ရတနာပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အလှကုန်ပစ္စည်းတွေလည်း အကျိုးပေးမည်၊ ထိုပစ္စည်းများ ဝင်လာမယ်။ ငွေ၊ ပစ္စည်းပျောက်တတ်ပါတယ်။ ကဲ့ရဲ့ခြင်းများလည်းခံရမည်။ အမှန်ဘက်ကနေ စကားပြောငြင်းခုန်ရတတ်ပါတယ်။ ငွေတအားဝင်ပြီး တအားထွက်နေတတ်ပါတယ်။ ပညာရေးတွင် မိမိရည်မှန်းချက်အောင်မြင်မှုများ ရရှိဆွတ်ခူးမည်။ သို့သော် စာမေးပွဲဖြေဆိုရာတွင် အနှောက်အယှက်များဝင်လာတက်သည်။ အပျို၊ လူပျို အပေါင်းတို့ အချစ်ရေး ကိစ္စရပ်များ ကို ဦးစားမပေးသင့်ပါ။ အိမ်ထောင်ရေးမသင့်မတင့်ဖြစ်တတ်သည်။ ကျန်မာရေးနှင့် ပတ်သက်၍ မမျော်လင့်ဘဲ ရောဂါဝေဒနာ များ ဝင်ရောက်လာတတ်သည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် သပြေ(၅)ညွန့် လှူပြီးသွားပါ။ အရေးကြီး ကိစ္စရပ်များအတွက် ဝါးညွန့် ဆောင်နိုင်သည်၊

အကျိုးပေးဂဏန်း - ၆၊ ၇၊ ၈

အကျိုးပေးအရောင် - အကွက်ပြောက်ရောင်

အကျိုးပေးအရပ် - မြောက်

ရှောင်ရန်အရပ် - တောင်

ယတြာ - ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ သပြေ(၅)ညွန့်၊ ဝါးညွှန်(၄)ညွန့် ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းပါ။

သောကြာသားသမီးများ

စက်ပစ္စည်း ၊ စာရွက်စာတမ်း ၊စပ်တူရှယ်ယာကိစ္စများနှင့်ပက်သက်ပြီး စိတ်ညစ်ရတတ်ခြင်းတို့ ကြုံရမည်။ လခစားအလုပ်ဆိုလျှင် ဒီအချိန်ထဲမှာ ထွက်ချင်စိတ်ဖြစ်ပေါ်တတ်ပါသည်။ နာမည်မှည့်၊ မြေသန့်မင်္ဂလာ၊ ထီးထင်၊ စေ့စပ်၊ ထီထိုး၊ အစုရှယ်ယာဝင်ခြင်း၊ ရေကြောင်းလေကြောင်းခရီးသွားခြင်း၊ စာရေးသားခြင်း ကောင်း၏။ ယာဉ်ပစ္စည်းရောင်းဝယ်ခြင်း၊ အစုရှယ်ယာဝင်လုပ်ငန်း၊ အကျိုးမြတ်ရလဒ်ကောင်းရရှိမယ်။ သတိထားရမှာက ကိုယ်လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်တစ်ခုက သူတစ်ပါးရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေမှာ ကြားညပ်တတ်တာဖြစ်ပါတယ်။ ကျန်းမာရေး အနေဖြင့် အဖျားကြီးရောဂါ ဖြစ်ပွားတတ်သည်။ ဆေးကု၊ ဆေးခန်းပြကြည့်ပါ။ မပေါ့ပါနဲ့။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် သောကြာထောင့်ဘုရားမှ ထီးဖြူ(၆)လက်လှူပြီးသွားပါ။ အရေးကြီးကိစ္စရပ်များအတွက် သပြေဆောင်နိုင်သည်။

အကျိုးပေးဂဏန်း - ၅၊ ၉၊ ဝ

အကျိုးပေးအရောင် - အဖြူရောင်

အကျိုးပေးအရပ် - အရှေ့

ရှောင်ရန်အရပ် - အနောက်

ယတြာ - သောကြာထောင့်ဘုရားမှ ထီးဖြူ(၆)လက်နှင့် ဇီးညွန်(၆)ညွှန့် ကပ်လှူပြီး ဖယောင်းတိုင်အဖြူ (၆)တိုင်ထွန်ညှိပူဇော်ပြီး လိုရာဆုတောင်းပါ။

စနေသားသမီးများ

လုပ်ငန်းသစ်ကနေလည်း ဝင်ငွေကောင်းမှာဖြစ်လို့ တိုးချဲ့လုပ်ကိုင်သင့်ပါတယ်။ အရေးကြီးလုပ်ငန်း ကိစ္စတွေကိုလည်း စတင်နိုင်ပြီး အဖိုးတန်ပစ္စည်းတွေ လက်ဆောင်ပေးသူ ပေါ်ပေါက်လာနိုင်ပါတယ်။ ပညာသင်ပြည်ပသွားရကိန်း ရှိပြီး သတင်းကောင်း ကြားရမယ်။ ငွေကြေးအပေးအယူပိုင်း သတိထားလုပ်ဆောင်သင့်ပါတယ်။ အိမ်ခြံမြေလုပ်ငန်း၊ အိမ်ဆောက်ကထရိုက် လုပ်ကိုင်သူတွေ အဆင်မပြေမှုတစ်ချို့ကြုံရနိုင်ပြီး ရုပ်ရှင်လောက အနုပညာလုပ်ငန်း လုပ်ကိုင်သူတွေကတော့ အထူးအောင်မြင်နိုင်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ တကိုယ်တည်းပဲ ဆက်ရှိနေမှာဖြစ်၍ အိမ်ထောင်ရှင်တွေကတော့ သားသမီးကြောင့် စိတ်ချမ်းသာရတတ်သည်။ ကျန်းမာရေးညံ့ပြီး တရှောင်ရှောင် ဖြစ်နေတတ်သော်လည်း စိုးရိမ်စရာမရှိပါ။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် အရှေ့မြောက်အရပ်မှ အရွက်(၁၀)ရွက်ခူးပြီး ဆောင်သွားပါ။

အကျိုးပေးဂဏန်း - ၅၊ ၂၊ ၁

အကျိုးပေးအရောင် - ဆင်စွယ်ရောင်

အကျိုးပေးအရပ် - အနောက်တောင်

ရှောင်ရန်အရပ် - အရှေ့မြောက်

ယတြာ - အိမ်ဘုရား အနီရောင်ပန်းများ ကပ်လှူပါ။ ဂုဏ်တော်ကိုးပါး စိပ်ပါ။

ရာဟုသားသမီးများ

ငွေကိစ္စတွေ အောင်မြင်မယ်။ လုပ်ငန်းတွေ တိုးချဲ့သင့်ပါတယ်။ အထက်ဆရာသမားများ၏ အကောင်းပြောခံရတတ်ပြီး ချီးကျူးခံရတတ်တယ်။ လုပ်ငန်းသဘာ၀ အပြောင်းအလဲ ကြုံရကိန်းရှိသလို မမျှော်လင့်ပဲရုတ်တရက် လစာတိုး၊ ရာထူးတိုးခြင်း၊ အကြီးအကဲဖြစ်ခြင်းမျိုး ကြုံရနိုင်ပါသည်။ လုပ်ငန်းစပ်တူလုပ်ကိုင်သူတွေကတော့ ငွေလိမ်ခံရကိန်း ရှိနေပါတယ်။ မထင်မှတ်ထားတဲ့ နေရာကနေ ငွေကြေး အမြတ်အစွန်း ရရှိလာပါလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေး သာယာ၍ ငွေကြေးပိုင်း အင်မတန် စိတ်ချမ်းသာပြီး မိသားစုအတွင်း ကြီးကဲသူရဲ့ ကျန်းမာရေးသတိပြုသင့်ပါတယ်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် မြောက်အရပ်စေတီ သို့ ဘုန်းကြီးကျောင်း တံမြက်စည်းလှဲပြီးမှ သွားပါ။ အရေးကြီး ကိစ္စရပ်များအတွက် ရဲယိုညွန့် ဆောင်နိုင်သည်။

အကျိုးပေးဂဏန်း - ၉၊ ၂၊ ၁

အကျိုးပေးအရောင် - မိုးပြာရောင်

အကျိုးပေးအရပ် - တောင်

ရှောင်ရန်အရပ် - မြောက်

ယတြာ - အိမ်ဘုရားတွင် လိမ္မော်သီး၊ ဖရဲသီးတို့ကို ခွဲစိပ်ခြမ်း ဆွမ်းကပ်၍ လိုရာဆုတောင်းပါ။

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..