နိုဝင်ဘာလ ၁၉ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
lotaya.mpt.com.mm
|
2018-11-19




နိုဝင်ဘာလ ၁၉ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း

လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စသည့် ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။အခုလည်း နိုဝင်ဘာလ ၁၉ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကို ဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါလားနော်။


မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀)အတွင်းမွေးဖွားသူများ

အချစ်ရေးမှာတော့ ချစ်သူရဲ့ သစ္စာဖောက်ခြင်းကို ခံရမှာဖြစ်ပြီး စိတ်လိုက်မာန်ပါ လမ်းခွဲမှုမျိုး ကြုံလာရတတ်ပါတယ်။ ဒီနေ့မှာ လုပ်ငန်းသစ်စတင်တာမျိုး တိုးချဲ့တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအလုပ်နေရာပြောင်းရွှေ့ခံရကိန်းရှိပြီး စိတ်ညစ်ရတတ်ပါတယ်။အိမ်တွင်းရေးအိမ်ထောင်ရေးမှာ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီးအနည်းငယ် ဆူပူနေပါလိမ့်မယ်။အိမ်ရှိ ကြီးကဲသူတစ်ဦး ကျန်းမာရေးညံ့တတ်လို့ သတိပြုပေးလိုက်ပါ။ မိသားစုထဲမှာ မင်္ဂလာကိစ္စဆောင်ရွက်ရကိန်းရှိပြီး ကျန်းမာရေးအနေနဲ့ ဗိုက်အောင့်၊ လေနာရောဂါဖြစ်ပွားတတ်ပါတယ်။

ယတြာ - ခရီးသွားမည့်သူတစ်ဦးကို ခရီးစရိတ်လှူဒါန်းပေးပါ။


ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများ

စီးပွားရေးပိုင်းမှာတော့အရှေ့ပိုင်းမှာ ကြုံခဲ့တဲ့အခက်အခဲတွေက လက်ရှိအနေအထားကို ပိုကောင်းအောင် ပံ့ပိုးပေးတဲ့အချက် ဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာ စီးပွားရေးပြန်လည်ကောင်းမွန်လာမှာဖြစ်ပြီး ဝင်ငွေတိုးလာမယ့်အချိန်ဖြစ်ပါတယ်။ လုပ်ငန်းတိုးချဲ့တာ ထီကံစမ်းပေးတာမျိုးလည်း လုပ်ဆောင်သင့်ပါတယ်။အိမ်ရှိ ကြီးကဲသူတစ်ဦး ဆေးရုံရုတ်တရက် တက်ရတတ်ပါတယ်။အလုပ်ရှင်နဲ့ လုပ်ငန်းတူတွေရဲ့အကူအညီရရှိတတ်ပြီး လုပ်ငန်းစပ်တူလုပ်ကိုင်မှုတွေကနေအောင်မြင်မှု ရရှိပါလိမ့်မယ်။အချစ်ရေးစန်းပွင့်နေပြီးအိမ်ထောင်သည်တွေကတော့ တကျက်ကျက်ဖြစ်နေပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ လေရောဂါသတိပြုသင့်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် ရွှေရင်အေး ကပ်လှူပေးပါ။


မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ ကိုယ်လုပ်ကိုင်ရမယ့် လမ်းကြောင်းကို တွေဝေနေတတ်ပြီးအလုပ်သစ်ပြောင်းလဲလိုစိတ်တွေလည်း ဖြစ်ပေါ်နေပါလိမ့်မယ်။ ကွဲကွာနေတဲ့ မိသားစု၊ ဆွေမျိုးမိတ်ဆွေတစ်ချို့နဲ့ ပြန်လည်ဆုံတွေ့ရကိန်းရှိပြီးအရင်က ကိုယ့်အပေါ်အကောင်းမမြင်သူတွေကလည်း ကောင်းမွန်စွာ ဆက်ဆံလာမယ့်အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့အာရုံကြောအားနည်းတတ်ပါတယ်။ ရည်မှန်းထားတဲ့ လုပ်ငန်းချဲ့ထွင်မှုတွေရှိရင် ဒီနေ့မှာ စတင်အကောင်အထည်ဖော်လိုက်ပါ။ တစ်ယောက်တည်းလုပ်ကိုင်တာထက်အုပ်စုနဲ့လုပ်ကိုင်တဲ့ ရလဒ်တွေက ကောင်းကျိုးပိုရနိုင်တဲ့ နေ့ရက်ပါပဲ။အချစ်ရေးအဆင်မပြေမှုလေးတွေရှိနေပြီး ဒေါသရှေ့ထားဖြေရှင်းတာမျိုးထက် ဒီပြဿနာတွေရဲ့အရင်းခံကို သေချာဆန်းစစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။


ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂)အတွင်းမွေးဖွားသူများ

လုပ်ငန်းကိစ္စတွေအားလုံးအောင်မြင်နေမယ့်နေ့ရက်ပါပဲ။ ဒီနေ့မှာ လုပ်ငန်းတိုးချဲ့မှုတွေပြုလုပ်ဖို့ သင့်တော်ပြီး မိသားစုရေး၊အချစ်ရေးအားလုံး စိတ်ချမ်းသာနေပါလိမ့်မယ်။ ကုန်စိမ်းဒိုင်၊ ဆန်စပါးဒိုင်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး လုပ်ငန်းကနေ ငွေဝင်များနေပါလိမ့်မယ်။ ပျိုရွယ်သူတွေအနေနဲ့ စန်းပွင့်နေချိန်ဖြစ်ပြီးအိမ်ထောင်သည်တွေအတွက်လည်းအိမ်ထောင်ရေး သာယာနေမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ လစာ၊ ရာထူး တိုးတက်ခြင်းများကြုံရမှာဖြစ်ပြီး ပညာရေးတစ်ဆင့် မြင့်မယ့် သင်တန်းမျိုးတက်ရောက်ရတတ်ပါတယ်။ ကျန်းမာရေးကတော့အစာအိမ်ရောဂါသတိပြုရပါမယ်။

ယတြာ -အိမ်ရှိဘုရားတွင် ထီးဖြူ ၉ လက်လှူဒါန်းပေးပါ။


သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃)အတွင်းမွေးဖွားသူများ

လုပ်ငန်းတိုးချဲ့ရကိန်းရှိပြီး ထီပေါက်သလို ငွေဝင်နေပါလိမ့်မယ်။အလှူအတန်းပြုရကိန်းလည်း ရှိပြီးအိမ်အနီးအနားမှာအလှူရှိရင် တတ်နိုင်သလောက် ပါဝင်လိုက်ပါ။အိမ်ထောင်ပရိဘောဂအသစ်ဝင်ကိန်းရှိပြီး ဝင်လျှင်ကောင်းမွန်ပါတယ်။ စပ်တူရှယ်ယာလုပ်ငန်းလုပ်ကိုင်မိပါက ငွေကြေးအခက်အခဲကြုံရတတ်ပြီးအရှုံးပေါ်တတ်လို့ သတိပြုရပါမယ်။ သူတစ်ပါးကိစ္စတွေမှာ ကြားဝင်ဖြေရှင်းရတတ်ပြီး နာမည်ကောင်းရတတ်ပါတယ်။အိမ်နေရာထိုင်ခင်းအသစ်ပြောင်းရွှေ့ရကိန်းလည်း ရှိနေပါတယ်။ ဆေးဘက်ဆိုင်ရာနဲ့ ပတ်သက်တဲ့လုပ်ငန်း ဆေးဝါးလုပ်ငန်းရှင်များ ကောင်းမွန်နေပြီးအချစ်ရေးအိမ်ထောင်ရေးလည်း သာယာနေပါတယ်။ ကျန်းမာရေးအနေနဲ့အဆုတ်အအေးပတ်တတ်ပါတယ်။

ယတြာ - ငါးစာကျွေးပါ။


ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

ပညာရေး၊ ကျန်းမာရေးပိုင်းကတော့ ကောင်းမွန်နေတဲ့နေ့ရက်ပါပဲ။ ဒီရက်ပိုင်းမှာ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေပါပြီး လုပ်ကိုင်သမျှ လုပ်ငန်းကိစ္စတွေကလည်းအဆင်မပြေမှုတွေကြုံနိုင်ပါတယ်။ ဒါပေမယ့် လူမျိုးခြားရဲ့ ကူညီမှုနဲ့အဆင်ပြေပါလိမ့်မယ်။အချစ်ရေးအနည်းငယ်ညံ့နေပြီးအိမ်ထောင်သည်တွေလည်း တကျက်ကျက်ဖြစ်နေပါလိမ့်မယ်။ ချစ်သူမရှိသေးသူတွေကတော့ တစ်ယောက်တည်းပဲ ဆက်ရှိနေဦးမယ့်အချိန်ပါပဲ။ နယ် ဒါမှမဟုတ် ပြည်ပလုပ်ငန်းခွဲရှိသူတွေအနေနဲ့အထူးကောင်းမွန်တဲ့နေ့ရက်ဖြစ်ပါတယ်။ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ကိုင်သူများအထူးကောင်းမွန်နေပြီး ပညာရေးအတွက် သင်တန်းအသစ်တွေတက်ရောက်ရကိန်းရှိနေပါတယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးကိန်းရှိပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်လုံးအာရုံကြောထိခိုက်တတ်ပါတယ်။

ယတြာ - ဘုရားမှာ သရက်သီး ကပ်လှူပေးပါ။


တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၃)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ သင်ဘာပဲလုပ်လုပ်အောင်မြင်နေပါလိမ့်မယ်။ စီးပွားရေး၊ လူမှုရေးအားလုံးအဆင်ပြေနေပြီး လက်အောက်ငယ်သားတွေရဲ့ ထောက်ပံ့မှုနဲ့ ရာထူးစည်းစိမ် တိုးတက်ပါလိမ့်မယ်။အချစ်ရေးအိမ်ထောင်ရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ လုပ်ငန်းခွင်အတွင်း စိတ်အပြောင်းအလဲမြန်သူတွေနဲ့ ကြုံရမှာဖြစ်ပြီး ဒီအတွေ့အကြုံတွေကနေပဲ လုပ်ငန်းတိုးတက်မှု ရရှိပါလိမ့်မယ်။ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့်အလုပ်ရှင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှု ရရှိနိုင်ပါတယ်။ မိသားစုကိုလည်းအချိန်ပေးပြီး ဂရုစိုက်ပေးသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်ရောဂါ သတိပြုသင့်ပါတယ်။

ယတြာ - သက်ကြီးရွယ်အိုများအား ဆေးဝါးလှူဒါန်းပေးပါ။


ဗြိစ္ဆာရာသီ(Scorpio) -အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

လုပ်ငန်း ကိစ္စတွေမှာ စဉ်းစားဆင်ခြင်မှုအားနည်းပြီး လုပ်ကိုင်လိုက်တာတွေက ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်အမျိုးသမီးကြီးတစ်ဦးရဲ့ ကူညီမှုနဲ့အစစအရာရာအောင်မြင်သွားပါလိမ့်မယ်။ ငွေကြေးပိုင်းဆိုင်ရာမှာ ကောင်းမွန်နေပြီး ငွေဝင်များနေမယ့်အချိန်ပါပဲ။ သူတပါး နားမထောင်ချင်တဲ့ စကားတွေကို ဆက်တိုက်ပြောမိနေတတ်တဲ့အချိန်ဖြစ်လို့ ဖြစ်နိုင်ရင် ဒီနေ့မှာ နားထောင်သူပဲလုပ်ပြီး စကားသိပ်မပြောတာက ပိုအဆင်ပြေပါလိမ့်မယ်။အချစ်ရေးမှာလည်း စေ့စပ်ကြောင်းလမ်းထားသူတွေတောင် ပျက်နိုင်တဲ့အချိန်ဖြစ်ပါတယ်။အချစ်ရေးရဲ့ သက်ရောက်မှုက လူမှုရေးနဲ့ စီးပွားရေးကိုပါ ထိခိုက်နိုင်တာကြောင့် ချစ်သူအပေါ် စိတ်ရင်းနဲ့ ဆက်ဆံပေးတာကအကောင်းဆုံးလို့ဆိုပါရစေ။ မိသားစုနဲ့အိမ်တွင်းရေး ပြဿနာတွေ ဒိုင်ခံဖြေရှင်းနေရမှာဖြစ်ပြီး သင်ပြုလုပ်သမျှကိုအားလုံးကအဆိုးမြင်နေမယ့် နေ့ရက်ပါပဲ။ ကျန်းမာရေး ၊ ပညာရေးလည်း သိသိသာသာ ညံ့နေပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် သပြေပန်း ကပ်လှူပေးပါ။


ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ ဘယ်လုပ်ငန်းကိုမှ တိုးချဲ့လုပ်ကိုင်တာမျိုး မလုပ်ဘဲ ငြိမ်ငြိမ်လေးနေတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒီရက်ပိုင်းမှာ လူမှုရေးပိုင်းအရှုတ်အရှင်းတွေဖြစ်လာတတ်ပြီးအချစ်ရေးလည်း ညံ့နေပါတယ်။ ချစ်သူကဖောက်ပြန်သွားတတ်သလို မိမိကိုယ်တိုင်လည်းအချစ်သစ်လည်း တွေ့လာနိုင်တဲ့အချိန်ပါပဲ။ ဘယ်လိုပြဿနာကိုမဆို ကိုယ့်အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်တာမျိုးထက်အားလုံးရဲ့အကြံဉာဏ်နဲ့ဆုံးဖြတ်မယ်ဆိုရင် ဆုံးရှုံးမှုနည်းနိုင်မှာဖြစ်ပါတယ်။ နိုင်ငံခြားခရီးသွားရကိန်းရှိပြီး လူမျိုးခြားအကူအညီရရှိလာပါလိမ့်မယ်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ ရေသန့်လုပ်ငန်းများကောင်းမွန်နေပါတယ်။ ပညာရေးကျန်းမာရေး ပုံမှန်ပဲ ရှိနေပါတယ်။

ယတြာ - ဘုရားတွင် ကောက်ညှင်းပေါင်း ကပ်လှူပေးပါ။


မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ လုပ်ငန်းသစ်စတင်ဖို့အကောင်းဆုံးအချိန်ပါပဲ။ သင့်ရဲ့အကြံဉာဏ်တွေကလည်း ဒီအချိန်မှာအကောင်းဆုံး ဖြစ်နေမှာဖြစ်သလို လုပ်ငန်းခွင်အောက်လက်ငယ်သားတွေကလည်း သင့်ရဲ့အောင်မြင်မှုကို ပံ့ပိုးပေးပါလိမ့်မယ်။ ချစ်သူရဲ့ လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးခြင်းဖြင့်လည်း သူ့ရဲ့ ယုံကြည်ကိုးစားမှုကို ပိုမိုရရှိပြီးအချစ်ရေးအဆင်ပြေပါလိမ့်မယ်။ လူတိုင်းကသင့်အပေါ်အကောင်းမြင်နေမှာဖြစ်ပြီး မိသားစုနဲ့ မိတ်ဆွေတွေရဲ့အခက်အခဲတွေကိုလည်း ကူညီခွင့်ကြုံမှာဖြစ်ပါတယ်။ ဆောက်လုပ်ရေးနဲ့အိမ်အလှဆင်ပစ္စည်းရောင်းဝယ်လုပ်ကိုင်သူများအကျိုးများနေပြီး ကျန်းမာရေးအနေနဲ့ ခြေထောက်ပိုင်းဆိုင်ရာ ထိခိုက်မိတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် မုန့်ဆီကြော် ကပ်လှူပေးပါ။


ကုမ်ရာသီ (Aquarius) - ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈)အတွင်းမွေးဖွားသူများ

အချစ်ရေးကောင်းမွန်နေပြီး ဒီနေ့မှာ လုပ်ငန်းပိုင်းဆိုင်ရာအောင်မြင်မှုတွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။ စိတ်ညစ်စရာတွေ ဝေးနေမှာဖြစ်ပြီး လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်မှုကြောင့် ဂုဏ်တက်မယ့် နေ့ရက်လည်း ဖြစ်ပါတယ်။အလုပ်အတွက် ရွေးချယ်စရာတွေထပ်မံပေါ်ပေါက်လာမှာဖြစ်ပြီး မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ဖို့ လူကြီးသူမတွေနဲ့ တိုင်ပင်သင့်ပါတယ်။ ချစ်သူနဲ့အိမ်ထောင်ဖက်ရဲ့ ထောက်ပံ့ကူညီမှုတွေ ရရှိနိုင်ပြီး လုပ်ဖော်ကိုင်ဖက်တွေကလည်း သင့်ကိုအစစအရာရာ ကူညီပေးပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ လေငန်းရောဂါသတိပြုသင့်ပါတယ်။

ယတြာ -အိမ်ရှိအဟောင်းအစုတ်များစွန့်ပစ်လိုက်ပါ။


မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ လုပ်သမျှအားလုံးအကောင်းပဲ ဖြစ်နေပါလိမ့်မယ်။ ချစ်သူရှိသူတွေအနေနဲ့ ချစ်သူနဲ့ ပိုမိုအဆင်ပြေချောမွေ့မှာဖြစ်ပြီး ချစ်သူမရှိသေးသူတွေလည်း စိတ်လှုပ်ရှားဖွယ်အချစ်ရေးတစ်ခု ကြုံကြိုက်ရမှာဖြစ်ပါတယ်။အိမ်ထောင်ကျကိန်းရှိတဲ့ နေ့ရက်တစ်ရက်ပါပဲ။ ဒီနေ့မှာ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ခရီးထွက်ရကိန်းရှိပြီး ဒီခရီးကနေ ကောင်းမွန်တဲ့ ရလဒ်တွေရရှိပါလိမ့်မယ်။ လုပ်ငန်း ကိစ္စတွေမှာလည်း မိတ်ဆွေ၊အပေါင်းအသင်းတွေရဲ့ ကူညီမှုနဲ့အရာရာအဆင်ပြေနေမယ့် ကာလပါပဲ။ ပညာရေးနဲ့ ကျန်းမာရေးပိုင်းမှာတော့အနည်းငယ်ညံ့နေပါတယ်။

ယတြာ -အိမ်ရှိဘုရားမှာ နှင်းသီး ကပ်လှူပေးပါ။

LEO




Some text some message..