၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း( ၁၉-၁-၂၀၂၀ ) မှ ( ၂၅-၁-၂၀၂၀) အထိ
lotaya.mpt.com.mm
|
2020-01-19



ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၁၉-၁-၂၀၂၀ ) မှ ( ၂၅-၁-၂၀၂၀) အထိဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီးများ

ငွေကုန်ကြေးကျတွေများနေရတတ်။ အလုပ်ပေါ်အာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ မိမိဆုံးဖြတ်ချက်တွေက တွေဝေနေတတ်ပါတယ်။ မိမိအလုပ်အတွက်မဟုတ်ဘဲ သူတစ်ပါးတွေရဲ့ပြဿနာများ အခက်အခဲများကို မိမိကအကြံပေးလိုက်တာနဲ့ အဆင်ပြေသွားတတ်ပါတယ်။ အထူး ရတနာလုပ်ငန်း၊ ကြော်ငြာလုပ်ငန်းလုပ်၊ အိမ်ဆောက်ပစ္စည်းရောင်းဝယ်လုပ်ငန်း၊ အိမ်ခြံမြေရောင်းဝယ်တို့ အကျိူ းရလဒ်ပေးကောင်းမည်။ အချစ်ရေးကတော့ချစ်သူနဲ့ နားလည်မှုတွေယူလို့မရဘဲ အအထိဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေး မိမိအိမ်ထောင်ဘက်က အိမ်မကပ်တာ၊ အပြင်မှာ အပေါင်းအသင်းနဲ့ အနေများတာမျိုးတွေ ရှိနေတတ်သည်။ ရည်မှန်းချက်မြင့်မြင့်မားမားနှင့် ပညာရေးကိစ္စများ ကြိုးစားပါက ထွန်းပေါက်အောင်မြင်မည်။ ကျန်းမာရေး နှာစေးချောင်းဆိုးလောက်သာ ဖြစ်မည်။ ၁၃၈၁ခု ပြာသိုလဆုတ်(၁၀)ရက် တနင်္ဂနွေနေ့ နံနက်(ရး၁၀)မိနစ်လွန်ပြီး ကြော်ငြာဆိုင်းဘုတ် တင်ခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊ အစုရှယ်ယာဝင်ခြင်း၊ ရတနာသစ်စူးစမ်းရှာဖွေ့ခြင်းတို့ ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာ ကိစ္စများအတွက် အရှေ့အရပ်မျက်နှာမှုကာ ပေါက်ပေါက်ဆုပ် တစ်ထုပ်ကြဲပြီးသွား၊ အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၅.ဝ.၃)

အကျိုးပေးအရပ် - အရှေ့မြောက်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်

ယတြာ - မိမိနေနံနေ့ အိမ်ဘုရားမှာ အရှေအရပ်မျက်နှာမှုကာ ငှက်ပျောဖက်ပေါ်မှာ ငှက်ပျောကြော်၊ ပေါက်ပေါက်ဆုပ်၊ သကြား၊ နွားနိုတစ်ခွက် ကပ်လှူပြီး ဘေးရန်ကင်းကွာဂါထာ ရွတ်ပွားပြီး ဆုတောင်းပါ။

တနင်္လာသားသမီး

တနင်္လာသားသမီးများ ဘုရားတည်၊ ထီးတင် အနေကဇာတင်၊ အလှူ တန်းနှင့် မင်္ဂလာများပြုလုပ်ရတတ်သည်။ အထူး သရုပ်ဆောင်လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ရေတွင်းတူး၊အဝီစိတူးလုပ်ငန်း၊ ဆံရိတ်၊ဆံသ၊ အလှပြင်လုပ်ငန်းတို့ အကျိုးပေး ကောင်းမည်။

ပန္နက်ရိုက်၊ တိုင်ထူး၊ လှေကားတင်ကောင်း၏။ ရေကြောင်း၊ လေကြောင်းခရီးသွားခြင်း ကောင်း၏။ ထွန်စက်၊ ဓါးစက် ကိုယ်တွယ်ရာအထူးသတိရှိသင့် ထိခိုက်ရှနာ ခြေထောက်၊ လက်သတိပြုပါ။ စနေသားသမီးများ စပ်တူပူပေါင်းစီပွားရှာနေသူများ စိတ်ဝမ်းကွဲတတ်သည်။ ကြားအဖျက်ပေါများမဲ့ ကာလဖြစ်တဲ့အတွက် ဘေးစကားများနားမယောင်ပါနဲ့။ သတိထားရမယ့် အချက်က စိတ်လိုက်မာန်ပါ အလျင်စလို ဘာမှ မလုပ်ဖို့ပါပဲ။ သူငယ်ချင်းကောင်းတွေရဲ့ အကူအညီ အထောက်အပံ့တွေရလာတတ်ပါတယ်။ ပညာရေးကတော့ကောင်းမွန် အဆင်ပြေနေတတ်၊ ပြည်ပပညာရပ်များသင်ယူတတ်သည်။ အချစ်ရေးတွင် ကြည်နူးစရာများကြုံတွေ့ရမှာဖြစ်ပြီး အိမ်ထောင်ရေးကတော့ အနည်းငယ် ကတောက်ကဆတွေ များနေရတတ်ပါတယ်။ သိပ်ဆိုးဆိုးဝါးဝါးတော့မရှိပါဘူး။ ပညာရေးသင်တန်းသစ်များ တက်ရခြင်းနှင့် ကျန်းမာရေးတွင် မျက်စိအားနည်းခြင်းဖြစ်ပွားတတ်သည်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် နောက်အရပ်မျက်နှာမူကာ မြေဇတစ်ဆုပ်ကြဲပြီးသွား၊ ကြက်သွေးရောင်၊ နို့နှစ်ရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၉.၃.၇)

အကျိုးပေးအရပ် - အနောက်

အကျိုးမပေးရှောင်ရန်အရပ် - အရှေ့

ယတြာ - အိမ်ဘုရားမှ အနောက်အရပ်မျက်နှာမှုကာ မေမြို့ပန်း(၅)ညွန့်၊ ဇွန်ညွန့်(၃)ညွန့်၊ ကြံတစ်ချောင်း လိုရာဆုတောင်း စုပေါင်းပြီး ညောင်ရေအိုးထိုးပါ။

အင်္ဂါသားသမီး

အင်္ဂါသားသမီးများ ကျောင်း၊ သိမ်၊ မုခ်ဦးဆောက်ခြင်း ရည်ရွယ်ထားလျှင် အောင်မြင်မည်။

အထူး အင်္ဂါ နံနှင့် သောကြာနံ လုပ်ငန်းများ အကျိုးအမြတ် ရရှိတတ်ပြီး တနင်္ဂနွေသားသမီး သောကြာသားသမီးများနှင့် အကျိုးတူလုပ်ငန်းများ အောင်မြင်မည်။ ပညာရေးတွင် အကြံကောင်း ဉာဏ်ကောင်းများရတတ်၊ ဆရာသမားတစ်ယောက် မိမိပညာရေးအတွက် စရိတ်အထောက်အပံ့ပေး ကူညီလိမ့်မည်။ အချစ်ရေးတွင် အပျို၊လူပျိုများ မိမိကိုကြင်နာတတ်သူ မိမိကိုတန်ဖိုးထားသူများနှင့်ချစ်သူဖြစ်ရတတ်။ ယခုအပတ် (၂၁)ရက် အင်္ဂါနေ့ ပန္နက်ရိုက်၊ ကျင်းတူး၊ အုတ်မြစ်ချ တိုင်ထူ၊ အိမ်ပြောင်း၊ အိမ်သစ်ပြောင်း၊ နာမည်မှည့်၊ အလုပ်လျှောက်ခြင်းတို့ ကောင်း၏။ မိမိ၏လုပ်ငန်းဆောင်တာရည်ရွယ်ချက်များအတွက် အိမ်ထောင်ဖက်ထံမှ အကူအညီကောင်း အကြံကောင်း ဉာဏ်ကောင်းများရပြီး စီးပွားတက်ခြင်းနှင့် ပြည်ပ ဇနီးမောင်နှံများ အလုပ်တူထဲက မိန်းကလေး အဖျက် စနိုက်ကျော်များ ဝင်လာတတ်သလို အိမ်ထောင်ရေးသောကများရတတ်ပါတယ်။ ရွေ၊လူ၊ပုလဲ၊ ရတနာကျောက်မျက် ဝင်မည်။ ရွှေဝယ်ရောင်းပြုလုပ်ရာတွင် သတိပြုပါ။ ရွှေအတုအလဲများ ကြုံတွေ့ရတတ်သည်။ ကျန်းမာရေးတွင် အိမ်တွင်းမိသားစု ဖခင်၊ ဦးလေး၊ အကို၊ ညီများ ကျန်းမာရေးကုသမှုခံရတတ်ပြီး ငွေကုန်ကြေးကျများမည်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် တောင်အရပ်မျက်နှာမှုကာ ရေတစ်ခွက်စွန့်ပြီးသွားခြင်း၊ အဝါ၊ နက်ပြာရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ် အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၄.၁.၅)

အကျိုးပေးအရပ် - အရှေ့တောင်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်

ယတြာ - မိမိအိမ်ဘုရားစင်မှာ စပယ်ကုံး (၈)ကုံး တောင်အရပ်မျက်နှာမှုကာ ရေတော် (၅)ခွက် ကပ်လှူ ဆုတောင်းပါ။

ဗုဒ္ဓဟူးသားသမီး

ဗုဒ္ဓဟူးသားသမီးများ စိတ်ကူးစိတ်သန်းကောင်းများဖြင့် ရင်းနှီးလုပ်ကိုင်လျှင် အကျိုးအမြတ်များစွာရမည်။ အထူးကုန်ပစ္စည်းသိုလှောင်ခြင်း၊ အိမ်ခြံမြေ အရောင်းအဝယ် ကြေးသွန်းလုပ်ငန်း အကျိုးပေးကောင်း၏။ ရပ်ဝေးသွားပြီး စီးပွားရှာခြင်းများ အဆင်ပြေဖို့မလွယ်ပါဘူးခင်ဗျာ။ ရေကြောင်းခရီးသွားခြင်းရှောင်ရန်။ ဗုဒ္ဓဟူးနံ အဝင်မကောင်းသလို မိမိအိမ်တွင် ညအိပ်ဧည်သည့် လာလိမ့်မည် လက်မခံပါနှင့်။ အချစ်ရေးမှာတော့ ပြန်လည်ဆုံစည်းရန်မရှိဟု ယူဆထားသူနှင့် ပြန်လည်ဆုံစည်းရမည်။ လူမျိုးခြားနှင့် မေတ္တာရေးကြုံနိုင်မည်။ မိသားစုအိမ်ထောင်ရေးရာတွင် ကြည်နူးဖွယ်ကြုံရမည်။ အထူးနေနံတူနှင့် ရာဟု၊ တနင်္ဂနွေသားသမီးများတွဲဘက် အချစ်ရေးကံနှင့် အိမ်ထောင်ရေးညံ့နေပြီး လမ်းကွဲ၊ကွာရှင်းပြတ်စဲမှုများ ဖြစ်လာတတ်သည်။ အိမ်တွင်းရှိ ဗုဒ္ဓဟူးနံ တိရိစ္ဆာန် အိမ်မွေးဖြစ်စေ၊ တိရိစ္ဆာန်လုပ်ငန်းဖြစ်စေ အသေပျောက် အထွက်ကြုံတွေ့တတ်။ အထူး အတွင်းပစ္စည်း ရွှေငွေရတနာအဖိုးတန်ပစ္စည်းများ အထူးသတိပြုပါ အခိုးခံရခြင်း၊ ဖောက်ထွင်းခံရခြင်းနှင့်လုယက်မှု ကြုံတွေ့ရတတ်သည်။ ကျန်းမာရေးအနေဖြင့် ရင်ဘတ်၊ အရိုးဆစ် အကြောရောဂါဝေဒနာ ခံစားရတတ်သည်။ အထူး ဗုဒ္ဓဟူးသားသမီးများ အဓိဌာန်ဝင်ခြင်း၊ စေတီတွေလှည့်ပြီးပုတီးစိပ်တာမျိုးတွေ့ လုပ်ဆောင်မယ်ဆိုရင် ကံကောင်းလာပြီး အကျိုးထူးတတ်ပါတယ်ခင်ဗျာ။ ၁၃၈၁ခု ပြာသိုလဆုတ်(၁၃)ရက် ဗုဒ္ဓဟူးနေ့ နံနက်(၉း၃၅)နာရီလွန် ဘုရားပင့်ဆောင်ခြင်း၊ ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထက် ဝိဝါဟမင်္ဂလာ၊ ပန္နက်ရိုက်၊ ကျင်းတူး အုတ်မြစ်ချ တိုင်ထူခြင်းတို့ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် မြောက်အရပ်မျက်နှာမှုကာ သီးညွန့်၊သက်ကယ်ညွန့်များဆောင်၊ အစိမ်းရောင်၊ အဖူးရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၉.၃.၄)

အကျိုးပေးအရပ် - တောင်

အကျိုးမပေးရှောင်ရန်အရပ် - မြောက်

ယတြာ - ဘုရားမှာ မိမိနေနံဗုဒ္ဓဟူးဂြိဟ်ထောင့်မှာ အဝတ်သစ်ဝတ်ဆင်၍ မြောက်အရပ်မျက်နှာမှုကာ သီးညွန့်၊သက်ကယ်ညွန့်(၂၁)ညွန့် ကပ်လှူ ပါ။

ကြာသပတေးသားသမီး

ကြာသပတေးသားသမီးများ စီးပွားလာဘ်လာဘကောင်းမည်။ မိမိရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်ခြင်း၊ နည်းနည်းကြိုးစားယုံမျှဖြင့် များများအောင်မြင်မှုရတတ်။ ပညာရေးနှင့်ပက်သက်ပြီး အကူအညီကောင်း အဆက်အသွယ်ကောင်းများပေါ်လာတတ်ပြိး ဆရာကောင်း သမားကောင်းတွေ့ရတတ်သည်။ အင်တာဗျူး ၊ အလုပ်လျှောက်ခြင်း၊ စာမေးပွဲများ အဆင်ပြေမည်။ အထူး ဆိုင်းဘုတ်လုပ်ငန်း၊ ဆေးနှင့်ဆေးပစ္စည်းခွဲစိပ်ကုသမှုလုပ်ငန်း၊ ရေလုပ်ငန်းတို့ အကျိုးပေးလိမ့်မည်။ ကျယ်ကျယ်ပြန့်ပြန့်လူမှုဆက်ဆံရေးကြောင့် မိတ်ကောင်းဆွေကောင်းများ တိုးတက်လာကာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိ၍ လုပ်ကိုင်ရမည်။ မိမိလိုချင်တာတွေကို ဖြစ်အောင်လုပ်တတ်ပြီး မိမိစိတ်ကိုယ်ကပြတ်သားနေတာကတော့ အောင်မြင်မှုကိုလမ်းကြောင်းအမှန် ဖော်ဆောင်ပေးပါလိမ့်မယ်။ အချစ်ရေးမေတ္တာရေး ကံကောင်းခြင်း၊ မျက်နှာပွင့် စန်းပွင့်ခြင်း ရှိမည်။ အိမ်ထောင်ဖက်၏အကျိုးပြုခြင်းကိုရရှိတတ်ပြိး စိတ်တူကိုယ်တူဖြင့် ကြည်ဖြူနေသာယာနေသော်လည်း ပတ်ဝန်းကျင်၏ သွေးထိုးမှုကိုတော့သတိထားပါ။ ကျန်းမာရေး အထူးကောင်းမွန် စိတ်ပျော်နေမည်။ ထီထိုးလျှင် အရှေ့မြောက်အရပ်ထီဆိုင်တွင် ၆စ .၅လယ်. ၉အပိတ်နှင့် ၅၅ အပူးဂဏန်းရှာထိုးပါ။ ယခုအပတ် (၂၃)ရက်ကြာသပတေးနေ့ တွင် နံနက်(၉း၈)နာရီလွန် ဆိုင်းဘုတ်တင်ခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ဘုရားပင့်ဆောင်ခြင်း၊ အဝီစိတွင်းတူးခြင်း၊ အလုပ်လျှောက်ခြင်း၊ ထီထိုး၊ ခွဲစိပ်ကုသခံယူခြင်း၊ ဘာသာရေးစကား ပြောဆိုခြင်းတို့ ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာ ကိစ္စများအတွက် အရှေ့မြောက်အရပ်မျက်နှာမှုကာ ထန်းလျက်၊ထောပတ်သီး ဘုရားလှူပြီးသွားခြင်း၊ ကြည်ပြာရောင်၊ နက်ပြာရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၆.၅.၉)

အကျိုးပေးအရပ် - မြောက်

အကျိုးမပေးရှောင်ရန်အရပ် - တောင်

ယတြာ - အိမ်ဘုရားမှာ အရှေ့မြောက်အရပ်မျက်နှာမှုကာ ပေါင်မုန့်(၅)ချပ်၊ ပန်းအဝါ(၅)ပွင့်၊ သောက်တော်ရေ(၅)ခွက်၊ ဖယောင်းတိုင်(၅)တိုင် ဘုရားလှူ ပြိးဆုတောင်ပါ။

သောကြာသားသမီး

သောကြာသားသမီးများ ကြွေးဟောင်းနှင့်မျှော်လင့်မထားသော ငွေများရရှိမည်။

အထူး ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ ကန်ထရိုက်လုပ်ငန်း၊ အိမ်ခြံမြေ ရောင်းဝယ်ဝန်ဆောင်မှုလုပ်ငန်း တို့မှ အကျိုးအမြတ်များစွာရရှိမည်။ အိမ်တွင်းမိသားစု တနင်္ဂနွေသားသမီးရှိက မိမိတို့နှင့် ဆွေမျိုးအသိုင်းအဝိုင်း ဂုဏ်သိက္ခာမြင့်တင့်ပေးလိမ့်မည်။ ပညာဆု၊ ပြည်ပပညာဆုနှင့် နိုင်ငံအစိုးရ၏ ချီးမြောက်မှုခံရမည်။ ရာထူးတိုး၊ လစာတိုးကိန်းရှိပြိး နေရာ အပြောင်းအရွှေ့ရှိတတ်ပါတယ်။ အချစ်ရေးမှာလည်း မိမိဘက်မှချစ်နေရပြီး သွေးသားတူချင်း ချစ်မိတတ်ပါတယ်။ မိမိနှင့်နှစ်ရှည်တွဲလာသောချစ်သူများ လ၊ နှစ်ရှည်ကြာလာစွာ အဆက်သွယ်ပြတ်နေသူများ ပြန်လည်ဆက်သွယ်လာလိမ့်မည်။ အိမ်ထောင်ရေး သုခ အသင့်တင့် ရှိမည်။ အိမ်ထောင်ရှင်မများ ရပ်ဝေးလုပ်ငန်းလုပ်ကိုင်နေသော အမျိုးသားမှ အဖိုးတန်နိုင်ငံခြားပစ္စည်းလက်ဆောင်များနှင့် ငွေအမြောက်များပို့လိမ့်မည်။ ပြည်ပနိုင်ငံတွင် လုပ်ကိုင်နေသူတွေ့ ကုသိုလ်ကံ ကံကြမ္မာမျက်နှာပေး ထီဆုကြီးပေါက်ပြီး မိမိနေရပ်သို့ပျော်ရွင်စွာပြန်လာခြင်း ကြုံတွေရနိုင်သည်။ စနေနှင့်အင်္ဂါစပ်တူထီထိုးပါ၊ အကျိုးပေးတတ်ပါတယ်။ ကျန်းမာရေး အဆုတ်တစ်ချက် ဂရုစိုက်ပါ။ ဝေဒနာကြာရှည် ခံစားရတတ်သည်။ ၁၃၈၁ခု ပြာသိုလဆုတ်(၁၅)ရက် လကွယ်နေ့ သောကြာနေ့ နံနက်(၈း၇)နာရီလွန် ဘုရားအနေ့ကဇာတင်၊ အိမ်ပြောင်း၊ မြေသန့်မင်္ဂလာ၊ ခရီးသွားခြင်း၊ ဘာသာရေးစကားပြောဆိုခြင်းတို့ ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင် ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် အရှေ့တောင်အရပ်မျက်နှာမှုကာ စံပယ်ပန်းဘုရားလှူပြီး အဖြူရောင်၊ လိမ္မော်ရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၁.၈.၇)

အကျိုးပေးအရပ် - အရှေ့

အကျိုးမပေးရှောင်ရန်အရပ် - အနောက်

ယတြာ - တန်ခိုးကြီးဘုရားမှာ ရွှေဆိုင်း၊ ရွှေထီး၊ ငွေထီး၊ ဆီမီးသက်စေ့ ကပ်လှူ ထွန်းပူဇော်ပြီး ဆုတောင်းပါ။

စနသေားသမီး

စနေသားသမီးများ သံယောဇဉ် အရမ်းများနေသူဆို အလုပ်မဖြစ်၊ စိတ်နှင့်လူမကပ်၊ စိတ်လေ့လွင့် အလုပ်တွင်မပျော်၊ စိတ်တွေ့အလိုလိုနေရင်မှိုင်းထိုင်နေတတ်ပါတယ်။ စိတ်လေ့လွင့်မှုကို အကောင်းဆုံးထိန်းချုပ်ပြိး ကြိုစားအားထုတ်လျှင် အောင်မြင်မှု ရရှိပါလိမ့်မည်။ ရဲရဲတွေး၊ ရဲရဲလုပ်တဲ့သူတွေကတော့အဆင်ပြေနေပါလိမ့်မယ်။

ကိုယ်လုပ်ငန်းရှင်များလူ့ပယောဂအမျိုးမျိုးကြောင့် မိမိပိုင်ဆိုင် ထားရှိသမျှ အားလုံး တိုက်ခိုက်ခံရ၍ ပျက်စီးရတတ်သည်။ အထူး ယခုအပတ်တွင် စနေသားသမီးများ သူပါးကိုးကွယ်၊ယုံကြည် နတ်မင်းအား လှောင်ပြောင် ပြစ်မှားပြောဆိုခြင်း၊ မကောင်းတာပြုလုပ်ခြင်း ဆင်ခြင် သတိပြုသင့်ပါတယ်။ အချစ်ရေး မိမိကိုတန်ဖိုးထား ဂရုစိုက်သော ချစ်သူနှင့်ဆုံတွေ့ရတတ်ပါတယ်။ ချစ်သူရှိသူတွေ့ကတော့ အလွန်လိုက်ဖက်သောစုံတွဲဟု ပတ်ဝန်းကျင်၏ အထင်ကြီးအားကျခြင်းကို ခံရမည်။ အချစ်ရေး၊အိမ်ထောင်ရေးကံကောင်းနေသော်လည်း ကိုယ်ကျင့်တရားကို အထူးဂရုစိုက်ထိမ်းသိမ်းသင့် မိမိချစ်သူ၊ အိမ်ထောင်ဖက်အပေါ် သစ္စာရှိပါ။ ကျန်းမာရေး မိန်ကလေးရှင်များ ဦးခေါင်းတစ်ဆစ်ကိုက်ခဲခြင်း၊ မီးယပ်ရောဂါ ဂရုစိုက်ပါ။

ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အနောက်အရပ်မျက်နှာမူကာ သြဇာညွန့် ဘုရားပူဇော်ပြီး သွား၊ နက်ပြာရောင်၊ပန်ရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၅.၂.၄)

အကျိုးပေးအရပ် - အနောက်တောင်

အကျိုးမပေးရှောင်ရန်အရပ် - အရှေ့မြောက်

ယတြာ - လမ်းမှာတွေ့သော ဘုန်းကြီးတစ်ပါးကို မျက်နှာသုတ်ပဝါ နက်ပြာရောင်၊ ပန်းရောင် လှူပေးပါ ဒံပေါက်ဆွမ်းကပ်လှူ ဆုတောင်းပါ။

ရာဟုသားသမီး

ရာဟုသားသမီးများ မိမိရည်မှန်းထားသလောက် အောင်မြင်မည့် သိုသော် စိတ်ပူပြီးမှ အောင်မြင်မှုရလဒ် ရရှိ၍ ဝင်သမျှငွေများလည်း စုမိဆောင်းမိဖြစ်ပြီး အဖတ်တင်ပါမည်။ မိမိကိုယ်တိုင်ကလည်း အသုံးအဖြုန်းနှင့် အလောင်းကစား ဂရုစိုက်သင့်။ သောကြာ၊ အင်္ဂါသားသမီး အပေါင်းအသင်း သတိထားသင့် လုပ်ငန်းစီးပွားတူ ငွေမျက်နှာကြောင်း သစ္စာဖောက်ခြင်း၊ အလိမ်ခံရတတ်သည်။ အရာရာတွင် စိတ်မြန်ကိုယ်မြန်ခြင်းကို ရှောင်ကျဉ်ကာ စိတ်ရှည်ရှည်ထားပီးဆောင်ရွက်လျင် အောင်မြင်ဖြစ်ထွန်းမည်။ အလှူ အတန်း ပရဟိတများလည်း လုပ်ရတတ်ပါတယ်။ အမျိုးသမီးတစ်ယောက်၏အကူအညီ ကြီးကြီးမားမားရတတ် အလုပ်အပြောင်းအလဲ နေရာအပြောင်းအလဲများကြုံရမည်။ ပညာရေးမှာတော့ အချစ်နှင့်အပေါင်းအသင်း ဦးစာမပေးဘဲ ကြိုးစားလျှင် အောင်မြင်ပါလိမ့်မယ်။ အိမ်ထောင်ရေးသာယာ၍ အပျိုလူပျိုများ မျက်နှာပွင့်လန်းပြီး စိတ်ဝင်စားသူများ ဝိုင်းဝိုင်းလည် နေတတ်ပါတယ်။ အချစ်စစ် အချစ်မှန် ဖူးစာမှန်များနှင့် ဆုံတွေ့ရမည်။

ကျန်းမာရေးကတော့ ဒူးနာ၊ ခါးနာ၊ အကြောအဆစ်ဝေဒနာ ခံစားရမည်။ ဆေးကုသခံယူရမည်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် မြောက်အရပ်မျက်နှာမှုကာ သီးညွန့်၊ သက်ကယ်ညွန့်များဆောင်၊ အစိမ်းရောင်၊ ဖက်ဖူးရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၉.၄.၃)

အကျိုးပေးအရပ် - တောင်

အကျိုးမပေးရှောင်ရန်အရပ် - မြောက်

ယတြာ - သစ်သီး(၈)လုံး၊ ပန်းအဝါ (၈)ပွင့် ၊ သောက်တော်ရေ (၅)ခွက်၊ ဖယောင်းတိုင် (၈)တိုင် ထွန်း ပူဇော် ဆုတောင်းပါ။




Some text some message..