နိုဝင်ဘာလ ၂၆ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
lotaya.mpt.com.mm
|
2018-11-26



လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စသည့် ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။အခုလည်း နိုဝင်ဘာလ ၂၆ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကို ဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါလားနော်။


မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀)အတွင်းမွေးဖွားသူများ

အချစ်ရေး၊အိမ်ထောင်ရေးအဆင်ပြေနေပြီး ပျိုရွယ်သူတွေ စန်းပွင့်နေပါတယ်။ တစ်ဦးထက်ပိုတဲ့ ချစ်သူတွေ ပေါ်ပေါက်လာတတ်ပြီး ဖူးစာရှင်အစစ်အမှန်ကိုလည်း ရွေးချယ်တွေ့ရှိနိုင်ပါလိမ့်မယ်။ ပညာရေးကောင်းမွန်တိုးတက်နေမှာဖြစ်ပြီး သင်တန်းအသစ်တွေ တက်ရောက်ရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးကတော့အစားမရှောင်တာကြောင့် ကျန်းမာရေးအနည်းငယ်ထိခိုက်နိုင်ပါတယ်။အလုပ်အကိုင်များအောင်မြင်ပြီး ဝင်ငွေကောင်းနေမယ့် ကာလပါပဲ။ လုပ်ငန်းအကြီးအကဲတွေထံကနေအကူအညီအထောက်အပံ့တွေ ရရှိနိုင်ပြီး စုပေါင်းလုပ်ဆောင်ရသော ကိစ္စရပ်များအထူးအောင်မြင်နိုင်ပါတယ်။ လူမျိုးခြား ၊ ဘာသာခြားတွေရဲ့အကူအညီကိုလည်း ရရှိမယ့် နေ့ရက်ပါပဲ။

ယတြာ - ဘုရားတွင် ဆီမီး ကပ်လှူပေးပါ။


ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုအတွက် ကိုယ်တိုင်ရှာဖွေနေရမယ့်အချိန်ပါပဲ။ တစ်ခြားသူတွေရဲ့အကြံပေးမှုတွေကိုအကောင်းမြင်လို့ မရဖြစ်နေပြီး ကိုယ့်ရဲ့အခက်အခဲကိုလည်း တစ်ခြားသူတွေနဲ့ ဝေမျှလိုစိတ်နည်းပါးနေပါလိမ့်မယ်။ဒီနေ့မှာ ကိုယ်အမှန်တကယ်နှစ်သက်မယ်ထင်ပြီး လုပ်ကိုင်လိုက်တာတွေကပဲ ကိုယ့်ကိုစိတ်ဖိစီးမှု ဖြစ်စေလို့ သတိထားသင့်တဲ့ နေ့ရက်ပါပဲ။ ဖြစ်နိုင်ရင်တော့ လုပ်ငန်းသစ်စတင်တာမျိုး တိုးချဲ့တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။အချစ်ရေးမှာတော့ ချစ်သူရဲ့ သစ္စာဖောက်ခြင်းကို ခံရမှာဖြစ်ပြီး စိတ်လိုက်မာန်ပါ လမ်းခွဲတာမျိုးထက် နှစ်ဦးကြားဝေးကွာမှု ဖြစ်စေတဲ့အချက်ကို ရှာဖွေဖြေရှင်းသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဗိုက်အောင့်၊ လေနာရောဂါဖြစ်ပွားတတ်ပါတယ်။

ယတြာ - ရေကုသိုလ်ပြုပေးပါ။


မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁)အတွင်းမွေးဖွားသူများ

ချစ်သူမရှိသေးသူတွေကတော့ တစ်ယောက်တည်းပဲ ဆက်ရှိနေဦးမယ့်အချိန်ပါပဲ။ ဒီရက်ပိုင်းမှာ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေပါလိမ့်မယ်။ လုပ်ကိုင်သမျှ လုပ်ငန်းကိစ္စတွေကလည်းအဆင်မပြေမှုတွေကြုံရမှာဖြစ်ပြီးအနားမှာရှိသမျှလူတွေအကုန်လုံးက စိတ်ဖိစီးမှုတွေကိုပဲ ပေးနေတတ်တဲ့အချိန်ပါပဲ။ ပြဿနာတွေကိုကိုယ်တစ်ဦးတည်း ရင်ဆိုင်နေရတယ်လို့ ခံစားနေရမယ့်အချိန်ဖြစ်ပြီး လုပ်ငန်းမှာလည်းအခက်အခဲတွေကြုံရနိုင်ပါတယ်။ ဒါပေမယ့် လုပ်ငန်းဆောင်တာတွေကိုပုံမှန်ပဲ ဆက်ပြီးလုပ်ဆောင်လိုက်ပါ၊ ကိုယ့်အပေါ်ကူညီနေသူတွေကို ကျေးဇူးကန်းတဲ့အပြုအမူမျိုး ပြုမူမိတတ်လို့ သတိပြုသင့်ပါတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်း ကောင်းမွန်နေတဲ့နေ့ရက်ပါပဲ။

ယတြာ -အိမ်ရှိအိတ်အဟောင်းအစုတ်များ စွန့်ပစ်လိုက်ပါ။


ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ ကိုယ်လုပ်ကိုင်ရမယ့် လမ်းကြောင်းကို တွေဝေနေတတ်ပြီးအလုပ်သစ်ပြောင်းလဲလိုစိတ်တွေလည်း ဖြစ်ပေါ်နေပါလိမ့်မယ်။ ကွဲကွာနေတဲ့ မိသားစု၊ ဆွေမျိုးမိတ်ဆွေတစ်ချို့နဲ့ ပြန်လည်ဆုံတွေ့ရကိန်းရှိပြီးအရင်က ကိုယ့်အပေါ်အကောင်းမမြင်သူတွေကလည်း ကောင်းမွန်စွာ ဆက်ဆံလာမယ့်အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့အာရုံကြောအားနည်းတတ်ပါတယ်။ ရည်မှန်းထားတဲ့ လုပ်ငန်းချဲ့ထွင်မှုတွေရှိရင် ဒီနေ့မှာ စတင်အကောင်အထည်ဖော်လိုက်ပါ။ တစ်ယောက်တည်းလုပ်ကိုင်တာထက်အုပ်စုနဲ့လုပ်ကိုင်တဲ့ ရလဒ်တွေက ကောင်းကျိုးပိုရနိုင်တဲ့ နေ့ရက်ပါပဲ။အချစ်ရေးအဆင်မပြေမှုလေးတွေရှိနေပြီး ဒေါသရှေ့ထားဖြေရှင်းတာမျိုးထက် ဒီပြဿနာတွေရဲ့အရင်းခံကို သေချာဆန်းစစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။


သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ ဘယ်လုပ်ငန်းကိုမှ တိုးချဲ့လုပ်ကိုင်တာမျိုး မလုပ်ဘဲ ငြိမ်ငြိမ်လေးနေတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒီရက်ပိုင်းမှာ လူမှုရေးပိုင်းအရှုတ်အရှင်းတွေဖြစ်လာတတ်ပြီးအချစ်ရေးလည်း ညံ့နေပါတယ်။ ချစ်သူကဖောက်ပြန်သွားတတ်သလို မိမိကိုယ်တိုင်လည်းအချစ်သစ်လည်း တွေ့လာနိုင်တဲ့အချိန်ပါပဲ။ ဘယ်လိုပြဿနာကိုမဆို ကိုယ့်အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်တာမျိုးထက်အားလုံးရဲ့အကြံဉာဏ်နဲ့ဆုံးဖြတ်မယ်ဆိုရင် ဆုံးရှုံးမှုနည်းနိုင်မှာဖြစ်ပါတယ်။ နိုင်ငံခြားခရီးသွားရကိန်းရှိပြီး လူမျိုးခြားအကူအညီရရှိလာပါလိမ့်မယ်။ ပညာရေးကျန်းမာရေးကတော့ ကောင်းမွန်နေပါတယ်။

ယတြာ - ဘုရားတွင် ကောက်ညှင်းပေါင်း ကပ်လှူပေးပါ။


ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

ဒီရက်ပိုင်းမှာ ကျန်းမာရေးအနည်းငယ်ညံ့နေလို့ သတိပြုသင့်ပါတယ်။အဆင်မပြေတဲ့အချစ်ရေးကို ပြန်လည်ထိန်းညှိနိုင်ဖို့အတွက်ကတော့ လက်တွဲဖော်ရဲ့အားနည်းချက်တွေကိုပဲ မြင်နေမိမယ့်အစား သူ့ရဲ့အားသာချက်တွေကိုလည်း တွေးပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးအနည်းငယ်ညံ့နေတာကြောင့် ကိစ္စတိုင်းကိုအလိုလိုစိတ်ညစ်တာ၊ စိတ်ကုန်တာတွေလည်း ဖြစ်နေတတ်ပါတယ်။ ချစ်သူအပေါ်မှာလည်း ဒေါသအလျှောက်ပြောဆိုမှုတွေကတဆင့် ပြတ်စဲသည်အထိဖြစ်တတ်လို့ သတိပြုသင့်တဲ့ နေ့ရက်ပါပဲ။ ပညာရေးနဲ့ ပတ်သက်ပြီး နိုင်ငံခြားခရီး သွားရကိန်းရှိပါတယ်။

ယတြာ - ငါးစာကျွေးပါ။


တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၃)အတွင်းမွေးဖွားသူများ

အလုပ်အကိုင်များအောင်မြင်ပြီး ဝင်ငွေကောင်းနေမယ့် ကာလပါပဲ။ လုပ်ငန်းအကြီးအကဲတွေထံကနေအကူအညီအထောက်အပံ့တွေ ရရှိနိုင်ပြီး စုပေါင်းလုပ်ဆောင်ရသော ကိစ္စရပ်များအထူးအောင်မြင်နိုင်ပါတယ်။ လူမျိုးခြား ၊ ဘာသာခြားတွေရဲ့အကူအညီကိုလည်း ရရှိမယ့် နေ့ရက်ပါပဲ။အချစ်ရေး၊အိမ်ထောင်ရေးအဆင်ပြေနေပြီး ပျိုရွယ်သူတွေ စန်းပွင့်နေပါတယ်။ တစ်ဦးထက်ပိုတဲ့ ချစ်သူတွေ ပေါ်ပေါက်လာတတ်ပြီး ဖူးစာရှင်အစစ်အမှန်ကိုလည်း ရွေးချယ်တွေ့ရှိနိုင်ပါလိမ့်မယ်။ ပညာရေးကောင်းမွန်တိုးတက်နေမှာဖြစ်ပြီး သင်တန်းအသစ်တွေ တက်ရောက်ရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးကတော့အစားမရှောင်တာကြောင့် ကျန်းမာရေးအနည်းငယ်ထိခိုက်နိုင်ပါတယ်။

ယတြာ - ဘုရားတွင် ဖယောင်းတိုင် ၃တိုင်ထွန်းပြီး လိုရာဆုတောင်းပါ။


ဗြိစ္ဆာရာသီ(Scorpio) -အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

လူအများနဲ့ တွဲဖက်လုပ်ကိုင်ရတဲ့ လုပ်ငန်းများအကျိုးပေးမည်ဖြစ်ပြီး ဒီရက်ပိုင်းမှာ လုပ်သမျှထင်ပေါ်နေမယ့် ကာလပါပဲ။အလုပ်ကိစ္စတွေလည်းအဆင်ပြေအောင်မြင်ပါလိမ့်မယ်။ ရည်မှန်းချက်မှန်သမျှ ထူးခြားအောင်မြင်နိုင်ပြီး ပညာရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေကိုလည်းအကောင်အထည်ဖော်သင့်တဲ့ နေ့ရက်ပါပဲ။ တက်မယ်လို့ ကြံရွယ်ထားတဲ့ သင်တန်းတွေကိုလည်း ချက်ချင်းပဲ တက်ရောက်လိုက်ပါ။အချစ်ရေးမှာ စိတ်ချမ်းမြေ့စရာများ ကြုံမှာဖြစ်ပြီး မိမိအပေါ် နားလည်မှုအပြည့်အဝရှိသူနဲ့ လက်တွဲရကိန်းရှိပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး ပြည်ပခရီးသွားရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ နားအူ၊ နားကိုက်ရောဂါ ဖြစ်ပွားတတ်ပါတယ်။

ယတြာ - ဘုရားတွင် သစ်သီးယိုတစ်မျိုးမျိုး ကပ်လှူပေးပါ။


ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁)အတွင်းမွေးဖွားသူများ

ရပ်ဝေးက မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံရတတ်ပြီးအကူအညီကောင်းတွေလည်း ရရှိပါလိမ့်မယ်။ ဒီနေ့မှာ ထူးခြားတဲ့ပြောင်းလဲမှုတွေ ကြုံရကိန်းရှိပြီး လုပ်ငန်း ပတ်ဝန်းကျင်လည်း ပြောင်းလဲနိုင်ပါသေးတယ်။အပြောင်းအလဲကြားကပဲ တိုးတက်မှုတွေ ရရှိလာနိုင်ပြီး လူမျိုးခြား ကူညီမစမှု ရရှိပါလိမ့်မယ်။အချစ်ရေးမှာ လုံးဝမျှော်လင့်မထားတဲ့ ပြောင်းလဲမှုတွေ ကြုံရကိန်းရှိပြီး ဝေးကွာနေတဲ့ ချစ်သူတွေလည်း ပြန်လည်ဆုံဆည်းရနိုင်ပါတယ်။ တစ်ခုထက်မကတဲ့ သင်တန်းတွေ တက်ရောက်ရကိန်းရှိပြီး သင်တန်းတွေရဲ့အကျိုးကျေးဇူးတွေကိုလည်း ပြန်ပြီး ခံစားရပါလိမ့်မယ်။ ခရီးသွားရကိန်းရှိပြီး ခရီးမှာ ကျန်းမာရေးညံ့တတ်လို့ သတိထားသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်နဲ့ ပတ်သက်တဲ့ရောဂါတွေ သတိပြုရပါမယ်။

ယတြာ - ဘုရားတွင် ကြာဆံချက် ကပ်လှူပေးပါ။


မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀)အတွင်းမွေးဖွားသူများ

နာမည်ကောင်းသတင်းနဲ့ ကျော်ကြားနေမှာဖြစ်ပြီးအလုပ်တွေကိုလည်းအများအပြားလုပ်ကိုင်နေရတတ်ပါတယ်။ သူတစ်ပါး ကိစ္စတွေမှာကြားဝင်လုပ်ကိုင်ရတတ်ပြီး ကိုယ့်ရဲ့ ကူညီမှုအပေါ်အကောင်းထင်မခံရတတ်လို့ သတိပြုသင့်ပါတယ်။အိုးအိမ်၊ ခြံ၊ မြေအသစ်ဝင်ကိန်းရှိပြီး မိသားစုအိမ်တွင်းရေးမှာတော့ ပြဿနာအနည်းငယ် ရှိနိုင်ပါတယ်။အချစ်ရေးကံကောင်းနေပြီး ဗုဒ္ဓဟူး သားသမီးနဲ့ ဖူးစာဆုံပါလိမ့်မယ်။ ပညာရေးမှာ ပုံမှန်လေးကြိုးစားရုံနဲ့ ထွန်းထွန်းပေါက်ပေါက်အောင်မြင်မယ့် ကာလဖြစ်ပြီး ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်ပွားတတ်ပါတယ်။

ယတြာ - ဘုရားတွင် ခေါက်ဆွဲကြော် ကပ်လှူပေးပါ။


ကုမ်ရာသီ (Aquarius) - ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈)အတွင်းမွေးဖွားသူများ

လူတိုင်းကသင့်အပေါ်အကောင်းမြင်နေမှာဖြစ်ပြီး မိသားစုနဲ့ မိတ်ဆွေတွေရဲ့အခက်အခဲတွေကိုလည်း ကူညီခွင့်ကြုံမှာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခြေထောက်ထိခိုက်မိတတ်ပါတယ်။ ဒီနေ့မှာ လုပ်ငန်းစတင်ဖို့အင်အားသစ်တွေ ပြည့်နှက်နေပါလိမ့်မယ်။ သင့်ရဲ့အကြံဉာဏ်တွေကလည်း ဒီအချိန်မှာအကောင်းဆုံး ဖြစ်နေမယ့်အချိန်ပါပဲ။အချစ်ရေးမှာတော့ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်လေးစားမှု ထားသင့်ပါတယ်။ ချစ်သူရဲ့ လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးခြင်းဖြင့်လည်း သူ့ရဲ့ ယုံကြည်ကိုးစားမှုကို ပိုမိုရရှိပြီးအချစ်ရေးအဆင်ပြေပါလိမ့်မယ်။

ယတြာ -အိမ်ရှင်းပေးပါ။


မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)အတွင်းမွေးဖွားသူများ

ပြောင်းလဲတတ်တဲ့ လူတွေနဲ့ ကြုံရမှာဖြစ်ပြီး ဒီအတွေ့အကြုံတွေကနေပဲ လုပ်ငန်းတိုးတက်မှု ရရှိပါလိမ့်မယ်။ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့်အလုပ်ရှင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှု ရရှိနိုင်ပါတယ်။ မိသားစုကိုလည်းအချိန်ပေးပြီး ဂရုစိုက်ပေးသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်ရောဂါ သတိပြုသင့်ပါတယ်။ ဒီနေ့မှာ သင့်ရဲ့အောင်မြင်မှုအရှိန်ကို ဘယ်သူကမှ မတားနိုင်တော့ပါဘူး။အချစ်ရေးကတော့ ကောင်းတစ်ဝက် ဆိုးတစ်ဝက်ရှိနေပါတယ်။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတဲ့အခြေအနေလို့လည်း ဆိုရမှာပါ။

ယတြာ - သက်ကြီးရွယ်အိုများအား ဆေးဝါးလှူဒါန်းပေးပါ။

LEO




Some text some message..