နာကျင်မှု ဝေဒနာတွေကို တစ်ကယ်ခံစားခဲ့ရတဲ့ မိန်းကလေးတွေက အနည်းနဲ့အများတော့ပြောင်းလဲသွားတတ်ကြပါတယ်။ အတိတ်တချိန်ကသူမကိုထိခိုက်နစ်နာစေခဲ့တာတွေက သူမကို အမှီအခိုကင်းကင်းနေတတ်အောင်ပြောင်းလဲပေးလိုက်နိုင်ပါတယ်။
သူတို့ကကိုယ့်ကိုကိုယ်ပဲအားကိုးပြီး လုံးဝလွတ်လပ်သွားပါတယ်။ ဘယ်လိုယောက်ျားမျိုးကိုမှ မှီခိုချင်စိတ်လည်းမရှိတော့ပါဘူး။ အချစ်ဦးနဲ့ကွဲခဲ့တဲ့ မိန်းကလေးတွေဆိုပိုသိသာပါတယ်။
လူတစ်ယောက်သူ့ဘဝထဲဝင်လာတဲ့အခါ သူ့ကိုစွန့်ခွာသွားလိမ့်မယ်လို့သူ့စိတ်ကစွဲမြဲနေတတ်ပါတယ်။ အဲ့ဒီလို နာကျင်မှုတွေခံစားနေတဲ့မိန်းကလေးတစ်ယောက်ကိုချစ်မိပီဆိုရင်တော့ သူတို့အကြောင်းအနည်းငယ်တော့သင်နားလည်ဖို့လိုပါတယ်။ ဒါကြောင့် နာကျင်နေတဲ့မိန်းမတွေရဲ့အပြုအမူအကြောင်းပြောပြပေးလိုက်ပါတယ်။
အရာရာတိုင်းအတွက်အချိန်အများကြီးယူတယ်
အရင်က ထက်ထက်မြက်မြက် သွက်သွက်လက်လက် ပျော်ပျော်နေတတ်ခဲ့ရင်တောင် အဲ့ဒီလိုအရာတွေနည်းနည်းပြောင် းလဲသွားပါတယ်။ အသဲကွဲပြီးတဲ့နောက် နာကျင်မှုဝေဒနာတွေထဲက ရုန်းထလာပြီးတဲ့နောက်သူတို့က အလျင်စလိုလုပ်တာတွေကိုမကြိုက်တတ်ကြတော့ပါဘူး။
ဖြေးဖြေးအေးအေး အခြေအနေတွေကိုပဲကြိုက်ပါတယ်။ လူတစ်ယောက်ကို ယုံကြည်ဖို့ဆိုတာလည်း အချိန်အများကြီးယူကြပါတယ်။ သူတို့က သူတို့ကိုသူတို့ လွတ်လပ်တယ် အမှီအခိုကင်းတယ်လို့ ခံယူထားတဲ့အတွက်ကြောင့် သူတို့ကိုသူတို့ကာကွယ်ဖို့က အဓိကဦးစားပေးဖြစ်လာပါတယ်။
သူတို့က သူတို့ကိုချစ်လှပါချည်ရဲ့ဆိုတဲ့လူတွေကိုလည်း အလွယ်တကူယုံတော့မှာမဟုတ်ပဲ စမ်းသပ်မှုတွေလုပ်ပြီးမကြိုက်ရင်Cancelလုပ်တတ်ကြပါတယ်။ ချစ်ဖို့ကသူတို့အတွက်ခဲယဉ်းသွားပြီး သူတို့ဘဝနဲ့ဆိုင်တဲ့အရာရာတိုင်းကို ဖြေးဖြေးနှေးနှေးနဲ့အချိန်ယူပြီး စဉ်းစားတတ်ကြ လုပ်တတ်ကြပါတယ်။ နာကျင်မှု တွေကသင်ကြားပြသခဲ့တဲ့အရာတွေပေါ့…
ဘယ်သူ့ကိုမှအားကိုးအားထားမပြုတော့ဘူး
သူတို့ကအစဉ်အမြဲကြီ းတစ်ယောက်ယောက်ကို အားကိုးမနေတတ်တော့ပါဘူး။ သူတို့ဘဝအတွက်သူတို့မှာ တာဝန်ယူမှုခံမှုအပြည့်အဝရှိကြပါတယ်။ တစ်ယောက်ယောက်က သူတို့ဘဝကို ကယ်တင်လိမ့်မလားလို့ မမျှော်လင့်တတ်ကြတော့ပါဘူး။ ဘာလို့လဲဆို မျှော်လင့်ချက်တွေက နာကျင်စေတယ်ဆိုတာကို သူတို့ကောင်းကောင်းသိသွားလို့ပါပဲ။
သူတို့ကိုယ်တိုင်ဆုံးဖြတ်ချက်ချတယ်။
သူတို့ရဲ့ကိစ္စတိုင်း အသေးအဖွဲလေးတွေကအစ သူတို့ တကယ်ကြိုက်မှ ခံစားရမှ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချတတ်ကြပါတယ်။ ဟိုဟာလုပ် ဒီဟာလုပ်သွားပြောတဲ့သူတွေကိုလည်း မုန်းတတ်ကြပါတယ်။ သူတို့က အကြံညဏ်ပေးတာတွေကို လက်ခံကောင်းလက်ခံမှာဖြစ်ပေမယ့် အရာရာတိုင်းကိုတော့ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲချမှာပါ။
နောက်ထပ်ချစ်ဖို့အရမ်းခက်ခဲသွားပီ
နာကျင်မှုကိုခံစားဖူးတဲ့မိန်းကလေးတော်တော်များများက နောက်ထပ်ချစ်ဖို့ဆိုတာ အရမ်းခက်ခဲသွားပါပီ။ အချစ်ကိုကြေ ာက်သွားတာမျိုးလည်းဖြစ်နိုင်သလို လူတွေကိုယုံကြည်ကိုးစားဖို့ ခက်ခဲသွားလို့လည်းဖြစ်နိုင်ပါတယ်။
အချစ်ဆိုတာလည်း တစ်စုံတစ်ဦးကိုယုံကြည်ကိုးစားခြင်းပေါ် မူတည်နေတာပဲမဟုတ်ဘူးလား? ပြောရရင်တော့ အချစ်နဲ့ဝေးဝေးနေလိုက်တာမျိုးဖြစ်ပြီး သူတို့ချစ်တတ်လား မချစ်တတ်လားဆိုတာတောင်မသိတော့တဲ့ပြောင်းလဲမှုမျိုးဖြစ်သွားတာပါ။ ပြောရရင် နှလုံးသားက ထုံသွားတာပေါ့..
နောက်ဆုံးတားဆီးထားတဲ့တံခါးတွေဖွင့်ပေးပြီးဝင်ခွင့်ပြုလိုက်ရင်သင်ထင်မထားလောက်အောင်သင့်ကိုချစ်လိမ့်မယ်
တစ်ခုခုကို ကြာကြာစောင့်ဆိုင်းလေ သင်ရလာတဲ့အခါတန်ဖိုးရှိလေလေပဲမလား? သူတို့က မချစ်တတ်တော့ဘူးလို့ထင်ရအောင်အေးစက်သွားကြပေမယ့် သူ့ကိုဘယ်သူတွေကဘယ်လောက်ချစ်တယ် ဘယ်သူတွေက အပေါ်ယံတွေဆိုတာကောင်းကောင်းသိကြပါတယ်။
ဒါကြောင့်နောက်ဆုံးမှာ သင့်ဘက်ကစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းသစ္စာရှိပြီးချစ်နိုင်ခဲ့ရင် သူ့နှလုံးသားတံခါးကပွင့်လာပါလိမ့်မယ်။ လူပဲနှလုံးသားက ကျောက်နဲ့ထွင်းထုထားတာမှမဟုတ်တာ။ ဒါကြောင့်နာကျင်ပြိုလဲမှုတွေက နိုးထလာတဲ့ မိန်းက လေးတစ်ယောက်ပြန်ချစ်တတ်သွားရင်လည်းသင့်ကိုသငိမယုံနိုင်လောက်အောင်သူတို့ကချစ်ပြပါလိမ့်မယ်။
အသဲကွဲဖူးတဲ့ နာကျင်ဖူးတဲ့ မိန်းကလေးတစ်ယောက်ကိုချစ်ခြင်းဆိုတာ စိတ်ရှည်ခြင်း၊ နားလည်ခြင်း၊ နားထောင်ကောင်းသူဖြစ်ခြင်းနဲ့ မေတ္တာအစစ်အမှန်နဲ့ချစ်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်။
ကဲ..ဒီတော့Lifestyeပရီတ်သတ်ကြီးတွေထဲမှာလည်း အချစ်ဦးနဲ့လွှဲလို့ ချစ်သူကထားခဲ့လို့ ကိုယ်ပေးဆပ်ခဲ့သလောက် ရက်စက်မှုတွေပြန်ပေးလို့ အသဲကွဲဖူးကြလား? နာကျင်ဖူးကြလား? ဘာတွေပြောင်းလဲသွားတယ်ထင်ကြလဲ?
#Lifestyle_Myanmar
#Mg_Htet
REF_theodysseyonline.com