ယောက်ျားကောင်းတစ်ယောက်ဆိုတာ သိနိုင်မယ့်စရိုက်လက္ခဏာ ၅ မျိုး
lifestylemyanmar.com
|
2020-02-26



Lifestyle Myanmarပရိတ်သတ်ကြီးအတွက် မိန်းမကောင်းတွေရဲ့စရိုက်လက္ခဏာ ၅ခုကိုဖော်ပြပြီးတဲ့နောက်မှာ ယောက်ျားကောင်းတစ်ယောက်ဆိုတာဘယ်လိုလူမျိုးလဲ? သူတို့မှာ ဘယ်လိုအရည်အချင်းတွေပိုင်ဆိုင်ထားလဲ? ကိုယ်နဲ့ဆက်ဆံနေတဲ့သူတစ်ယောက် ဒါမှမဟုတ် ကိုယ်ပိုင်ဆိုင်ထားတဲ့လူက ယောက်ျားကောင်းတစ်ယောက်လားဆိုတာသိဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ကိုယ့်ဆီမှာရောက်နေတဲ့တန်ဖိုးရှိတဲ့အရာတစ်ခုကို အလွယ်တကူဆုံးရှုံးတတ်လို့ပါ။ ကဲ..ဒီတော့ ယောက်ျားကောင်းတစ်ယောက်ရဲ့အရည်အချင်း၅ခုကိုဖော်ပြပေးလိုက်ပါတယ်။


တာဝန်ယူမှုရှိခြင်း




ဒါက အမှန်တကယ်တော့ယောက်ျားတစ်ယောက်အတွက်မှမဟုတ်ပါဘူး။ လူတိုင်းအတွက် အရေးကြီးပါတယ်။ ဒါပေမယ့်လူတိုင်းကတော့ မလုပ်နိုင်ကြပါဘူး။ ယောက်ျားကောင်းတစ်ယောက်က သူလုပ်တဲ့အလုပ်တိုင်းကို တာဝန်ယူမှု တာဝန်ခံမှုရှိပါတယ်။ပြောရရင် သူချစ်တဲ့မိန်းမ သူ့ချစ်သူ ရည်းစားအပေါ်မှာလည်း တာဝန်ယူမှုရှိပါတယ်။

သူချစ်လို့ သူနဲ့ပက်သက်နေတာဖြစ်တဲ့အတွက် သူ့ကောင်မလေးကိစ္စတိုင်းကို တာဝန်ယူမှုရှိတတ်ကြပါတယ်။ စားပြီးနားမလည်ဘယ်တော့မှမလုပ်တတ်ကြပါဘူး။ တချို့ယောက်ျားတွေကတော့ တာဝန်ခံမှုတွေ တာဝန်ယူမှုတွေကို တန်ဖိုးမထားကြတဲ့အတွက် မိန်းကလေးတော်တော်များများ ခံစားတတ်ရပါတယ်။ တွေ့ဖူးလား တာဝန်မယူနိုင်ပဲ နှလုံးသားတွေကို လှည့်စားတတ်တဲ့ယောက်ျားမျိုး..


စိတ်လှုပ်ရှားမှုကိုထိန်းချုပ်နိုင်တယ်




ပြောရရင်တော့ ကလေးမဆန်ဘူးပေါ့။ သူလုပ်လိုက်တဲ့အလုပ်တိုင်းအတွက်ဖြစ်စေ ဆက်ဆံမှုတိုင်းအတွက်ဖြစ်စေ ပြင်းထန်တဲ့တုံပြန်မှုတွေရခဲ့ရင်တောင် သူတို့တွေက ရှုးရှူးရှားရှား ဒေါသတွေထွက်ပီး မတုံပြန်တတ်ပါဘူးနော်။

သူတို့က စဉ်းစားတယ် တွေးတယ် အကောင်းဆုံးဘယ်လိုတုံပြန်မလဲပေါ့။ တည်ငြမ်အေးဆေးတဲအတွက် ခေါင်းတွေအရမ်းပူနေရင်တောင် သူတို့ကိုကြည့်လိုက်ရင် ဘာပြဿနာမှမရှိဘူးလို့ထင်ရပါတယ်။ ဒီလိုပ်ပဲ အချစ်ရေးကိစ္စတွေမှာလည်း တခြားလူတွေလိုသံသယတွေပွားရစ်တာမျိုးတွေမရှိပဲ အေးအေးဆေးဆေးပဲကြည့်နေတတ်ကြတာမျိုးပါ။

ဒါကသူတို့မှာသဝန်တိုစိတ်မရှိတာမဟုတ်ဘူးနော်။ သူတို့ရဲ့တည်ကြည်ရင့်ကျက်မှုကြောင့်သာ သင်သတိမထားမိတာပါ။ သူတို့လည်းလူပဲ ချစ်တတ်တယ် ခံစားတတ်တယ်လေ။

ဒါပေမယ့် သူတို့က အထင်ကိုအထင် အမြင်ကအမြင်ဆိုတာ ကောင်းကောင်းလက်ခံထားပါတယ်။ တော်ရုံတန်ရုံကိစ္စလေးတွေအတွက် အရမ်းကြီးစိတ်လှုပ်မရှားတတ်ကြပါဘူး။ သင်ရောအာ့လို အူမတိုသလို တည်ငြိမ်အေးဆေးသူကြီးနဲ့တွေ့ဖူးလား?


ကတိတည်တယ် သစ္စာရှိတယ်




တချို့ယောကျာ်းလေးတွေဆိုကတိကို လွယ်လွယ်ပေး လွယ်လွယ်ချိုးဖောက်တတ်ကြပါတယ်။ အဲ့ဒီလိုယောကျာ်းတွေနဲ့ပ က်သက်ရတဲ့ မိန်းကလေးတွေဆို တော်တော်စိတ်ဆင်းရဲရပါတယ်။

အရက်သောက်တတ်တဲ့ယောကျာ်းလေးတွေဆိုပိုဆိုးပါတယ်။ ဒါပေမယ့်ယောက်ျားကောင်းလို့ခေါ်ဆိုထိုက်တဲ့သလူကတော့ ဆိုခဲစေ မြဲစေပါပဲ။ စကားတွေကို လွယ်လွယ်မပြောတတ်သလို ကတိတွေကိုလည်းလွယ်လွယ်မပေးတတ်ပါဘူး။

သူပေးတဲ့ကတိကိုလည်းတည်အောင်စောင့်ထိန်းကြပါတယ်။ နောက်သူ့ရဲ့အလုပ်ကိစ္စတွေမှာလည်း ကတိကဝတ်တွေကို အမြဲခိုင်မာအောင်လုပ်တတ်ကြပါတယ်။


ခုခံကာကွယ်သူ




အမျိုးသားတွေကတော့ဗီဇအရ ကာကွယ်လိုစိတ် ရှိကြတဲ့သူတွေပါပဲ။ ယောက်ျားကောင်းလို့ခေါ်လို့ရတဲ့ လူတွေကျတော့ သင့်ကို ကာကွယ်ပေးရုံတင်မကပဲ သူ့ကိုယ်တိုင်အတွက်လည်း ကာကွယ်ခုခံတတ်ကြပါတယ်။

သူတို့ကစိတ်လှုပ်ရှားမှုတွေကိုထိန်းနိုင်တယ်ဆိုပေမယ့် သူတို့အတွက်အရေးကြီးတဲ့အရာတွေကိုလာရောက်တိုက်ခိုက်သူတွေကိုတော့ပြန်လည် ခုခံကာကွယ်သွားမယ့်လူစားတွေပဲဖြစ်ပါတယ်။

သူတန်ဖိုးထားတဲ့အရာတွေအတွက် အတားအဆီးအခုအခံတွေကို သူကတတိုက်ထုတ်သွားမှာပါပဲ။ တချို့ယောက်ျားတွေလုပ်သလို သင့်အကြောင်းကို ဘီယာဝိုင်းမှာအပြောင်အပျက်သဘောမျိုးတောင် သူတို့က မပြောတတ်ကြပါဘူး။

ဆိုလိုတာကတော့ သူတန်ဖိုးထားတဲ့အရာတွေကိုလာထိရင် ပြန်လည်တိုက်ခိုက်သွားမယ့်လူစားမျိုးတွေပဲဖြစ်ပါတယ်။ ချစ်သူလက်ကိုမြဲမြဲဆွဲပြီး လောကကြီးကိုကောင်းကောင်းရင်ဆိုင်ရဲသူတွေပဲဖြစ်ပါတယ်။


ရိုင်းတယ် လွတ်လပ်တယ် Open Minded




သူတို့ကစကားပြောကောင်းချင်မှကောင်းပါလိမ့်မယ်။ သူတို့က Open mindedပါ။စိတ်ကိုဖွင့်ထားတတ်တဲ့Open Mindedသမားတွေဖြစ်ပြီး သူတို့စိတ်က လွတါလပ်ပွင့်လင်းနေတဲ့အတွက် သူတို့ပြောတဲ့စကားတွေကလည်းပွင့်လင်းနေပါလိမ့်မယ်။ တချို့တွေဆို သူတို့ကို လူကလန့် ဂွစာတောင်ခေါ်တတ်ကြပါတယ်။

သူတို့က ရိုင်းတယ်ဆိုတာထက် ပွင့်လင်းပြီး ဒဲ့ပြောတတ်တယ်ဆိုပိုမှန်ပါလိမ့်မယ်။ စကားတန်ဆာတွေဆင်ပြီး စိတ်ထဲကေ ာက်ကျစ်သူတွေထက်စာရင်တော့ ဒါကတော်ပါသေးတယ်။

ဒါကြောင့်စကားအချိုလေးတွေသုံးပြီး စိတ်ကောက်တဲ့လူတွေထက် ပွင့်လင်းရိုးသားတဲ့ ယောက်ျားတွေက ပိုကောင်းပါတယ်။ ကဲ….Lifestyleပရိတ်သတ်ကြီးထဲက မိန်းကလေးတွေရော ဒီလိုယောကျော်းမျိုးပိုင်ဆိုင်ထားပီလား? တွေ့ခဲဖူးလား? ပိုင်ဆိုင်ထားပီးမှဆုံးရှုံးဖူးလား?

#Lifestyle_Myanmar

#Mg_Htet

REF_theodysseyonline.com




Some text some message..