၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း( ၈-၁၂-၂၀၁၉ ) မှ ( ၁၄-၁၂-၂၀၁၉) အထိ
lotaya.mpt.com.mm
|
2019-12-08



ဗြဟ္မဏပုဏ္ဍား နက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့် လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်းကို ( ၈-၁၂-၂၀၁၉ ) မှ ( ၁၄-၁၂-၂၀၁၉) အထိ ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီးများ

စီးပွားရေးအလွန်ကောင်းနေမယ့် ကာလအပိုင်းအခြားပါပဲ။ စိတ်ကူးထားတာ ရည်မှန်းထားတာတွေ အံ့သြစရာကောင်းစွာ ပြည့်မြောက်လာပါလိမ့်မယ်။ နှုတ်စောင့်စည်းပါ။ နှုတ်စကားတွေမှန်ပြီး ပြောတဲ့အတိုင်းကြုံရတတ်လို့ပါ။ ကောင်းသောခရီး အပန်းဖြေခရီး ပျော်စရာခရီးတွေသွားရပါလိမ့်မည်။ အချိန်မဆိုင်းခြင်း ဖြတ်ထိုးဉာဏ်ကောင်းခြင်းတွေက ဒီကာလအတွင်း အလိုလိုဖြစ်တည်လာတတ်ပါတယ်။ အိမ်ထောင်သည်ရော လူလွတ်ပါ လူမှုရေးအရှုပ်အထွေး ကိစ္စ ပြဿနာရှိလာနိုင်တဲ့အတွက် ရှောင်နိုင်ရင်အကောင်းဆုံးပါပဲ။ ပညာရေး အထူးကောင်းမွန်နေတဲ့အချိန်ပါ။ ကျန်းမာရေးအနေဖြင့် ကလေးငယ်များကို အထူးဂရုစိုက်ပါ။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဘုရားမှာ ဂန္ဓာမာပန်းလှူ ပြီးသွားပါ။

အကျိုးပေးဂဏန်း - {၇.၂,ဝ}

အကျိုးပေးအရောင် - အနီရောင်

ဆောင်ရန် - အနီရောင် လက်ကိုင်ပုဝါ

ယတြာ - အိမ်ဘုရားတွင် ဂန္ဓာမာပန်း (၁၅)ပွင့်၊ ကောင်းညှင်းပေါင်းဆွမ်းဖြင့် ကပ်လှူပြီးမှ သွားပါ။

တနင်္လာသားသမီးမြား

မင်္ဂလာဆောင်၊ အလှူအတန်းတွေမှာ ဝင်ရောက်ကူညီပေးနေ ရတတ်ပါတယ်။

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း၊ ပြောင်းရွှေ့ရခြင်းလုပ်ရတက်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း(သို့)လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်များ ပေါ်လာလိမ့်မည်။ ပညာရေးကံအထူးကောင်းပါတယ်။ အချစ်ရေးအဆင်ပြေမဲ့အချိန်ပါပဲ။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျ တက်သော ကာလဖြစ်၏။ ညီအကိုမောင် နှမတွေအတွက် ငွေကုန်ရတတ်ပါတယ်။ ကျန်းမာရေးက တော့ အဆိုးကြီးမဟုတ်ပေမဲ့ ဒူးနာ၊ ခါးနာလောက်တော့ ဖြစ်တတ်ပါတယ်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဘုရားမှာ ကံကော်ညွန်ပန်းလှူပြီးမှ သွားပါ။

အကျိုးပေးဂဏန်း - {၄,ဝ,၇}

အကျိုးပေးအရောင် - ဖက်ဖူးရောင်

ဆောင်ရန် - ကြေးပြား

ယတြာ - ကံကော်ညွန့်နှင့် စမှုဆာဆွမ်း ကပ်လှူ ဆုတောင်းပြည့်ဂါထာတစ်မျိုးမျိုး ရွတ်ပွားပြီး လိုရာဆုတောင်းပါ။

အင်္ဂါသားသမီးများ

ကိုယ်ပိုင်အလုပ် လုပ်ကိုင်သူများထဲမှ စားသောက်ကုန်၊ ငွေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများ အလုပ်အော်ဒါတွေများပြီး မအားလပ်နိုင်အောင်ဖြစ်ရတတ်ပါတယ်။ စကားအပြောအဆို မဆင်ခြင် ၊ မိမိကိုယ်တိုင်လဲ သတိမမူဘဲ ပြောမိလိုက်သောစကားတစ်ခွန်းကြောင့် ပြဿနာဖြရှင်းရလိမ့်မယ်။ အထူး မေ့လွယ်တဲ့ကာလဖြစ်တာကြောင့် အဖိုးတန်ဥစ္စာပစ္စည်း၊ ပိုက်ဆံအိတ်များ၊ ဖုန်းများမေ့ကျန်ပျောက်ရှတတ်ပါတယ်။ အထူးသဖြင့် ငွေချေးငှားခြင်း လုပ်ငန်းများ ပြဿနာဖြစ်တတ်၍ အချင်းချင်း အနီးကပ်လူတွေရဲ့ ဒုက္ခပေးခြင်းခံရမည်။ အိမ်တွင်းရှိ အခြေ(၄)ချောင်း သတ္တဝါအများ အသေအပျောက်ဖြစ်တတ်ပါသည်။ အချစ်ရေးကံကောင်း၍ မိမိရည်ရွယ်ထားသူ ချစ်သူကို ချစ်ရေးဆိုခြင်း ကောင်းနေပါသည်။ အပန်းဖြေခရီးဝေးသွားရတတ်ပြီး အိမ်ထောင်ရှင်မများ အမျိုးသားများ၏ ဂရုစိုက်မှု ခံရတတ်သလို ဘုရားဖူးခရီးတစ်ခုခုလည်း သွားရတတ်ပါသည်။ ကျန်းမာရေးတွင် ကိုယ်လက် မအီမသာဖြစ်နေပြီး ရောဂါရှာမတွေ့ ဖြစ်နေတတ်သည်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အိမ်အနီးအနား ဘုရားမှာ တံမြက်စည်းလှဲပြီး သန်ရှင်းရေလုပ်ပေးပြီးမှ သွားပါ။

အကျိုးပေးဂဏန်း - {၃,၈,၉}

အကျိုးပေးအရောင် - မိုးပြာရောင်

ဆောင်ရန် - မိုးပြာရောင် လက်ကိုင်ပုဝါ

ယတြာ - အရှေမြောက်အရပ်မှာ ဘုရား စေတီဟောင်းများ မိမိတတ်သမျှ ပြုပြင်ခြင်း၊ ဆေးသုတ်ခြင်း ကုသိုလ်ပြုပေးပါ။

ဗုဒ္ဓဟူးသားသမီးများ

အိမ်မကပ်ချင်ပဲ အိမ်နဲ့အဝေးကိုသွားချင်စိတ်ဖြစ်ပေါ်နေမည်။ အလုပ်ထဲမှာ မိမိနေရာကို လိုချင်သူတွေရဲ့ ဒုက္ခပေးချောက်ချခြင်းမျိုးလည်း ခံရတတ်ပါတယ်။ အဖိုးတန်ပစ္စည်းများ မေ့ကျန်ခဲ့တာမျိုးကြုံရတတ်တယ်။ သတိထားပါ။ ရွှေထွက်တတ်တယ်။ အိမ်တွင်းရေးကြောင့် အိမ်ထောင်ဦးစီးကြောင့် တစ်အိမ်သားလုံးသောကရောက်ရလိမ့်မယ်။ အိမ်ထောင်ရေး အဆင်မပြေတဲ့ကာလပါ။ ပညာရေးအပေါ် စိတ်မပါတာမျိုးကြုံရတတ်ပါတယ်။

ကျန်းမာရေးကတော့ဒေါင်ဒေါင်မြည်နေလိမ့်မယ်။ နာတာရှည်ဖြစ်နေသူများ ဆရာကောင်းနဲ့တွေ့ပြီးဆေးတိုးသွားမဲ့အချိန်ပါပဲ။ အချစ်ရေးကံမကောင်းတဲ့ကာလပါ။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် မိမိနေနံထောင့်ဘုရားမှာ ရေတော်သက်စေ့လှူဒါန်းပေးပြီးမှ သွားပါ။

အကျိုးပေးဂဏန်း - {၁,၂,၆}

အကျိုးပေးအရောင် - စိမ်းပြာရောင်

ဆောင်ရန် - ရွှေဆိုင်းတစ်ရွက်

ယတြာ - သပြေ(၉)ညွန့်၊ ရေတော်သက်စေ့ မိမိနေနံထောင့် ကပ်လှူ ပါ။

ကြာသပတေးသားသမီးများ

ကုန်သွယ်ရေးလုပ်ငန်း၊ ရွှေထည်၊ စက်အပိုပစ္စည်းဆက်သွယ်ရေးပစ္စည်းရောင်းဝယ်ခြင်း လုပ်ငန်းများမှ အမြတ်အစွန်းရမည်။ ဆိုင်းငံ့ရပ်တန့်ထားသောလုပ်ငန်းများ သက်ဝင်အောင်လုပ်ကိုင်ရမည်။ လုပ်ငန်းခွင်တွင်ယှဉ်ပြိုင်မှုများနှင့်ထိပ်တိုက်ရင်ရတတ်သည်။

အပျော်အပါးနှင့်လူနေထပ်သောနေရာများ သွားလာရာတွင်ပြသာနာများ ဖြေရှင်းရကိန်းရှိသည်။ သားသမီးရတနာထွန်းကားပြီးသတင်းကောင်းကြားရတတ်သည်။ ဆွေမျိုးသားချင်းများအတွက် လူမှုရေးအပူသောကများ ဝင်လာတတ်သည်။ ပညာရေးတွင်ဝီရိယရှိမှ မိမိမျှော်မှန်းသောပညာရပ်ကို ဆည်းပူးရမည်။ လူမှုရေးရှုပ်ထွေးမှုကြောင့် ပညာရေးတွင် နှောင့်နှေးတတ်သည် ။ ကျန်းမာရေးတွင်ချောင်းဆိုးခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်းများ ဖြစ်တတ်သည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် အိမ်ရှိဘုရားတွင် အနီရောင်ဖယောင်တိုင် (၅)တိုင်ထွန်းညှိပူဇော်ပြီးမှ သွားပါ။

အကျိုးပေးဂဏန်း - {၉,၃,၄}

အကျိုးပေးအရောင် - အစိမ်းနုရောင်

ဆောင်ရန် - သံပုရာသီး

ယတြာ - အနီရောင်ဖယောင်းတိုင် (၅)တိုင်၊ အမွေးတိုင်(၅)တိုင်၊ ထောပတ်သီး(၁)လုံး ကပ်လှူ လိုရာဆုတောင်းပါ။

သောကြာသားသမီးများ

ဝင်ငွေအသင့်အတင့်ရှိပါမည်။ ပုံမှန်ဝင်ငွေရှိနေပါမည်။ လုပ်ငန်းကြီးလုပ်သူများ ကိုယ့်ရဲ့တပည့်လက်အောက်ငယ်သား၊ အလုပ်သမားတွေကြောင့် ငွေကြေးဝင်ကိန်းရှိပါမည်။

အိုးအိမ်နေရာထိုင်ခင်းကိစ္စများအတွက်စကားပြောဆိုမှုရှိပြီး အောင်မြင်နိုင်ပါသည်။ စာချုပ်ချုပ်ဆိုခြင်းနှင့် အာမခံခြင်းကိစ္စများ တတ်နိုင်သမျှရှောင်ပေးရမည်။ ပျိုရွယ်သူများ မိမိဆန္ဒနှင့်တိုက်ဆိုင်မှုဝေးကွာခြင်း ခဏခဏပေါ်လာမည်။ အိမ်ထောင်ဖက်က ကိုယ့်ကိုချစ်မြတ်နိုးလို့ အနိုင်ကျင့်တာခံရပါမည်။ ကိုယ်ကလည်းလိုက်လျောပေးမိပါမည်။

ကျန်းမာရေးအနေဖြင့် မတော်တဆထိခိုက်မှုအန္တရာယ်ဖြစ်ခြင်း၊ ခွဲစိတ်ကုသရသော အနာရောဂါများ ဖြစ်ခြင်းမျိုး ကြုံရတတ်ပါသည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဘုရားတွင် အုန်းညွန့် လှူပြီးမှသွားပါ။

အကျိုးပေးဂဏန်း - {၂၊ ၇၊ ၅}

အကျိုးပေးအရောင် - နို့နှစ်ရောင်

ဆောင်ရန် - ငွေ ၁ဝဝကျပ်တန်

ယတြာ - ကြေးဖလားဖြင့် ရေတော်(၅)ခွက် ဘုရားလှူ ပေးပါ။

စနေသားသမီးများ

စိတ်ထဲတွင် ဒီရက်ပိုင်းအတွင်း စိတ်မရှည်ချင်စရာကောင်းတဲ့ ပြသာနာများနဲ့ ကြုံတွေ့ နေရတတ်ပါသည်။ ကိုယ့်ရဲ့ဆရာသမား အထက်လူကြီးတွေ့ရဲ့ငြိုငြင်မှုကိုလည်း ခံရတတ်လို့ စိတ်ညစ်ရတတ်ပါတယ်။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်းမပြုရ။ စပ်တူ

လုပ်ငန်း၊ ရှယ်ယာလုပ်ငန်းလုပ်သူများတွင် အယူအဆမတူမူ၊ ပဋိပက္ခဖြစ်မှုများကြုံပြီးလမ်းခွဲကာ ရှယ်ယာပြန်အမ်းရကိန်း ကြုံတွေ့ရတတ်ပါသည်။ မိသားစုတွင် မမျော်လင့်ဘဲ အပူသောက၏ အနှောက်အယှက်များဝင်နိုင်သည်။ ပညာရေး ကံကောင်းနေပြီး ပညာရေးအတွက် အထောက်အပံ့ အကူညီများ ရရှိလာတတ်ပါသည်။ အချစ်ရေးမှာ အနည်းငယ် စိတ်မပျော်ဖြစ်နေတတ်သည်။ ချစ်သူ၏ ပြစ်တင့်ကဲ့ရဲ့ခြင်းခံရမည်။ သို့သော်ယာယီသာဖြစ်သည်။ အိမ်ထောင်သည်များ ဘေးစကားမယုံမိစေနှင့် ဒါဆို သာယာမည်။

ကျန်းမာရေးနှင့်ပတ်သက်ပြီး ခြေလက်ကိုက်ခဲခြင်း၊ သွား၊ သွားဖုံးဒုက္ခပေးတတ်သည်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဘုရားတွင် ထန်းလျက် ၁၁ လုံးလှူပြီးမှ သွားပါ။

အကျိုးပေးဂဏန်း - {၉,၃,၅}

အကျိုးပေးအရောင် - ငွေရောင်

ဆောင်ရန် - ထန်းလျက်

ယတြာ - ထန်းလျက် ၁၁ လုံး ပန်းကန်တစ်ချပ်ထဲထည့်ပြီး ဘုရားကပ်လှူ လိုရာဆုတောင်းပါ။

ရာဟုသားသမီးများ

အလုပ်အကိုင်ကတော့ကိုယ်ဘာလုပ်လုပ်အဆင်ပြေနေပြီး ဒီကြားထဲမှာမှ သူအလိုလိုနေရင်း အလုပ်ပြောင်းချင်စိတ်ဖြစ်နေမည်။ မပြောင်းပါနှင့်။အခက်အခဲကြားမှငွေရှာရမည်။ ငွေရှာသလောက် ဝင်ပြီး လက်ဆုပ်လက်ကိုင် ပြပါဆို ဘာတစ်ခုမှ မပြနိူင်ဘူး ဖြစ်နေမည်။

စီမံကိန်းချ၍ လုပ်သောလုပ်ငန်းများ လုံးဝ မလုပ်ရ။ မိမိအားအတိုက်အခံ၊ အနှောင့်အယှက်ပြုသူပေါ်မည်။ မိမိကတစ်ပါးသူအား စိတ်ဝင်စားခြင်းမရှိသလောက် တစ်ပါးသူကမိမိအားလိုက်လံစိတ်ဝင်စား၍ စိတ်အနှောင့်အယှက်ပြုခြင်းရှိမည်။ ပညာရေးနှင့် အချစ်ရေး သီသန့်စီ ခွဲခြားထားသင့် ပါသည်။ ပညာရေးကို ပိုအားစိုက်ပေးပါ၊ အချစ်ရေးကြောင့် ပညာရေးနှောင့်နှေးတတ်ပါသည်။

အိမ်ထောင်ရှင်အမျိုးသားများအနေဖြင့် ကိုယ့်အမျိုးသမီးက မိမိအပေါ် ချစ်မြတ်နိုးသော်လည်း မိမိက သူတပါးအိမ်ထောင်ရေးကို ကြားဝင်ဖောက်ပြန်သွားခြင်းမျိုး ဖြစ်ပေါ်လာတတ်လို့ သတိပြုပါ။ ကျန်းမာရေးနှင့်ပတ်သက်ပြီး သွေးအားနည်းခြင်း၊ ခေါင်းကိုက် ဇက်ကျောတက်ခြင်းများ ဖြစ်မည်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားတွင် ရွက်လှညွန့်၊ ပေါက်ညွန့်(၉)ညွန့်လှူပြီးမှ သွားပါ။

အကျိုးပေးဂဏန်း - {၂,၅,၁}

အကျိုးပေးအရောင် - ခရမ်းရောင်

ဆောင်ရန် - ရွက်လှညွန့်

ယတြာ - ဘုရားတွင် ရွက်လှညွန့်၊ ပေါက်ညွန့်(၉)ညွန့်တို့ကို ရွှေအိုးဖြင့်ထည့်ပြီး ဆီမီး(၅)ခွက် ပူဇော်ပေးပါ။




Some text some message..