ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၁၂-၁-၂၀၂၀ ) မှ ( ၁၈-၁-၂၀၂၀) အထိဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီး
ယခုအပတ်တွင် တနင်္ဂနွေသားသမီးများ မိဘလူကြီးသူမ၊ အရွယ်အိုကြီးများနှင့် ကိုးကွယ်ရာ အပင်ကြီးများ၌ ပြစ်မှားပြောဆိုခြင်း၊ မကောင်းတာပြုလုပ်ခြင်း ဆင်ခြင်ပါ။ နတ်ကိုင်ခြင်း၊ အပမှီခြင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနိုင်ပြီး ကျန်းမာရေးညံ့တတ်သည်။ ရာဟု၊ စနေသားသမီးများ အပေါင်းသင်း ရှောင်ကြဉ်၍ ခရီးသွား၊အလုပ်အတူခြင်း သတိပြုပါ။ အချစ်ရေး ၊ အိမ်ထောင်ရေးအနေနဲ့ တစ်ပါးသူနှောင့်ယှက်မှုကြောင့် ဝေးကွာရတတ်ပါသည်။ ပညာရေးကောင်းမွန်ပြီး သင်တန်းသစ်များ တက်ရခြင်း၊ ဖွင့်လှစ်ခြင်းတို့ အောင်မြင်မည်။ အောင်မြင်မယ်လို့ ယူဆထားတဲ့ လုပ်ငန်းတွေကလည်း အရှုံးတွေနဲ့ ရင်ဆိုင်ရပြီး အလွဲလွဲအချော်ချော် ဖြစ်တတ်ပါတယ်။ မိတ်ဆွေများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျန်းမာရေးဆေးကုသခြင်းကောင်း၏။ အနက်၊အနီ ဗြောင်ဝတ်ဆင်ခြင်း ရှောင်ပါ။
အသုဘ၊ သုင်္သာန်မြေ ခြေနင်းခြင်းရှောင်ပါ။ ဝက်သား၊အမဲသားရှောင်ရန်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားမှ သစ္စာပန်းလှူ ပြိးသွားခြင်း အစိမ်းရောင်၊ အပြာနုရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၇,၄,၅)
အကျိုးပေးအရပ် - အရှေ့မြောက်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်
ယတြာ - သစ္စာပန်း၊ သစ်ခွပန်း၊ အင်းကြင်း (၉)ညွန့်စီ စုပေါင်း ဘုရားကပ်လှူပါ။
မိဘ၊သက်ကြီးရွယ်အိုများအား ခြေထောက်ဆေးကြော လက်အုပ်ချီကန်တော့ပြီး မိမိအညံ့များ ပျောက်ကင်းရန်ဆုတောင်းပါ။
တနင်္လာသားသမီး
တနင်္လာသားသမီးများ အလုပ်အကိုင်များ ပြေလည်လာအံ့။ စိတ်ချမ်းသာ၍ ဤအပတ် ငွေကံကောင်းပြီး အသေးအမွှားကအစ ပီတိဖြစ်ရမည်၊ မင်္ဂလာအလှူပြုရအံ့။ နွား အိမ်မက်မက်ခြင်းရှိက ထီထိုးပါ။ အထူး ကြော်ငြာလုပ်ငန်း၊ ငွေကြေးလုပ်ငန်းများ၊ ကျောက်ဆစ်ထုလုပ်ငန်း၊ ဆန်အရောင်းဝယ်တို့ အကျိုးရလဒ်ပေးကောင်းမည်။
မိမိနှင့် ရာထူးတူများ၏ အနှောင့်အယှက်ပေးမှုကြောင့် စိတ်လေတာ၊ အလုပ်ပြောင်းလဲလိုစိတ်တွေလည်း ဖြစ်ပေါ်နေတတ်ပါတယ်။ သို့သော် ကျော်လွှားနိုင်မည်။
အချစ်ရေးကတော့ အကောင်းဘက်ကို များပါတယ်။ ချစ်လွန်းအားကြီးပြီး သဝန်တိုခြင်း၊ ကိစ္စတွေပေါ်လာရင်တော့ ပြဿနာဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ ပြည့်စုံမှု သာယာမှုတွေ ရရှိလိမ့်မည်။ ကျန်းမာရေး အထူးကောင်း၏။ ဘုရားမှာ လိမ္မော်သီး လှူပြီး အနောက်အရပ် ထီဆိုင် ၃စ, ၈အဆုံး အက္ခရာ စနေနံနှင့် တွဲထိုးပါ။ ၁၃၈၁ခု ပြာသိုလဆုတ်(၄)ရက် တနင်္လာနေ့ နံနက်(၁၀း၁၀)မိနစ်အတွင်း ဘုရားတည်၊ ထီးတင်၊ အနေ ကဇာတင်ခြင်း၊ ပန္နက်ရိုက်၊ ကျင်းတူး တိုင်တူ၊ အုတ်မြစ်ချ အိမ်ပြောင်း၊ ကလေးနာမည်မှည့်၊ ရှင်ပြု၊နားသ၊ လက်ထပ်၊ စေ့စပ်၊ ပဉ္စင်းခံ၊ ငွေကြေးချေးငှားခြင်းတို့ ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် ဘုရားမှ လိမ္မော်ရည် ၁ခွက် လှူပြီးသွားခြင်း၊ နို့နှစ်ရောင်၊ ပန်ရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၃.၆.၈)
အကျိုးပေးအရပ် - အနောက်
အကျိုးမပေးရှောင်ရန်အရပ် - အရှေ့
ယတြာ - မိမိမွေးနေ့တွင် အိမ်ဘုရားမှ ဘုရားမှ လိမ္မော်ရည် ၃ခွက် နှင့် ကောက်ညှင်းပေါင်း နှင့် ဘယာကျော် ၁၅ခု ဆွမ်းကပ်လိုရာဆုတောင်းပါ။
အင်္ဂါသားသမီး
အင်္ဂါသားသမီးများ ယခုလအပတ်မှာတော့ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ပြည်ပသို့ ရောင်းဖောက်ကားသူများ လုပ်အကျိုးအမြတ်ဆုံးရှုံးမှု ဖြစ်တတ်သလို အဖမ်းအဆီး ပိတ်ပင်ခြင်း
ကြုံတွေ့ရတတ်သည်။ အထူးကျောက်မျက်ရတနာရောင်းဝယ်ခြင်း၊ တူးဖော်ခြင်း
၊ ဖက်ရှင်ဒီဇိုင်း တီထွင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် အကျိုးမြတ် ရလဒ်ကောင်းရမည်။ ပညာရေးကံမှာတော့ အညံရှိပါတယ်။ စာဖြေစာမေးပွဲ၊ အင်တာဗျူ ၊ အလုပ်သစ်လျှောက်ခြင်း ကြန့်ကြာနေမယ်။ အချစ်ရေး ကောင်းပြီး တန်ဖိုးကြီးလက်ဆောင်နှင့် တန်ဖိုးဖြတ်လို့မရတဲ့လက်ဆောင်များ ရမည်။ အိမ်ထောင်ရေး "ပီတိ"မင်္ဂလာကောင်းသတင်းများ ကြားရ၍ လက်ဆောင်များရလိမ့်မည်။ ဗုဒ္ဓဟူးနံ အဝင်မကောင်းသလို့ အထွက်ခက်မည်၊ ဝက်၊ ရွှေ၊ယာဉ်၊လက်စွပ်၊ လူ အထွက်အပျောက်ကြုံတွေ့ရတတ်သည်။ ဗုဒ္ဓဟူးသားသမီး တစ်ယောက်ယောက်က အနှောက်အယှက် အတိုက်အခိုက် ပြုလုပ်ခြင်းကြုံမည်။
ကျန်းမာရေး လည်ချောင်း၊ ရင်ဘတ်အထူးသတိပြုပါ။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားမှ မာလာကာသီး ၁လုံ လှူပြီးသွားခြင်း နံ့သာရောင်၊ မီးခိုးရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၉.၂.၈)
အကျိုးပေးအရပ် - အရှေ့တောင်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်
ယတြာ - မိမိအိမ်ဘုရားစင်မှာ ပန်းသီး၊မာလာကာသီး (၈)စိပ်ခွဲခြမ်းပြီး ဇီးဖျော်ရည် (၃)ခွက် ဘေးရန်ကင်းကွာဂါထာရွတ်ပြီး ကပ်လှူ အညံ့ပျောက်ကင်းရန် ဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီး
ဗုဒ္ဓဟူးသားသမီးများ မိမိရည်ရွယ်ထားသော အိမ်တွင်းရေကိစ္စနှင့် အိမ်ပြင်၊အိမ်ဆောက်၊ အိမ်ခြံမြေ အရောင်းအဝယ် လွဲချော်မအောင်မြင်ခြင်း ကြုံတွေ့ရမည်။ အလှူအတန်းကိစ္စတော့ အောင်မြင်တတ်သည်။ ရှင်ပြု၊နားသ၊ လက်ထက်၊ စေ့စပ်မင်္ဂလာပြုလုပ်ရအံ့။ ခရီးသွားရကိန်းရှိပြီး ခရီးမှာ ကျန်းမာရေးညံ့တတ်လို့ သတိထားသင့်ပါတယ်။ တနင်္ဂနွေသားသမီးများမှ အကျိုးပေး အကူအညီရမည်။ ရတနာစူးစမ်းရှာဖွေ့ခြင်းအောင်မြင်အံ့။ အထူး ကျောက်ဆစ်ထုလုပ်ငန်း၊ အလှကုန်ပစ္စည်းသစ်များဖြန့်ချိခြင်းလုပ်ငန်း၊ စက်သုံးဆီရောင်းဝယ်လုပ်ငန်း၊ ကုန်ပစ္စည်းလုပ်ငန်း အကျိုးပေးကောင်း၏။ မိသားစုနဲ့ အိမ်တွင်းရေး ပြဿနာတွေ ဒိုင်ခံဖြေရှင်းနေရမှာဖြစ်ပြီး သင်ပြုလုပ်သမျှကို အားလုံးက အဆိုးမြင်နေမယ့်အချိန်ပါပဲ။ အချစ်ရေးမှာ အနေဝေးသူနဲ့ မေတ္တာမျှကိန်းရှိပါတယ်။ ပညာရေး အကောင်းဘက်ကို ရှိနေပါတယ် ကျန်းမာရေး ဦးခေါင်းဝေဒနာခံစားရတတ်သည်။ အလှူ မင်္ဂလာ၊ အိမ်တက် အိမ်ဆောက်ပြုလုပ်လိုလျှင် ၁၃၈၁ခု ပြာသိုလဆုတ်(၆)ရက် ဗုဒ္ဓဟူးနေ့ ရှောင်သင့်၏။ (တနင်္ဂနွေဂြိဟ် နံနက်၈နာရီ၃၃မိနစ်လွန် မကာရရာသီပြောင်းဖြစ်၍ ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထက်မင်္ဂလာအခါရသည်၊ သို့သော် အိမ်တတ်၊ အိမ်ဆောက်အခါရှောင်ပါ။)
(မကာရီသင်္ကနြ္တီ) ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် သနပ်ခါးညွန့်၊ သီးညွန့်ဆောင်၊ အစိမ်းရောင်၊ ပန်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၆.၃.၅)
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - မြောက်
ယတြာ - မိမိနေ့နံ ဂြိုလ်ဘုရားထောင့်တွင် ဗုဒ္ဓဟူးနံဘုရားတွင် သနပ်ခါးညွန့်၊ သီးညွန်(၁၇)ညွန့်နှင့် ဖယောင်းတိုင်၊ အမွှေးတိုင်၊ ရေသက်စေ့ ကပ်လှူ ထွန်းပူဇော်ပြီး အရဟံ ပုတီး (၃)ပတ် စိပ်ပြီး ဆုတောင်းပါ။
ကြာသပတေးသားသမီး
ကြာသပတေးသားသမီးများ အခုလအပတ်မှာတော့ (ဒွန်းစဏ္ဍားကျရောက်နေ၍ ဒုက္ခတွေ့အံ့) စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ အချစ်ရေးနှင့်အိမ်ထောင်ရေး အကောင်းနှင့်အဆိုး ဒွန်တွဲလျက်ရှိပါတယ်။ အလှူ တန်းကိစ္စတော့ အောင်မြင်တတ် ဘုရားတည်၊ ထီးတင် အနေကဇာတင်ခြင်း၊ ကျောင်း၊သိမ်၊ မုဒ်ဦးဆောက်လုပ်ခြင်း၊ ဘုရားပင်ခြင်း၊ ရှင်ပြု၊နားသ၊ နာမည်မှည့်၊ ကင်ပွန်းတပ်၊ အိပ်ပြောင်း၊ လှေကားတင် ပြုလုပ်ရသလို အလုပ်သစ်လျောက်ခြင်း၊ ရေကြောင်း၊ လေကြောင်းခရီးသွားခြင်း၊ ထီထိုး၊ ခွဲစိပ်ကုသခံယူခြင်းတို့ ကောင်း၏။ စီးပွားရေးကိစ္စရပ်နဲ့ ပတ်သက်ပြီး အခက်အခဲများစွာ ကြုံရမယ့်အချိန်ဆိုမမှားပါ။
တနင်္လာ၊ ဗုဒ္ဓဟူး အကျိုးပေး၍ အကူအညီရမည်။ ကျန်းမာရေး အညံ့ရှိပါတယ်။ မိန်းကလေးရောဂါ၊ သွေးသားမမှန်ခြင်း၊ အကျိတ်အထူးသတိပြုပါ။ ခွဲစိတ်ကုသမှုခံယူရတတ် အောင်မြင်မည်။ အိမ်ထောင်ဖက်ကြောင့် သတင်းဆိုးကြားရတတ် စိတ်ပူပင်ရတတ်ပါတယ်။ ပညာရေးလည်း ညံ့နေပါတယ်။ အချစ်ရေးမှာတော့ အနည်းငယ်အထင်အမြင်လွှဲမှား ဘေးစကားကြောင်း အခက်တွေ့မည် ယာယီပါ။ စက်ပစ္စည်းများ၊ ကားများဝယ်မယ်ဆိုရင်လဲ ဒီလပတ်ထဲမှာဝယ်လို့ အလွန်ပဲကောင်းပါတယ်။ မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတွေရဲ့ အကူအညီ အထောက်အပံ့တွေရလာတတ်ပါတယ်။ အညံ့တွေရှိ ကုသိုလ်ကောင်းမှုများ ပြုလုပ်ပါ။ အဆင်ပြေလာမည်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် ထန်းလျက် (၃)လုံးဆောင်၊ မရမ်းရောင်၊ အဝါရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၅.၁.၉)
အကျိုးပေးအရပ် - မြောက်
အကျိုးမပေးရှောင်ရန်အရပ် - တောင်
ယတြာ - အရှေ့မြောက် အရပ်ရှိ ဘုရားမှာ အောင်သပြေ၊ နှင်းဆီပန်း၊ အုန်းညွန့် ၇ ညွန့်စီနှင့် စိန္တာမဏိဂါထာ ရွတ်ပွားပြီး ကပ်လှူဆုတောင်းပါ။ ညဝတ် အဝတ်စား တစ်ကိုယ်စာ ဆံပင်ခြေသည်းလက်သည်းနှင့် သံတစ်ချောင်း ရေစီးသန်ချောင်းသို့ စွန့်ပြစ်၍ အညံ့ပျောက်ရန် ဆုတောင်းပါ။
သောကြာသားသမီး
သောကြာသားသမီးများ ကုသိုလ်ကောင်းမှုများပြုလုပ်ရတတ်။ အလုပ်အကိုင် အဆင်ပြေ၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီးပွားတိုးပွားနိုင်သည်။ ပညာရေးကတော့ကောင်းမွန် အချစ်ရေး အဆင်ပြေနေတတ်ပါတယ်။ အထူး သတ္တုတွင်းလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ အဆောက်အဦးလုပ်ငန်းနှင့် ငွေကြေးလုပ်ငန်းများတို့ အကျိုးထူးရရှိမည်။ အိမ်ထောင်ရေးကတော့ အနည်းငယ် ကတောက်ကဆတွေ များနေရတတ်ပါတယ်။ သိပ်ဆိုးဆိုးဝါးဝါးတော့မဟုတ်ပါ။ အထူး လုပ်ငန်းအကြီးအကဲတွေထံကနေ အကူအညီ အထောက်အပံ့တွေ ရရှိနိုင်ပြီး စုပေါင်းလုပ်ဆောင်ရသော ကိစ္စရပ်များ အထူးအောင်မြင်နိုင်ပါတယ်။ လူမျိုးခြား၊ ဘာသာခြားတွေရဲ့ အကူအညီကိုလည်း ရရှိမည်။ စပ်တူ အလုပ်တွေဆို ရှယ်ယာဝင်တွေ နှုတ်ထွက်သွား တတ်ပါတယ်။
ကျန်းမာရေးကတော့ ခရီးသွားရာကနေ ရေပြောင်းမြေပြောင်း ဖြစ်ပြီးတော့ ကျန်းမာရေးကတော့ ညံ့သွားတတ်ပါတယ်။ ၁၃၈၁ခု ပြာသိုလဆုတ်(၈)ရက် သောကြာနေ့ နေ့စက်(၁၂)နာရီအတွင်း ပန္နက်ရိုက်၊ ကျင်းတူး၊ အုတ်မြစ်ချ တိုင်တူ၊ လှေကားတင်၊ စေ့စပ်၊ လက်ထပ်၊ သတ္တုတွင်း စူးစမ်းရှာဖွေခြင်း၊ အစုရှယ်ယာဝင်ခြင်း၊ ရေကြောင်းခရီးသွားခြင်း ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် မြေပဲယို တစ်ထုပ်ဆောင်၊ အနီရောင်၊ နို့နှစ်ရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၂.၈.၇)
အကျိုးပေးအရပ် - အရှေ့
အကျိုးမပေးရှောင်ရန်အရပ် - အနောက်
ယတြာ - အိမ်ဘုရားမှ အုန်းညွန့်၊ သရက်ညွန့်၊ နှစ်ဆီး (၉)ညွန့်စီ စုပေါင်း ကပ်လှူပါ။ ဇီးယို၊ မြေပဲယိုများ ဆွမ်းကပ်ဆုတောင်းပါ။
စနသေားသမီး
စနေသားသမီးများ အလုပ်အကိုင်များ အောင်မြင်ပြီး ဝင်ငွေကောင်းနေမယ်။ ကုမ္မဏီဖွင့်လှစ်ခြင်း၊ ဆေးခန့်ဖွင့်၊ အချစ်ရေးစကားပြောခြင်း တို့ကောင်း၏။ အထူး ကြေးသွန်းလောင်းလုပ်ငန်း၊ ကျောက်သွေးလောင်းလုပ်ငန်း၊ ဆေးလုပ်ငန်း၊ နည်းပညာသစ်တီထွင်ခြင်းလုပ်ငန်းများ အထူးအကျိုးရလဒ်ကောင်းမည်။ လုပ်ငန်းကိစ္စများတွင် တနင်္လာ၊ တနင်္ဂနွေ သတိပြုပါ။
မိမိဘဝအတွက် တက်လမ်း၊ အခွင့်အလမ်းများ ရည်မှန်းထားသောပညာရပ်များကို ဇွဲ့မလျော့ ကံ၊ ဉာဏ်၊ ဝီရိယ လုံလဖြင့် ကြိုးစားသင်ယူသင့်သည်။ ပျိုရွယ်သူများအနေဖြင့် အချစ်ရေး ကံကောင်းနိုင်သည်။ နေရာသစ်၊ ပတ်ဝန်းကျင်အသစ်များ မိတ်ဆွေသစ်များနှင့်
ဆက်ဆံမှုကြုံရလိမ့်မည်။ အိမ်ထောင်ရေး အိမ်တွင်းရေး သာယာမည်။
ကျန်းမာရေးအနေနဲ့ အာရုံကြောရောဂါဖြစ်ပွားတတ်ပါတယ်။ ၁၃၈၁ခု ပြာသိုလဆုတ်(၉)ရက် သောကြာနေ့ နံနက်(၉း၄၉)နာရီအတွင်း ဘုရားတည့်၊ ထီးတင်၊ ကြေးသွန်းလောင်းခြင်း၊ ကျောက်သွေးလောင်းခြင်း၊ လှေကားတင်၊ အိမ်ပြောင်း၊ ခွဲစိပ်ကုသခံယူခြင်းတို့ ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် နှင်းဆီ၊ သပြေ၊ အညိုရောင်၊ ကြည်ပြာရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၂.၄.၇)
အကျိုးပေးအရပ် - အနောက်တောင်
အကျိုးမပေးရှောင်ရန်အရပ် - အရှေ့မြောက်
ယတြာ - အိမ်ဘုရားမှာ နှင်းဆီးပန်း ၉ပွင့်နှင့် နို့ထမင်းဆွမ်း ကပ်လှူဆုတောင်းပါ။
ရာဟုသားသမီး
ရာဟုသားသမီးများ မမျော်လင်ဘဲ ငွေကြေး နှင့် စက်ပစ္စည်း ဇိမ်ခံတန်းဖိုးကြီးယာဉ်များ ဝင်လာဖို့ရှိ။ အိမ်ယာ၊ တိုက်ခန်း၊ မြေယာ၊ ခြံကွက်များရရှိတတ်သည်။ ပညာရေးနဲ့ ပတ်သက်ပြီးတော့ အထူးကောင်းတယ်။ အလုပ်ကိစ္စ အင်တာဗျူး ၊ အလုပ်သစ်လျှောက်ခြင်း အောင်မြင်မည်။ အချစ်ရေးကတော့ အကောင်းဘက်ကို များပါတယ်။ ချစ်သူနှင့် ပျားရည်ဆမ်းခရီး သွားရမည်။ ခြံ ၊ မြေ ၊ ကား ဝင်ကိန်းရှိသည်။ မိဘဆွေမျိုး သားချင်းများ အတွက် စိတ်ချမ်းသာမှုရရှိမည်။ အထူး အုတ်၊သဲကျောက်လုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ ဆီရောင်းဝယ်လုပ်ငန်း၊ ကုန်ပစ္စည်းလုပ်ငန်အကျိုးပေးကောင်း၏။ အထူး အလောတကြီး လုပ်ဆောင်မှု၊ ဒေါသအလိုအလျှောက် စိတ်မြန်လုပ်ဆောင်ခြင်း ရှောင်ကြဉ်ပါ။
ကျန်းမာရေး နှားစေချောင်းဆိုးလောက်သာ ဝေဒနာဖြစ်ပွားတတ်သည်။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၅.၃.၆)
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - မြောက်
ယတြာ - မိမိနေနံဂြိဟ်ဘုရားထောင့်တွင် ရာဟုနံဘုရားတွင် ရဲယိုညွန့်၊ သီးညွန့် (၁၂)ညွန့်နှင့် ဖယောင်းတိုင်၊ အမွှေးတိုင်၊ ရေသက်စေ့ ကပ်လှူ ထွန်းပူဇော်ပြီး ယိုများကပ်လှူ ဆုတောင်းပါ။