ဇီးကွက်ပုံလေးတွေရွေးချယ်ပြီး ကိုယ့်ရဲ့ စိတ်နေစိတ်ထား စမ်းသပ်ကြည့်ရအောင်
lotaya.mpt.com.mm
|
2018-11-13




ဇီးကွက်ပုံလေးတွေရွေးချယ်ပြီး ကိုယ့်ရဲ့ စိတ်နေစိတ်ထား စမ်းသပ်ကြည့်ရအောင်


လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေစိတ်ထားကို စမ်းသပ်ကြည့်ဖို့အကောင်းဆုံးနည်းလမ်းကတော့အမျိုးအစားတူပြီး ပုံသဏ္ဍာန်ကွဲပြားနေတဲ့အရာဝတ္ထု ပစ္စည်းလေးတွေကို ရွေးချယ်စေတာပါပဲ။ ဒါဆိုရင် ဖော်ပြထားတဲ့ ဇီးကွက်လေး ၉ ကောင်ထဲမှာ သင်အနှစ်သက်ဆုံးလို့ ယူဆမိတဲ့ ဇီးကွက်လေးကို ရွေးချယ်လိုက်ပါ၊ ပြီးရင် ဒီဇီးကွက်လေးကိုရွေးချယ်လိုက်သူတွေက ဘယ်လိုစိတ်နေစိတ်ထားရှိတယ်ဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မှန်မမှန် စမ်းသပ်ကြည့်လိုက်ရအောင်ပါလားနော်။


၁- နံပါတ် ၁ ဇီးကွက် (စိတ်အားထက်သန်သူ၊ စိတ်မြန်သူ)


နံပါတ် ၁ ဇီးကွက်ကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ စိတ်အားထက်သန်ပြီး စိတ်မြန်တတ်သူပါပဲ။ သင့်အနေနဲ့ နေ့စဉ်လုပ်ဆောင်နေရတဲ့ လုပ်ငန်းဆောင်တာတွေကနေ ရုန်းထွက်ချင်နေပြီး သင့်အတွက် နေ့စဉ်လုပ်ငန်းတွေက စွန့်စားမှုတွေလို့ ခံစားနေရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအကျင့်တွေကပဲ သင့်အတွက် ဘဝရဲ့အနှစ်သာရတွေဖြစ်နေတာပါ။ စိန်ခေါ်မှုတွေတိုင်းက သင့်အတွက် ရှေ့တိုးတက်ဖို့ တက်လှမ်းစရာ လှေကားထစ်တွေ ဖြစ်လာပါလိမ့်မယ်။ လုပ်ဆောင်စရာ ကိစ္စတွေအတွက် စိတ်ရှင်းရှင်းနဲ့ ဖြေရှင်းမယ်ဆိုရင်အရာအားလုံးအောင်မြင်လာမှာဖြစ်ပါတယ်။


၂ - နံပါတ် ၂ ဇီးကွက် ( ယုံကြည်မှုရှိသူ၊ လက်တွေ့ကျသူ)


သင်ဟာ နံပါတ် ၂ ဇီးကွက်ကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်အဝရှိပြီး လက်တွေ့ကျသူပဲ ဖြစ်ပါတယ်။ သင့်ကို ဘဝကြီးက ဘယ်လိုခက်ခဲတဲ့ စမ်းသပ်မှုတွေပဲ လာပေးပေး သင်ရင်ဆိုင် ဖြတ်သန်းနိုင်ပါလိမ့်မယ်။ သင့်အနေနဲ့လည်း တွေ့ကြုံလာသမျှအခက်အခဲတွေ စိန်ခေါ်မှုတွေကို ညည်းငြူနေမှာမဟုတ်ပဲ လာမယ့်ဘေး ပြေးတွေ့တတ်သူဖြစ်ပါတယ်။ သင့်ရဲ့အနာဂတ်ကိုလည်း သင်ကိုယ်တိုင်ပဲ ကောင်းမွန်အောင် ဖန်တီးယူနိုင်သူလို့ ဆိုရမှာပါ။


၃- နံပါတ် ၃ ဇီးကွက် ( တွေးခေါ်တတ်သူ )


နံပါတ် ၃ ဇီးကွက်ကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာအတွေးအခေါ်ကောင်းသူတစ်ဦးပါပဲ။ ဘယ်ကိစ္စကိုမဆို တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်လေ့ရှိပြီး ကိုယ်ပိုင်အတွေးအခေါ်နဲ့သာ ဆုံးဖြတ်လေ့ရှိသူလည်း ဖြစ်ပါတယ်။ လုပ်ငန်းတာဝန်တိုင်းကို ကိုယ်တိုင်လုပ်ကိုင်ရမှသာ စိတ်တိုင်းကျသူလည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ စကားတွေအများကြီးပြောနေတာကအချိန်ဖြုန်းခြင်းတစ်မျိုးလို့ ယူဆထားသူပါပဲ။


၄ - နံပါတ် ၄ ဇီးကွက်


နံပါတ် ၄ ဇီးကွက်ကို သင်ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင့်ရဲ့ ရုပ်သွင်ဟာ ချောမောလှပတဲ့ သရုပ်ဆောင်တစ်ဦးနဲ့ တူနေမှာဖြစ်ပါတယ်။ သင့်ရဲ့ ပုံစံကိုကြည့်ပြီး တစ်ခြားသူတွေကအမှတ်ပြည့်ပေးကြမှာပါ။ ဒါပေမယ့် သူတို့မသိတဲ့အချက်က သင့်ရဲ့ ရုပ်ရည်အမူအရာနဲ့ ဆန့်ကျင်ဘက်အတွင်းစိတ် သင့်မှာ ရှိနေတာကိုပါပဲ။ ဒီတော့ သင့်ကိုအမြင်နဲ့တင် ရုပ်ချောသဘောကောင်းလေးအဖြစ် သတ်မှတ်ထားသူတွေက သင့်ရဲ့ တစ်ချို့အမူအရာတွေကို သိမြင်သွားတဲ့အခါ ရုပ်လေးနဲ့မှမလိုက်လို့ ဝေဖန်ကြမှာပါ။ ဘာလို့လည်း ဆိုတော့ သင်ဟာ ပုတ်သင်ညိုတွေအရောင်ပြောင်းသလို သင့်ပတ်ဝန်းကျင်မှာ တွေ့ကြုံလာရတဲ့အဖြစ်အပျက်ပေါ်မူတည်ပြီး ပြောင်းလဲတုန့်ပြန်လေ့ရှိသူ ဖြစ်နေလို့ပါပဲ။


၅ - နံပါတ် ၅ ဇီးကွက် ( ကျိုးကြောင်း ဆင်ခြင်နိုင်သူ )


နံပါတ် ၅ ဇီးကွက်ကိုရွေးချယ်ထားတယ်ဆိုရင်တော့ သင်ဟာ ကျိုးကြောင်း ဆင်ခြင်နိုင်သူပဲဖြစ်ပါတယ်။ ဘယ်လိုကိစ္စမျိုးဖြစ်နေပါစေ သင့်ရဲ့အပြုအမူကို သင်ထိန်းသိမ်းနိုင်ပြီး ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာကိုလည်း သင်ကောင်းကောင်း သိထားတာဖြစ်ပါတယ်။ သင့်ဘဝမှာအရေးကြီးဆုံးက နောက်ဆုံးရလာမယ့်အကျိုးရလဒ်ပါပဲ။ သင့်အနာဂတ်မှာအကျိုးအမြတ်ထွက်မလာမယ့် ကိစ္စကို လုပ်မယ့်သူမဟုတ်ပါဘူး။ ဒီအချက်ကပဲ သင့်အတွက်အားနည်းချက်တစ်ခုလို့လည်း ဆိုရမှာပါ။


၆ - နံပါတ် ၆ ဇီးကွက် ( Romantic ဆန်သူ )


သင်ဟာ နံပါတ် ၆ ဇီးကွက်ကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ တော်တော်လေးကို Romantic ဆန်တဲ့သူလို့ ပြောရမှာပါ။ သင်ဟာအတွင်းကြိတ် ခံစားတတ်သူတစ်ဦးလည်းဖြစ်ပြီး နာကျင်စရာရှိရင် တစ်ယောက်တည်း ချောင်မှာ ကြိတ်ငိုတတ်သူပါ။ တစ်ယောက်တည်း နေတတ်တာများပြီး သင့်ရဲ့ စိတ်ခံစားချက်ကို ဦးစားပေးတတ်သူလည်း ဖြစ်ပါတယ်။အချစ်ကြီးတတ်သူဖြစ်ပြီး တစ်ဦးတစ်ယောက်ကို ချစ်ခင်မိပြီဆိုရင်အဲဒီသူအပေါ် သင်ဘယ်တော့မှ သစ္စာဖောက်ဖို့ စဉ်းစားတော့မှာ မဟုတ်ပါဘူး။


၇ - နံပါတ် ၇ ဇီးကွက် ( ဆရာလုပ်တတ်သူ )


သင်ဟာ နံပါတ် ၇ ဇီးကွက်ကို ရွေးချယ်လိုက်ပြီဆိုရင်တော့ ကျောင်းဆရာ၊ ဆရာမ တစ်ယောက် ဒါမှမဟုတ် လူတွေကို ဆရာလုပ်ရတာ နှစ်သက်သူတစ်ဦးပါပဲ။ ဉာဏ်အလွန်ကောင်းသူဖြစ်ပြီး သတင်းအချက်အလက်တွေအများကြီး စုစည်းလေ့လာထားသူလည်း ဖြစ်ပါတယ်။ ဒီအချက်ကြောင့်သင်ဟာ သင့်ကိုယ်သင် ဘယ်တော့မှ နှိမ့်ချမှု ပြုလုပ်မှာမဟုတ်ပါဘူး။အမြဲလိုသင့်ကိုသင်အထင်ကြီးသူဖြစ်ပါတယ်။ ဒီအချက်ကြောင့်သင့်ရဲ့ ညံံံံ့ဖျင်းတဲ့အချက်အလက်ကို သင်ကိုယ်တိုင် သတိမပြုမိတော့ပဲ သင်ပြောလိုက်တဲ့စကားက ဘယ်အခြေအနေ ရောက်သွားတယ်ဆိုတာကိုလည်း မဆင်ခြင်နိုင်တာမျိုးတွေ ကြုံရတတ်ပါတယ်။


၈ - နံပါတ် ၈ ဇီးကွက် ( တိုက်ခိုက်တတ်သူ )


နံပါတ် ၈ ဇီးကွက်ကို ရွေးချယ်လိုက်တဲ့သင်က ဖိုက်တာတစ်ဦးပါပဲ။ သင်ဟာ ဘယ်လိုကိစ္စပဲ ကြုံကြုံအကြာကြီးငိုကြွေးနေမယ့်သူ မဟုတ်ပါဘူး။ ဖြစ်လာတဲ့ ကံကြမ္မာပေါ်မှာ တန်ပြန်တိုက်ခိုက်ပြီးအကောင်းဆုံးသော ဘဝရှေ့ရေးကို ဖန်တီးရယူတတ်သူဖြစ်ပါတယ်။အခြေအနေအားလုံးလိုလိုကိုအကောင်းမြင်ပေးတတ်ပြီး ပြဿနာတိုင်းမှာအဖြေရှိတယ်လို့ ခံယူထားသူတစ်ဦးပါ။ သင့်အနေနဲ့ စိတ်ပျက်အားငယ်နေတာကအချိန်ကုန်တယ်လို့ ခံယူထားသူတစ်ဦးလည်း ဖြစ်ပါတယ်။


၉ - နံပါတ် ၉ ဇီးကွက် ( ကောင်းကင်တမန် )


နံပါတ် ၉ ဇီးကွက်ကိုရွေးချယ်လိုက်တယ်ဆိုရင်တော့သင်ဟာ ပြောင်းလဲမှုအတွက်အမြဲလို တိုက်ခိုက်နေတတ်သူပါပဲ။ သင်ဟာ ကမ္ဘာကြီးအပေါ် ကောင်းကျိုးပြုချင်သူဖြစ်ပြီး ကောင်းကျိုးပြုသူတွေကိုလည်း နှစ်သက်သူဖြစ်ပါတယ်။ ပရဟိတသမားတစ်ဦးဖြစ်လေ့ရှိပြီးအများအကျိုးအတွက် ကိုယ်ကျိုးစွန့်လုပ်ကိုင်ပေးလေ့ ရှိပါတယ်။ တစ်ခြားသူတွေရဲ့ နာကျင်မှုကိုဝေမျှ ခံစားပေးတတ်ပြီး သူတို့ကို ကယ်တင်လို့ရသမျှ ကယ်တင်ပေးလေ့ရှိသူဖြစ်ပါတယ်။

Reference : steemit.com




Some text some message..