လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း နိုဝင်ဘာလ ၂၆ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ကိုယ်ပိုင်စီးပွားရေးသမားများ ပိုမိုအောင်မြင်နိုင်ပြီး အချစ်ရေးကံလည်း ကောင်းနေပါတယ်။ လက်ရှိအလုပ်မရှိသေးသူများ အလုပ်အကိုင်ရနိုင်ပြီး အလုပ်ရှိပြီးသူတွေအနေနဲ့ အဆင့်မြင့်တဲ့နေရာတစ်ခုက ကမ်းလှမ်းတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ငွေလိမ်ခံရနိုင်ခြေရှိလို့ ဒီရက်အတောအတွင်း ငွေပေးငွေယူ ကိစ္စတွေနဲ့ ပတ်သက်ပြီး သတိပြုရမှာပါ။ ငွေပေးငွေယူကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်အရာရှိ အလုပ်ရှင်တို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို လုပ်ကိုင်ခွင့်ရပါလိမ့်မယ်။ ဒီနေ့မှာ ကြာသပတေး၊ တနင်္လာသားသမီး တွေနဲ့ပတ်သက်ပြီး သတိထားလုပ်ဆောင်သင့်ပါတယ်။ ပညာရေး ၊ ကျန်းမာရေးပိုင်း ပုံမှန်ပဲရှိနေပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် အာလူးကြော် ကပ်လှူဆုတောင်းပါ။
တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာ ကိုယ့်လက်အောက်ကသူတွေရဲ့ သစ္စာဖောက်မှု ခံရနိုင်တာကြောင့် သတိပြုဖို့လိုပြီး အလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံးဖြတ်ထားသူတွေအနေနဲ့လည်း သတိထားသင့်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးကတော့ ပုံမှန်အနေအထားမှာ ရှိနေပါတယ်။ လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ ကိစ္စတွေမှာ အထူးသတိထားလုပ်ဆောင်သင့်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေမယ့် ကာလဖြစ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုးအမြတ်ကောင်းရရှိပါလိမ့်မယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လက်အောက်ငယ်သားများရဲ့ ပုန်ကန်မှု ခံရတတ်ပါတယ်။ အလုပ်ရှင်ရဲ့ ယုံကြည်မှုကို ရရှိနေမယ့် အချိန်ဖြစ်ပြီး မနာလိုသူတွေရဲ့ တိုက်ခိုက်မှုကိုတော့ သတိပြုရမှာပါ။ ပညာရေးနဲ့ပတ်သက်ပြီး အစစအရာရာ စိတ်ချမ်းသာရမယ့်အချိန်ဖြစ်ပြီး ကျန်းမာရေးအနေနဲ့ ရာသီတုတ်ကွေး သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ကြာဇံဟင်းခါး လှူဒါန်းပေးပါ။
အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ငွေဝင်ကိန်းရှိပြီး ထင်မှတ်မထားတဲ့နေရာတွေကနေ ဝင်လာတာကို တွေ့ရမှာပါ။ ဆုံးရှုံးပြီးသားငွေတွေလည်း ပြန်ဝင်လာမှာဖြစ်ပြီး အိမ်နေရာထိုင်ခင်း အသစ်ပြောင်းလဲရကိန်း ရှိနေပါတယ်။ လုပ်ငန်းစီးပွားတိုးတက်အောင်မြင်နေပြီး မိမိလက်အောက်ငယ်သားနဲ့ တပည့်တွေကို ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ လူမှုရေးနဲ့ ဘာသာရေးဆိုင်ရာ လုပ်ငန်းများမှာလည်း ဝင်ရောက်ကူညီရတတ်ပြီး ဘာသာရေးနဲ့ အလှူအတန်းများလည်း ပြုလုပ်နိုင်ပါလိမ့်မယ်။ ဆန်အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ကုန်စည်ရောင်းဝယ်ဖောက်ကားသူများ အထူးကောင်းမွန်နေပြီး အထည်အလိပ်၊ ကျောက်မျက် လုပ်ငန်းရှင်များလည်း စီးပွားတိုးတက်အောင်မြင်နေမှာဖြစ်ပါတယ်။ ပညာရေးမှာ ထူးထူးချွန်ချွန်အောင်မြင်မှာ ဖြစ်ပြီး အချစ်ရေးမှာတော့ ချစ်သူသစ် ရလာတတ်ချိန်ဖြစ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ လုပ်ငန်းစီးပွားတိုးတက်ရာတိုးတက်ကြောင်း ပါဝင်ကူညီရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မကြာခဏ မူးဝေအော့အန်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီ အတွင်းလုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - စာကလေးအိမ်ချိတ်ဆွဲပေးပါ။
ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် ငွေကြေးကိစ္စ စကားပြောဆိုမယ်ဆိုရင် သင့်တော်တဲ့နေ့တစ်နေ့ဖြစ်ပြီး ဒီနေ့အတွက် အရာရာ အဆင်ပြေမယ့် နေ့တစ်နေ့ပါပဲ။ စိတ်ကူးထားတဲ့ လုပ်ငန်းကိစ္စမှန်သမျှလည်း အဆင်ပြေပါလိမ့်မယ်။ ကျောက်မျက်ရတနာလုပ်ငန်း၊ ရွှေထည်လုပ်ငန်းများ ကောင်းမွန်နေပြီး လက်အောက်ငယ်သား သစ္စာဖောက်တတ်လို့ သတိပြုသင့်ပါတယ်။ ငွေပေးငွေယူလုပ်ငန်းများ၊ စပ်တူရှယ်ယာလုပ်ငန်းများ ဆုံးရှုံးမှုကြုံရတတ်ပါတယ်။ လုပ်ငန်းတိုးချဲ့ခြင်းကနေ လတ်တလောဆုံးရှုံးမှုက ပိုများနေမှာဖြစ်လို့ ရေရှည်သည်းခံနိုင်မှ လုပ်ငန်းချဲ့သင့်ပါတယ်။ လုပ်ငန်းသဘာ၀ အပြောင်းအလဲ ကြုံရကိန်းရှိပြီး မမျှော်လင့်ပဲရုတ်တရက် ရာထူးတိုးခြင်း၊ အကြီးအကဲဖြစ်ခြင်းမျိုး ကြုံရနိုင်ပါတယ်။ ဝန်ထမ်းဖြစ်ပါက နေရာဌာနအပြောင်းအလဲ ရှိနေပြီး နိုင်ငံရပ်ခြား အလုပ်သွားရောက်လုပ်ကိုင်နေသူများ နေရပ်သို့ ပြန်လာရကိန်းရှိနေပါတယ်။ ကျန်းမာရေးပိုင်းမှာတော့ အာရုံကြောအားနည်းတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် လိမ္မော်သီး ကပ်လှူပေးပါ။
ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ဆုံးဖြတ်ချက်မှားတာမျိုးကြုံရနိုင်လို့ ဒီနေ့ရက်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ကြံစည်လုပ်ဆောင်ဖို့ မသင့်သေးပါဘူး။ ငွေပေးငွေယူ လက်မလွန်ပါစေနှင့်၊ အမှုအခင်းဖြစ်ကိန်းရှိပါတယ်။ နိုင်ငံခြားခရီးသွားရကိန်းရှိပြီး အိမ်ခြံမြေကိစ္စ အမွေကိစ္စနဲ့ စကားများတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ယုံကြည်ရသူတစ်ဦးရဲ့ နောက်ကျောဓါးထိုးခံရကိန်းရှိပြီး ငွေကြေးပိုင်းဆိုင်ရာ အလိမ်ခံရကိန်းလည်း ရှိနေပါတယ်။ ဝန်ထမ်းများအနေနဲ့ အလုပ်ရှင်ရဲ့ ထောက်ပံ့ကူညီမှုနဲ့ လုပ်ငန်းအောင်မြင်တိုးတက်မှာဖြစ်ပြီး ကား၊ အိမ်အရောင်းအဝယ် လုပ်ငန်းများလည်း အကောင်အထည်ပေါ်လာပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းပိုင်းမှာ အခက်အခဲကြုံပြီးမှ အောင်မြင်နိုင်လို့ စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်အတွင်း သောကြာ၊ ဗုဒ္ဓဟူး သားသမီးတွေရဲ့ အကူအညီရရှိလာပါလိမ့်မယ်။ အချစ်ရေး အိမ်ထောင်ရေး သာယာနေမယ့်အချိန်ဖြစ်ပြီး ကျန်းမာရေး၊ ပညာရေးပိုင်းလည်း ကောင်းမွန်နေပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - မွေးနံဂြိုလ်တိုင် ဘုရားတွင် ရေသပ္ပာယ်ပေးပါ။
ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ သင်တန်းတက်ဖို့ စီစဉ်ထားတာရှိရင် အဆင်ပြေတိုးတက်မယ့် ကာလပါပဲ။ နိုင်ငံခြားခရီးလည်း သွားရကိန်းရှိပြီ ဒီခရီးကနေ ပိုမိုတိုးတက်တဲ့လုပ်ငန်းခွင်နဲ့ ဘဝကို ရရှိလာဖို့ တက်လမ်းပါပဲ။ ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ အထူးကံကောင်းနေပါတယ်။ လုပ်ငန်းပိုင်းမှာ မြှုပ်နှံထားတာ ကြာနေပြီး မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့လည်း မထင်မှတ်ထားတဲ့နေရာက ငွေဝင်တာမျိုး ကြုံရနိုင်ပါတယ်။ ငွေတစ်လုံးတစ်ခဲတည်း ဝင်လာလျှင် အလှူအတန်းပြုလုပ်ပေးပါ။ ဝန်ထမ်းဖြစ်ပါကလည်း ရာထူးတိုးကိန်းရှိနေပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ စကားများ စိတ်ကောက်ရတတ်ပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရတတ်ကိန်းရှိလို့ စကားပြောဆင်ခြင် သင့်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ သားသမီးကြောင့် စိတ်ဆင်းရဲရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ သားအိမ်မှာ အလုံးအကြိတ်ဖြစ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - အိမ်ရှိဘုရားတွင် ပူရီကပ်လှူပေးပါ။
သောကြာ - လုပ်ငန်းစီးပွားကံကောင်းနေတယ်လို့ဆိုနိုင်ပြီး ဆုံးရှုံးပြီလို့ထင်တဲ့ ငွေကြေးတွေလည်း လက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ် ။ နေရာထိုင်ခင်းအပြောင်းအလဲကြုံနိုင်တဲ့ နေ့ရက်တစ်ရက်လည်းဖြစ်ပြီး လုပ်ငန်းခွင်မှာ အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်စရာ ကြုံနိုင်ပေမယ့် စိုးရိမ်စရာတော့ မရှိပါဘူး။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူတွေရဲ့ ကူညီမှုနဲ့ အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ စီးပွားရေး ကံကောင်းနေတဲ့အချိန်ဖြစ်ပြီး ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ အထူးကံကောင်းနေပါတယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ အိမ်ထောင်ရေးမှာ အိမ်ထောင်ဖက်ထံကနေ အဖိုးတန်ပစ္စည်းတစ်ခု လက်ဆောင်ရတတ်ပြီး အချစ်ရေးမှာလည်း ကိုယ့်အပေါ် ဂရုစိုက်မယ့် ချစ်သူ ရလာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်စိနာတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် သလဲသီး ကပ်လှူဆုတောင်းပါ။
စနေ - လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့ အလုပ်တာဝန် မနိုင်မနင်းဖြစ်နေတတ်ပြီး ငွေကြေးအပေးအယူပိုင်း သတိထားလုပ်ဆောင်သင့်ပါတယ်။ အိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်ပြီး ထီကံစမ်းပေးနိုင်ပါတယ်။ ကုန်ပစ္စည်းသိုလှောင်ခြင်း ၊ ဆေးအရောင်းဆိုင်လုပ်ငန်းများ အောင်မြင်နေပြီး ဆရာဝန်၊ အဆိုတော်များ အကျိုးများမယ့် အချိန်ဖြစ်ပါတယ်။ ငွေကြေး လက်လွန်မိလို့ အမှုအခင်း ဖြစ်နိုင်တာကြောင့် ငွေကြေး အပေးအယူကိစ္စတွေမှာ သတိပြုရမှာ ဖြစ်ပါတယ်။ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများ အထူးကောင်းမွန်နေပြီး လက်ရှိလုပ်ငန်းနဲ့ သဘောသဘာဝမတူညီတဲ့ လုပ်ငန်းတွေကိုလည်း တိုးချဲ့လုပ်ကိုင်ရကိန်းရှိနေပါတယ်။ ဒီရက်ပိုင်းမှာ သူတပါးအတွက် ကြားခံကူညီခြင်းမျိုးကနေ စေတနာ ဝေဒနာဖြစ်တတ်လို့ သတိပြုရပါမယ်။ အိမ်အနီးအနားမှာ မင်္ဂလာသတင်းကြားရလျှင် ထီထိုးပေးပါ။ မိသားစုထဲမှာ မင်္ဂလာကိစ္စဆောင်ရွက်ရတတ်ပြီး အိမ်ရှိ အသက်အငယ်ဆုံး ချစ်သူနောက်လိုက်ပြေးတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ သားသမီးပညာရေး စိတ်ပူရတတ်တဲ့ အချိန်ပါ။ ကျန်းမာရေးအနေနဲ့ သွေးတိုးရောဂါဖြစ်ပွားတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် နှင်းဆီပန်း ၇ ပွင့် ကပ်လှူ ဆုတောင်းပါ။
LEO