မိန်းမကောင်းတွေ ပိုင်ဆိုင်ထားတဲ့စရိုက်လက္ခဏာ ၆ ချက်
lifestylemyanmar.com
|
2020-02-25



ဘယ်သူမှပြီးပြည့်စုံတဲ့လူရယ်လို့တော့မရှိပါဘူး။ မိန်းမကောင်းတစ်ဦးကို ရှာတွေ့ပြီဆိုတာ သူမမှာမပြည့်စုံမှုတွေရှိကောင်းရှိနိုင်ပေမယ့် သင့်အတွက်ကြီးမြတ်သူတစ်ဦးကိုသင်တွေ့ပီလို့ဆိုလိုတာပါ။ မိန်းမကောင်တစ်ဦးအတွက် သတ်မှတ်ထားတဲ့စံချိန်စံညွှန်းဆိုတာမရှိပေမယ့်မိန်းမကောင်းတစ်ယောက်ရဲ့စရိုက်လက္ခဏာတွေကိုတော့ရှေးကတည်းကသတ်မှတ်ထားကြတာရှိပါတယ်။ အဲ့ဒါဘယ်လိုလက္ခဏာတွေလဲဆိုတာအောက်မှာဖော်ပြပေးလိုက်ပါတယ်။


သူမသည်သင့်အားပိုပီးကောင်းမွန်တဲ့လူတစ်ဦးဖြစ်ရန်လှုံဆော်ပေးသည်



အောင်မြင်တဲ့ယောက်ျားတိုင်းရဲ့နောက်မှာမိန်းမကောင်းတစ်ယောက်ရှိတယ်လို့ဆိုကြပါတယ်။ အမေရော ကောင်းမွန်တဲ့မိန်းမရော ရှိတဲ့သူကတော့ကံအကောင်းဆုံးပေါ့။


မိန်းမကောင်းတစ်ယောက်ဆီက သင့်ဟာ အပြုသဘောဆောင်တဲ့ခွန်အားတွေကိုရရှိနိုင်ပါတယ်။ နောက်သူမကသင်တို့ကို စည်းတွေကမ်းတွေနဲ့ဒါလုံးဝဖြစ်ရမယ်ဆိုတာမျိုးတင်းကြပ်ထားလေ့မရှိပါဘူး။ သူမကသင့်ရဲ့ပန်းတိုင်နဲ့အိမ်မက်တွေကိုအ ကောင်အထည်ဖော်ပေးဖို့ကူညီပေးကြတာပါ။ သူမကအေးချမ်းတည်ငြိမ်ပါတယ်။


မတူညီမှုတွေကိုနားလည်ပေးတယ်




သင်တို့ရဲ့ဆက်ဆံရေးထဲကို အလုပ်မဟုတ်တဲ့ပြဿနာတွေကို သူမကယူဆောင်လာတတ်တဲ့မိန်းမတစ်ယောက်မဟုတ်ပါဘူး။ နားလည်မှုလွဲမှားတာတွေရှိခဲ့ရင်တောင် သူမကိုယ်တိုင်ရှင်းလင်းသွားသည်အထိစိတ်ရှည်ရှည်နဲ့ရှင်းပြတတ်တဲ့အ မျိုးသမီးပါ။

ပြီးတော့သူမက သင့်ရဲ့ထင်မြင်ချက်နဲ့ယုံကြည်ချက်တွေကို ဘယ်တော့မှအတင်းအကြပ်တွန်းအားမပေးပါဘူး။ ဆိုလိုတာက ဟိုဟာကိုယုံကြည် ဟိုဟာကိုလုပ်ဆိုတာမျိုးမဟုတ်ပါဘူး။သူမကအဖြောင့်အတိုင်း ပွင့်ပွင့်လင်းလင်း သူမစိတ်ထဲရှိတာပြောချင်ပြောပေမယ့် အဲ့ဒါကို သင်သဘောတူကိုတူရမယ်လို့လည်း မမျှော်လင့်ထားတတ်ပါဘူး။ မိန်းမကောင်းမိန်းမြတ်က သင့်ရဲ့ထင်မြင်ယူဆချက်တွေကိုလေးစားပါလိမ့်မယ်။


မိန်းမကောင်းတစ်ယောက်ဟာသင့်ရဲ့ Fan အစစ်




သူမဟာသင်နဲ့တန်းတူသို့မဟုတ် သင့်ထက်သာလွန်နေရင်တောင် သင့်အတွက်ဆို သင့်ရဲ့အမာခံ ပရိတ်သတ် Fan တစ်ယောက်အဖြစ်ရှိနေပါလိမ့်မယ်။ သူမကသင့်ရဲ့ရည်မှန်းချက်ပန်းတိုင်များကို အမြဲတမ်းလိုလိုအောင်မြင်အောင်တွန်းအားပေးတို က်တွန်းနေပြီး သင့်အောင်မြင်မှုတွေကို အခြားလူတွေကိုလည်းမျှဝေပေးပါလိမ့်မယ်။

သင့်အတွက်အခွင့်အလမ်းတွေလာရင် သင့်ထက်ပိုစိတ်လှုပ်ရှားနေတတ်တဲ့ မိန်းကလေးအမျိုးအစားပါ။ သ်ငရာထူးတိုးခံရတာဖြစ်ဖြစ် မှတ်တိုင်အသစ်တွေစိုက်ထူခံရတာဖြစ်ဖြစ် သင့်အတွက် ပျော်စရာပါတီတစ်ခုကျင်းပပေးပါလိမ့်မယ်။

သင့်ရဲ့အမာခံပရိတ်သတ် Fan ဖြစ်တဲ့အတွက် သင့်ကိုအများဆုံးသတိပေးဝေဖန်သူလည်းဖြစ်နိုင်ပါတယ်။ သူမကသင့်ကိုရိုးသားတဲ့ဝေဖန်မှုကိုပေးတာဖြစ်တဲ့အတွက် သူမဝေဖန်မှုကိုသတိတရပြုပြင်ပေးသင့်ပါတယ်။


သူမကိုပိုင်ဆိုင်ရတာကံကောင်းစေတယ်လို့သင့်ကိုခံစားရစေလိမ့်မယ်




သင့်စိတ်ထဲမှာထီပေါက်သလိုပဲ ယောကျာ်းတွေအများကြီးထဲက ငါ့ကိုရွေးချယ်ခဲ့တာ ကံကောင်းလေစွ ဆိုပြီးခံစားရစေပါတယ်။ တကယ်ကို သင့်နှလုံးသားကိုထိရှစေနိုင်တယ်လို့ခံစားရစေပါတယ်။ တခါတရံသင့်ကိုသင်မယုံနိုင်လောက်အောင်သူမနဲ့သင်နေလိုသည်ကိုသင်ခံစားရပါလိမ့်မယ်။


သူမကသင့်ကိုလုံခြုံစိတ်ချတယ်




အလုပ်ထဲကတခြားမိန်းမတယောက်နဲ့စကားပြောနေလို့အလွယ်တကူသင့်ကိုမနာလိုသဝန်တိုဖြစ်တာတွေမရှိပါဘူး။ သူတို့ကသင့်အတွက် အခြားရှုထောင့်တွေကသင့်ကိုဖြည့်ဆည်းပေးနေတဲ့အတွက်သူတို့ကိုလည်းလေးစားသမှုရှိပါတယ်။ သူမကကျားမ မခွဲခြားပဲ သင်နဲ့သိတဲ့သူတိုင်းကို သူနဲ့သိဖို့ကြိုးစားပါတယ်။

ဆိုကြပါစို့ သင့်အားကစားရုံကလူတိုင်းနဲ့မိတ်ဆွေဖြစ်ပီး စကားပြောချင်ပြောပီးတွေ့ဆုံပါလိမ့်မယ်။ ဒီအမျိုးသမီးတွေက သင့်ရဲ့သစ္စာစောင့်သိမှုကို နက်ရှိုင်းစွာသိကြပါတယ်။ သင့်တယ်လီဖုန်း အီးမေးလ်းနဲ့ဆိုရှယ်မီဒီယာအကောင့်တွေကို စစ် ဆေးဖို့လည်းရှက်တတ်ကြပါတယ်။ ဒါကတခြားအမျိုးသမီးတွေနဲ့လုံးဝမတူတဲ့အချက်မျိုးပါပဲ။


မိန်းမကောင်းတစ်ယောက်ကသင့်ကိုသဝန်တိုအောင်မလုပ်ဘူး




အချို့မိန်းမတွေရှိပါတယ်။ ကိုယ့်ချစ်သူ ယောကျာ်းကို သဝန်တိုအောင်လုပ်လိုက်ရမှ နေသာထိုင်သာရှိတတ်ကြတဲ့ မိန်းမတွေလေ။ မိန်းမကောင်းတစ်ယောက်ကတော့ သင့်အာရုံကို ဆွဲဆောင်ဖို့ အဲ့ဒီလိုလှည့်ကွက်တွေမသုံးတတ်ပါဘူး။ သင်သ ဝန်တိုစေမယ့်အရာတွေကို မလုပ်ပြတတ်ပါဘူး။ကဲ……..Lifestyle Myanmarပရီတ်သတ်ကြီးရေဒီလိုမိန်းကလေးတွေရောရှိသေးလား?

#Lifestyle_Myanmar

#Mg_Htet

REF_Power Of Possitivity




Some text some message..