စက်တင်ဘာလ ၂၆ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စသည့် ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။အခုလည်း စက်တင်ဘာလ ၂၆ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကို ဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါလားနော်။
မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀)အတွင်းမွေးဖွားသူများ
လုပ်ငန်းချဲ့ထွင်မှုများအကျိုးပေးပါလိမ့်မယ်။ မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာ နာမည်ကျော်ကြားကိန်းရှိပြီး လုပ်ငန်းကိစ္စတွေလည်း လုပ်ဆောင်အောင်မြင်မယ့် နေ့ရက်ပါပဲ။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းစပ်တူလုပ်ခြင်းဖြင့်အောင်မြင်မှု ရရှိပါလိမ့်မယ်။အချစ်ရေးမှာအသည်းနှလုံးထက် ဦးနှောက်ကိုဦးစားပေးရွေးချယ်ဆုံးဖြတ်မှသာအဆင်ပြေမှာဖြစ်ပါတယ်။ နီးစပ်မှုပေါ်မူတည်ပြီးလည်းအိမ်ထောင်ကျကိန်းရှိနေပါတယ်။ ကံကောင်းနေပေမယ့် ဝီရိယစိုက်ထုတ်မှုအားနည်းတာကြောင့် ပညာရေး၊ လုပ်ငန်းခွင်ရာထူးတိုးတက်မှုပိုင်းမှာ နှောင့်နှေးနေတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အဆုတ်အအေးပတ်တာ၊ သွားနဲ့ပတ်သက်တဲ့ရောဂါမျိုးဖြစ်ပွားတတ်ပါတယ်။
ယတြာ - ဘုရားတွင် သောက်တော်ရေ ၃ခွက် ကပ်လှူပေးပါ။
ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများ
မနာလိုပြိုင်ဆိုင်မှုများကြုံရကိန်းရှိနေပြီး လုပ်ငန်းခွင်မှာလည်းအနှောင့်အယှက်ပေးသူတွေ ကြုံရပါလိမ့်မယ်။ ဘေးစကားတွေကြောင့်အချစ်ရေး၊အိမ်ထောင်ရေး ပြဿနာဖြစ်နိုင်လို့ သတိပြုရမယ့် နေ့ရက်ပါပဲ။အတတ်ပညာတစ်ခုခု တိုးချဲ့သင်ယူရကိန်းရှိပြီး နိုင်ငံခြားခရီးစဉ်သွားရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ဒုက္ခပေးတတ်ပါတယ်။ ရပ်တန့်ထားတဲ့ ကိစ္စတွေပြန်လည်အကောင်အထည်ပေါ်လာမယ့် နေ့ရက်ဖြစ်ပြီး လုပ်ငန်းသစ်စတင်ဖို့ကောင်းမွန်တဲ့ နေ့ရက်လို့လည်း ဆိုရမှာပါ။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ တွဲဖက်လုပ်ကိုင်သူများ သတိထားသင့်ပြီး ဒီနေ့မှာအလုပ်ပြောင်း၊အိမ်ပြောင်းတာမျိုးတွေ မလုပ်သင့်သေးပါဘူး။
ယတြာ -အိမ်ရှိဘုရားတွင် နှင်းဆီပန်းရောင်စုံ ကပ်လှူပေးပါ။
မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁)အတွင်းမွေးဖွားသူများ
အပြိုင်အဆိုင်များကြားကနေအောင်မြင်မှုရရှိမှာဖြစ်ပြီး မနာလိုသူတွေပေါများနေပါလိမ့်မယ်။ ရန်လိုသူတွေ၊ စိတ်ဒုက္ခပေးသူတွေ မကြာခဏကြုံတွေ့ရကိန်းရှိပြီး လက်အောက်ငယ်သား သစ္စာဖောက်တတ်ပါတယ်။ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေမယ့် ကာလဖြစ်ပြီး ဒါတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ ပညာရေးမှာ စိတ်ပျံ့လွင့်ပြီးလူပေါင်းမှားခြင်းကြောင့် ကျဆုံးမှုတွေ ရှိလာပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့အစားအသောက်ပိုင်းဆိုင်ရာ မဆင်ခြင်မိလို့အစာအဆိပ်သင့်တတ်ပါတယ်။ မတော်တဆထိခိုက်ဒဏ်ရာရရှိတတ်လို့ ဒီရက်ပိုင်း ကားမောင်းတဲ့အခါမျိုးမှာအထူးသတိထားသင့်ပါတယ်။
ယတြာ - သောကြာသားတစ်ဦးကို သစ်သီးတစ်လုံးပေးလိုက်ပါ။
ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂)အတွင်းမွေးဖွားသူများ
အပြောင်းအလဲကြားကပဲ တိုးတက်မှုတွေ ရရှိလာနိုင်ပြီး လူမျိုးခြား ကူညီမစမှု ရရှိပါလိမ့်မယ်။ ဝေးကွာနေသူတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်မယ့် ကာလဖြစ်ပြီးအခက်အခဲတွေကိုလည်း ကျော်လွှားနိုင်ပါလိမ့်မယ်။ ဒီနေ့မှာ ထူးခြားတဲ့ပြောင်းလဲမှုတွေ ကြုံရကိန်းရှိပြီး လုပ်ငန်းပတ်ဝန်းကျင်လည်း ပြောင်းလဲနိုင်ပါသေးတယ်။အချစ်ရေးမှာ လုံးဝမျှော်လင့်မထားတဲ့ ပြောင်းလဲမှုတွေကြုံရကိန်းရှိပြီး ဝေးကွာနေတဲ့ ချစ်သူတွေလည်း ပြန်လည်ဆုံဆည်းရနိုင်ပါတယ်။ တစ်ခုထက်မကတဲ့ သင်တန်းတွေ တက်ရောက်ရကိန်းရှိပြီး သင်တန်းတွေရဲ့အကျိုးကျေးဇူးတွေကိုလည်း ပြန်ပြီး ခံစားရပါလိမ့်မယ်။ ခရီးသွားရကိန်းရှိပြီး ခရီးမှာကျန်းမာရေးညံ့တတ်လို့သတိထားသင့်ပါတယ်။ သွေးနဲ့ပတ်သက်တဲ့ရောဂါ၊အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါတွေ သတိပြုရပါမယ်။
ယတြာ - ဘုရားတွင် ကြာဆံကြော်ကပ်လှူပေးပါ။
သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃)အတွင်းမွေးဖွားသူများ
လူအများနဲ့ တွဲဖက်လုပ်ကိုင်ရတဲ့ လုပ်ငန်းများအကျိုးပေးမည်ဖြစ်ပြီး ဒီရက်ပိုင်းမှာ လုပ်သမျှထင်ပေါ်နေမယ့် ကာလပါပဲ။အလုပ်ကိစ္စတွေလည်းအဆင်ပြေအောင်မြင်ပါလိမ့်မယ်။ ရည်မှန်းချက်မှန်သမျှ ထူးခြားအောင်မြင်နိုင်ပြီး ပညာရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေကိုလည်းအကောင်အထည်ဖော်သင့်တဲ့ နေ့ရက်ပါပဲ။ တက်မယ်လို့ ကြံရွယ်ထားတဲ့ သင်တန်းတွေကိုလည်း ချက်ချင်းပဲ တက်ရောက်လိုက်ပါ။အချစ်ရေးမှာ စိတ်ချမ်းမြေ့စရာများ ကြုံမှာဖြစ်ပြီး မိမိအပေါ် နားလည်မှုအပြည့်အဝရှိသူနဲ့ လက်တွဲရကိန်းရှိပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး ပြည်ပခရီးသွားရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ နားအူ၊ နားကိုက်ရောဂါ ဖြစ်ပွားတတ်ပါတယ်။
ယတြာ - ဘုရားတွင် သစ်သီးယိုတစ်မျိုးမျိုး ကပ်လှူပေးပါ။
ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂)အတွင်းမွေးဖွားသူများ
သူတစ်ပါး ကိစ္စတွေမှာကြားဝင်လုပ်ကိုင်ရတတ်ပြီး ကိုယ့်ရဲ့ ကူညီမှုအပေါ်အကောင်းထင်မခံရတတ်လို့ သတိပြုသင့်ပါတယ်။ နာမည်ကောင်းသတင်းနဲ့ ကျော်ကြားနေမှာဖြစ်ပြီးအလုပ်တွေကိုလည်းအများအပြားလုပ်ကိုင်နေရတတ်ပါတယ်။အိုးအိမ်၊ ခြံ၊ မြေအသစ်ဝင်ကိန်းရှိပြီး မိသားစုအိမ်တွင်းရေးမှာတော့ ပြဿနာအနည်းငယ် ရှိနိုင်ပါတယ်။အချစ်ရေးကံကောင်းနေပြီး ဗုဒ္ဓဟူး သားသမီးနဲ့ ဖူးစာဆုံပါလိမ့်မယ်။ ပညာရေးမှာ ပုံမှန်လေးကြိုးစားရုံနဲ့ ထွန်းထွန်းပေါက်ပေါက်အောင်မြင်မယ့် ကာလဖြစ်ပြီး ကျန်းမာရေးအနေနဲ့အစားမှားတတ်ပါတယ်။
ယတြာ -အိမ်ရှိ မီးချောင်းအကျွမ်းများ စွန့်ပစ်လိုက်ပါ။
တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၃)အတွင်းမွေးဖွားသူများ
အချစ်ရေးမှာ စန်းပွင့်နေပြီးအချစ်သစ်နဲ့လည်း ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်အပေါ်အထောက်အကူပြုမယ့် ချစ်သူမျိုးနဲ့လည်း ကြုံကြိုက်နိုင်ပါတယ်။အချစ်ရေးအပေါ် ဦးစားပေးမှုကြောင့် ပညာရေးပိုင်းမှာတော့အနည်းငယ်အားနည်းနေပါလိမ့်မယ်။ ကျန်းမာရေးကတော့ သာမန်ရောဂါအသေးတွေ မကြာခဏဖြစ်လေ့ရှိပြီး စိုးရိမ်စရာတော့မရှိပါဘူး။ လုပ်ငန်းတိုးတက်မှုကြုံရမှာဖြစ်ပြီး မိတ်ဆွေကောင်းတွေဆီက ငွေအား၊အကြံဉာဏ်အားအကူအညီများရရှိပါလိမ့်မယ်။ စက်ပစ္စည်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေပိုမိုအကျိုးပေးနေပြီး ဒီနေ့မှာလုပ်ငန်းတိုးချဲ့မှုပြုလုပ်မယ်ဆိုရင် စနေ၊အင်္ဂါ သားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် ပိတောက်ပန်း ကပ်လှူပေးပါ။
ဗြိစ္ဆာရာသီ(Scorpio) -အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂)အတွင်းမွေးဖွားသူများ
အိမ်ထောင်မရှိသူများအိမ်ထောင်ကျကိန်းရှိပြီးအချစ်ရေးမှာအထူးကံကောင်းနေပါတယ်။ သွားလေရာရောက်လေရာမှာ လူတိုင်းက မိမိအပေါ်လိုလားမှုရှိနေပါလိမ့်မယ်။ ဒါပေမယ့် စိတ်ပျံ့လွင့်လွယ်ပြီးအချစ်ရေးမှာ နစ်မျောနေတာကြောင့် ပညာရေးပိုင်းအားနည်းတတ်ပါတယ်။ ကျန်းမာရေးလည်းအနည်းငယ်ညံ့နေပါတယ်။အပြောင်းအလဲ၊ ယှဉ်ပြိုင်မှုတွေကြားကနေပဲ တိုးတက်အောင်မြင်ပါလိမ့်မယ်။အခက်အခဲအနည်းငယ်ရှိပေမယ့် ကျော်လွှားနိုင်မှာလည်းဖြစ်ပါတယ်။ ခြံ၊ ကား၊အိမ်အသစ်ဝင်ကိန်းရှိပြီးအိမ်ပြောင်းရကိန်းလည်း ရှိနေပါတယ်။ လူမျိုးခြား၊ ဘာသာခြားနဲ့ ဖက်စပ်လုပ်ကိုင်တာကနေအောင်မြင်မှုရရှိပါလိမ့်မယ်။
ယတြာ - သက်ကြီးရွယ်အိုတစ်ဦးကို ထွန်းရွှေဝါဘူး လှူဒါန်းပေးပါ။
ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁)အတွင်းမွေးဖွားသူများ
တစ်ပါးသူရဲ့စကားအနှောင့်အယှက်ပေးမှုနဲ့ မိသားစုတွင်းအိမ်တွင်းရေးအရှုတ်အရှင်းတွေကြောင့်လည်းအချစ်ရေးကို ထိခိုက်နိုင်တဲ့ နေ့ရက်ပါပဲ။ ဒီနေ့မှာ ချစ်သူနဲ့စကားများရန်ဖြစ်တာမျိုး စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးကြုံနိုင်ပြီး လမ်းခွဲတဲ့အထိလည်း ဖြစ်သွားနိုင်လို့ သတိပြုရပါမယ်။ ရည်မှန်းချက်မှန်သမျှအောင်မြင်ပြီး လမ်းသစ်ထွင်ဆောင်ရွက်မှုတွေကလည်း ထူးခြားတဲ့တိုးတက်အောင်မြင်မှု ရရှိလာပါလိမ့်မယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေတက်ရောက်ရကိန်းရှိပြီး ပြည်ပသို့ ပညာတော်သင်သွားရောက်ရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ နာတာရှည်ရောဂါဖြစ်ပွားတတ်ပါတယ်။အလုပ်သစ်ပြောင်းလဲလုပ်ကိုင်ရကိန်းရှိပြီးအကြံဉာဏ်သစ်တွေလည်းအကောင်အထည်ဖော်သင့်တဲ့အချိန်ပါပဲ။ မိတ်ဆွေကောင်းတွေဆီကနေ ထူးခြားတဲ့အကူအညီတွေရရှိပြီး စုပေါင်းလုပ်ကိုင်ရတဲ့ လုပ်ငန်းတွေကနေအကျိုးအမြတ်များ ရရှိလာပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ရေလှူပေးပါ။
မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀)အတွင်းမွေးဖွားသူများ
အချစ်ရေး၊အိမ်ထောင်ရေးအဆင်ပြေနေပြီး ပျိုရွယ်သူတွေ စန်းပွင့်နေပါတယ်။ တစ်ဦးထက်ပိုတဲ့ ချစ်သူတွေ ပေါ်ပေါက်လာတတ်ပြီး ဖူးစာရှင်အစစ်အမှန်ကိုလည်း ရွေးချယ်တွေ့ရှိနိုင်ပါလိမ့်မယ်။ ပညာရေးကောင်းမွန်တိုးတက်နေမှာဖြစ်ပြီး သင်တန်းအသစ်တွေ တက်ရောက်ရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးကတော့အစားမရှောင်တာကြောင့် ကျန်းမာရေးအနည်းငယ်ထိခိုက်နိုင်ပါတယ်။အလုပ်အကိုင်များအောင်မြင်ပြီး ဝင်ငွေကောင်းနေမယ့် ကာလပါပဲ။ လုပ်ငန်းအကြီးအကဲတွေထံကနေအကူအညီအထောက်အပံ့တွေ ရရှိနိုင်ပြီး စုပေါင်းလုပ်ဆောင်ရသော ကိစ္စရပ်များအထူးအောင်မြင်နိုင်ပါတယ်။ လူမျိုးခြား ၊ ဘာသာခြားတွေရဲ့အကူအညီကိုလည်း ရရှိမယ့် နေ့ရက်ပါပဲ။
ယတြာ - ဘုရားတွင် ဆီမီး ကပ်လှူပေးပါ။
ကုမ်ရာသီ (Aquarius) - ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈)အတွင်းမွေးဖွားသူများ
အတတ်ပညာကိုအခြေခံပြီး ဘဝတိုးတက်မှု ရရှိမယ့်အချိန်ဖြစ်ပြီးအပြိုင်အဆိုင်အားလုံးကို ကျော်ဖြတ်နိုင်မှာလည်း ဖြစ်ပါတယ်။ လူပျိုကြီး၊အပျိုကြီးများအိမ်ထောင်ကျကိန်းရှိပြီး ပျိုရွယ်သူတွေအနေနဲ့အချစ်ရေး၊မေတ္တာရေးကိစ္စတွေမှာ စိတ်ချမ်းမြေ့ရမယ့် နေ့ရက်ပါပဲ။ ဝေးကွာနေတဲ့အချစ်ဟောင်းနဲ့လည်း ပြန်လည်ဆုံစည်းရကိန်း ရှိပါတယ်။ ကျန်းမာရေးအနေနဲ့အဆုတ်အအေးမိတတ်ပါတယ်။ ရည်မှန်းချက်များအောင်မြင်မှာဖြစ်ပြီး ဆောင်ရွက်သမျှ ကိစ္စတိုင်းအတွက် ထူးကဲတဲ့အောင်မြင်ခြင်းမျိုး ကြုံရပါလိမ့်မယ်။ ပညာရေးနဲ့ ပတ်သက်ပြီး သင်တန်းသစ်တက်ရောက်ခြင်းများမှ ရာထူး တိုးတက်ဖို့ရှိပြီး လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ရည်ရွယ်ထားရင်လည်း ရဲရဲပဲ တိုးချဲ့လိုက်ပါ။အောင်မြင်မှု ရပါလိမ့်မယ်။
ယတြာ - လမ်းဘေးခွေးလေးတွေကို ပေါင်မုန့်ကျွေးပေးပါ။
မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)အတွင်းမွေးဖွားသူများ
လုပ်ငန်းအဆင်မပြေမှုတစ်ချို့နဲ့အချစ်ရေး၊အိမ်ထောင်ရေး ရောထွေးပြီး ဒေါသပုံချတတ်မိလို့ သတိပြုသင့်ပါတယ်။ ဒီနေ့မှာ ကိုယ်လုပ်ကိုင်ရမယ့် လမ်းကြောင်းကို တွေဝေနေတတ်ပြီးအလုပ်သစ်ပြောင်းလဲလိုစိတ်တွေလည်း ဖြစ်ပေါ်နေပါလိမ့်မယ်။ သင့်ရဲ့ စိတ်ထဲရှိတဲ့အတိုင်း ရွေးချယ်လိုက်ပါ၊ ဒါကအမှန်ကန်ဆုံးရွေးချယ်မှုဖြစ်နိုင်မှာပါ။ ကွဲကွာနေတဲ့ မိသားစု၊ ဆွေမျိုးမိတ်ဆွေတစ်ချို့နဲ့ ပြန်လည်ဆုံတွေ့ရကိန်းရှိပြီးအရင်က ကိုယ့်အပေါ်အကောင်းမမြင်သူတွေကလည်း ကောင်းမွန်စွာ ဆက်ဆံလာမယ့်အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်တတ်ပါတယ်။ တစ်ယောက်တည်းလုပ်ကိုင်တာထက်အုပ်စုနဲ့လုပ်ကိုင်တဲ့ ရလဒ်တွေက ကောင်းကျိုးပိုရနိုင်တဲ့ နေ့ရက်ပါပဲ။ ရည်မှန်းထားတဲ့ လုပ်ငန်းချဲ့ထွင်မှုတွေရှိရင်လည်း ဒီနေ့မှာ စတင်အကောင်အထည်ဖော်လိုက်ပါ။အချစ်ရေးအဆင်မပြေမှုလေးတွေရှိနေပြီး ဒေါသရှေ့ထားဖြေရှင်းတာမျိုးထက် ဒီပြဿနာတွေရဲ့အရင်းခံကို သေချာဆန်းစစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။
LEO