၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း( ၁၀-၁၁-၂၀၁၉ ) မှ ( ၁၆-၁၁-၂၀၁၉) အထိ
lotaya.mpt.com.mm
|
2019-11-10

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း

ဗြဟ္မဏပုဏ္ဍား နက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့် လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်းကို ( ၁၀-၁၁-၂၀၁၉ ) မှ ( ၁၆-၁၁-၂၀၁၉) အထိ ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီးများ

မော်တော်ကား၊ ထော်လာဂျီ၊ ထွန်စက် အရောင်းအဝယ် ဖြစ်မည်။ တယ်လီဖုန်း၊ ဟန်းဆက် စက်ပစ္စည်းအသစ်ဝင်မည်။ အလှပြင်လုပ်ငန်း၊ ဖက်ရှင်ဒီဇိုင်းလုပ်ငန်း၊ မော်ဒယ်လုပ်ငန်းများမှာ အတိုက်အခံပေါ်မည်။ အိမ်သစ်၊ နေရာသစ်ရရန် သတင်းကောင်းကြားရမည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူနှင့် ဝါကျွတ်လျှင် လက်ထပ်မည့် မင်္ဂလာပွဲအတွက် ပြင်ဆင်ရလိမ့်မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ အလုပ်ကိစ္စနှင့်နိုင်ငံခြားခရီးထွက်ရမည်။ ပညာရေး ရည်ရွယ်ချက် အောင်မြင်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာဖိအားများမည်။ ကျန်းမာရေးအနေဖြင့်အသည်းရောဂါဖြစ်မည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ပန်းအဖြူရောင် လှူပြီးသွားပါ။

အကျိုးပေးဂဏန်း - ၂၊ ၅၊ ၁

အကျိုးပေးအရောင် - မီးခိုးရောင်

အကျိုးပေးအရပ် - အရှေ့မြောက်

ရှောင်ရန်အရပ် - အနောက်တောင်

ယတြာ - ဆီမီးသက်စေ့၊ ပန်း(၉)မျိုး ဘုရားလှူ လိုရာဆုတောင်းပါ။

တနင်္လာသားသမီးမြား

ဝင်ငွေကောင်းမည်။ ချစ်သူသစ်တွေ့မည်။ အများရဲ့ယုံကြည်ကိုးစား အလေးထားခြင်းခံရမည်။ ကိုယ်ပိုင်အရည်အချင်းကောင်းသောကြောင့် ဘာပဲလုပ်လုပ် သူများထက်သာလွန်ပြီး ဦးဆောင်ဦးရွက်လုပ်ဆောင်ရမည်။ နိုင်ငံခြားနှင့် တိုက်ရိုက်ဆက်ဆံလုပ်ကိုင်ရန် အခွင့်အလမ်းပေါ်မည်။ ရာထူးဂုဏ်ထူး တိုးတက်မည်။ ပဲ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံ ရောင်းဝယ်ရေးညံ့သည်။ လုပ်ငန်းအပြောင်းအလဲ၊ နေရာအပြောင်းအလဲဖြစ်မည်။ ငယ်သူငယ်ချင်းများက ကူညီဆောင်ရွက်ပေးလိမ့်မည်။ ကျန်းမာရေးနှင့် ပတ်သက်ပြီး ဗိုက်နှင့်ပက်သက်သော ရောဂါများပေါ်ပေါက်မည်။ ဂရုစိုက်ပါ။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် တနင်္လာထောင့်မှာ မြေဇာ ၉ညွန့် ဘုရားလှူပြီး သွားပါ။

အကျိုးပေးဂဏန်း - ၄၊ ၃၊ ဝ

အကျိုးပေးအရောင် - အနီရောင်

အကျိုးပေးအရပ် - အနောက်

ရှောင်ရန်အရပ် - အရှေ့

ယတြာ - တနင်္လာထောင့်မှာ မြေဇာ ၉ညွန့်၊ သပြေ ၉ညွန့်၊ ကံ့ကော် ၉ ညွန့် လှူပါ။

အင်္ဂါသားသမီးများ

စီးပွားရေးမှာလည်း တလွဲလွဲတချော်ချော် ဖြစ်မည်။ ဝင်ငွေနှင့် ထွက်ငွေ မမျှတပါ ။ အနုပညာဝါသနာပါရင်၊ အနုပညာလုပ်ကိုင်ရင်သော်၎င်းခဏခဏစိတ်ညစ်ရပါမည်။ ငွေရင်းနီးမူ၊ ငွေကစားမူမလုပ်ပါနှင့် ဆုံးရှုံးတတ်သည်။ ဘာသာရေးစရဏ အားထုတ်မှုနည်းနေမည်။ ပညာရေးမှာလည်း ကြိုးစားအားထုတ်မူနည်း၍ မအောင်မြင်တတ်ပါ။ ပျိုရွယ်သူများ အချစ်ရေးကံကောင်းမည်။ အိမ်ထောင်ရေးမှာဘေးတစိမ်းသွေးထိုးမှုကြောင့် တဂျီဂျီပြဿနာတက်မည်။ သို့သော်မိမိဆွေမျိုးများကမိမိကိုကူညီမစစောင့်ရှောက်မူခံရမည်။ စိတ်အားမငယ်ပါနင့် လုပ်ငန်းခွင် ဂရုတစိုက်လုပ်ကိုင်ပါ။ ရန်မကင်းပေမယ့် အောင်မြင်မှုရရှိပါမည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် မြောက်အရပ်မျက်နှာမှုကာ အင်္ဂါထောင့်မှာ စံပယ် ၅ ကုံးလှူပြီးသွားပါ။ စံပယ်၊ ဇွန် အရွက်အညွန့် ဆောင်နိုင်သည်။

အကျိုးပေးဂဏန်း - ၈၊ ၂၊ ၅

အကျိုးပေးအရောင် - နီကယ်ရောင်

အကျိုးပေးအရပ် - အရှေ့တောင်

ရှောင်ရန်အရပ် - အနောက်မြောက်

ယတြာ - အင်္ဂါထောင့်မှာ စံပယ် ၅ ကုံးလှူပါ။ ငါးစာကျွေးပါ။ မရှိဆင်းရဲသူများ မုန့်ဒါနပြုပါ။

ဗုဒ္ဓဟူးသားသမီးများ

ပညာရေးကောင်း၏။ ပညာသင်ထူးချွန်ဆုများ ရရှိမည်။ ပြည်တွင်း ပြည်ပခရီးစဉ်များ သွားရတတ်သည်။ နိုင်ငံခြားနှင့်ကုန်သွယ်ရေးလုပ်ငန်းများအောင်မြင်မည်။ မော်တော်ကားမောင်း၊ ဆိုင်ကယ်မောင်းရင်သတိဝီရီယထားပြီးဂရုစိုက်မောင်းနှင်ပါ။ ထိခိုက်ဒဏ်ရာအန္တရာယ်အနည်းငယ် မမျှော်လင့်ပဲကြုံရတတ်သည်။ ယခုရက်အတွင်း စပ်တူရှယ်ယာလုပ်ငန်းမလုပ်ရ။ လောင်းကစားမလုပ်ရ။ အကျိုးမပေးပါ။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးစာမေးပွဲဖြေရမည်။ လုပ်ငန်းနှင့်ပတ်သက်သောသင်တန်းတက်ရမည်။ အနုပညာကို စိတ်အားထက်သန်ပြီး အားကြိုးမာန်တက်ပြုလုပ်လိုက်စားလုပ်ကိုင်ပါက အကျိုးပေးသောကာလ ဖြစ်သည်။ မိမိအိမ်ဘေးပတ်ဝန်းကျင်နှင့်စကားများရန်တွေ့ရတတ်သည်။ ပျိုရွယ်သူများ အချစ်ရေးမှာတစ်ဦးနှင့်တစ်ဦး နားလည်မှူလွဲမည်။ ကျန်းမာရေးကောင်းမည်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အနောက်မြောက်အရပ်မျက်နှာမှုကာ ဗုဒ္ဓဟူးထောင့်မှာ ရွှေထီး (၄)လက်လှူပြီးသွားပါ။

အကျိုးပေးဂဏန်း - ၂၊ ၁၊ ၉

အကျိုးပေးအရောင် - အစိမ်းရောင်

အကျိုးပေးအရပ် - တောင်

ရှောင်ရန်အရပ် - မြောက်

ယတြာ - ဗုဒ္ဓဟူးထောင့်မှာ တယ်သီးဆွမ်း၊ ရွှေထီး ၄ လက် ကပ်လှူပါ။ ပဋ္ဌာန်း(၂၄)ပစ္စည်း ရွတ်ပွား၍ အသက်ကြီးရွယ်အိုများအား အာဟာရဒါနပြုပါ။

ကြာသပတေးသားသမီးများ

အရာရာကို ဦးဆောင်ဦးရွက် လုပ်ကိုင်ရတတ်သည်။ အထူးသဖြင့် စီးပွားရေး အလုပ်အကိုင်များတွင် ငွေကြေးရင်းနှီးမတည်မှုနှင့် ပြုပြင် ပြောင်းလဲမှု တို့ကို စွန့်စွန့်စားစား လုပ်ကိုင်ခြင်းဖြင့် လာဘ်လာဘ ပေါများ လာတတ်ပါသည်။ သို့သော် ရံဖန်ရံခါ အခက်အခဲ အကြပ်အတည်းများဖြင့် ရင်ဆိုင်ရနိုင်သည်။ အပျို၊ လူပျို အပေါင်းတို့ အချစ်ရေး ကိစ္စရပ်များ ကို ဦးစားမပေးသင့်ပါ။ ပညာရေး အထူးကံကောင်း မိမိလိုက်စား သင်ကြားနေသော ပညာရပ်သည် မိမိဘဝကို မြှင့်တင်ပေးပါလိမ့် မည်။ ကျန်မာရေးနှင့် ပတ်သက်၍ မမျော်လင့်ဘဲ ရောဂါဝေဒနာ များ ဝင်ရောက်လာတတ်သည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဘုရားတွင် ရွှေဆိုင်းကပ်ပြီးမှသွားပါ။ အိတ်ထဲတွင် ရွှေဆိုင်းဆောင်နိုင်သည်။

အကျိုးပေးဂဏန်း - ၇၊ ၈၊ ၆

အကျိုးပေးအရောင် - စိမ်းနုရောင်

အကျိုးပေးအရပ် - မြောက်

ရှောင်ရန်အရပ် - တောင်

ယတြာ - ကြာသပတေးထောင့်မှာ သပြေ ၂၀ ညွန့်ကပ်လှူပါ။ ဘုရားမှ ရွှေဆိုင်းကပ်ပြီး လိုရာဆုတောင်းပါ။

သောကြာသားသမီးများ

အိုးသစ်အိမ်သစ် ဝင်မည်။ နေအိမ်သို့စက်ပစ္စည်းဝင်လာတတ်သည်။ အိမ်ထောင်ရှင်များအဖို့ အတူတကွ လက်တွဲလုပ်ကိုင်နိုင်မည့် စီးပွားရေးလုပ်ငန်းများကို ဦးစားပေးပါ။ စတော့အိတ်ချိန်းမှာ ငွေကြေးမကစားရ။ ညီကိုမောင်နှမတစ်ဦးဦးကြောင့် စိတ်လေစိတ်ရှုပ်ထွေးမူ့ကြုံမည်။ အိမ်တွင်ရေးပြဿနာ လူမူရေးပြဿနာများ အများဆုံးကြုံတွေ့မည်။ သဘာဝဘေးအန္တရာယ် နှင့် မမျှော်လင့်သော ယာဉ်အတိုက်အခိုက် ဥပါဒ်အန္တရာယ်ဖြင့်လည်း ကြုံတတ်သည်။ မိမိအသက်အန္တရာယ်ကို ထိပါးလာတတ်သည်။ ပတ်ဝန်းကျင်ကို အမြဲသတိထားပါ။ ချစ်သူ၏အလေးပေးခြင်း ခံရမည်။ ပညာရေးကောင်း၍ ကျန်းမာရေးမှာ အညံရှိပါသည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် အိမ်အနီးအနား စေတီတွင် ရေသန့် ၁ဘူး လှူပြီးသွားပါ။

အကျိုးပေးဂဏန်း - ၉၊ ၅၊ ဝ

အကျိုးပေးအရောင် - မီးခိုးရောင်

အကျိုးပေးအရပ် - အရှေ့

ရှောင်ရန်အရပ် - အနောက်

ယတြာ - သောကြာနေ့တွင် နေအိမ်ဘုရားစင်မှာ သောက်တော်ရေ (၅)ခွက် ဇီးဖျော်ရည် တစ်ခွက်၊ ကောက်ညှင်းပေါင်းကပ်လှူပါ။

စနေသားသမီးများ

လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်ရမည်။ ခရီးယာယီသွားရမည်။ သားသမီးများအတွက် ဝမ်းသာစရာသတင်းစကား ကြားရမည်။ မိမိလုပ်ဆောင်ထားသော လုပ်ငန်းများ တစ်ရှိန်ထိုးအောင်မြင်ကျော်ကြားလာမည်။ ရှုံးမည်ထင်ရသောငွေကြေးများ ပြန်လည်ရရှိလာမည်။ အိမ်ထောင်ရေး မှာတော့ ကြားလူတွေကြောင့်စိတ်ဝမ်းကွဲရတတ်ပါတယ်။

ပညာရေး အထူးကောင်းနေချိန်ပါပဲ။ မိမိကြိုးစားထားသမျှ တွေအရာထင်အောင်မြင်မည်။

အချစ်ရေးကတော့ မျှော်လင့်ထားသလိုမဖြစ်နိုင်သေးပါ။ ကျန်းမာရေး အဖျားကြီးရောဂါ ကိုယ်လက်မအီမသာ ဖြစ်နေတတ်သည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် အရှေ့အရပ်မျက်နှာမှုကာ ရွက်လှညွန့်(၇)ညွန့် ဘုရားလှူပြီး သွားပါ။

အကျိုးပေးဂဏန်း - ၄၊ ၇၊ ဝ

အကျိုးပေးအရောင် - ပန်းရောင်

အကျိုးပေးအရပ် - အရှေ့မြောက်

ရှောင်ရန်အရပ် - အနောက်တောင်

ယတြာ - အိမ်ဘုရားတွင် ရွက်လှညွန့်(၇)ညွန့်နှင့်ထောပတ်ထမင်းကပ်လှူပြီး လိုရာဆုတောင်းပါ

ရာဟုသားသမီးများ

မိတ်ဆွေအပေါင်းအသင်းတို့၏ အလှူမင်္ဂလာ။ မင်္ဂလာဆောင်အတွက် လုပ်အားပေးကူညီရတတ်သည်။ ထီပေါက်ကိန်း ရှိသည်။ ရွှေထည်ပစ္စည်း ဝင်မည်။ စီးပွားရေးမှာ စပ်တူရှယ်ယာလုပ်ငန်းများမှ တာဝန်ယူခြင်း၊ အာမခံခြင်း၊ လက်မှတ်ထိုး၊ စာချုပ်ချုပ်ဆိုမှုများ ရှိခဲ့လျှင် ခေတ္တခဏရွှေ့ထားပါ။ တစ်ဦးနှင့် တစ်ဦး ကျေလည်ကျေနပ်မူမရှိဘဲ ပြဿနာတက်ရတတ်သည်။ ရေလုပ်ငန်းမှာ ရာသီဥတုဒဏ်ကြောင့် အခက်အခဲပေါ်မည်။ အထက်လူကြီးမှားယွင်းဆုံးဖြတ်မှုကြောင့် အောက်လက်ငယ်သားများနှင့် ပြဿနာဖြစ်မည်။ ချစ်ရေးချစ်ရာ ကောင်းမွန်ပြီး အိမ်ထောင်ရေး သာယာ၍ စိတ်ပျော်ရွင်မှုများရရှိမည်။ အမျိုးထဲမှာလည်းကောင်း၊ အသိမိတ်ဆွေထဲမှာလည်းကောင်း ဆေးရုံတက်သော သတင်းကြားပါက သတင်းမေးသွားဖြစ်အောင် သွားပါ။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အနောက်တောင်အရပ်မျက်နှာမှုကာ ရာဟုထောင့်မှာ ရှောက်ယိုလှူ ပြီးသွားပါ။

အကျိုးပေးဂဏန်း - ၁၊ ၉၊ ၂

အကျိုးပေးအရောင် - အစိမ်းရောင်

အကျိုးပေးအရပ် - အနောက်မြောက်

ရှောင်ရန်အရပ် - အရှေ့တောင်

ယတြာ - ရာဟုထောင့်မှာ တယ်သီးဆွမ်းကပ်၍ တံခွန်နီ ၂ လက် ကပ်လှူ လိုရာဆုတောင်းပါ။

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..