မိန်းမတစ်ယောက်အပေါ်ယောက်ျားတွေစိတ်ကုန်သွားစေနိုင်တဲ့အဓိကအကြောင်းရင်း၄ချက်
lifestylemyanmar.com
|
2020-02-24



ယောက်ျားတစ်ယောက်က သူ့ရည်းစား ဒါမှမဟုတ် မိန်းမအပေါ် စိတ်ကုန်သွားစေနိုင်တဲ့ အကြောင်းရင်းများစွာရှိနိုင်ပါတ ယ်။ သင်တို့ဆက်ဆံရေးမှာ စိတ်လှုပ်ရှားစရာတွေ၊ စိတ်အားထက်သန်မှုတွေ၊ တချိန်က ရိုမန်တစ်ဆန်မှုတွေလျော့နည်းလာတဲ့အကြောင်းတွေကလည်း ယောက်ျားတွေပျင်းရိငြီးငွေ့လာတဲ့ အကြောင်းတွေနဲ့ဆက်စပ်မှုရှိနိုင်ပါတယ်။ အခု ကျွန်တော်ပြောပြမယ့်အချက် ၄ချက်က အမျိုးသားတွေ သူ့ချစ်သူ သူ့မိန်းမအပေါ် ငြီးငွေ့သွားနိုင်တဲ့ အဓိကကြောင်း၄ချက်ဖြစ်နိုင်ပါတယ်နော်..ကဲဖတ်ကြည့်လိုက်ရအောင်..


သူက ဝေးကွာခြင်းကိုလိုအပ်တယ်




ဒါကနည်းနည်းထူးဆန်းပေမယ့် တော်တော်အဓိကကျတဲ့အချက်ပါပဲ။ သင်တို့ချစ်ခြင်းရဲ့အစ ဒါမှမဟုတ် ပျားရည်ဆမ်းခရီးကာလတွေမှာ ၂၄နာရီထက်တစ်နာရီပိုလောက်အောင် အချိန်ကုန်ခံ အတူတူရှိတာ သဘာဝကျပါတယ်။ ဒါပေမယ့် သင်တို့နှစ်ယောက်ဝေးကွာခြင်းက သင်တို့ရဲ့RSကို ရှင်သန်စေရန်အဓိကသော့ချက်ဖြစ်တာကို သတိရဖို့အရေးကြီးပါတယ်။

သင်စဉ်းစားကြည့်ပါ၊ သင်က ဘယ်သောအခါမှသူနဲ့ဝေးတဲ့နေရာကို မထွက်ပဲ သူ့အနားမှာပဲ အမြဲကပ်နေမယ်ဆိုရင် သူက သင့်ကိုလွမ်းလိမ့်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွမ်းစရာမလိုလို့ပါပဲ။ အဲ့ဒီလိုပဲ သူကသူ့သူငယ်ချင်းတွေနဲ့အချိန် ဖြုန်းချင်တယ်၊ အရက်လေးဘီယာလေးသောက်ရင်း ကမ်းခြေတစ်ခုခုမှာ သူငယ်ချင်းတွေနဲ့အနားယူချင်တယ် သင်ကခွင့်မပေးဘူး၊ ဒါဆိုပြဿနာတွေတက်မယ်။ ဒါတွေကမလုပ်သင့်ပါဘူးနော်။

သူ့ကိုလွတ်လပ်မှုတချို့ပေးသင့်သလို သင့်ကိုယ်သင်အတွက်လည်းအချိန်တွေဖယ်ထားပါ။ တစ်ရက်ကို၂၄နာရီလုံး တစ်ယောက်ကိုတစ်ယောက် ရက်ပေါင်းများစွာတွေ့နေရတာက ပျင်းရိငြီးငွေ့ဖို့မကောင်းဖူးလား။ အချစ်ကဝေးမှလွမ်းရတတ်တာမျိုးလေ။


ဖြေရှင်းချက်

ဒါကြောင့် သင့်ကိုမရိုးအီမငြီးငွေ့သွားစေချင်ဘူးဆိုရင် သူနဲ့ခနတဖြုတ်ဝေးအောင်နေပါ။ သူငယ်ချင်းတွေနဲ့ခရီးသွားပါ၊ မိ ဘအိမ်ခနသွားနေပါ၊ လေ့ကျင့်ခန်းတွေ သင်တန်းတွေနဲ့အချိန်ခနဖြုန်းပါ စသဖြင့်ပေါ့..


သူ့မှာနောက်မိန်းမတစ်ယောက်ရှိနေလို့




ဒါကတော့ ယောက်ျားတွေRSတစ်ခုကိုငြီးငွေ့လာတယ် စိတ်ကုန်လာတယ်ဆိုတဲ့အကြောင်းရင်းတွေထဲက အဓိကအချက်ပါပဲ။ သင့်ရဲ့ယောက်ျား ဒါမှမဟုတ် ချစ်သူက အခြားနှစ်သက်ဖွယ်ကောင်းတဲ့ မိန်းမနဲ့တွေ့ဆုံနေရင် အဲ့ဒိမိန်းမရဲ့စိတ် ဝင်စားမှုကိုရဖို့ပဲသူကြိုးစားနေတော့မှာပါ။ အဲ့ဒီအခါသူက သင့်အကြောင်းကို နဲနဲလောက်ပဲစိတ်ဝင်စားတော့ဟန်ပြမှာဖြစ်ပြီး တစ် ချို့ဆိုရင်ပြဿနာရှာတဲ့အထိလုပ်တတ်ပါတယ်။


ဖြေရှင်းချက်

ဒါတွေကိုဘယ်လိုဖြေရှင်းနိုင်မလဲဆိုရင် သင့်ချစ်သူ ဒါမှမဟုတ် ယောက်ျားနဲ့ တချိန်တုန်းက သင်တို့ဖြစ်ချင်ခဲ့တဲ့အရာတွေအတွက် သူ့ဆီက အကြံပြုချက်တွေတောင်းပါ၊ သူကချက်ခြင်းကြီးသင့်ကိုချန်ပြီးထွက်သွားမှာမဟုတ်တဲ့အတွက် သင်ပြန်ကြိုးစားလို့ရနိုင်ပါသေးတယ်။

တခါကစိတ်ကူးယဉ်အိမ်မက်တွေ အခက်အခဲတွေကိုဘယ်လိုဖြတ်ကျော်ခဲ့လဲဆိုတာ သူပြန်သတိရအောင်လုပ်ဆောင်ပေးပါ။ နောက်အရေးကြီးအချက်က အတူတူနေတာကိုရက်ခြားပြီးမှဆက်ဆံပါ။ နေတဲ့အချိန်မှာလည်းသင်တို့ရဲ့လိင်ပိုင်းဆိုင် ရာကိစ္စတွေကို အရင်ကထက်စိတ်လှုပ်ရှားအောင်ဆွဲဆောင်ပါ။ သွားနေကျပုံစံမျိုးမဟုတ်တဲ့အရာမျိုးပေါ့။

ဒါကတစ်ကယ့်မှော်အစွမ်းလိုမျိုးပါပဲ။ နေ့တိုင်းဝက်သားချည်းစားနေရရင် ငြီးငွေ့တယ်မလား? နောက်တစ်ခုကတော့ ဆ ယ်ကျော်သက်အရွယ်လေးတွေလို ပရောပရည်ဆက်ဆံပါ။ ပွေ့ဖက်တာ နမ်းရှုပ်တာ ဂရုစိုက်တာလေးတွေလုပ်ပေးပါ။ အဲ့ဒီလိုထိတွေ့မှုလေးတွေက ချစ်ခင်ရင်းနှီးမှုနဲ့မျှော်လင့်ခြင်းတွေကိုပြန်ရှင်သန်လာစေနိုင်ပါတယ်နော်။


အသေးအဖွဲ့လေးအတွက်အမြဲရန်ဖြစ်ကြတယ်




သေးငယ်တဲ့ကိစ္စလေးတွေအတွက် မလိုအပ်တဲ့အငြင်းပွားမှုတွေနဲ့တိုက်ပွဲတွေက သင်တို့RSကို စိတ်ပျက်ငြီးငွေ့စေပါတ ယ်။ သင်ဟာအသေးအဖွဲလေးတွေကအစ ယောက်ျားကိုလိုက်ကြပ်မယ်၊ မျက်လုံးဒေါက်ထောက်လိုက်ကြည့်မယ်၊ သ ဝန် တိုမယ်၊ သင်လိုချင်တာဖြစ်မလာရင် ရန်ဖြစ်မယ်ဆို သူကကြာလာရင် သင့်ကိုကျိန်းသေပါက် စိတ်ကုန်လာပါလိမ့်မယ်။

စိတ်ဖိစီးမှုတွေများလာတဲ့အတွက် သင်နဲ့အတူရှိနေရမယ့်အချိန်တွေမှာ သူ့သူငယ်ချင်းတွေနဲ့ဖြစ်စေ သူတစ်ယောက်တည်းဖြစ်စေ သူကအချိန်ဖြုန်းလာပါလိမ့်မယ်။ တချို့စိတ်သာယာမှုအလွယ်ရှာတတ်တဲ့ယောက်ျားတွေဆို အချော့အမြူကောင်းတဲ့မိန်းမနောက်ပါသွားတတ်ပါတယ်။


ဖြေရှင်းချက်

သင်လိုအပ်တာတွေ လိုအပ်ချက်တွေကိုအေးဆေးတည်ငြိမ်စွာပြောဆိုပါ။ သူ့ဘက်ကစကားတွေ အကြောင်းအရင်းတွေကိုနားထောင်ပါ၊ နားလည်မှုပေးပါ။ သင့်စိတ်လှုပ်ရှားမှု စိတ်ဆိုးဒေါသထွက်တာတွေကိုထိန်းချုပ်ဖို့ကြိုးစားပါ။

သင့်ချစ်သူ ယောက်ျားနဲ့ပက်သက်တဲ့အရာတွေကို အတတ်နိုင်ဆုံး အပြုသဘောဆောင်တဲ့အတွေးနဲ့ တုံပြန်မှုကိုပေးပါ။ ဒီလိုပြုလုပ်ပေးတာဟာ ပြဿနာကိုပိုမို ဖြေရှင်းရလွယ်ကူစေပြီး RSတစ်ခုအတွက် ခိုင်မာတဲ့အုတ်မြစ်ကိုတည်ဆောက်ပေးပါလိမ့်မယ်။


သင်ဟာအမြဲတမ်းအပြစ်ရှာပါးစိပါးစပ်များတယ်လို့သူခံစားလာရတယ်




အမျိုးသားအများစုက အရာရာတိုင်းမှာ ဆရာလုပ်တဲ့ အမျိုးသမီးတွေကို ရှောင်ရှားလိုကြပါတယ်။ အမျိုးသမီးအများစုကလည်း သူ့ချစ်သူ သူ့ယောက်ျားကို လွတ်လွတ်လပ်လပ်လွှတ်ပေးထားလိုစိတ်မရှိကြပါဘူး။ တစ်ခုခုဆိုသူတို့အရင်သိချင်တယ်၊ သူတို့ကအကြံတွေပေးချင်တယ် အမှားတစ်ခုခုကို အမြဲလိုလိုလိုက်ရှာနေတတ်ကြပါတယ်။

ဥပမာ ဘီယာသောက်ရင်သောက်ပြန်ပြီ စိတ်ဖိစီးလို့အိမ်မှာအရက်လေးသောက်ရင်သောက်ပြန်ပြီစသဖြင့်သူတို့ကိုဝေဖန်တိုက်ခိုက်တာမျိုးတွေပေါ့..ယောက်ျားအများစုကဒါတွေနဲ့တော့မကင်းဘူးမလား? သင့်ဘက်တည်တည်ငြိမ်ငြိမ်ထိန်းချုပ်နိုင်ဖို့ပဲလိုပါတယ်။

ဒီအခါ ဒါတွေကိုခံရတဲ့ အမျိုးသားအများစုက အိမ်ကိုတောင်မကပ်ချင်တော့တဲ့ထိဖြစ်သွားတတ်ကြပါတယ်။ ဘာလို့ဆို အ မျိုးသားတွေက နားပူတာကို မကြိုက်ကြဘူးလေ။ သူတို့က ကျောပဲအပူခံချင်ကြတာမဟုတ်လား။ ဒီတော့သင်ဟာအမြဲလို လိုနားပူအောင်ပြောဆိုနေတတ်သူဆိုရင် သင့်ယောကျာ်းကသင့်ကို ပျင်းရိငြီးငွေ့စိတ်ကုန်သွားဖွယ်ရှိပါတယ်။


ဖြေရှင်းချက်

သင့်ရဲ့ သင်ခန်းစာပို့ချချက်တွေကို အတတ်နိုင်ဆုံးလျော့ချပစ်လိုက်ပါ။ ဒါကိုအမြဲတမ်းလုပ် ဒါကိုဘယ်တော့မှမလုပ်နဲ့ ဒါကမလုပ်သင့်ဘူးဆိုတဲ့စကားလုံးတွေကို ရှောင်ပါ။ သင်ပြောမိခဲ့ရင် အမျိုးသားဘက်က ခုခံချေပတာတွေဖြစ်လာပြီးစကားမျ ားရန်ဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ ပြဿနာတစ်ခုကို နှစ်ယောက်အတူဖြေရှင်းဖို့ပဲကြိုစားပါ။

သင့်အထင်နဲ့အမြင်ကို အရမ်းရှေ့တန်းမတင်ပါနဲ့။ သင့်ခင်ပွန်းက သင်တောင်းဆိုတာကို လိုက်လုပ်ပေးတဲ့အခါမှာကျေးဇူတင်ကြောင်းပြပါ။ သူ့ရဲ့ကြိုးစားအားထုတ်မှုကို သင်သတိပြုမိပြီးတန်ဖိုးထားကြောင်း အသိပေးတာက သင်တို့ဆက်ဆံရေးကိုတိုးတက်လာစေမှာပါ။

ကဲ..ဒီလောက်ဆိုရင် ယောက်ျားတွေ သူတို့ချစ်သူမိန်းမတွေကို စိတ်ကုန်စေတဲ့အကြောင်းတွေကိုသိလောက်ပြီထင်ပါတယ်။ ဒါတွေကိုအတတ်နိုင်ဆုံးရှောင်ရှားပြီး ပျော်ရွှင်တဲ့RSတစ်ခုကို တည်ဆောက်နိုင်ပါစေလို့မျှော်လင့်မိပါတယ်..

#Lifestyle_Myanmar

#Mg_Htet

REF_pairedlife.com




Some text some message..