ကားတစ်စီးရဲ့ ကိုယ်ပိုင်နံပါတ် (သို့မဟုတ်)ချက်စီ နံပါတ် (Chassis No.) ဆိုတာ.....
VIN (Vehicle Identification Number) လို့လည်း ခေါ်တဲ့ ချက်စီ နံပါတ်ဆိုတာ မော်တော်ကားတစ်စီးစီရဲ့ ကိုယ်ပိုင်နံပါတ်တွေဖြစ်ပြီ တစ်စီးနဲ့ တစ်စီးလုံးဝမတူညီတဲ့ ကုတ်တွေနဲ့သတ်မှတ်ပေးထားကြတာပါ။
ချက်စီနံပါတ်မှာ ကိန်းဂဏန်းနဲ့ အက္ခရာ ၁၇ လုံး ပါဝင်ပြီး ကားတစ်စီးကိုသက်သေခံဖို့ အသုံးပြုကြပါတယ်။ မော်တော်ကားတွေသာမကပဲ မော်တော်ဆိုင်ကယ်၊ စကူတာ စတာတွေမှာလည်း ချက်စီ နံပါတ်ကို အသုံးပြုကြ ပါသေးတယ်။
လူတွေမှာ မှတ်ပုံတင်ရှိသလိုပဲ ချက်စီ နံပါတ်က ကားတွေရဲ့မှတ်ပုံတင်လို့ ပြောလို့ရပါတယ်။
လူတွေရဲ့ မှတ်ပုံတင်ထဲမှာ အသက်၊ လူမျိုး၊ ဘာသာ၊ ထင်ရှားတဲ့အမှတ်အသား၊ အလုပ်အကိုင် စတာတွေပါဝင် သလို မော်တော်ကားတွေရဲ့ ချက်စီ နံပါတ်တွေမှာလည်း သူတို့ရဲ့ အင်ဂျင်အမျိုးအစား၊ ပါဝင်တဲ့နည်းပညာ၊ စွမ်းဆောင်ရေ၊အသုံးပြုထားတဲ့ပစ္စည်းအသေးစိတ် အချက်အလက်တွေကို ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
အထူးသဖြင့် အစိတ်အပိုင်း တစ်ခုခုချို့ယွင်းလို့ ပစ္စည်အသစ်လဲရတော့မယ် ဆိုတဲ့အခါမှာ မှန်ကန်တဲ့ ပစ္စည်းအမျိုးအစားကို ရှာဝယ်ဖို့ အသုံးပြုကြပါတယ်။ တခြားသက်သေခံအနေနဲ့လည်း အသုံးပြုကြပါသေးတယ်။ (ဥပမာ-စစ်ဆေးရေး)
ချက်စီနံပါတ်တွေကိုတော့ ISO 3833 (ကားတွေရဲ့ စံသတ်မှတ်ချက်) တွေနဲ့ပဲ တရာဝင် ထုတ်လုပ်သူတွေကနေ သတ်မှတ်ပေး ရပါတယ်။
ချက်စီတွေကို စပြီးအသုံးပြုခဲ့ကြတဲ့ ၁၉၅၄ တုန်းကတော့
ISO standard သတ်မှတ်ချက်တွေ မရှိသေးပါဘူး။ ကားထုတ်လုပ်သူအသီးသီးကသူတို့သတ်မှတ်ချက်တွေနဲ့ပဲ သူတို့ အသုံးပြုကြတာပဲ ဖြစ်ပါတယ်။
နောက်ပိုင်းမှသာ နိုင်ငံတကာ Standard တွေက ထွက်ပေါ်လာတာပါ။
စံသတ်မှတ်ချက်အရ ကားတစ်စီးတိုင်းရဲ့ ချက်စီလို့ခေါ်တဲ့ VIN နံပါတ် တိုင်းမှာ ဂဏန်း ၁၇ လုံး ပါဝင်ရပါတယ်။
ကန့်သတ်ချက်တွေအနေနဲ့ကတော့ အက္ခရာ I (i)/O (o)/Q (q) စတာတွေ ပါဝင်လို့မရပါဘူး။ One (1)/Zero(0) စတဲ့ဂဏန်းတွေနဲ့ ရောသွားမှာစိုးလို့ပါ။
ချက်စီ နံပါတ်တွေကို များသောအားဖြင် ကားရဲ့ လေကာမှန်အောက်က ဒတ်ရှိဘုတ်ပေါ်မှာ မြင်နိုင်မှာဖြစ်ပြီး (လေကာမှန်အရှေ့ကနေမြင်နိုင်) ယာဉ်မောင်းဘက်က တံခါးဂျမ့်မှာလည်း စတစ်ကာလေးတွေနဲ့ ကပ်ထားလေ့ ရှိပါတယ်။ တစ်ချို့ကားတွေမှာတော့ အင်ဂျင်၊ အမိုး၊ တစ်ခြားသော အစိတ်အပိုင်းတွေမှာလည်း ချက်စီ (VIN) ကိုထည့်ထားကြပါသေးတယ်။
ပုံမှန်အားဖြင့်တော့ Car Manufacturer တိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် Server နဲ့ Website တွေ ရှိကြပြီး အဲ့ဒီကနေ သူတို့ကားတွေရဲ့ ချက်စီနံပါတ်ကို တရာဝင်ခွင့်ပြုထားတဲ့ အရောင်းကိုယ်စာလှယ်၊ ဆားဗစ်သမားတွေ ကြည့်နိုင် အောင် စီစဉ်ပေးထားပါတယ်။
ယေဘူယျအားဖြင့် လူတိုင်းရှာကြည့်နိုင်တဲ့ ဝဘ်ဆိုဒ်တွေလည်း အများကြီးရှိပါတယျ။
ဥပမာအနေနဲ့ www.autodna.com ဖြစ်ပြီး ကိုယ့်ကားရဲ့ ချက်စီ (VIN) ၁၇ လုံး ကိုရိုက်ထည့်ကာ ကားရဲ့အသေးစိတ်အချက်အလက်တွေကို ရှာကြည့်နိုင်ပါတယ်။
Credit;l Original Writer
Zawgyi

ယေဘူယျအားဖြင့် လူတိုင်းရှာကြည့်နိုင်တဲ့ ဝဘ်ဆိုဒ်တွေလည်း အများကြီးရှိပါတယ်။