
၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း
ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၁၆-၂-၂၀၂၀ ) မှ ( ၂၂-၂-၂၀၂၀) အထိဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီး
တနင်္ဂနွေသားသမီးများ ယခုပတ်မိတ်ဆွေသစ်ဖွဲ့ခြင်း၊ ရေနံသတ္တုတွင်းစူးစမ်းရှာဖွေ့ခြင်း၊ အဓိဌာန်ဝင်ခြင်းနှင့် ဘုရားဖူးခရီးသွားကောင်း၏။ အထူးသဖြင့် Valentineအရုပ်၊ ပန်းအလှဆင်နှင့် အဝတ်အထည်ဒီဇိုင်းသစ်များရောင်းလုပ်ငန်း၊ ဖျော်ဖြေရေးစင်တာလုပ်ငန်း၊ KTV. Karaoke စားသောက်ဆိုင်လုပ်ငန်းများ အကျိုးအမြတ်ရရှိမည်။ ပညာရေးသင်တန်းသစ်များ တက်ရခြင်းနှင့် မိတ်ဆွေကောင်းနဲ့တွေ့ရကိန်းရှိပြီး ပညာရေးတစ်ဖက်၊ အချိန်ပိုင်းအလုပ်အကိုင်များလုပ်ကိုင်ရခြင်းတဖက် ပေါ်ပေါက်လာတတ်သည်။ ရတနာပစ္စည်းတွေလည်း လက်ဆောင်ရတတ်သည်။ လူငယ်၊ လူရွယ်၊ ပျိုရွယ်သူတွေအနေနဲ့စန်းပွင့်နေချိန်ပါပဲ။ ချစ်သူကအသစ်ရသွားတက်သည်။ မေတ္တာရေးတွက် နှလုံးသားထက် ဦးနှောက်ကိုဦးစားပေးလျှင် ပိုအဆင်မည်။ အိမ်ထောင်သည်တွေ အနေနဲ့ သားသမီးကြောင့် စိတ်ချမ်းသာမယ့်၊ အမျိုးသားရဲ့ ကောင်းသတင်း ကြားရသလို့ ဘုရားဖူးခရီးများ သွားရတတ်သည်။ အထူးသဖြင့် ၁၊၁၀၊၂၈ ရက်မွေးဖွားသူများကတော့ အဆိုးနှင့်အကောင်း ဒွန်တွဲပြီး အချစ်ရေးကို ဖြတ်သန်းရမည်။ အချစ်ရေးမှာ ချစ်သူနဲ့ အနေဝေးဖို့ အကြောင်းဖန်လာလိမ့်မယ်။ အပျို၊ လူပျိုများ မလွပ်လပ်သူများနှင့်ငြိစွန်းလွယ်တတ်သည့်အတွက် သတိပြုသင့်။ မိဘအသိုင်းအဝိုင်းက သဘောမတူသောသူနှင့် အိမ်ထောင်ကျတတ်ပါသည်။ အိမ်ထောင်ပြုရန်ကိစ္စတွင် အထစ်အငေါ့ အနှောင့်အယှက် များတတ်ပါသည်။ ကျန်းမာရေးအနေနဲ့ အစာမကျေ လေရောဂါဝေဒနာဖြစ်ပွားတတ်သည်။ ဆောင်ရွက်စရာကိစ္စ ရှိပါက ယခုအပတ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် ဘုရားမှ အုန်းရည်တစ်ခွက် ကပ်လှူ ပြိးသွား၊ နို့နှစ်ရောင်၊ ကြည်ပြာရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၃.၅.၉)
အကျိုးပေးအရပ် - အရှေ့မြောက်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်
ယတြာ - နို့နှစ်ရောင်၊ ကြည်ပြာရောင်ဝမ်းဆက်၍ မိမိနေနံထောင့် ဘုရားမှ အုန်းရည်တစ်ခွက် ကပ်လှူ ဆုတောင်းပါ။ အချစ်ရေး အဆင်ပြေစေရန်- စုံတွဲနှစ်ဦးကို သူတို့ ကြိုက်နှစ်သက်ရာမုန့်တစ်မျိုးမျိုး ဒါနပြုပါ။
တနင်္လာသားသမီး
တနင်္လာသားသမီးများအနေဖြင့် သင့်အလုပ်မှာလည်း မပျော်ရွှင်သလို ဖြစ်နေရတတ်ပါသည်။ မိမိမိတ်ဆွေများလည်း ရန်သူဖြစ်သွားတတ်သလို့ မိမိ သူတစ်ပါး ဘယ်သူအပေါ်ဖြစ်ဖြစ် ဘယ်လောက်ကောင်းအောင် လုပ်ပေးလုပ်ပေး အကောင်းအမြင်မခံရတတ်သည့် အချိန်ကာလဖြစ်သည်။ ငွေကြေးလုပ်ငန်းနှင့် ငွေချေးအပ်နှံခြင်း၊ ငွေချေးငှားခြင်းနှင့် ကျောက်အရောင်းအဝယ်များ သတိပြု၍ လုပ်ကိုင်ဆောင်ပါ။ သူတပါးကိုလည်း အာမခံလုံးဝမပေးပါနှင့် ပြဿနာတစ်ခုထက်မနည်း ဖြေရှင်းရကိန်းရှိပြီး ကံအနည်းငယ်ညံ့နေပါတယ်။ ပညာရှိ၊ သူတော်ကောင်း ပုဂ္ဂိုလ်များကို အမြဲဆည်းကပ်သင်ယူ အကြံဉာဏ်များ ရယူပါ။ မိမိရဲ့စိတ်ကို တည်ငြိမ်အောင်ထားပြီး စိတ်လေ့လွင့်မှုကို ထိန်းသိမ်းလုပ်ကိုင်မည်ဆိုလျှင် ပြဿနာအလိုအလျှောက်ပြေလည်နိုင်ပြိး မိမိအလုပ်အကိုင်များ အဆင်ပြေလာပါလိမ့်မည်။ ပညာရေးမှာ အလွန်ကောင်းပါသည်။ ပြည်ရပ်ခြား အလုပ်အကိုင်များအတွက် ခရီးစဉ်သွားရခြင်း ကောင်းသတင်း သယ်ဆောင်လာလိမ့်မည်။ အထူးသဖြင့် လူသုံးကုန်လုပ်ငန်းရှင် များ အဖိုးတန်ပစ္စည်းများသယ်ဆောင်ရာတွင် အထူးသိထားသင့်သလို မေ့ပျောက်ကျန်ခဲ့တာမျိုး ရှိတတ်လို့ သတိပြုပါ။ အထူးသဖြင့် ၂၊၁၁၊၂၀၊၃၀ ရက်မွေးဖွားသူများ အချစ်ရေးမှာ ပျက်လိုပျက်စီးလုပ်လိုသူ မိမိအနီးနားမှ ဖျက်ဆီးတတ်သူ ရှိနေတတ်ပြီး အထူးသဖြင့် ကျားသတ္တဝါတစ်ဦး မိမိဘဝကို ပျက်စီးဖို့ ကြံရွယ်နေခြင်း အထူးသတိပြုပါ။ မိမိနှင့် မိမိပတ်ဝန်းကျင် မိဘအသိုင်းအဝိုင်း ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်ခြင်းများ ကြုံတွေ့ရတတ်မည်။ အထူးသဖြင့် တနင်္လာနံ"ကခဂင" နာမည်ပါသူများ၏ အတိုက်အခိုက် ပျက်လိုပျက်စီးသူ ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်များ ကြုံတွေ့ရတတ်သည်။ အချိန်မတော် အသွားအလာနှင့် အစားအသောက်များ စားသုံးခြင်း ရှောင်ကြဉ်ခြင်းဖြင့် အသိသတိပြုပါ။ ကျန်းမာရေးအနေဖြင့် ကိုယ်ခန္ဓာညာဘက်ခြမ်းတွင် ဝေဒနာခံစားရတတ်သည်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာ ကိစ္စများအတွက် ဘုရားမှာ လိမ္မာ်ရည်တစ်ဘူး လှူပြီးသွား၊ နံသာရောင်၊ ပန်ရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၂.၈.၉)
အကျိုးပေးအရပ် - အနောက်
အကျိုးမပေးရှောင်ရန်အရပ် - အရှေ့
ယတြာ - မိမိ၏အိမ်ဘုရားစင်တွင် ကံကော်၊ ရဲယိုညွန့်(၁၅)ညွန့်စီ နှင့် ဖီးကြမ်းငှက်ပျောသီး(၂)လုံးကို အခွံခွာပြီး နွားနို့ထည့်၊ သကြားဖြူးကာကပ်လှူ ဆုတောင်းပါ။
အင်္ဂါသားသမီး
အင်္ဂါသားသမီးများ အလုပ်အကိုင်မှာ အနည်းငယ်ညံ့နေပါသည်။ သို့သော် မကြာခင်တော့ အားလုံး ကောင်းလာပြီး လုပ်ငန်း၊အလုပ်အကိုင်များ မိတ်ဆွေတစ်ဦးအကူညီကြောင့် လည်ပတ်လာပါမယ်။ အောက်လက်ငယ်သားရော အထက်လူကြီးပါ သင့်ကိုကူညီမှုတွေ ပေးပါလိမ့်မည်။ ခရီး မကြာခဏ သွားရကိန်းရှိသည်။ သို့သော် အထူးသဖြင့် ခရီးသွားရာတွင် ညအချိန်မတော် အသိသတိလွတ်ပြီး မသွားသင့်မလုပ်သင့်သောနေရာမှာ အပေါ့အပါးသွားခြင်း သတိပြုပါ။ အပမှီခြင်း၊ ထိခိုက်ဒဏ်ရာ ကြုံတွေ့ရတတ်သည်။ ပညာရေးကံမှာလည်း ကောင်းနေပါသည်။ ထူးချွန်စွာအောင်မြင်ပါလိမ့်မည်။ အထူးသဖြင့် ၃၊၁၂၊၂၁၊၃၀ ရက်မွေးဖွားသူများ အချစ်ကံခေမည်။ ချစ်သူကြောင့် စိတ်ဆင်းရဲငိုကြွေးနေရမည်။ ချစ်သူရဲ့ အပြစ်ပြောဆိုခြင်း၊ မိမိအချစ်ကို ဥပေက္ခာပြူ ခံရမည်။ အိမ်ထောင်ရေး မကြိုက်နှစ်သက်ဘဲ မိဘ၊အဖေအရာအကိုတွေရဲ့ စီစဉ်မှုဖြင့် စေ့စပ်မင်္ဂလာပြုရခြင်းနှင့် လျှင်မြန်စွာလက်ထပ်ပေးခြင်းတို့ ကြုံတွေ့ရတတ်သည်။ အိမ်မှာမနေချင်ဘဲ အဝေဆုံးထွက်ပြေးချင်စိတ်ဖြစ်နေတတ်သော် မိမိကံတရားကြောင့် လှောင်ပိတ်ထိန်းချုပ်မှုခံရသလို ဖြစ်တတ်သည်။ ကျန်းမာရေး အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်ပွားနိုင်သည်။ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ နွမ်းနယ်မှုလည်းဖြစ်နေတတ်သည်။ ၁၃၈၁-ခု တပို့တွဲလဆုတ်(၃)ရက် အင်္ဂါနေ့ ရက်ရာဇာ ယနေ့ နနံက်(၁၀း၁)နာရီလွန် ရှင်ပြု၊ နားသ၊ စေ့စပ်၊ လက်ထပ်၊ ထီးတင်၊ နာမည်မှည့်၊ ကင်ပွန်းတပ် ညစက်(၈း၄၆)နာရီအတွင်း ဝိဝါဟမင်္ဂလာ၊ ထီထိုး၊ ငွေကြေးချေးငှားခြင်း၊ ကျန်းမာရေးကုသမှုခံယူခြင်း၊ ခရီးသွားခြင်း၊ မေတ္တာရေးစကားပြောခြင်းတို့ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ရှိပါက ယခုအပတ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် နေအိမ်မှမထွက်မှီ အလင်းတန်းတစ်ခု ကြည့်ခြင်းဆောင်ရွက်ပြီးသွား၊ မီးခိုးရောင်၊ ကြက်သွေးရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၆.၃.၅)
အကျိုးပေးအရပ် - အရှေ့တောင်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်
ယတြာ - နေအိမ်မှမထွက်မှီ အလင်းတန်းတစ်ခုကြည့်ခြင်းဆောင်ရွက်ပြီး ဘုရားမှ အင်္ဂါဂြိုလ်ဒေါင့်တွင် အောင်သပြေ(၈)ညွန့် ဖယောင်းတိုင်(၈)တိုင်၊ အမွှေးတိုင်(၈)တိုင်ထွန်းညှိပူဇော်ပြီးလိုရာဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီး
ဗုဒ္ဓဟူးသားသမီးများ အလုပ်အကိုင်မှာ ကောင်းနေပြီး လုပ်ငန်းခွင်မှာလည်းတိုးတက်မှုများစွာ ကြုံတွေ့ရတတ်ပါသည်။ ငွေကြေးကံမှာလည်း ကောင်းနေသလို လာဘ်လာဘပေါများသော အချိန်ဖြစ်ပါသည်။ အလုပ်အကိုင်ကလည်း အနည်းငယ် စိတ်ညစ်စရာလေးတွေတော့ ရှိနေတတ်ပါတယ် သို့သော်မမျှော်လင့်ပဲ သင့်အတွက် ပြည့်စုံမှုတွေလည်း ရောက်ရှိလာပါလိမ့်မည်။ အထူးသဖြင့် ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ ကွန်ပျူတာဆက်စပ်ပစ္စည်းနှင့် မိတ္တူ ၊ ဓါတ်ပုံလုပ်ငန်းတို့ အကျိုးအမြတ်ရရှိမည်။ အိမ်ထောင်ရေးသားသမီး၊ တပည့်များ တိုးပွားခြင်းနှင့် ကလေးမရသူများ သတင်းကောင်းရင်သွေးမင်္ဂလာစကားကြားရတတ်။ ညီကိုမောင်နှမချင်း စကားများခြင်း၊ အမွေအနှစ်ကိစ္စများပြောဆိုရခြင်း ကြုံရတတ်သည်။ အထူးသဖြင့် ၄၊၁၃၊၂၂၊၃၁ ရက်မွေးဖွားသူများကတော့ အပေါင်းအသင်းများနှင့်တွဲဖက်၍ အောင်သွယ်ခြင်းများကြောင့် အိမ်ထောင်ကျသွားတတ်သည်။ ငယ်ရွယ်သူအချို့တွင် လက်ရှိချစ်သူနှင့် ပြတ်စဲလမ်းခွဲရတတ်ပြီး အချစ်သစ် ဝင်ရောက်တတ်သည်။ ချူပ်ချယ်မှုကို ခါးခါးသီးသီး ငြင်းလိမ့်မည်။ ကျန်းမာရေးအနေဖြင့် ဝမ်းဗိုက်တော့ ခဏခဏအောင့်တတ်ပါသည်။ စိုးရိမ်စရာမလိုပါ။ ၁၃၈၁-ခု တပို့တွဲလဆုတ်(၄)ရက် ဗုဒ္ဓဟူးနေ့ ယနေ့ နနံက်(ရး၃၈)နာရီအတွင်း ဘုရားပင့်ဆောင်ခြင်း၊ အနေကဇာတင်၊ ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထက်၊ ဆည်မြောင်း၊ တံတားပြုပြင်ခြင်း၊ လှေကားတင်၊ ကျောက်သွေးလောင်းခြင်းတို့ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် နေအိမ်မှ မထွက်မှီ မိမိခန္ဓာကိုယ်အရိပ်ကိုကြည့် ဆောင်ရွက်ပြီးသွား၊ အစိမ်းရောင်၊ မရမ်းရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ် အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၁.၅.၇)
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - မြောက်
ယတြာ - နေအိမ်မှ မထွက်မှီ မိမိခန္ဓာကိုယ်အရိပ်ကိုကြည့်ပြီး ရွှေပန်း၊ငွေပန်း အတွဲလိုက်ဝေဝေဆာဆာ မိမိနေနံဂြိုဟ်ထောင့်ရှိ ဘုရားဆင်းတုတော်တွင် လိုရာဆုတောင်းပြီး ကပ်လှူပါ။
ကြာသပတေးသားသမီး
ကြာသပတေးသားသမီးများ အောက်လက်ငယ်သားကိုလည်း မျက်နှာသာ မပေးပါနှင့် သင့်ကို ဒုက္ခပေးတတ်ပါသည်။ ဗုဒ္ဓဟူးသားသမီးများ အကျိူ းမပေးအပြင်"ယရလဝ"နာမည်ပါသူများ ငွေပေးချေးငြား၊ မိမိအလုပ်ပရော့ဂျက် ဖိုင်များ ယုံကြည်စွာမအပ်နှင့် ထိုနောက်အပြင် မိမိ၏အရင်ရန်ကြွေးရှိသူ မိတ်ဆွေဟောင်းတွေ့ အမျိူ းတော်သူဖြစ်၍ မိမိဘဝကို အစမပေါ်နိုင်အောင် ဒုက္ခပေးရန် အကြံအစည်းများရှိတတ်ပြိး မိမိကိုယ်တိုင်လည်အနည်းရိပ်မိပြိးယုံကြည်မှုများ၍ အသိသတိနှင့် အမှားတစ်ခုရင်ဆိုင်ရမည်။ အလုပ်အကိုင်မှာ အကောင်းကြီး မဟုတ်ပေမယ့် အသင့်အတင့်တော့ ကောင်းနေပါသည်။ အလုပ်အကိုင်မှာ စိတ်အနှောက်ယှက်တော့အနည်းငယ်များ နေရတတ်ပါသည်။ ဝန်ထမ်းလောက လုပ်ကိုင်နေပါက မိမိဆုံးဖြတ်ချက်ကို ဦးစားပေး လုပ်ကိုင်ရန် အကြံပြုပါသည်။ ပညာရေးကံ ကြိုးစားပါ အကောင်းဆုံးကာလပါပဲ။ အိမ်ထောင်ဘက် ရာထူး ဂုဏ်ထူး များ တိုးခြင်းခံရမည်။ မိသားစုတွေ ပြန်လည်ဆုံဆည်းခွင့်ကြုံတွေ့ရမည်။ အိမ်ဆောက်၊အိမ်ပြောင်း၊ နေရာအလုပ်ပြောင်းခြင်း ရှောင်ပါ။ အထူးသဖြင့် ၅၊၁၄၊၂၃၊ ရက်မွေးဖွားသူများ လူပျိုငယ်၊ လူရွယ်တွေအနေနဲ့ စီးပွားတွက်တွက်နေတဲ့ ချစ်သူကြောင့်စိတ်ညစ်ရမယ်။ ချစ်သူကိုအချိန်ပေးဖို့ထက် ငွေနောက်ပဲ လိုက်နေပါလိမ့်မယ်။ အချစ်ကိစ္စတွေ ရှုပ်ထွေးမှုတွေ ဖြစ်နိုင်ပါတယ်။ ချစ်သူကို နှုတ်မဆက်ပဲ ရုတ်ရက်လမ်းခွဲရခြင်းမျိုး ကြုံရတတ်ပါသည်။ ကျန်းမာရေးကောင်းနေပေမဲ့ ထိမိ ခိုက်မိ ဖြစ်တာမျိုးရှိနိုင်တယ်။ ၁၃၈၁-ခု တပို့တွဲလဆုတ်(၅)ရက် ကြာသပတေးနေ့ ရက်ရာဇာ ယနေ့ ပဉ္စင်းခံ၊ စေ့စပ်၊ လက်ထက်၊ မြေသန့်မင်္ဂလာ၊ နာမည်မှည့်၊ ဆေးခန်းဖွင့်၊ အစုရှယ်ယာဝင်ခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကျန်းမာရေးကုသမှုခံယူခြင်း တို့ကောင်း၏။ (တနင်္ဂနွေဂြိုဟ် ညစက် ၇နာရီ၁၀မိနစ်လွန် ကုမ်ရာသီပြောင်းဖြစ်၍ ရှင်ပြု၊ နားသ၊ စေ့စပ်၊ လက်ထက်မင်္ဂလာအခါရ၍ အိမ်ဆောက်၊ အိမ်တက်မင်္ဂလာအခါရှောင်ရန်) ဆောင်ရွက်စရာကိစ္စ ရှိပါက ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် တောင်အရပ်မျက်နှာမှုကာ နှင်းဆီပန်း(၅)ပွင့်ဘုရားလှူပြီးသွား၊ နို့နှစ်ရောင်၊ အဝါရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၂.၈.၆)
အကျိုးပေးအရပ် - မြောက်
အကျိုးမပေးရှောင်ရန်အရပ် - တောင်
ယတြာ - နို့နှစ်ရောင်၊ အဝါရောင်ဝတ်ဆင်ပြီး ကြာသပတေးဂြိဟ်ဘုရားမှာ တောင်အရပ်မျက်နှာမှုကာ နှင်းဆီပန်း(၅)ပွင့်ဘုရားလှူ ပြီး လိုရာဆုတောင်းပါ။ ငါးအစာကျွေး ကုသိုလ်ပြုပါ။
သောကြာသားသမီး
သောကြာသားသမီးများ ယခုအပတ်မှာ သင်စိတ်ဓာတ်မကျဖို့တော့ အရေးကြီးပါတယ်။ စီးပွားရေးအကြပ်အတည်းများ ပြေလည်လာမည်။ ဥစ္စာပစ္စည်း ရွှေငွေရတနာစုဆောင်နိုင်လိမ့်မည်။ ပျော်ရွင်စရာများနှင့် ပီတိမင်္ဂလာ အလှူတန်း ဘာသာရေးနှင့်လှုမှုရေးကိစ္စ ရပ်ရေး၊ ရွာရေးကောင်းကျိုး များ ပြုလုပ်ရမည်။ တနင်္ဂနွေသားသမီးများ အကျိုးပေးကောင်း၏။ အကူညီလည်းရရှိမည်။ လုပ်ငန်းသစ်စတင်လုပ်ကိုင်မည်ဆိုပါက အလွန်ကောင်းပါသည်။ လုပ်ဖြစ်အောင်လုပ်ပါ အကျိုးပေးပါလိမ့်မည်။ ပညာရေးကောင်းနေပြီး ကျန်းမာရေးကြောင့် မိမိတတ်ပညာရပ်နှင့် ပြည်ပခရီးစဉ်များ ရပ်ဆိုင်းသွားရတတ်သည်။ အိမ်ထောင်ရှင်များ သားသမီးရတနာ သန္ဓေတည်ခြင်း၊ အိမ်ထောင်ရေး ခိုင်မြဲပြီးသားသမီးရတနာကံကြောင့် မိသားစု စီးပွားရေးအခြေအနေ ပြောင်းလဲမှုနှင့် သားသမီးရတနာထပ်ရခြင်း၊ မြေးချီရခြင်း၊ ခရီးယာယီ ပြည်တွင် ပြည်ခရီး၊ ဘုရားဖူးမိသားစုလိုက် သွားရမယ်။ မိသားစုအတွင်း စိတ်ချမ်းမြေ့စရာကိစ္စများ ၊ ပျော်ရွှင်ကြည်နူးစရာကိစ္စများ ပေါ်ပေါက်လာတတ်ပါသည်။ အထူး ၆၊၁၅၊၂၄ ရက်မွေးဖွားသူများကတော့ "Happy Valentine Day" မှာ ချစ်သူနှင့် ပျော်ရွင်စရာများနှင့် ကြည်နူးစရာများ ရာခိုင်းအပြည်အဝရရှိမှာ ဖြစ်သည်။ အဖိုးတန်လက်ဆောင်ရမည်။ မေ့မရသောနေ့တနေ့ အမှတ်တရကျန်ခဲ့မည်။ မိမိအပျိုစင်ဘဝကို မပုံအပ်သင့်၍ သတိနှင့်စောင့်ထိန်းပါ။ လူငယ်၊လူရွယ်များ တစ်ပါးသူ၏ အသိုင်းအဝိုင်းအရှက်သိက္ခာကို စောင့်ထိန်းပြီး ဖြူစင်သောရက်တစ်ရက်အနေဖြင့် ဖြတ်သန်းကျော်လွှားပါ။ ကျန်းမာရေး စိတ်ချမ်းသာ ကိုယ်ကျန်းမာနေပါလိမ့်မည်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် နေအိမ်မှမထွက်မှီ အဝင်အထွက်(၃)ကြိမ်ပြုလုပ်ပြီးသွား၊ အဖြူရောင်၊ လိမ္မော်ရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၃.၅.၁)
အကျိုးပေးအရပ် - အရှေ့
အကျိုးမပေးရှောင်ရန်အရပ် - အနောက်
ယတြာ - အဖြူရောင် အဝတ်အစား ဝတ်ဆင်ပြီး နေအိမ်မှမထွက်မှီ အဝင်အထွက်(၃)ပြုလုပ်ပြီး ဘုရားမှာ ငွေဖလားဖြင့် အောင်သပြေ(၆)ခက်၊ကြံတစ်ဆစ်၊ ရွက်လှညွန့်(၄)ညွန့် ကပ်လှူ ဆုတောင်းပါ။
စနသေားသမီး
စနေသားသမီးများ ဒွန်းစဏ္ဍား ယခုအပတ်တွင်း လုပ်ငန်းသစ်များ စတင်လုပ်ကိုင်မည်ဆိုပါက လုံးဝမလုပ်ပါနှင့် အရှုံးပေါ်တတ်သည်။ အထူး ပြည်ပအလုပ်အကိုင်အင်ဂျင်စီလုပ်ငန်းများ အခက်ခဲတွေ့မည်။ သင့်ယုံကြည်ရသော သူတွေကလည်း သင့်ကို မကောင်းကြံတတ်သည်။ သတိထားပါ။ ဝန်းထမ်းလောက ချစ်သူတွေ့တတ်ပြီး ချစ်သူနှစ်ဦး ငယ်ဟောင်း၊ ချစ်ရေးကွဲကွာသူ၊အိမ်ထောင်အဆက်ဟောင်းနှင့် တနေရာတချိန်မှာ မမျှော်လင့်ထားပဲ တွေ့ဆုံရတတ်ပြီး တစ်ဦးပေါ်တစ်ဦး နားလည်ပေးပြီး ပေါင်းသင်းရတတ်တာတွေ့ရှိပါတယ်။ အိမ်ထောင်ရှင်များဖြစ်ပါက အိမ်ထောင်ရေး အိမ်ထောင်ဖက်ခရီးသွားရ၍ ခဏတာ ခွဲခွာရတတ်သည်။ ငွေကြေးအာမခံတော့ မပေးပါနှင့် ပြဿနာပေါ်တတ်ပါသည်။ ပညာရေးကောင်းနေပါသည်။ သင့်ဖက်ကကြိုးစားဖိုတော့ လိုနေပါသည်။ ပြည်ပအလုပ်အကိုင်များ သူဌေးနှင့်အဆက်မပြေ၍ နေရာအပြောင်းအရွှေ့နှင့် မိမိလစာ လရှည်မရဘဲ အခက်တွေကြုံတွေ့ရတတ်ပါတယ်။ ဝန်ထမ်းများဖြစ်ပါက အလုပ်၌ စိတ်အလွန်ရှုပ်နေရတတ်ပါသည်။ အထူး ၇၊၁၆၊၂၅ ရက်မွေးဖွားသူများကတော့ ငယ်ရွယ်ပျိူ ရွယ်သူများ အချစ်ရေးကံဇာတာကောင်း စန်းကောင်းပြိး မိမိတို့၏မေတ္တာရေး၊နှလုံးရေးရာလေးလေးနက်နက် တန်ဖိုးထားသူများနှင့် တွေ့ကြုံရမည်။ ဂုဏ်ရှိန်ကြီးမားသော အသိုင်းအဝိုင်းမှ ဖူးစာဆုံတွေ့မည်။ ကျန်းမာရေးမှာ အနည်းငယ်ညံ့နေတတ်ပါသည်။ သွေးအားနည်းခြင်း ရောဂါဖြစ်တတ်ပါသည်။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် နေအိမ်မှ မထွက်မှီ တစ်ပါးသူနှင့် စကားငြင်းခုံပြီးမှသွားခြင်း၊ ကြည်ပြာရောင်၊ နို့နှစ်ရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၈.၂.၇)
အကျိုးပေးအရပ် - အနောက်တောင်
အကျိုးမပေးရှောင်ရန်အရပ် - အရှေ့မြောက်
ယတြာ - ကြည်ပြာရောင်၊ နို့နှစ်ရောင်ဝတ်ဆင်ပြီး ဘုရားမှာ မိမိနေ့နံစနေဂြိုဟ်ထောင့်တွင် နှင်းဆီအနီရောင်၊ အောင်သပြေ(၁ဝ)ညွန့် အမွေးတိုင်(10)တိုင် ဖယောင်းတိုင်(၁၀)တိုင်ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းပါ။
ရာဟုသားသမီး
ရာဟုသားသမီးများအတွက် အောင်မြင်မှု ပန်းတိုင်သည် မိမိလက်တကမ်းသို့ ရောက်ရှိနေပါမည်။ လူချစ်လူခင်ပေါများမည်။ ပြည်တွင်းပြည်ပခရီးကိစ္စ ပေါ်လျှင် မကောင်းပါ။ စိတ်ညစ်စရာကောင်းသော ခရီးဖြစ်ပါသည်။ အထက်တန်း ပုဂ္ဂိုလ်များက မိမိအား အလေးထား ချီးမြှင့် မ,ဆခြင်းကို ခံရ တတ်သည်။ စည်းကမ်းစနစ်တကျ လုပ်ကိုင်ရမည်။ ပညာရေးကဏ္ဍတွင် စိတ်နှစ်ခွ ဖြစ်တတ်သည်။ ပညာဆည်းပူနေသူများလည်း ရှေ့မတိုး နောင်မဆုတ်သာ ဖြစ်တတ်သည်။ ငယ်ရွယ်သူများဖြစ်ပါက အချစ်ရေးမှာ ကောင်းနေသော်လည်း အနည်းငယ်စကားများရတတ်သည်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေး အတိုက်အခံပေါ် အနည်းငယ်ပေါ်လာမည်။ အထူး ၈၊၁၇၊၂၆ ရက်မွေးဖွားသူများကတော့ ပျိုရွယ်သူများအနေဖြင့် မိမိ၏အိမ်နီးချင်းလုပ်ငန်းခွင် အပေါင်းအသင်းထဲမှ ဖူးစာရှင်နှင့်ဆုံတွေ့ရတတ်သည်။ ဂုဏ်ဒြပ်ကြီးမားသူ၊ အသက်အရွယ်ပိုင်း ကွာခြားသူများနှင့်ဖူးစာကြုံတတ်သလို အသက်အရွယ်အားဖြင့် ကွာခြားသူများ၏ propose ပြုလုပ်ခြင်း လက်ထပ်တောင်းရမ်းခြင်းများ ကြုံတွေ့ရတတ်သည်။ ချစ်သူ၊ မေတ္တာနှလုံးသားရေးအပေါ်မှာ အင်မတန် လွှမ်းမိုးလိုစိတ် ကြီးမားပြီး သူတို့ကသာ နေရာတကာမှာ အာဏာပြချင် သြဇာပေးချင်ကြပါလိမ့်မည်။ ကျန်းမာရေးအနေဖြင့် အရေပြားရောဂါဖြစ်ပွားတတ်သည်။ ရောဂါအခံရှိသူများ ရောဂါဟောင်းများပြန်လည်ပေါ်တတ်သည်။ ဆောင်ရွက်စရာကိစ္စ ရှိပါက ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် နေအိမ်မှ မထွက်မှီ မိမိခန္ဓာကိုယ်အရိပ်ကိုကြည့်ပြီး ခဲတစ်လုံးဆောင်သွား၊ အစိမ်းရောင်၊ မရမ်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၁.၇.၅)
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - မြောက်
ယတြာ - နေအိမ်မှ မထွက်မှီ မိမိခန္ဓာကိုယ်အရိပ်ကိုကြည့်ဆောင်ရွက်ပြီး ရာဟုဂြိဟ်ဘုရားမှာ ရဲယိုညွန့် (၁၂) ညွန့် မြေအတာအိုးနှင့် ကပ်လှူ ဆုတောင်းပါ။