2020 အတွက် Capricorn Aquarius နဲ့ Pisces ရာသီခွင်တွေရဲ့အချစ်ရေးအခြေအနေဘယ်လိုလဲ
mystylemyanmar.com
|
2020-01-21

[Zawgyi]

မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ သင်ဗေဒင်တွက်ဖူးတယ်ဆိုရင် မမေးမဖြစ်တဲ့အရာတစ်ခုကို စိတ်ဝင်တစားမေးတတ်မှာပါ။ ဒါကတော့အချစ်ရေးပါပဲ။ ရာသီခွင်အလိုက် နှစ်တစ်နှစ်ရဲ့ အခြေအနေက မတူညီနိုင်ပါဘူး။ 2020 အတွက် Capricorn, Aquarius နဲ့ Pisces တို့ရဲ့ အချစ်ရေးအခြေအနေကတော့ဒီလိုပါ။

၁။ Capricorn (December 22 – January 19)

Capricorn ရာသီဖွားတွေက ကိုယ့်အတွက် ကိုယ်ကြည့်တာများပါတယ်။ ဒါကြောင့် ဒီနှစ်မှာတော့တခြားသူတွေရဲ့ စကားသံတွေကို နားထောင်ပြီး အကူအညီလိုအပ်သူတွေကို ကူညီပေးသင့်ပါတယ်။ ဒီနှစ်မှာ အခြားသူတွေကို ကူညီပေးရင်းနဲ့ ချစ်သူတွေ့နိုင်ချေရှိပါတယ်။ သင့်ရဲ့အနာဂတ်လက်တွဲဖော်ကလည်း သင်နဲ့စိတ်ထားချင်းတူနေတတ်ပါတယ်။ သင်က နဂိုတည်းက ချစ်သူရှိသူဆိုရင် သင်တကယ်လိုအပ်တဲ့အရာတွေကို ချစ်သူဆီမှာ ပွင့်ပွင့်လင်းလင်းရင်ဖွင့်ပါ။ Volunteer လုပ်ငန်းတွေကို နှစ်ယောက်အတူစမ်းလုပ်ကြည့်ပါ။

၂။ Aquarius (January 20 – February 18)

Aquarius တွေက အမှီအခိုကင်းသူတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီဖွားတွေက ရင့်ကျက်သူတွေကို ဆွဲဆောင်တတ်ပါတယ်။ ခံစားချက်ကို အခြေခံတဲ့အရာတွေ အဆင်ပြေမယ့်နှစ်ပါ။ အချစ်ရေးကို ဘယ်လို Balance ဖြစ်အောင် နေရမလဲဆိုတဲ့အတွေးသစ်တွေကို ပိုင်ဆိုင်လာပါလိမ့်မယ်။ မေလကုန်ခါနီးအချိန်က သင့်အတွက် အချစ်ရေးကံအကောင်းဆုံးအချိန်ပါပဲ။

၃။ Pisces (February 19 – March 20 )

Pisces အတွက် ဒီနှစ်က တစ်ကိုယ်ရေဖွံ့ဖြိုးမှုအတွက် အပြင်းအထန်ကြိုးစားရမယ့်နှစ်ပါ။ ဒါကြောင့် ချစ်သူရှိတယ်ဆိုရင် တွေ့ချိန်တွေကို ကန့်သတ်ပြီး တွေ့သင့်ပါတယ်။ သင့်ကိုယ်သင် အပြည့်အဝလက်ခံပြီး လျစ်လျူရှုသင့်တာတွေ လျစ်လျူရှုပြီး ကြိုးစားချိန်ရောက်ပါပြီ။ ရောဂ၊ ပြေးတာ၊ လေ့ကျင့်ခန်းတွေကို ဒီနှစ်ထဲ ပိုလုပ်ပေးပါ။

[Unicode]

Source: HerBeauty.co

By MyStyle Myanmar

The post

2020 အတွက် Capricorn Aquarius နဲ့ Pisces ရာသီခွင်တွေရဲ့အချစ်ရေးအခြေအနေဘယ်လိုလဲ appeared first on

MyStyle Myanmar .

Some text some message..