နိုဝင်ဘာလ ၁၉ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်
lotaya.mpt.com.mm
|
2018-11-18

ဆရာမ ဒေါက်တာဒေါ်စောယုနွယ် ဟောစာတမ်း


နေ့စွဲ၊ ၁၉-၁၁-၂၀၁၈


နိုဝင်ဘာလ ၁၉ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘဝတွက်တာ ဗေဒင်ကို နိုဝင်ဘာလ ၁၉ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

မည်သည့်လတွင်မဆို (၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအဆင့်မြင့်ပညာများ သင်ကြားရတတ်ပါတယ်။အဖွဲ့အစည်းအတွင်း လူငယ်ချင်းအပြန်အလှန် နားလည်မှုရတတ်တဲ့ကာလဖြစ်ပါ တယ်။အိမ်ထောင်ဖက်များအချင်းချင်း ပြေလည်သောကာလ၊ နားလည်မှုယူသင့်သောကာလ ဖြစ်ပါတယ်။အရာရာကို လက်ခံပြီးအဆင်ပြေအောင် ပူးပေါင်းလုပ်ဆောင်သင့်တဲ့ ကာလလည်းဖြစ်ပါတယ်။ သို့မဟုတ်ပါက ဝိုင်းပယ်ခြင်းကို ခံရတတ်ပါတယ်။ ကိုယ်တိုင်ပါဝင် ပတ်သက်ပြီး နည်းလမ်းအသစ်များအကြံÓဏ်ပေးနိုင်လျှင် သင့်အတွက် တကယ့်ကိုအကောင်းဆုံး လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ ရေချိုးမှားတတ်သဖြင့် ဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၁, ၆ ကံကောင်းသောအရောင် ။ ။ ပန်းနုရောင်

ယတြာ ။ ။အကောင်းတွေ ပိုကောင်းလာစေရန်အိမ်ကဘုရားမှာ ပေါင်မုန့်ကပ်လှူ ဆုတောင်းပါ။

မည်သည့်လတွင်မဆို (၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအဖို့ မိမိချစ်သူထံမှအကြင်နာအယုအယများ ရရှိလိမ့်မည်။ မိမိ၏လုပ်ငန်းပိုင်းဆိုင်ရာ၌အခက်အခဲမရှိအောင်မြင်စွာ ကျော်လွှားနိုင်လိမ့်မည်။ ပြည်ပရပ်ဝေးနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းကိစ္စများ ထူးခြားစွာအောင်မြင်မှုရရှိလိမ့်မည်။ မိမိ၏လုပ်ငန်းများ ပိုမိုကောင်းမွန်လာသလို ဝင်ငွေနှင့် စုဆောင်းငွေများလည်း တိုးပွားလာမည်။ မိခင်ရှိခဲ့ရင်တော့ ကျန်းမာရေးအနည်းငယ်ဂရုစိုက်လိုက်ပါ။ ပညာရေးအနေဖြင့် မိမိမျှော်မှန်းထားသလိုအောင်မြင်မှုရနိုင်ချိန်လည်း ဖြစ်တတ်ပါတယ်။ ပြည်ပရပ်ဝေး ပညာသင်ခရီးအနေဖြင့်အနည်းငယ် ထစ်ငေါ့နေတတ်ပါတယ်။ နှစ်ခါလုပ်မှအောင်မြင်မှုပိုရရှိတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ဘက်ကြောင့် စိတ်ပျော်ရွှင်စရာများနှင့် ကြုံတွေ့ရတတ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၁, ၆, ၃ ကံကောင်းသောအရောင် ။ ။အညိုရောင်

ယတြာ ။ ။ မိမိနေအိမ်ဘုရားမှာ ထောပတ်ထမင်းနှင့် ကော်ဖီကပ်လှူပါ။

မည်သည့်လတွင်မဆို (၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ

ဒီရက်မှာ ငယ်ရွယ်သူများ ချစ်သူသစ်နှင့် ဆုံခွင့်ရမည်။ မိတ်ဆွေသစ်များထံမှအကူအညီ ရတတ်ပါတယ်။ ပညာအသစ်များလည်း သင်ရတတ်ပါတယ်။အောက်လက်ငယ်သားများနှင့်တော့ စကားများရတတ်ပါတယ်။ စက်ပစ္စည်းနဲ့အကျိုးမပေးနိုင်သလို၊အစာမှား ဆေးမှားလည်း ဖြစ်တတ်ပါတယ်။ လုပ်သမျှ တလွဲတချော် ဖြစ်နေပြီး ပတ်ဝန်းကျင်အပေါ်မှာအမြင်မကြည်လင်တာမျိုး ဖြစ်နေတတ်ပါတယ်။ လုပ်ငန်းများလည်း မတိုးချဲ့သင့်သေးပါဘူး။အကောင်းတွေ ပိုင်ဆိုင်နိုင်ဖို့ ခဏလေးစောင့်ပါ။ ကျန်းမာရေးအနည်းငယ်ညံ့နေမည်။

ကံကောင်းသောနံပါတ် ။ ။ ၁, ၃, ၅, ၉ ကံကောင်းသောအရောင် ။ ။ ချောကလက်ရောင်

ယတြာ ။ ။အညံ့လေးတွေ ပြေပျောက်ပြီးအကောင်းလေးတွေ ပိုကောင်းလာစေရန် စာကလေးခွေကို ခွေးကျွေးပြီး ဆုတောင်းပါ။

မည်သည့်လတွင်မဆို (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများ ရုတ်တရက်အိမ်ထောင်ကျကိန်း ပေါ်ပေါက်တတ်သည်။ စက်ပစ္စည်းနှင့်ပတ်သက်၍ လုပ်ငန်းလုပ်ကိုင်သူများအကျိုးထူး ခံစားရရှိမည်။ ဆွေမျိုးကံကောင်းသော ကာလလည်းဖြစ်ပါသည်။ စာမေးပွဲ၊အင်တာဗျူး ဖြေဆိုထားသူများအောင်မြင်မည်။ စိန်၊ မြ၊ ဥဿဖရား လက်ဆောင်ရတတ်သည်။အိပ်ရာ မကြာခဏ ပြောင်းအိပ်ရကိန်းမျိုးကြုံမည်။အိမ်ထောင်ရှင်များ မိမိခင်ပွန်း ကျန်းမာရေးကို ဂရုစိုက်ပါ။ လုပ်ငန်းလုပ်ရန် ရည်ရွယ်ထားသူများအဆင်ပြေမည်။

ကံကောင်းသောနံပါတ် ။ ။ ၁, ၃, ၅, ၉ ကံကောင်းသောအရောင် ။ ။ ကြေးနီရောင်

ယတြာ ။ ။ မိမိနေအိမ်ကဘုရားမှာအင်္ဂါနေ့တွင် စမူဆာ ကပ်လှူပါ။

မည်သည့်လတွင်မဆို (၅၊ ၁၄၊ ၂၃) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေး မိမိချစ်သူနှင့် လမ်းခွဲရတတ်သည်။အကောင်းတွေ တစ်ခုပြီးတစ်ခုအကြောင်းမကြားဘဲ ဆက်တိုက်ဆိုသလို ရောက်လာမှာဖြစ်ပါတယ်။ ပြည်ပမှအဆက်အသွယ်ကောင်း၊ သတင်းကောင်းများလည်း ကြားရတတ်ပါတယ်။ လူကြီးများ ကူညီ၍ ရာထူးတက်ခြင်း၊အိမ်ထောင်ဘက်၏အကူအညီရခြင်းများ ကြုံရမယ့်ကာလလည်း ဖြစ်ပါတယ်။အနာဂါတ်ကို ယုံကြည်ပြီး ရဲရဲတင်းတင်း စတင်လျှောက်လှမ်း သင့်တဲ့ကာလ ဖြစ်ပါတယ်။ သွေးနဲ့ ပတ်သက်သော ဝေဒနာ ခံစားရတတ်ပါတယ်။ ကျန်းမာရေးကောင်းသောအချိန်ကာလဖြစ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၂, ၃, ၆ ကံကောင်းသောအရောင် ။ ။အနီရောင်

ယတြာ ။ ။အကောင်းလေးတွေ ပိုကောင်းလာစေရန်အိမ်ကဘုရားမှာ သီဟိုဠ်စေ့လှော် ကပ်လှူဆုတောင်းပါ။

မည်သည့်လတွင်မဆို (၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူတွေအဖို့ လက်ရှိချစ်သူနှင့် မကြာမီအိမ်ထောင်ကျကိန်းရှိသည်။ လုပ်ငန်းတစ်ခုကို ကိုယ်တိုင်သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း၊အစုရှယ်ယာဖြစ်စေ၊ ပေါင်းဖက်လုပ်ကိုင်ရခြင်းမျိုး ကြုံရတတ်သည်။အခွင့်အရေးများ ပြန်လည်ရရှိတတ် ပါသည်။အလုပ်ကြောင့်ရော ကံကြောင့်ပါ ဝင်ငွေကောင်းနေတတ်ပါသည်။ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ လက်ဆောင်ရတတ်ပါသည်။ ကျောက်အဖြူကို ဆောင်ထားပါ။ ခရီးသွားလုပ်ငန်း၊အကျိုးဆောင်လုပ်ငန်း၊ ရှေးဟောင်း ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများကို ပြုလုပ်ပါကအောင်မြင်ကျော်ကြားတတ်သည်။ ပညာရေးအောင်မြင်မှုရရှိပေလိမ့်မည်။ နိုင်ငံရပ်ခြား သွားရတတ်သည်။ သားသမီး၏ ကျန်းမာရေးအတွက် ပူပန်ရတတ်သည်။ ကျန်းမာရေးမှာ လေပွ၊အစာမကြေခြင်းမျိုးတွေလောက်ပဲ ခံစားရတတ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၉, ၂, ၄ ကံကောင်းသောအရောင် ။ ။ ဆင်ဆွယ်ရောင်

ယတြာ ။ ။ မိတ်ဆွေတစ်ဦးကို ဒံပေါက်ဝယ်ကျွေးပါ။

မည်သည့်လတွင်မဆို (၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူတွေအဖို့ ချစ်သူနှင့် နီးစပ်ရန် စောင့်ရပေဦးမည်။ လောလောဆယ် တွေ့ကြုံနေရသောအိမ်ကိစ္စ၊ မြေကိစ္စရောင်းဝယ်မှု၊ လွဲှပြောင်းမှု မှန်မှန်ကန်ကန် ဖြစ်သွားလိမ့်မည်။ လူအများနှင့် ဆက်စပ်ပတ်သက်နေသောသူများအထူး သတိပြုသင့်သောအချိန်ဖြစ်သည်။ လိုက်လျောညီထွေ နေတတ်အောင်နေပါ။ သည်းခံခွင့်လွှတ်စိတ် မွေးပါ။ ငွေကြေးကျပ်တည်းသွားမည်။ လုပ်ငန်းနေရာ၊ နေရာဆိုင်ခန်း၊ ဆိုင်ခန်းပြောင်းလဲရမည်။အလှူတစ်ခု ပြုလုပ်ရလိမ့်မည်။ နည်းနည်းလုပ်မယ်ဆိုပြီး များများဖြစ်သွားပါလိမ့်မယ်။အိပ်ရာပြောင်းအိပ်လိုက်ပါကအညံ့အခိုက်တွေ ပြေပျောက်သွားပါလိမ့်မည်။ ရေဝေးမြေခြား ခရီးရှည်သွားရကိန်းကြုံမည်။ ပညာ၊အမွေကိစ္စ စကားပြောရတတ်သည်။ မိသားစုထဲမှအကြီးအကဲ ကျန်းမာရေးပူပင်ရလိမ့်မည်။ ကျန်းမာရေး ကောင်းပါတယ်။ မတော်တဆ ထိခိုက်ဒဏ်ရာ ဂရုစိုက်လိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၃, ၂, ၄ ကံကောင်းသောအရောင် ။ ။ ငွေရောင်

ယတြာ ။ ။ မိတ်ဆွေတစ်ဦးကို ကြက်သားကောက်ညှင်းထုပ် ဝယ်ကျွေးပါ။

မည်သည့်လတွင်မဆို (၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ

ဒီရက်မှာ ငယ်ရွယ်သူတွေအဖို့မူအချစ်ရေးတွင်အဆင်ပြေမလိုလိုနှင့် ခွဲခွာရတတ်သည်။ လုပ်ငန်းအကြံအစည်များ ထွန်းပေါက်အောင်မြင်တတ်သည်။ လုပ်ငန်းတွင် မိမိတစ်ဦးတည်း လုပ်ကိုင်သည်ထက် စုပေါင်းလုပ်ငန်းဖြစ်စေ၊အစုရှယ်ယာလုပ်ငန်းဖြစ်စေ ပူးပေါင်း လုပ်ဆောင်သင့်သော ကာလဖြစ်သည်။ နိုင်ငံခြားကုမ္ပဏီလုပ်ငန်းများကလည်းအကျိူးတူပူးပေါင်းရန် လာရောက်ဆက်သွယ်တတ်သည်။ ဆေးဝါးလုပ်ငန်း၊ စက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊အကျိုးဆောင် လုပ်ငန်းများကို ပြုလုပ်ပါကအောင်မြင်ကျော်ကြားတတ်သည်။ လူကြီးမိဘနှင့် ပတ်သက်၍ ငွေကြေးကိစ္စပေါ်တတ်သည်။ ပညာရေးနှင့်အောင်မြင်မှုရသော ကာလဖြစ်သည်။ ကျန်းမာရေးမှာ မျက်စိဝေဒနာ ခံစားရတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၆, ၅, ၂ ကံကောင်းသောအရောင် ။ ။ လိမ္မော်ရောင်

ယတြာ ။ ။ မိတ်ဆွေတစ်ဦးကို ဆီချက်ခေါက်ဆွဲဝယ်ကျွေးပါ။

မည်သည့်လတွင်မဆို (၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူတွေအဖို့ ချစ်သူနှစ်ဦး ပျော်ရွှင်ရမည့်ကာလဖြစ်ပါသည်။ လုပ်ငန်းသစ်တွေ စတင်လုပ်ကိုင်တာ လုပ်ငန်းပြောင်းတာတွေ ကောင်းပါ တယ်။ ခရီးကိစ္စအောင်မြင်မယ်။ သတင်းကောင်းကြားရတတ်သည်။ ရပ်ဝေးမှ ဆွေမျိုးများ ရောက်လာတတ်သည်။ ဆောင်ရွက်ဆဲ ကိစ္စတစ်ခုအဆုံးမသတ်ဘဲ တိုးလိုးတန်းလန်းဖြစ်နေတတ်သည်။ ကံဇာတာ ကောင်းနေသောအချိန်ကာလဖြစ်သည်။ နှစ်ဖက်မိဘများနှင့် ပျော်ရွှင်စွာ ခရီးဝေးသွားရမယ်၊ ကျန်းမာရေးမှာ ခြေထောက်အောက်ပိုင်း ထိခိုက်ဒဏ်ရာရတတ်သည်။အိမ်ထောင်သည်တွေအတွက်မူ ချစ်ချစ်ခင်ခင်ဖြင့် ပျော်ရွှင်ငြိမ်းချမ်းနေပေလိမ့်မည်။

ကံကောင်းသောနံပါတ် ။ ။ ၉, ၆, ၄ ကံကောင်းသောအရောင် ။ ။အပြာနုရောင်

ယတြာ ။ ။ မိတ်ဆွေတစ်ဦးကို ကော်ပြန့်ကြော် ဝယ်ကျွေးပါ။




Some text some message..