ရာသီခွင်အလိုက် ကြုံတွေ့ရမယ့် ဖူးစာရှင်များ
trend.com.mm
|
2020-01-09

ကံတရားက ရွေးချယ်ပေးတဲ့ ကိုယ့်ချစ်သူပုံစံက ဘယ်လိုလေးများလဲ။ ရာသီခွင်အလိုက် ပိုင်ဆိုင်ရမယ့် ချစ်သူပုံစံလေးတွေ ကြည့်လိုက်ရအောင် Trend ပရိသတ်ကြီးရေ။

Aries – မိဿ ရာသီဖွား ( မတ်လ ၂၁ ရက် – ဧပြီလ ၁၉ ရက် )
မေတ္တာရေးတွင် ရယူခြင်းထက် ပေးဆပ်မှု ကို လိုလားသူဖြစ်သည်။ သနားချစ်၊ အားနာချစ် ကိုဦးစားပေးတတ်သည်။ ဘုခွ ပြောတတ်သော ပျော်ပျော် နေတတ်သည့် သူနှင့် ဖူးစာဆုံမည်။

Taurus – ပြိဿ ရာသီဖွား ( ဧပြီလ ၂၀ ရက် – မေလ ၂၀ ရက် )
ချစ်ခြင်းမေတ္တာ ဆိုသည်မှာ သစ္စာတရားရှိမှ ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထား သူများ ဖြစ်သည်။ ဆံပင် ထူထူ၊ အရပ် သွယ်သွယ်၊ နှာတံပေါ် ပြီး နှုတ်ခမ်းလှကာ နှာခေါင်းဘေး (သို့) ပါးတွင် မှဲ့ပါသူ နှင့် ဖူးစာဆုံမည်။

Gemini – မေထုန်ရာသီဖွား ( မေလ ၂၁ ရက် – ဇွန်လ ၂၀ ရက် )
တိုင်ပင်ဖော် တိုင်ပင်ဖက် အဖြစ်ရပ်တည်တတ်သော သူကို ဦးစားပေး၊ ရွေးချယ်တတ်သောသဘာဝရှိသည်။ မိမိထက် အသက်အရွယ် ၊အနေအထား၊ဆက်ဆံရသော ဝန်းကျင် မတူခြားနားသော သူကို ရွေးချယ်မေတ္တာ မျှတတ်သည်။ နှုးညံ့စွာ ပြောဆိုတတ်သော မျက်လုံးအိမ် အနည်းငယ်နက်ရှိုင်း၊ မျက်ဝန်းလှပလင်းလက်သော နဖူး၊ မျက်ခုံး၊ နှာတံ ဆက်စပ်မှု အလွန်တင့်တယ်သော သူနှင့် ဖူးစာဆုံမည်။

Cancer – ကရကဋ် ရာသီဖွား ( ဇွန်လ ၂၁ ရက် – ဇူလိုင် ၂၂ ရက် )
ဘဝတွင် အသိုင်းအဝိုင်းက နှစ်သက်သူ တစ်ဦး၊ နှလုံးသားက လက်ခံသူ တစ်ဦး ကြား ရွေးချယ်ရန် အခက်ကြုံရတတ်သည်။ ကိုယ်လုံးကိုယ်ထည် တောင့်တင်း၊ မျက်နှာဝိုင်းကာ အသားလတ်ပြီး နှုတ်ခမ်းလှ၊ သွားစွယ်သွားတက် ရှိသောသူနှင့် ဖူးစာဆုံမည်။

Leo – သိဟ် ရာသီဖွား ( ဇူလိုင်လ ၂၃ ရက် – သြဂုတ်လ ၂၂ ရက် )
အလွန်မျက်နှာပွင့်သောသူ ဖြစ်ပေရာတစ်ဦးထက်ပိုသော ချစ်သူရည်းစားများ ထားမိတတ်သည်။ ချစ်သူများခြင်းသည် ဘဝ၏ အနှောက်အယှက်တစ်ခု ဖြစ်လာတတ်သည်။အသားဝါဝင်း ပြီး အမြဲတမ်း ပြုံးနေသော အလွန်မျက်နှာချိုသော်လည်းမာန ရှိပြီး ပြတ်သားသော ပညာဉာဏ်ရှိသူ နှင့် ဆုံစည်းရတတ်သည်။

Virgo – ကန်ရာသီဖွား ( သြဂုတ်လ ၂၃ ရက် – စက်တင်ဘာလ ၂၂ ရက် )
ကန်ရာသီဖွား တို့သည် အလွန် စိတ်ထိခိုက် လွယ်သည်။ နှုးညံ့ သိမ်မွေ့လွန်းသော နှလုံးသား ကို ပိုင်ဆိုင်သည်။ ပိန်ပိန်သွယ်သွယ်၊ ပါးပါးလှပ်လှပ် အေးတိအေးစက် နေတတ်ပြီး မျက်လုံး၊ မျက်ခုံးကောင်းကာ နှုတ်ခမ်းပါးပါး စကားတတ်သော ဖူးစာရှင် နှင့် တွေ့မည်။

Libra – တူ ရာသီဖွား ( စက်တင်ဘာ ၂၃ ရက် – အောက်တိုဘာလ ၂၂ ရက် )
နီးစပ်မှုကို အခြေတည်၍ အချစ်သံယောဇဉ် ဖြစ်တတ်သည်။ ပညာတတ်၊ ဉာဏ်ကြီး၊ စကားပြောကောင်း၊ အကြွားအဝါကောင်း၊ ဟန်ကောင်း၊ မျက်နှာ လေးထောင့်နှာတံပေါ် မျက်ရစ်မပါသော (သို့) မျက်လုံးမှေး ၍ အမြဲပြုံးနေသောသူနှင့်ဖူးစာဆုံမည်။

Scorpio – ဗြိစ္ဆာ ရာသီဖွား ( အောက်တိုဘာလ ၂၃ ရက် – နိုဝင်ဘာလ ၂၁ ရက် )
တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် ဆုံးဖြတ်ချက်ချရန်အတွက် အလွန် အချိန်ယူတတ်သည်။ ဆုံးဖြတ်ပြီးပါကလည်း လုံးဝမပြင်တတ်။ ဝေဖန်မှုကို ဂရုမစိုက်တတ်၊ ဥပက္ခာ နှလုံးသားပိုင်ရှင်များဖြစ်သည်။ အေးချမ်းရိုးသားစွာ နေတတ်သော မျက်လုံးဝိုင်းစက်လှပသော နှုးညံ့သိမ်မွေ့စွာ ပြောဆိုတတ်သော ဖူးစာရှင် နှင့်ဆုံဆည်းမည်။

Sagittarius – ဓနု ရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက် – ဒီဇင်ဘာလ ၂၁ ရက် )
ချစ်သူများတတ်သည်။ အချစ်ရေးတွင် အမြဲခွင့်လွတ် အရှုံးပေး၊ အနစ်နာခံတတ်သည်။ တစ်စုံတစ်ယောက်ကို မေတ္တာထားရမည်ဆိုရင် စူးစူးစိုက်စိုက် ချစ်တတ်သောသဘာဝရှိသည်။ ထိုရာသီဖွားတို့သည် အသားလတ်၊ နှာတံပေါ် ခန္ဓာသွယ်လျ၊ မျက်နှာသွယ်စကားပြောမြန် ၍ ခေါင်းမာတတ်သော သူနှင့် ဖူးစာဆုံမည်။

Capricorn – မကာရ ရာသီဖွား ( ဒီဇင်ဘာလ ၂၂ ရက် – ဇန်နဝါရီလ ၁၉ ရက် )
သူတစ်ပါးက စိတ်မဝင်စား ပစ်ပယ်ထားသော အထီးကျန်သမားများကို ပို၍ စာနာ၊ မေတ္တာထားတတ်သည်။ ချစ်သူကို အလိုလိုက်လွန်း ၍သော် ၎င်း၊ အသာစီးပေးလွန်း ၍ သော်၎င်း၊ တစ်စုံတစ်ရာ မြင့်မားလာသောအခါ ချစ်သူကပင် မိမိအားပစ်ခွာသွားခြင်းကြုံတတ်သည်။ မေးရိုးပါးရိုးမြင့်သော၊ အသားလတ်ပြီး၊ ဆံပင် ဖြောင့်ကာ သွက်လက် သောအမူအရာ ရှိသော သူနှင့် ဖူးစာဆုံမည်။

Aquarius – ကုံ ရာသီဖွား ( ဇန်နဝါရီလ ၂၀ ရက် – ဖေဖော်ဝါရီလ ၁၈ ရက် )
သန့်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ် မေတ္တာထားလင့်ကစား ကံဇာတ်ဆရာ မှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင်ဖန်တီးမည်။ အနိုင်မယူ၊ အခွင့်အရေး မယူ မိမိကသာ အနစ်နာခံတတ်သည်။ လက်တွေ့ထက် စိတ်ကူးယဉ်မှုဘက် ရောက်တတ်သည်။ ကိုယ်လုံးကိုဖန် လှပတင့်တယ် ၍ မျက်ဝန်းအလွန်လှ ပြီး မျက်လုံး၊ မျက်ခုံးကောင်း နဖူးပြင်ကျယ်ပြန့်ကာ အေးချမ်းချိုသာစွာ ပြောဆိုတတ်သူနှင့် ဖူးစာဆုံမည်။

Pisces – မိန် ရာသီဖွား ( ဖေဖော်ဝါရီလ ၁၉ ရက် – မတ်လ ၂၀ ရက် )
လွန်လွန်ကဲကဲ သံယောဇဉ် ကြီး၍ တစ်ပါးသူ အပေါ် နားလည်ခွင့်လွတ်တတ်သောသူဖြစ်သည်။ အခိုင်အမာဆုံးဖြတ် ၍ လေးလေးနက်နက် ချစ်တတ်သောသူဖြစ်သည်။ ကိုယ်အေးချမ်းပြီး ဉာဏ်ပညာရှိသော ဆံပင်ထူပွပွ၊ သွားစွယ်၊ သွားတက်ရှိသောသူနှင့် ဖူးစာဆုံမည်။

Ref;Baydin

Some text some message..