ဆောင်းတွင်း အိမ်မက် ဂယောက်ဂယက်
yathar.com
|
2019-12-12

ဆောင်း တွင်း အိမ်မက်




အိမ်မက်ဆိုသည် မှာ စိတ်တွင် မရည်ရွယ်ပဲ ပေါ်ပေါက်လာသော ပုံရိပ်များ ၊ အတွေးအခေါ်များ ၊ အတိတ် အဖြစ်အပျက်များ ကို ပြန်လည် မြင် ယောင်ချင်းနှင့် တူပါတယ်။

ဦးနှောက်လှုပ်ရှားမှု မြင့်မားနေသော အိပ်စက်ခြင်း သည် လျင်မြန်သော မျက်စိလှုပ်ရှားမှု (REM) ကိုဖြစ်စေပီး ထိုအခြေအနေ မျိုး တွင် အိမ်မက်များ မက်တတ်သည်။ အခြား အိပ်စက်ခြင်း မျိုးတွင် လည်း အိမ်မက်များဖြစ်ပေါ်နိုင်သည်။

ဦးနှောက်လှိုင်းများ၏ ထူးကဲသောလှုပ်ရှား မှု ကြောင့် အိမ်မက် တချို့ မှာ အနာဂတ် ကို ပြသနေသကဲ့ သို့ဖြစ်တတ်သည်။

သိပ္ပံပညာရှင်များ က အိမ်မက်၏ အတိမ်အနက်ကို ဖော်ပြရန် အိမ်မက်သီအိုရီ များကို ၁၉၀၀ ပြည့်နှစ်တွင်

Sigmund Freud က ရေးသားခဲ့သည်။

အိမ်မက်၏ အရှည်သည် မိနစ် ၂၀ မှ မိနစ် ၃၀ ကြား ကြာတတ်သည် ၊ ပုံမှန်လူတယောက် ဟာ တည ကို အိမ်မက် ၃ ၊ ၄ ခု အထိ မက်တတ်သည်။ ည တာရှည် ချင်း ဟာ အိမ်မက်ကို ပိုမို ခိုင်မာစေ သည်။




အိမ်မက်များ မှာ မေ့လွယ်သော မှတ်ဉာဏ် အစိတ်အပိုင်းများဖြစ်ရာ အချို့သော အိမ်မက်အစိတ်အပိုင်းများကို မက်နေစဉ်ပင် မေ့သွားတတ်သည်။

အိမ်မက် ကို ထိန်းချုပ် နိုင်သူ များမှာ အလွန်ဉာဏ်ကောင်းသူများ အဖြစ် သတ်မှတ်ကြသည်။

ဆောင်းတွင်းမှာ ကိုယ်အပူချိန်ကျ တဲ့ အတွက် ပုံမှန်မဟုတ်တဲ့ သွေးဖိအားကြောင့် အိမ်မက်ဆိုးတွေ မက်တတ်ကြပါတယ်။




အေးစက်တဲ့ အခန်းထဲ မှာ ပိတ်လှောင်ခံရတဲ့ အိမ်မက်မျိုး တွေ ၊ မွန်းကြပ် ဖို့ကောင်းတဲ့ အိမ်မက်တွေ ၊

ကြောက်ဖို့ကောင်းတဲ့ အိမ်မက်တွေ ၊ အစ ရှိတဲ့ အိမ်မက်တွေက ဒီ လို ဆောင်း ည မျိုး မှာ မက် လာတတ်ပါတယ်။

တချို့ သော လမ်းခွဲ အိမ်မက်ဆိုးတွေက ဒီလို ဆောင်းညမှာ မက်တတ်တယ်။




Some text some message..