
ဗြဟ္မဏပုဏ္ဍား နက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့် လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်းကို ( ၁-၁၂-၂၀၁၉ ) မှ ( ၇-၁၂-၂၀၁၉) အထိ ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီးများ
လုပ်ငန်းပြိုင်ဘက်များ ဒုက္ခပေးမည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ ဖိအားပေးမှု ခံရလိမ့်မည်။ အနုပညာ လုပ်ငန်းမှာ တိုက်ခိုက်မှုများ ခံရမည်။ ရေလုပ်ငန်းမှာအကျိုးအမြတ်ရမည်။ စပ်တူရှယ်ယာလုပ်ငန်းမှာ အကျိုးအမြတ်များ ရမည်။ ဆိုင်ကယ်၊ မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။ ပညာရေးကောင်းသည်၊ ဘွဲ့ယူရခြင်း၊ ပညာသင်ပြည်ပသွားရမည်။ အချစ်ရေးမှာ ကံညံ့ပါသည်။ ချစ်သူနှင့် အဆက်အသွယ်ပြတ်လိမ့်မည်။ အိမ်ထောင်ရေးလည်း ညံ့ပါသည်။ ကျန်းမာရေးအနေဖြင့် အစာအိမ်ရောဂါ အနည်းငယ်ဖြစ်မည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် နေအိမ်မှ မထွက်မီ ခြေဖဝါး (၁၀)လှမ်း ရှေ့သို့လှမ်းပြီးမှ သွားပါ။
အကျိုးပေးဂဏန်း - {၁.၂,၆}
အကျိုးပေးအရောင် - နက်ပြာရောင်
ဆောင်ရန် - ကျောက်ခဲ တစ်လုံး
ယတြာ - တနင်္ဂနွေဂြိုဟ်ဘုရားတွင် အတာအိုးထဲရေအပြည့်ထည့် အုန်းညွန့်သက်စေ့ ဖြင့် ကပ်လှူဆုတောင်းပါ။
တနင်္လာသားသမီးများ
ဝင်ငွေနည်းပြီး စိတ်ချမ်းသာမည်။ လုပ်ငန်းတာဝန်နည်းပြီး စိတ်လက်ပေါ့ပါးနေသော အချိန်ဖြစ်သည်။ အလုပ်ထွက်ခွင့် တောင်းခံထားပါက အလုပ်ထွက်ခွင့်ရမည်။ ဘာသာရေးကိစ္စများကို အားကျိုးမာန်တက် ဆောင်ရွက်ရလိမ့်မည်။ အလုပ်အကိုင်ကောင်းပြီး အထက်လူကြီးများ၏ မျက်နှာသာပေးခြင်းခံရတတ်ပြီး ဒီအခွင့်အရေးကောင်းရအောင် မယူပဲ မျက်ကွယ်ထား ကိုယ်လုပ်တာလုပ် ကိုယ့်သွားချင်တာသွားလိုက်မိတတ်ပါသည်။ လူမှုရေးများ လိုက်လုပ်ပြီး အလုပ်အပေါ် ဂရုမစိုက်ခြင်းမျိုး ရှိတတ်ပြီး ကိုယ့်ရသင့်ရထိုက် အခွင်ရေးများကို ဆုံးရှုံးရကိန်းရှိတတ်သည်။ ချစ်သူနှစ်ဦးကြားမှာ အနှောက်အယှက်ပေါ်မည်။ အိမ်ထောင်ရေးမှာလည်း တစ်ဦးပေါ်တစ်ဦး နားလည်မှုလွဲ ပေါက်ကွဲလုနီးပါး ဖြစ်နေပါလိမ့်မည်။
ဆွေမျိုးထဲမှ အသက်ကြီးသူတစ်ဦး၏ ကျန်းမာရေးကို ကူညီရမည်။ ကျန်းမာရေးအနေဖြင့် အစာအိမ်ရောဂါ ဖြစ်မည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ကံကော်သား တစ်ဆစ် ဆောင်သွားပါ။
အကျိုးပေးဂဏန်း - {၃,၇,၉}
အကျိုးပေးအရောင် - ကြက်သွေးရောင်
ဆောင်ရန် - နာရီတစ်လုံး
ယတြာ - အိမ်ဘုရားမှာ တရားတော်ဂုဏ်တော် (၆)ပါးရွတ်ပွားပြီး မလိုင်မုန့် ကပ်လှူပါ။
အင်္ဂါသားသမီးများ
ကြိုးစားမှု၊ ရိုးသားမှုဂုဏ်ကြောင့် အထူးအကျိုးခံစားခွင့်ရရှိမည်။ ငွေရကံကောင်းသဖြင့် ထီပေါက်တတ်သလို့ အမွေပစ္စည်း ရတတ်သည်။ မိမိကိုယ်ပိုင်လုပ်ငန်း အဆင်ပြေလာမည်။ ငွေကြေးအမြောက်အမြား ဝင်မည်။ ခြံ မြေ ကား ဝင်မည်။ အိုးသစ်အိမ်သစ် ဆောက်လုပ်ရမည်။ ချစ်ဦးသူ တွေ့မည်။ ချစ်သူနှင့် ပျားရည်ဆမ်းခရီးထွက်ရမည်။ အရောင်းအဝယ် ကောင်းလာမည်။ ရွှေငွေရတနာပစ္စည်း ဝင်မည်။ ရွာပြန်ပြီး အလှူအတန်းလုပ် ထမင်းရည်ချောင်းစီး မောင်းတီးပြီးလှူရတတ်သည်။ ပညာရေးထူးချွန်မည်။ နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်ရမည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် အရှေ့အရပ်မျက်နှာမှုကာ သပြေ(၉)ညွန့် ဘုရားပူဇော်ပြီးမှ သွားပါ။
အကျိုးပေးဂဏန်း - {၅,၈,၆}
အကျိုးပေးအရောင် - ဆင်စွယ်ရောင်
ဆောင်ရန် - ဇီးညွန့်
ယတြာ - အိမ်ဘုရားမှ ကြာဇံကြော်ဆွမ်းကပ်လှူပြီး လိုရာဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီးများ
စီးပွါးရေးကောင်းမည်။ အထက်လူကြီးများ၏ ကူညီပံ့ပိုးမှုကို ရရှိမည်။ လူချစ်လူခင် ပေါမည်။ ချစ်သူတွေ့မည်။ ပျိုရွယ်သူများအချစ်ရေးတွင် စန်းထမည်။ အလုပ်နှင့်ပတ်သက်သော သင်တန်းများ တက်ရောက်အောင်မြင်မည်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ ငွေစုငွေချေး၊ အစုရှယ်ယာလုပ်ငန်းများ သတိလက်လွတ်မလုပ်ဘဲ ဂရုစိုက်လုပ်ကိုင်ပါ။ မဟုတ်ရင် အရှုံးပေါ်တတ်၊ အလိမ်ခံရတတ်သည်။ ရွှေငွေရတနာပစ္စည်း ဝင်မည်။ စက်ပစ္စည်းဝင်မည်။ ပညာရေးနှင့်ပတ်သက်ပြီး တိုးတက်မှုအားနည်းနေပါသည်။ အိမ်ထောင်ရေးအသင့်အတင့်ပါပဲ ကျန်းမာရေးအနေဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းရောဂါဝေဒနာများ မမျှော်လင့်ပဲ ခံစားရတတ်သည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဘုရားတွင် ရွက်လှ ညွန့် လှူ ပြီးသွားပါ။
အကျိုးပေးဂဏန်း - {၃,၄,ဝ}
အကျိုးပေးအရောင် - အညိုရောင်
ဆောင်ရန် - ဝါးညွန့်
ယတြာ - ရွက်လှ(၉)ညွန့် နှင်းဆီပန်း(၃)ပွင့် မိမိနေ့နံထောင့် ကပ်လှူ လိုရာဆုတောင်းပါ။
ကြာသပတေးသားသမီးများ
အိမ်နေရာ အိမ်ခန်းနေရာ ပြုပြင်မွမ်းမံရမည်။ နေအိမ်သို့မီးပူ၊ မီးဖိုရောက်လာပါက အခိုက်အညံ့ပေါ်မည်။ မတော်တဆ ထိခိုက်မှုအန္တရာယ် ကြုံတွေ့ရမည်။ ဆေးရုံဆေးခန်း ရောက်မည်။ အိမ်မွေးတိရစ္ဆာန်ရောင်းဝယ်ခြင်း၊ ယာဉ်ကားရောင်းဝယ်ခြင်း၊ ရုပ်ရှင်စတူဒီယို၊ ရုပ်သံလိုင်းသစ်များ တိုးချဲ့ထုတ်လွင့်ခြင်းများ အကျိုးပေး အောင်မြင်မည်။
လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းများ ဦးစီးဦးဆောင်လုပ်ကိုင်ရမည်။ မိတ်ဆွေအသစ်များ တိုးပွားလာမည်။ အပြင်လုပ်ငန်းသော်၎င်း အစိုးရလုပ်ငန်းသော်၎င်း လုပ်ကိုင်နေသည့် ဝန်ထမ်းဖြစ်ပါက ချီးမွမ်းခံရခြင်း ဂုဏ်သရေတိုးပွားကျော်ကြားခြင်းကြုံမည်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေး အဆင်မပြေမှုများ ဖြစ်မည်။ ကျန်းမာရေး အထူးကောင်း၍ မကျန်းမာသူ တစ်ဦးဦးကို တာဝန်ယူ ဆေးဝါးကုသိုလ်ပြုရတတ်သည်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အနီရောင်ပန်းများ ဘုရားလှူပြီးမှ သွားပါ။
အကျိုးပေးဂဏန်း - {၄,၁,၆}
အကျိုးပေးအရောင် - အနီရောင်
ဆောင်ရန် - ပိတောက်ညွန့်
ယတြာ - ဇွန်ပန်း၊ မေမြို့ပန်း နှင့် ပဲထမင်းဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
သောကြာသားသမီးများ
ဘုရားဆင်းတုတော်၊ ဘုရားပုံတော်များ နေအိမ်သို့ ကြွမြန်းလာတတ်သည်။ အလှူတန်း ဒါနကုသိုလ် ပြုလုပ်ရမည်။ အဆောက်အဦးကိစ္စ၊ နေရာထိုင်ခင်းကိစ္စတွေမှာ စိတ်တိုင်းကျအောင်မြင်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း စိတ်ချမ်းသာရမယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ စိတ်ချမ်းသာရမယ်။ ပညာအသစ် တစ်ခုရတတ်၏။
နေအိမ်စာချုပ်၊ ပိုက်ဆံ၊ မှတ်ပုံတင်၊လိုင်စင်စာအုပ်စသည့်အရေးကြီးသော စာရွက်စာတမ်းများလက်လွတ်စပယ် မထားပါနှင့်ပျောက်တတ်သည်သတိထားပါ။ အိမ်ထောင်ဘက် ကျန်းမာရေးညံလိမ့်မည်။ ဆေးရုံ၊ဆေးခန်းသွားရတတ်၏။ ကျောဒုက္ခပေးခြင်း၊ ကျော၌ ရောဂါတစ်ခုခု ရရှိခြင်းများ ဖြစ်တတ်၏။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် အရှေမြောက်အရပ်မျက်နှာမှုကာ သရက်ညွန့် (၉)ညွန့် ဘုရားလှူပြီး သွားပါ။
အကျိုးပေးဂဏန်း - {၂,၈,၇}
အကျိုးပေးအရောင် - အစိမ်းရောင်
ဆောင်ရန် - သရက်ညွန့်
ယတြာ - သရက်ညွန့် သို့ သီးညွန့်၊ (၉)ညွန့်နှင့် ဒံပေါက်ဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
စနေသားသမီးများ
ငွေကုန်ကြေးကျ များမည်။ ရှေ့တွင်တစ်မျိုး ကွယ်ရာတစ်မျိုးပြောဆိုဆက်ဆံသူများနှင့် ဆုံတွေ့ရမည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ဖက်နှင့်ငွေကြေးကိစ္စကို အကြောင်းပြုပြီး စကားများရမည်။ သို့သော်လည်း မိမိကမိသားစုအပေါ်အနွံတာ၊ သည်းခံမည်။ ရွှေငွေရတနာပစ္စည်း ထွက်မည်။ အိမ် ခြံ မြေ ကား ရောင်းထွက်မည်။ တိုက်အိမ်အရောင်းအဝယ်၊ အိမ်အလှစင်လုပ်ငန်း၊ ယပ်တောင်၊ ဝါး၊ထံရံ၊ အကျိုးထူးခံစားရမည်။
ချစ်သူနှင့် အဆင်မပြေဖြစ်မည်။ အထူး မိမိရည်ရွယ်ထားသူ ချစ်သူကိုတော့မလိမ်မိပါစေနဲ့။
ကျန်းမာရေးတော့ နည်းနည်းဂရုစိုက်ပါ။ ဦးခေါင်းနဲ့ဝမ်းဗိုက် ဒုက္ခပေးတတ်ပါတယ်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဘုရားမှာ စံပယ်ပန်းလှူပြီးမှ သွားပါ။
အကျိုးပေးဂဏန်း - {၉,ဝ,၂}
အကျိုးပေးအရောင် - အဖြူရောင်
ဆောင်ရန် - စံပယ်ပန်း
ယတြာ - တန်ခိုးကြီးဘုရားတွင်ဆီးမီးသက်စေ့ပူဇော်ပေးပါ။
ရာဟုသားသမီးများ
ငွေကံကောင်းလာမယ်၊ အဘက်ဘက်မှငွေဝင်နေပြီး အသိုင်းဝိုင်းထဲက လူတစ်ဦးဦးထံကနေလည်း ငွေအစုအလိုက် ရရှိနိုင်ပါသည်။ အုတ်၊သဲ၊ အဝီစိတွင်းတူးခြင်းလုပ်ငန်း၊ ရွှေငွေရတနာလုပ်ငန်း၊ ရေထွက်လုပ်ငန်များ၊ အလောင်းကစားလုပ်ငန်း အကျိုးအထူးခံစားရမည်။ အလုပ်နဲ့ ပတ်သက်ပြီး အရာရာတိုင်းကို နားလည်သဘောပေါက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်နိုင်မယ်။ မိမိ အလုပ်ကြိုးစားခြင်းကြောင့် မြန်မြန်ဆန်ဆန်ပဲ အောင်မြင်မည်။ လူအများရဲ့ယုံကြည်ခြင်းခံရမည်။ ကိုယ့်ငွေတွေ သူများလက်ထဲသွားပြီး မြုပ်နေတတ်ပါတယ်။ တန်ဖိုးထားတဲ့ ပစ္စည်း၊ဥစ္စာ ပျောက်တတ်တယ်။ အချစ်ရေးကံကောင်ပြိး အိမ်ထောင်ရေးသာယာပျော်ရွှင်ရပါလိမ့်မယ်။ ကျန်းမာရေး အနေဖြင့် ခါးနာတာတို့၊ ခြေထောက်နာတာတို့လည်း ဖြစ်တတ်ပါသေးသည်။
မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဘုရားမှ ဂန္ဓမာပန်း လှူပြီး သွားပါ။
အကျိုးပေးဂဏန်း - {၈,ဝ,၃}
အကျိုးပေးအရောင် - ရွှေအိုးရောင်
ဆောင်ရန် - အင်ကြင်းညွန့်
ယတြာ - ဂန္ဓမာပန်း၊ အင်ကြင်းညွန့်၊သစ္စာပန်း အိမ်ဘုရားတွင် ကပ်လှူပြီး လိုရာဆုတောင်းပါ။