နိုဝင်ဘာလ ၁၉ ရက်နေ့အတွက် ၇ရက်သားသမီးဗေဒင်
lotaya.mpt.com.mm
|
2018-11-19




နိုဝင်ဘာလ ၁၉ ရက်နေ့အတွက် ၇ရက်သားသမီးဗေဒင်


တနင်္ဂနွေ - တနင်္ဂနွေသားသမီး တွေအနေနဲ့ မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ မိမိအပေါ်အနှောက်အယှက်ပေးသူအားလုံးကိုအနိုင်ယူနိုင်မှာဖြစ်ပြီး နေရာဌာနအပြောင်းအလဲ ကြုံ၇ကိန်းလည်း ရှိနေပါတယ်။ လက်ရှိအရပ်ကနေ ပြောင်းရွှေ့ပြီး ပိုမိုအောင်မြင်နိုင်မယ့် ကာလပါပဲ။ ငွေကြေးကိစ္စများတွင် ကြားခံအာမခံခြင်းမျိုးမှတဆင့် နာမည်ပျက်တတ်လို့ သတိပြုသင့်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူကတစ်ဆင့်အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ စီးပွားရေး ကံကောင်းနေတဲ့အချိန်ဖြစ်ပြီး ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေအထူးကံကောင်းနေပါတယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။အချစ်ရေးသာယာနေပြီး ပညာရေး ကျန်းမာရေးပိုင်းလည်း ပုံမှန်ပဲ ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အရဟံဂုဏ်တော်ကို ပုတီးသက်စေ့စိပ်ပေးပါ။


တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ ငွေကြေးကံကောင်းနေပြီးအချစ်ရေး၊ ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေတာဖြစ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ ကြိုးစားမှုတွေအပေါ် မကောင်းကြံမယ့်သူတွေ ပေါ်ပေါက်ကြုံတွေ့ရတတ်ပါတယ်။ လူမှုရေးနဲ့ ဘာသာရေးဆိုင်ရာ လုပ်ငန်းများမှာလည်း ဝင်ရောက်ကူညီရတတ်ပြီး ဘာသာရေးနဲ့အလှူအတန်းများလည်း ပြုလုပ်နိုင်ပါလိမ့်မယ်။ ဆန်အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ကုန်စည်ရောင်းဝယ်ဖောက်ကားသူများအထူးကောင်းမွန်နေပြီးအထည်အလိပ်၊ ကျောက်မျက်လုပ်ငန်းရှင်များလည်း စီးပွားတိုးတက်အောင်မြင်နေမှာဖြစ်ပါတယ်။ တနင်္လာသားသမီးများနှင့် လက်တွဲလုပ်ကိုင်သည့် ကိစ္စရပ်များအောင်မြင်နိုင်ပြီး စပ်တူရှယ်ယာလုပ်ကိုင်ခြင်းများအကျိုးပေးပါလိမ့်မယ်။ ဆောက်လုပ်ရေးနဲ့အိမ်အလှဆင်ပစ္စည်းရောင်းဝယ်သူများ ကံကောင်းနေပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်နဲ့အူလမ်းကြောင်းရောဂါ သတိပြုရမှာဖြစ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ကံ့ကော်ပန်းကပ်လှူဆုတောင်းပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ လုပ်ငန်းအပြောင်းအလဲရှိနေပြီး လက်ရှိအလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စိတ်သဘောထားခြင်း မတိုက်ဆိုင်တာမျိုးတွေ ကြုံတွေ့ရတတ်တဲ့အချိန်ပါပဲ၊ ငွေကြေးပိုင်း စကားပြောဆို၊ လက်မှတ်ရေးထိုးမှုတွေအတွက် သတိပြုသင့်ပြီးအထက်အရာရှိ ဒါမှမဟုတ် လုပ်ငန်း စပ်တူလုပ်တဲ့သူတွေရဲ့အထင်အမြင်လွဲခြင်းကိုလည်း ခံရတတ်တဲ့ နေ့ရက်ပါပဲ။ နိုင်ငံခြားပညာတော်သင်လည်း သွားရတတ်ပါတယ်။ ပြည်တွင်း၊ ပြည်ပခရီးတစ်ခုကနေ လုပ်ငန်း နဲ့ပတ်သက်တဲ့အကျိုးအမြတ်တွေရရှိလာပါလိမ့်မယ်။အလုပ်ရှင်ရဲ့ မျက်နှာသာပေးမှု ခံရတတ်ပြီး လစာလည်း တိုးတတ်ပါတယ်။ နိုင်ငံရပ်ခြား သွားရောက်လုပ်ကိုင်သူများ ကံကောင်းမယ့် နေ့ရက်ပါပဲ။ ဝေးကွာနေသော မိတ်ဆွေများနဲ့ ပြန်လည်ဆုံတွေ့ရတတ်ပြီး လုပ်ငန်း တိုးချဲ့မှုအတွက်အဆိုပါ မိတ်ဆွေရဲ့အကူအညီရရှိတတ်ပါတယ်။အိမ်ခန်းဝယ်ဖို့ စိတ်ကူးထားသူများ ဒီအချိန်မှာဝယ်ရင်အဆင်မပြေဖြစ်ရပါလိမ့်မယ်။ ကျောက်မျက်ရတနာနဲ့ ရွှေ၊ ငွေဝင်ကိန်းရှိပြီး ဝင်လာလျှင်အိမ်ထောင်ဦးစီး ကျန်းမာရေးညံ့တတ်လို့ ဘုန်းကြီးကျောင်းမှာ ဆန်အိတ်လှူပေးပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှိဘုရားတွင် စပျစ်သီး ကပ်လှူဆုတောင်းပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့အသေးစားထိခိုက်မှုမျိုး ရှိနိုင်ပြီး စိုးရိမ်ရတဲ့အနေအထားမျိုးတော့ မရှိနိုင်ပါဘူး။ ငွေလိမ်ခံရကိန်းရှိနေပြီး ငွေပေးငွေယူကိစ္စတွေမှာ သတိထားသင့်ပါတယ်။အချစ်ရေးမှာ ထူးထူူးခြားခြား တိုးတက်မှုတွေ ကြုံရမှာဖြစ်ပြီး ချက်ချင်းဆုံးဖြတ်လုပ်ဆောင်လိုက်တာတွေကနေအကျိုးထူးရရှိစေနိုင်ပါတယ်။ ကုန်ပစ္စည်းသိုလှောင်ခြင်း ၊ ဆေးအရောင်းဆိုင်လုပ်ငန်းများအောင်မြင်နေပြီး ဆရာဝန်၊အဆိုတော်များအကျိုးများမယ့်အချိန်ဖြစ်ပါတယ်။ နိုင်ငံခြားနှင့် ဆက်သွယ်လုပ်ကိုင်ရသူများအဆင်ပြေနေပြီး မိတ်ဆွေကောင်းများရဲ့အကူအညီတွေလည်း ရရှိပါလိမ့်မယ်။ နိုင်ငံရပ်ခြားသွားလာရကိန်းလည်း ရှိပြီးအစုရှယ်ယာဝင်ခြင်း၊အလုပ်သစ်ပြောင်းလဲလုပ်ကိုင်ခြင်းများလည်းအကျိုးများမယ့်အချိန်ဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ တင်ဒါအောင်မြင်ပြီး စီးပွားတိုးတက်နိုင်သကဲ့သို့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းနယ်ပယ်နဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းသစ်ကိုလည်း လုပ်ကိုင်ရတတ်ပါတယ်။ လုပ်ငန်းသစ်ကနေလည်း ဝင်ငွေကောင်းမှာဖြစ်လို့ တိုးချဲ့လုပ်ကိုင်သင့်ပါတယ်။အချစ်ရေးကောင်းမွန်နေပြီး ကျန်းမာရေးအနေနဲ့ ပုံမှန်ပဲရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် လိုင်ချီးသီး ကပ်လှူပေးပါ။


ရာဟု - ရာဟုသားသမီးတွေအနေနဲ့ လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ ကိစ္စတွေမှာအထူးသတိထားလုပ်ဆောင်သင့်ပါတယ်။အလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံုးဖြတ်ထားသူတွေအနေနဲ့ ရှေ့တိုးလုပ်ဆောင်သင့်ပြီး လုပ်ငန်းပိုင်းဆိုင်ရာ ချောက်တွန်းတတ်သူတွေကို သတိပြုသင့့်ပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးကတော့ ပုံမှန်အနေအထားမှာ ရှိနေပြီး ပညာရေး၊ ကျန်းမာရေးပိုင်းအသင့်အတင့်ရှိနေပါတယ်။ ရပ်ဝေးမှ မိတ်ဆွေတွေရဲ့အကူအညီနဲ့ လုပ်ငန်းခွဲတွေ နယ်ဆိုင်ခွဲတွေ တိုးချဲ့လာနိုင်မှာဖြစ်ပြီး သောကြာသားသမီး ဒုက္ခပေးတတ်လို့ သတိပြုရပါမယ်။ စားသောက်ဆိုင်လုပ်ငန်း၊အလှကုန်လုပ်ငန်း ၊ ရေထွက်ကုန်လုပ်ငန်း လုပ်ကိုင်သူများအကျိုးများမယ့်အချိန်ဖြစ်ပြီး နိုင်ငံရပ်ခြား လုပ်ကိုင်နေသူတွေအနေနဲ့တော့ လုပ်ငန်းခွင်မှာအခက်အခဲကြုံရနိုင်ပါတယ်။ လုပ်ငန်းအောင်မြင်လာမှုနဲ့အတူ မနာလိုသူတွေလည်း ပေါများတတ်လို့ သတိပြုသင့်ပါတယ်။အောက်လက်ငယ်သား ဒုက္ခပေးတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခါးနာတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်အနီးနားဘုရားတွင် ရွှေသင်္ကန်းအတွက်အလှူငွေထည့်ဝင်ပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့အခက်အခဲမှန်သမျှ ကျော်လွှားနိုင်မှာဖြစ်ပြီးအတွေးအမြင်သစ်များကနေ ထူးခြားတဲ့ ကံကောင်းမှုတွေ ရရှိခံစားရပါလိမ့်မယ်။အချစ်ရေး၊ ပညာရေးကောင်းမွန်နေပြီး ပုံမှန်ထက်ငွေဝင်ခြင်းအဆင်ပြေခြင်းများ ကြုံတွေ့ရမယ့် နေ့ရက်တစ်ရက်ပါပဲ။ ယုံကြည်ရသူတစ်ဦးရဲ့ နောက်ကျောဓါးထိုးခံရကိန်းရှိပြီး ငွေကြေးပိုင်းဆိုင်ရာအလိမ်ခံရကိန်းလည်း ရှိနေပါတယ်။ ဝန်ထမ်းများအနေနဲ့အလုပ်ရှင်ရဲ့ ထောက်ပံ့ကူညီမှုနဲ့ လုပ်ငန်းအောင်မြင်တိုးတက်မှာဖြစ်ပြီး ကား၊အိမ်အရောင်းအဝယ်လုပ်ငန်းများလည်းအကောင်အထည်ပေါ်လာပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းပိုင်းမှာအခက်အခဲကြုံပြီးမှအောင်မြင်နိုင်လို့ စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်အတွင်း သောကြာ၊ ဗုဒ္ဓဟူး သားသမီးတွေရဲ့အကူအညီရရှိလာပါလိမ့်မယ်။အချစ်ရေးကံကောင်းနေပြီးအိမ်ထောင်သည်တွေလည်းအိမ်ထောင်ရေး သာယာနေပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့အာရုံကြောရောဂါ ဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ပေါက်စီ ကပ်လှူပေးပါ။


သောကြာ - ဒီနေ့မှာ သောကြာသားသမီးတွေအနေနဲ့ နိုင်ငံခြားခရီးသွားရကိန်းရှိပြီးအိမ်ခြံမြေကိစ္စအမွေကိစ္စနဲ့ စကားများတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဆုံးဖြတ်ချက်မှားတာမျိုးကြုံရနိုင်လို့ ဒီနေ့ရက်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ကြံစည်လုပ်ဆောင်ဖို့ မသင့်သေးပါဘူး။ ငွေပေးငွေယူ လက်လွန်တာတွေအတွက်အမှုအခင်းဖြစ်ကိန်းရှိလို့ ဘယ်လို ငွေအပေးအအယူမျိုးကိုမှ လုပ်ဆောင်ဖို့ မသင့်တဲ့ ကာလပါပဲ။ လုပ်ငန်းကနေ ငွေဝင်နေပေမယ့် လောင်းကစားကြောင့် ငွေဆုံးရှုံးတာမျိုး ဖြစ်တတ်လို့ သတိပြုသင့်ပါတယ်။အိမ်ထောင်ပရိဘောဂနဲ့အိမ်ရာအသစ်ဝင်ကိန်းရှိပြီး ဆွေမျိုးများနှင့်အမွေကိစ္စ စကားများရတတ်ပါတယ်။ ဝင်ငွေထက် ထွက်ငွေများနေမယ့် ကာလလည်းဖြစ်ပါတယ်။ ဒီနေ့မှာ စားသောက်ကုန်လုပ်ငန်း ၊အထည်အလိပ်လုပ်ငန်းရှင်တွေအထူးကောင်းမွန်နေပြီး လုပ်ငန်းတိုးချဲ့မှုတွေလည်းအဆင်ပြေနိုင်မှာဖြစ်ပါတယ်။ သောကြာသားသမီးတွေနဲ့ လုပ်ငန်းစပ်တူလုပ်ခြင်းဖြင့်အောင်မြင်နိုင်ပါတယ်။ ပညာရေး ၊ ကျန်းမာရေးကောင်းမွန်နေပြီးအချစ်ရေးလည်း ပုံမှန်ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှိဘုရားတွင် သရက်သီးမှည့် ကပ်လှူပေးပါ။


စနေ - ဒီနေ့မှာ စနေသားသမီးတွေအနေနဲ့ ဒီရက်ပိုင်းကနေစပြီးအကောင်းဘက်ကို ရောက်ရှိပြီလို့ ပြောနိုင်ပါတယ်။ ငွေကြေးကံကောင်းနေပြီး လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်လည်း လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ပညာရေး၊အချစ်ရေးအစစအဆင်ပြေနေမှာဖြစ်ပြီး ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက် မကြာခဏဖြစ်လေ့ရှိနေပါလိမ့်မယ်။ မမျှော်လင့်ပဲရုတ်တရက် ရာထူးတိုးခြင်း၊အကြီးအကဲဖြစ်ခြင်းမျိုး ကြုံရနိုင်ပါတယ်။ ဝန်ထမ်းဖြစ်ပါက နေရာဌာနအပြောင်းအလဲ ရှိနေပြီး နိုင်ငံရပ်ခြားအလုပ်သွားရောက်လုပ်ကိုင်နေသူများ နေရပ်သို့ ပြန်လာရကိန်းရှိနေပါတယ်။ ကျောက်မျက်ရတနာလုပ်ငန်း၊ ရွှေထည်လုပ်ငန်းများ ကောင်းမွန်နေပြီး လက်အောက်ငယ်သား သစ္စာဖောက်တတ်လို့ သတိပြုသင့်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး နိုင်ငံရပ်ခြားအထိ သွားရောက် ပညာသင်ရကိန်းရှိနေပါတယ်။အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူရကိန်းရှိပြီးအိမ်ထောင်သည်တွေအနေနဲ့ ကြားလူနှောင့်ယှက်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ သွားနာသွားကိုက် ဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ထမင်းသုပ် ကပ်လှူပြီး လိုရာဆုတောင်းပါ။


LEO




Some text some message..