တနင်္လာသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း
weddingguide.com.mm
|
2019-12-17

တနင်္လာနေ့မွေးဖွားသူများ

တနင်္လာသားသမီးတို့သည် လုပ်ငန်းခွင်တွင် ယှဉ်ပြိုင်မှုများနှင့် ထိပ်တိုက်ရင်ရတတ်သည်။ မိမိဆိုင်းငံ့ ရပ်တန့်ထားသော လုပ်ငန်းများ သက်ဝင်အောင် လုပ်ကိုင်ရပါလိမ့်မည်။

သို့်သော် အကြီးအကဲများ၏ အားပေးထောက်ခံမှုများ ရရှိမည်။ အမျိုးသားကောင်းတို့သည် ဤနှစ်တွင် ကံထူးသူများဆိုလျှင် မမှားပါဘူး။

လုပ်ငန်းခွင်တွင် လာဘ်လာဘ အခွင့်အလမ်းများစွာ ထွက်ပေါ်လာမည်။ အလိုဆန္ဒများလည်း ပြည့်ဝနိုင်သည်။ အပေါင်းအသင်း ဆွေမျိုးများနှင့် လုပ်ငန်းခွင်များဆောင်ရွက်ရတတ်သည်။

အိုးအိမ် နေရာထိုင်ခင်းကိစ္စများအတွက် စကားပြောဆိုမှုရှိပါမည်။ အောင်မြင်မည်။ ထီးပေါက်ကိန်းရှိသည်။

ပညာရေးဆိုင်ရာအတွက် အခွင့်အထူးခံရရှိနိုင်သော နှစ်ဖြစ်သည်။ ပညာရေးတွင် ဝီရိယရှိမှ မိမိမျှော်မှန်းသော ပညာရပ်ကို ဆည်းပူးရမည်။ မိမိအလိုဆန္ဒအတိုင်း ပညာရေး တိုးတတ်အောင်မြင် နိုင်သည်။

ထို့ပြင် မိဘအုပ်ထိန်းသူများသည် အဆင့်မြင့်ပညာရေး တန်းဖိုးမြင့်တတ်လာမှုကြောင့် အကျပ်အတည်းနှင့် ရင်ဆိုင် ရကိန်းကြုံတွေ့ရတတ်သည်။

စီးပွားရေး

ကုန်သွယ်ရေးလုပ်ငန်း၊ ရွှေထည်၊ စက်အပိုပစ္စည်း ဆက်သွယ်ရေးပစ္စည်းများ ရောင်းဝယ်ခြင်းများမှ အမြတ် အစွန်းရမည်။ ငွေကြေးများစွာ ကိုင်ရသောနှစ်ဖြစ်သည်။ ဘဏ္ဍာတိုက်ကို စိုးပိုင်ထားရသူလည်း ဖြစ်သည်။

စီးပွားရေးစတော့ဈေးကွက်များ ဝယ်ယူနိုင်သလို မိမိသဘောဖြင့် မိမိထင်ရာ တဇွတ်ထိုးမလုပ်ဘဲ အမြဲတစေ နှီနှောတိုင်ပင်လုပ်ကိုင်ပါ။ နိုင်ငံရပ်ခြားနှင့် ဆက်သွယ်သော ကိစ္စများ၊လူမျိုးခြားနှင့် တွဲပြီးလုပ်ရသော အလုပ်များ အောင်မြင်မှုရရှိမည်။

လူမှုရေး ရှုပ်ထွေးမှုကြောင့် ပညာရေးှဆိုင်ရာများ နှောင့်နှေးတတ်သည်။ ဆွေမျိုးသားချင်းများအတွက် လူမှုရေးအပူသောကများ ဝင်လာတတ်သည်။

အပျော်အပါးနှင့် လူနေထူထပ်သော နေရာများ သွားလာရာတွင် ပြသနာများ ဖြေရှင်းရကိန်းရှိသည်။ နောက်ပြီး ကိုယ်ကျိုးအတွက် လွှဲမှားသော အခွင့်အာဏာများ မသုံးမိစေရန် အရေးကြီးသည်။

အိမ်ထောင်ရှင်များအတွက် အိမ်တွင်းရေး သာယာမှုကို ဦးစားပေးသင့်သည်။ အိမ်ထောင်ရေးတွင် သားသမီးရတနာ ထွန်းကားပြီး သတင်းကောင်း ကြားရတတ်သည်။

အချစ်ရေး

လူငယ် လူရွယ်များမိန်းမခိုးခြင်း ယောက်ျား နောက်လိုက်ခြင်း များလုပ်လျှင် ဆွေပျက်မျိုးပျက် ဖြစ်ကုန်တတ် သောကာလဖြစ်ပါသည်။ အချစ်ရေးသမားများ အတွက် မမျှော်လင့်သော ပျော်ရွင်မှုများ ရရှိလာမည်။

မိမိအား အသိအမှတ်ပြု ဆက်ဆံလာခြင်းကို တွေ့ရမည်။ သို့သော် အသုံးချခံမဖြစ်ရလေအောင် ကိုယ်စိတ် နှစ်ပါး ထိန်းသိမ်းရန် လိုအပ်သည်။

ပျိုရွယ်သူများ မိမိဆန္ဒနှင့် တိုက်ဆိုင်မှု ဝေးကွာခြင်း ခဏခဏပေါ်လာမည်။ ဝေးကွာနေသူများ ပြန်လှန်ဆုံစည်းရကိန်းရှိသည်။

ထိုပြင် အိမ်ထောင်ရှင်မများကတော့ မိမိအိမ်ထောင်ဖက်တွေက သားသမီး အပူသောက၊ မိဘ၊ ညီအကိုမောင်နှမတွေကြောင့် အပူသောကများတတ်ပြီး အိမ်တွင်းရေး ပဋိပက္ခများတတ်သည်။

အမျိုးသားတွေ့ကတော့ အပြင် လောက သာယာလိုသူများ အတွက် ငွေကုန်လက်ပမ်းဖြစ်ရတတ်သည်။

ကျန်းမာရေးတွင် ချောင်းဆိုးခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ မီးယပ်ရောဂါ၊ သွေးအားနည်းခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းဖြစ်တတ်သည်။ မတော်တဆထိခိုက်မှုအန္တရာယ်ဖြစ်ခြင်း၊ ခွဲစိတ်ကုသရသော အနာရောဂါများ ခံစားရတတ်သည်။

အစွဲပယောဂ၊လူပယောဂများ စွဲကပ်တတ်သည်။ ကြိုတင်၍ ကျန်းမာရေးလိုက်စားသင့် အထူးသဖြင့် ယောဂကျင့်စဉ်များ ပြုလုပ်ရန်သင့်တော်သည်။

ယုံကြည်ရာဘာသာတရား အတိုင်းအပတ်စဉ်၊ လစဉ်၊ ဒါန ကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်ပြု လုပ်ပါ။

အလွန်ထင်ပေါ်ကျော်ကြားနေသူ တနင်္လာဖွားများအတွက် ရန်သူ၏ တိုက်ခိုက် ဖျက်စီးခြင်းခံရတတ်သည်။

ကိုယ်ပိုင်လုပ်ငန်းရှင် သူဌေးများ အရပ်ရှစ်မျက်နှာမှ တိုက်ခိုက်သော အန္တရယ်များကို သက်တော်စောင့်များဖြင့် ကြိုတင်ကာကွယ်ထားရှိမှသာ သင့်တော်သည်။

အထူး စာချုပ်ချုပ်ဆိုခြင်း၊ အာမခံခြင်းကိစ္စများ တတ်နိုင်သမျှ ရှောင်ပေးရမည်။ အမှားတစ်ချက်ကြောင့် ဘဝတစ်သက် မှောက်ရတတ် အခွင်အရေးများ ဆုံးရှုံးရတတ်သည်။

ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါ၏။ ပစ္စည်းမငှါးရမ်းပါနှင့် ဆုံးသွားလိမ့်မည်။

အထူးသဖြင့် ဤနှစ် တနင်္လာသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် စဉ်းစာဆင်ခြင်ပြီးသတိနှင့် လုပ်ကိုင်သင့်၏။

အထူးသဖြင့် ဤနှစ် တနင်္လာသားသမီးတို့သည် လုပ်ငန်းကိစ္စရပ်များ အတွက်တော့ “သောကြာ ,စနေ” ထိုနေနံသား သမီးများနှင့် ဆောင်ရွက်ခြင်းများ၊ ခရီးသွားရာတွင် အထူးသတိထားသင့်သည်။

ထီထိုးရန် အကျိုးပေး အက္ခရာနှင့် ဂဏန်း- {ဈ၊၊ည၊ဇ၊} {၄,၂,၉,၁} ၄ အစ, ၄, ၁အဆုံး ထီထိုးပေးပါ။

အကျိုးပေးအက္ခရာ -{ဈ၊၊ည၊ဆ၊ဇ၊ }

အကျိုးပေးဂဏန်း-{၄,၂,၉,၁}

အကျိုးမပေးနေနံ-{“သောကြာ,စနေ”}

အကျိုးပေးအရောင်- အဖြူရောင်,ပန်ရောင်

အကျိုးမပေးအရောင်- အနီ၊ အညိုရောင်

ဆောင်ရန်- အဖြူရောင် ပုလဲ

ယတြာ – မိမိမွေးနေ့တွင် ဇွန်ညွှန့်၊ခရေညွှန့်၊ဂန္ဓာပန်းအဖြူ ရောင်(၁၅)ပွင့်နှင့်ဆီမီးသက်စေ့ပူဇော်ပေးပါ။ သရက်သီး၊ သင်္ဘောသီးတို့ကိုစိပ်၍ဆွမ်းတော်ကပ်လှူ ဆုတောင်းပါ။

ဆရာသန်းလင်းအောင်

(Unicode ဖြင့်ဖတ်ရန်)

တနလာၤနေ့မွေးဖွားသူများ

တနလာၤသားသမီးတို့သည် လုပ်ငန်းခွင်တွင် ယှဉ်ပြိုင်မှုများနှင့် ထိပ်တိုက်ရင်ရတတ်သည်။ မိမိဆိုင်းငံ့ ရပ်တန့်ထားသော လုပ်ငန်းများ သက်ဝင်အောင် လုပ်ကိုင်ရပါလိမ့်မည်။

သို့်သော် အကြီးအကဲများ၏ အားပေးထောက်ခံမှုများ ရရှိမည်။ အမျိူးသားကောင်းတို့သည် ဤနှစ်တွင် ကံထူးသူများဆိုလျှင် မမှားပါဘူး။

လုပ်ငန်းခွင်တွင် လာဘ်လာဘ အခွင့်အလမ်းများစွာ ထွက်ပေါ်လာမည်။ အလိုဆန္ဒများလည်း ပြည့်ဝနိုင်သည်။ အပေါင်းအသင်း ဆွေမျိုးများနှင့် လုပ်ငန်းခွင်များဆောင်ရွက်ရတတ်သည်။

အိုးအိမ် နေရာထိုင်ခင်းကိစ္စများအတွက် စကားပြောဆိုမှုရှိပါမည်။ အောင်မြင်မည်။ ထီးပေါက်ကိန်းရှိသည်။

ပညာရေးဆိုင်ရာအတွက် အခွင့်အထူးခံရရှိနိုင်သော နှစ်ဖြစ်သည်။ ပညာရေးတွင် ဝီရိယရှိမှ မိမိမျှော်မှန်းသော ပညာရပ်ကို ဆည်းပူးရမည်။ မိမိအလိုဆန္ဒအတိုင်း ပညာရေး တိုးတတ်အောင်မြင် နိုင်သည်။

ထို့ပြင် မိဘအုပ်ထိန်းသူများသည် အဆင့်မြင့်ပညာရေး တန်းဖိုးမြင့်တတ်လာမှုကြောင့် အကျပ်အတည်းနှင့် ရင်ဆိုင် ရကိန်းကြုံတွေ့ရတတ်သည်။

စီးပွားရေး

ကုန်သွယ်ရေးလုပ်ငန်း၊ ရွှေထည်၊ စက်အပိုပစ္စည်း ဆက်သွယ်ရေးပစ္စည်းများ ရောင်းဝယ်ခြင်းများမှ အမြတ် အစွန်းရမည်။ ငွေကြေးများစွာ ကိုင်ရသောနှစ်ဖြစ်သည်။ ဘဏ္ဍာတိုက်ကို စိုးပိုင်ထားရသူလည်း ဖြစ်သည်။

စီးပွားရေးစတော့ဈေးကွက်များ ဝယ်ယူနိုင်သလို မိမိသဘောဖြင့် မိမိထင်ရာ တဇွတ်ထိုးမလုပ်ဘဲ အမြဲတစေ နှီနှောတိုင်ပင်လုပ်ကိုင်ပါ။ နိုင်ငံရပ်ခြားနှင့် ဆက်သွယ်သော ကိစ္စများ၊လူမျိုးခြားနှင့် တွဲပြီးလုပ်ရသော အလုပ်များ အောင်မြင်မှုရရှိမည်။

လူမှုရေး ရှုပ်ထွေးမှုကြောင့် ပညာရေးှဆိုင်ရာများ နှောင့်နှေးတတ်သည်။ ဆွေမျိုးသားချင်းများအတွက် လူမှုရေးအပူသောကများ ဝင်လာတတ်သည်။

အပျော်အပါးနှင့် လူနေထူထပ်သော နေရာများ သွားလာရာတွင် ပြသနာများ ဖြေရှင်းရကိန်းရှိသည်။ နောက်ပြီး ကိုယ်ကျိူးအတွက် လွှဲမှားသော အခွင့်အာဏာများ မသုံးမိစေရန် အရေးကြီးသည်။

အိမ်ထောင်ရှင်များအတွက် အိမ်တွင်းရေး သာယာမှုကို ဦးစားပေးသင့်သည်။ အိမ်ထောင်ရေးတွင် သားသမီးရတနာ ထွန်းကားပြီး သတင်းကောင်း ကြားရတတ်သည်။

အချစ်ရေး

လူငယ် လူရွယ်များမိန်းမခိုးခြင်း ယောက်ျား နောက်လိုက်ခြင်း များလုပ်လျှင် ဆွေပျက်မျိုးပျက် ဖြစ်ကုန်တတ် သောကာလဖြစ်ပါသည်။ အချစ်ရေးသမားများ အတွက် မမျှော်လင့်သော ပျော်ရွင်မှုများ ရရှိလာမည်။

မိမိအား အသိအမှတ်ပြု ဆက်ဆံလာခြင်းကို တွေ့ရမည်။ သို့သော် အသုံးချခံမဖြစ်ရလေအောင် ကိုယ်စိတ် နှစ်ပါး ထိန်းသိမ်းရန် လိုအပ်သည်။

ပျိူရွယ်သူများ မိမိဆန္ဒနှင့် တိုက်ဆိုင်မှု ဝေးကွာခြင်း ခဏခဏပေါ်လာမည်။ ဝေးကွာနေသူများ ပြန်လှန်ဆုံစည်းရကိန်းရှိသည်။

ထိုပြင် အိမ်ထောင်ရှင်မများကတော့ မိမိအိမ်ထောင်ဖက်တွေက သားသမီး အပူသောက၊ မိဘ၊ ညီအကိုမောင်နှမတွေကြောင့် အပူသောကများတတ်ပြီး အိမ်တွင်းရေး ပဋိပက္ခများတတ်သည်။

အမျိူးသားတွေ့ကတော့ အပြင် လောက သာယာလိုသူများ အတွက် ငွေကုန်လက်ပမ်းဖြစ်ရတတ်သည်။

ကျန်းမာရေးတွင် ချောင်းဆိုးခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ မီးယပ်ရောဂါ၊ သွေးအားနည်းခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းဖြစ်တတ်သည်။ မတော်တဆထိခိုက်မှုအန္တရာယ်ဖြစ်ခြင်း၊ ခွဲစိတ်ကုသရသော အနာရောဂါများ ခံစားရတတ်သည်။

အစွဲပယောဂ၊လူပယောဂများ စွဲကပ်တတ်သည်။ ကြိုတင်၍ ကျန်းမာရေးလိုက်စားသင့် အထူးသဖြင့် ယောဂကျင့်စဉ်များ ပြုလုပ်ရန်သင့်တော်သည်။

ယုံကြည်ရာဘာသာတရား အတိုင်းအပတ်စဉ်၊ လစဉ်၊ ဒါန ကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်ပြု လုပ်ပါ။

အလွန်ထင်ပေါ်ကျော်ကြားနေသူ တနင်္လာဖွားများအတွက် ရန်သူ၏ တိုက်ခိုက် ဖျက်စီးခြင်းခံရတတ်သည်။

ကိုယ်ပိုင်လုပ်ငန်းရှင် သူဌေးများ အရပ်ရှစ်မျက်နှာမှ တိုက်ခိုက်သော အန္တရယ်များကို သက်တော်စောင့်များဖြင့် ကြိုတင်ကာကွယ်ထားရှိမှသာ သင့်တော်သည်။

အထူး စာချုပ်ချုပ်ဆိုခြင်း၊ အာမခံခြင်းကိစ္စများ တတ်နိုင်သမျှ ရှောင်ပေးရမည်။ အမှားတစ်ချက်ကြောင့် ဘဝတစ်သက် မှောက်ရတတ် အခွင်အရေးများ ဆုံးရှုံးရတတ်သည်။

ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါ၏။ ပစ္စည်းမငှါးရမ်းပါနှင့် ဆုံးသွားလိမ့်မည်။

အထူးသဖြင့် ဤနှစ် တနင်္လာသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် စဉ်းစာဆင်ခြင်ပြီးသတိနှင့် လုပ်ကိုင်သင့်၏။

အထူးသဖြင့် ဤနှစ် တနင်္လာသားသမီးတို့သည် လုပ်ငန်းကိစ္စရပ်များ အတွက်တော့ “သောကြာ ,စနေ” ထိုနေနံသား သမီးများနှင့် ဆောင်ရွက်ခြင်းများ၊ ခရီးသွားရာတွင် အထူးသတိထားသင့်သည်။

ထီထိုးရန် အကျိူးပေး အက္ခရာနှင့် ဂဏန်း- {ဈ၊၊ည၊ဇ၊} {၄,၂,၉,၁} ၄ အစ, ၄, ၁အဆုံး ထီထိုးပေးပါ။

အကျိူးပေးအက္ခရာ -{ဈ၊၊ည၊ဆ၊ဇ၊ }

အကျိူးပေးဂဏန်း-{၄,၂,၉,၁}

အကျိူးမပေးနေနံ-{“သောကြာ,စနေ”}

အကျိူးပေးအရောင်- အဖြူရောင်,ပန်ရောင်

အကျိူးမပေးအရောင်- အနီ၊ အညိုရောင်

ဆောင်ရန်- အဖြူရောင် ပုလဲ

ယတြာ – မိမိမွေးနေ့တွင် ဇွန်ညွှန့်၊ခရေညွှန့်၊ဂန္ဓာပန်းအဖြူ ရောင်(၁၅)ပွင့်နှင့်ဆီမီးသက်စေ့ပူဇော်ပေးပါ။ သရက်သီး၊ သင်္ဘောသီးတို့ကိုစိပ်၍ဆွမ်းတော်ကပ်လှူ ဆုတောင်းပါ။

ဆရာသန်းလင်းအောင်

Myanmar Wedding Guide

Some text some message..