20.2.2020 မှ 26.2.2020 အထိ ၇ရက်သားသမီးများ တစ်ပတ်စာဟောစာတမ်း
pissayanews.com
|
2020-02-20

တနင်္ဂနွေ

စီးပွားရေးတွင် ဆရာကောင်းတို့၏ ကူညီမှုကို အပြည့်အဝရရှိမည်။ ခြံ၊ မြေများနှင့်ပတ်သက်ပြီး အကျိုးအမြတ်ရမည်။. လခစားဝန်ထမ်းလျှောက်ထားသူများ အခွင့်ကောင်းများရလာမည်။ နေရာကောင်း၊ အလုပ်ကောင်းများ ရရှိမည်။ လုပ်ငန်း နှစ်မျိုးကို ပြိုင်တူလုပ်ဖြစ်မည်။ စကားအပြောအဆိုများ မှားယွင်မည်။ စိတ်လောကြီးစွာ စာချုပ်ချုပ်ဆိုမိ၊ လက်မှတ်ထိုး မိသဖြင့် ပြဿနာဖြစ်မည်။ အချစ်ရေးတွင် အချစ်ဟောင်းများ ကြွေလွင့် ပျောက်ကွယ်ချိန် အချစ်သစ်များ သည် ဖူးသစ်နုကာ ထွက်ပေါ်လာမည်။ အချစ်သစ်နဲ့မိုးမမြင်၊ လေမမြင်ချစ်နေမိတတ်သည်။ ကျန်းမာရေးတွင် တွင်းအောင်း သားများစားမိ တာကြောင့် ကိုယ်ခန္ဓာပေါ်မှ အဖုအပိန့်များ ထွက်ပေါ်လာနိုင်ပါသည်။ ကျောက်ကပ် သို့မဟုတ် မီးယပ်နှင့်ဓမ္မတာ သွေးမပေါ်မှု ကြောင့် ဖြစ်သော ကိုက်ခဲဝေဒနာများ ခံစားရမည်။ အပူအအေးမမျှတမှုကြောင့် ဝေဒနာအချို့ ဖြစ်ပေါ်လာတတ် သည်။ အိမ်ထောင်ရေးတွင် အလုပ်ကိုယ်စီရှုပ်နေသဖြင့် မိသားစုကိစ္စများ လစ်ဟင်းနေမည်။ သားသမီးများအတွက် ကုန်ကျမှုများ နေမည်။ ပညာရေးတွင် သင်တန်းအတွက်ငွေသွင်းထားလျှင် ဆုံးရှုံးလိမ့်မည်။ သင်တန်းချိန် မှာကိစ္စတစ်ခုပေါ်လာမှုကြောင့် လွဲချော်ရတတ်ပါတယ်။ ကျောင်းသားလူငယ်များဆရာကောင်းများ၏ စောင့်ရှောက်မှုကြောင့် အားနည်းတဲ့ဘာသာရပ်တွေ တိုးတတ်လာမည်။

အကျိုးပေးဂဏန်း ၅/၆/၈
အထူးဟော မိတ်ဆွေတွေရဲ့ အခက်အခဲတွေကို လိုက်ကူညီနေရမည်။
ယတြာ သင်္ဘောသီး ၆စိပ်ဘုရားကပ်လှူဆုတောင်းပါ။

တနင်္လာ

ဒီကာလအတွင်း စီးပွားရေးတွင် တစ်မိနစ်မျှ အနားမရအောင် အလုပ်များနေမည်။ အိမ်အလုပ်ရော၊ အပြင်အလုပ်ပါ ပြိုင်တူငွေဝင်မည်။ အများမက်မော၊ ဂုဏ်ယူဖွယ်ကောင်းသော အလုပ်များ ရရှိလုပ်ကိုင်နေရမည်။ နှုတ်လွန်မှုများ ကြောင့် ငွေကုန်များမည်။ ဆရာမိဘများ၏ အလုပ်များကို ကူညီလုပ်ကိုင်ပေးဖြစ်မည်။ အဟောင်းပစ္စည်းများ ပြုပြင်သုံးစွဲဖြစ်မည်။ ပညာရေးတွင် နှုတ်အပြောအင်တာဗျူး မှတစ်ပါး အခြားပညာရပ်များ လွယ်ကူစွာ သင်ယူဖြစ်မည်။ ပညာသင်ယူစရိတ်အတွက် အခက်အခဲဖြစ်နေမည်။ အချစ်ရေးတွင် ချစ်သူများ ဝိုင်းဝိုင်းလည်နေမည်။ အထက်စီးက စကားပြောမိသောကြောင့် လက်ရှိချစ်သူစိတ်ကောက်နေမည်။ အချစ်ရေးကိစ္စများကိုမိဘတွေကိုတိုင်ပင်ဖွင့်ဟနိုင်ပါတယ်။ ကျန်းမာရေးတွင် ပတ်ဝန်းကျင်မှ အလိုက်မသိ ဆူညံမှုများကြောင့် ခေါင်းကိုက်၊ နားပူ၊ နောက်ကြောတတ် ရောဂါများ ရရှိတတ်သည်။ နှုတ်ခမ်းအနာနှင့် အစာမကြေရောဂါများရရှိမည်။အိမ်ထောင်ဖက်၏အလုပ်မှငွေများစွာရရှိတတ်သော်လည်းအလုပ်ထဲပြန်မြုပ်ပြီးသူဆီကငွေကမျှော်လင့်လို့မရပေ။ လုပ်ငန်းခွင်တွင်လုပ်ဖော်ကိုင်ဖက်နှင့် ပက်သက်၍ လည်ကောင်း၊ အောက်လက်ငယ်သားများနှင့် ပက်သက်၍ လည်ကောင်းအော်ဟစ်ပြောဆိုနေဖြစ်မည်။

အကျိုးပေးဂဏန်း ၃/၅/၉
အထူးဟော အိမ်တွင်းရေးကိစ္စတွေကိုမိမိကဦးဆောင်ဖြေရှင်းနေရမည်။
ယတြာ စံပယ်ပန်းလေးတွေဘုရားမှာ ကပ်လှူပေးပါ။

အင်္ဂါ

ဒီကာလအတွင်း စီးပွားရေးတွင် အလုပ်သမားများ တပည့်များကြောင့် အလုပ်များ နှောင့်နှေးကြန့်ကြာမည်။ ၎င်းတို့ အတွက် အလွန်ငွေကုန်များမည်။ မလိုအပ်ဘဲ ငွေများစွာ ကုန်ကျမည်။ လုပ်ငန်းသစ်များ ရှေ့ဆက်ရေး ကူညီမည့်သူများလည်း ဝေးနေသည်။ အစစအရာရာ ဉာဏ်သတိဖြင့် ပြုလုပ်နေသင့်ချိန်ပါ။လူငယ်များမိဘတွေကိုဆန့်ကျင်ဘက်တွေကြီး လုပ်နေ တတ်ပါတယ်။ လူကြီးတွေရဲ့စေတနာကိုချုပ်ချယ်တယ်၊ဖိအားပေးတယ်လို့ထင်နေတတ်ပါတယ်။ စက်ပစ္စည်းတစ်ပတ်ရစ်များ ဝယ်မယ်ဆို ရင်တော့ ဒီကာလမှာနားလည်သူတွေကိုမေးပြီးမှဝယ်စေချင်ပါတယ်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက် အတွက် ပူပန်ရတတ် ပါတယ်။ အိမ်ထောင်ဘက်ရဲ့အလုပ်အဆင်မပြေမှု၊အိမ်ထောင်ဘက်ရဲ့ကျန်းမာရေးညံ့မှုကြောင့်မိမိကပါစိုးရိမ်နေရတတ်ပါ တယ်။ အချစ်ရေးတွင် ချစ်သူမရှိသေးသူများအတွက် ချစ်ခွင့်ပန်ထားသူများဆီကနေအဖြေပြန်ရတတ်ပါ တယ်။ စိတ်ကောက် နေတဲ့ ချစ်သူစုံတွဲများပြန်လည်အဆင်ပြေမှုတွေရလာမည်။ ပညာရေးတွင် ရုတ်တရက် ပညာရေးပြောင်း ရွှေ့သင်ယူရတတ် သည်။ ပညာသင်ရင်း ရန်ပြဿနာကြုံမည်။ ကြည်ညိုလေးစား အားထားရသော ဆရာများ နေရာပြောင်းရွှေ့ သွားရလိမ့်မည်။ ကျန်းမာရေးတွင် နေရင်းထိုင်ရင်း ဒေါသထွက် စိတ်သောကရောက်နေမည်။ စိတ်ကြောင့် ဖြစ်သော ရောဂါ ရမည်။ နှလုံးအား နည်းပြီး မောပန်းနေရမည်။

အကျိုးပေးဂဏန်း ၃/၆/၄
အထူးဟော ငွေလာချေးတတ်သည်။ ချင့်ချိန်ပြီးမှပေးပါ။
ယတြာ ရှောက်သီးသုပ်ပြီး ဘုရားမှာကပ်ပေးစေချင်ပါတယ်

ဗုဒ္ဓဟူး /ရာဟု

ဒီကာလအတွင်း စီးပွားရေးတွင် အောင်မြင်မှုဆုလာဘ်များ တစ်ခုပြီးတစ်ခု ဝင်ရောက်လာချိန်ဖြစ်သည်။ ကောင်း သတင်း ချီးမွမ်းသံများလည်း ဆက်တိုက်ဖြစ်နေရမည်။ သို့သော် လက်မှတ်ကောင်းနှင့် နာမည်ကောင်းရနေသော်လည်း ငွေရမှုမှာ နည်းနေ၏။ အကျိုးဆောင်မှုနှင့် ရှယ်ယာလုပ်ငန်းမှ ငွေရမည်။ တပည့်များနှင့် သားသမီးများကြောင့် စီးပွားရေး အနှောက်အယှက်ကြုံမည်။ အချစ်ရေးတွင် အိမ်တွင်းရေးကြောင့် စိတ်မအေးစရာဖြစ်မည်။ ချစ်သူ၏ နားလည်အလိုက် သိမှုကြောင့် သံယောဇဉ်ပိုနေမိမည်။ ပညာရေးတွင် လက်တွေ့ထက် စဉ်းစားတွေးခေါ်မှုကို အားပြုနေချိန် စိတ်ပိုင်းဆိုင်ရာ ပညာရပ်များကို လိုက်စားရမည်။ တွက်စာပိုင်းပညာရပ်များ သိသာစွာ တိုးတတ်လာမည်။ ကျန်းမာရေးတွင် နှလုံးသွေး ကြောကျဉ်း၍ မောပန်းနေမည် သို့မဟုတ် ချောင်းဆိုး၊ ရင်ကြပ်၊ ပန်းနာ ဖြစ်တတ်သည်။ကာယပင်ပန်းတဲ့ အလုပ်တွေ အထူး ရှောင်လိုက်စေချင်ပါတယ်။ လူငယ်များ အသောက်အစား၊ အပေါင်းအသင်းမှားမှုကြောင့် ရန်ဖြစ်သွေးထွက်သံယို ကြုံရတတ် သည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ မာနတံခွန်သည် တစ်အိမ်လုံး မိုးမွှန်နေအောင် ကြားနေရမည်။ သည်းခံနိုင်မှ အဆင်ပြေလိမ့်မယ်။ သားသမီးတို့၏ ဝီရိယနည်းမှုကြောင့် လင်မယား စကားများရမည်။

အကျိုးပေးဂဏန်း ၄/၅/ဝ
အထူးဟော မိတ်ဆွေကောင်းတွေကို အထူးအားကိုးရမည်။
ယတြာ ဒံပေါက်တစ်ပွဲ ဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း အခွင့်အရေးများ ရောက်လာပြီးမှ ပြဿနာများ တစ်ခုပြီးတစ်ခု ဖြေရှင်းနေရမည်။ စက်ပစ္စည်းများ ပြုပြင်နေရခြင်းကြောင့် ငွေကုန်များမည်။ နိုင်ငံရပ်ခြားနှင့် ပင်လယ်ဒေသရှိ မိတ်ဆွေများ ထံမှ စီးပွားရေးလုပ်ငန်းများ ရရှိမည်။ ဆွေမျိုးအရင်းအခြာတို့အား စီးပွားရေးအကူအညီ ပေးရတတ်သည်။ ယာဉ်၊ ကားတို့အတွက် ငွေကုန်များတတ်သည်။ ဆောက် လုပ်ရေး လုပ်ငန်းအတွက် ငွေရင်းနှီးမြှပ်နှံခွင့် ကြုံမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်နှင့် ပြဿနာ မကြာခဏ ကြုံမည်။ အနည်းငယ်သော ကိစ္စတစ်ခုဖြင့် အကျယ်တဝင့် ပုံကြီးချဲ့နေရမည်။ ညားခါကဇနီးမောင်နှံများဟန်းနီးမွမ်း ခရီးထွက်သော် ကောင်း၏။ ဘာသာရေးဆိုင်ရာ ကိစ္စများကြောင့်လည်း ငြင်းခုံရတတ်သည်။ အကျိုးဆောင်နှင့် ရှယ်ယာလုပ်ငန်းများလည်း မပါဝင်သင့်ပေ။ အချစ်ရေးတွင် ချစ်သူနှစ်ဦး ပြိုင်တူတွေ့ရတတ်သည်။ မိဘများကြောင့် ငယ်ရွယ်သော ချစ်သူနှင့် လမ်းခွဲ ရတတ်သည်။ ချစ်သူ၏ အိမ်တွင်းရေးကို မပါဝင်မိစေရန် သတိပြုသင့်သည်။ ပြဿနာများနိုင်သည်။ ပညာရေးတွင် ပျော်ရွှင်စွာ ပညာသင်ကြားရတတ်သည်။ ပညာရေးအတွက် ကူညီပံ့ပိုးမှု များစွာရမည်။ ကျန်းမာရေးတွင် ဦးခေါင်း ကိုက်ခဲ မူးဝေသော ရောဂါခံစားရတတ်သည်။ ရင်ဘက်နာ၊ အူအတတ်၊ ယားယံနာကျဉ်တတ်သည်။ အားရှိသော အစားကောင်းများ စားပေးစေ ချင်ပါတယ်။

အကျိုးပေးဂဏန်း ၁/၅/၆
အထူးဟော လူမှုရေးကိစ္စတွေအတွက်လဲ အချိန်ပေးနေရတတ်ပါတယ်။
ယတြာ အရဟံဂုဏ်တော်ကိုနိုင်သလောက်ပွားနေပါ။

သောကြာ

ဒီကာလအတွင်း တရားမဝင်သော အလုပ်များကို လုပ်မိသဖြင့် တရားရင်ဆိုင်ရလိမ့်မည်။ အထူးသဖြင့် လောင်းကစား ဖြင့် စီးပွားရှာမှုများကို သတိပြုသင့်သည်။ ယာဉ်၊ ကား၊ စိန်၊ ခရီးသွားလုပ်ငန်းများ အောင်မြင်မည်။ မိမိ၏အတတ်ပညာကို ထိရောက်စွာ အသုံးချခွင့်ရမည်။ သားသမီးတပည့်တို့ထံမှ ကောင်းကျိုးများ ရရှိခံစားရမည်။ စီးပွားရေးနှင့်စပ်သော စကားများ ပြောမိသောကြောင့်လည်း ငွေဝင်နိုင်သည်။ အချစ်ရေးတွင် ဝေးကွာနေသော ချစ်သူများ လက်ဆောင်များနှင့်အတူ ပြန်လည် ရောက်ရှိ လာမည်။ အနီးမှာ ချစ်သူရှိနေသူများ ပျော်ရွှင်ဖွယ်ခရီးကို အတူတူ သွားဖြစ်မည်။ လက်ထပ်ဖို့ကိစ္စများကို တိုင်ပင် ဖြစ်မည်။ ပညာရေးတွင် သင်ယူပြီး ပညာများကို မွမ်းမံဖြည့်စွက်သင်ယူဖြစ်မည်။ ငယ်ငယ်က မိတ်ဆွေကောင်းများနှင့် ပညာ ချင်းဖလှယ်ဖြစ်မည်။ အတက်ပညာများကို လက်တွေ့ အသုံးပြုဖြစ်မည်။ ကိုယ်ကျင့်တရားနှင့် ပြည့်စုံသော ဆရာများ ရောက်ရှိလာပြီး အကူအညီပေးကြလိမ့်မည်။ ကျန်းမာရေးတွင် ခြေထောက်အနာပေါက်တတ်သည်။ သို့မဟုတ် ခြေသလုံး အကြောတတ်မည်။ ရေချိုးမှားနိုင်၊ အအေးပတ်နိုင်သည်။ ဆေးစားလည်း မှားယွင်းမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင် ဖက်နှင့် မည်သည့်အရာမျှ အပေါက်အလမ်းမတည့် ဖြစ်နေမည်။ ဘာမျှ ဆိုးဆိုးကောင်းကောင်း တိုင်ပင်မရဖြစ်မည်

အကျိုးပေးဂဏန်း ၂/၆/၇
အထူးဟော ကျန်းမာရေးအနည်းငယ်ဂရုစိုက်ပေးပါ။
ယတြာ တံခွန် ၇လုံးဘုရားမှာလှူပြီး ဆုတောင်းပါ။

စနေ

ဒီကာလအတွင်း စီးပွားရေးတွင် အလုပ်နှစ်ခုကို တစ်ပြိုင်တည်း ပျော်ရွှင်စွာ လုပ်ကိုင်ဖြစ်၍ အကျိုးအမြတ်များစွာ ရရှိလိမ့်မည်။ ယာဉ်၊ ကား၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်းများမှ ငွေဝင်မည်။ နေအိမ်ပြင်ဆင်မှုနှင့် ဝင်းနံရံ ခတ်ခြင်းများပြုလုပ်မိရင်တော့မှန်းထားသည်ထက်ပိုမိုငွေသုံးစွဲရမည်။ဆရာများကိုတာဝန်ယူ၊ကတိပေးမိသည့်အတွက် တာဝန် မကျေမှုများ ကြုံတွေ့နေရမည်။ နယ်ဝေးမှ သားသမီးများသည်စီးပွားရေးနှင့်အတူ ရောက်ရှိလာမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်နှင့် ကျန်းမာရေး အနည်းငယ်ညံ့နေမည်။ သို့မဟုတ် ရန်ပြဿနာများ ကြုံတွေ့နေရမည်။ ငယ်ကအကြောင်းများ ကို ပြန်ပြောမိရင်း သူ့ဘက်၊ ကိုယ့်ဘက် ငြင်းခုံမိကာ ရန်ဖြစ်တတ်သည်။ သားသမီးများအတွက်လည်း ဂုဏ်ယူရတတ်သည်။ အချစ်ရေးတွင် အသက်ကြီးသူကို ချစ်မိပြီးမှ ပြဿနာကြုံရတတ်သည်။ စွပ်စွဲမှုမျိုးစုံ ခံရတတ်သည်။ ပညာရေးတွင် အတတ် ပညာမျိုးစုံကို တစ်ပြိုင်တည်း လေ့လာသုတေသန ပြုနေဖြစ်မည်။ ခေတ်မီသော ပညာရပ်များကို မိမိဘာသာ စာဖတ်ရင်း၊ အင်တာနက်သုံးရင်း သင်ယူနေဖြစ်မည်။ ပညာရပ်အသစ်များကိုသာ စိတ်ဝင်စားနေမည်။ ကျန်းမာရေးတွင် အသက်ကြီးပြီး လေဖြန်းဖူးသူများသတိထားပါ။နောက်တစ်ကြိမ်ဖြစ်တတ်သည်။ ပိုးမွှားအသေးစားများ ကိုက်ခံရတတ်သည်။

အကျိုးပေးဂဏန်း ၁/၃/၇
အထူးဟော ထီဝါသနာပါရင် ဒီအပတ်ထဲ ထီထိုးပါ။
ယတြာ အုန်းနို့ခေါက်ဆွဲတစ်ပွဲ မွေးနေ့နံနက်မှာ ဘုရားကပ်လှူလိုက်ပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
Zawgyi

Some text some message..