မိန်းကလေးတွေမှာ ကိုယ်ပိုင်အလှဆိုတာရှိကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာအပြုအမူကြောင့်အဲဒီမိန်းကလေရဲ့ပင်ကိုယ်အလှကိုပိုပြီးဆွဲဆောင်မှုရှိသွားတာမျိုးရှိသလို တခြားသူအမြင်မှာအထင်သေးပြီးအကျည်းတန်သွားတာမျိုးလည်းရှိပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့ပင်ကိုယ်အလှကိုပျက်စီးသွားစေပြီး ဆွဲဆောင်မှုလျော့ကျစေနိုင်တဲ့အပြုအမူတွေကို သတိပြုနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။
မိတ်ကပ်အလွန်အကျွံလိမ်းခြင်း
အခုနောက်ပိုင်း မိတ်ကပ် Trend မှာတစ်မျက်နှာလုံးအပြည့်အလွန်အကျွံခြယ်သတာ မျိုးခေတ်မစား တော့တာကိုသတိထားမိကြမှာပါ။ မလိုအပ်ဘဲ မိတ်ကပ်ထူထူလိမ်းတာက တစ်ခါတလေမှာအခြေအနေနဲ့အချိန်အခါလိုက်လျောညီထွေမဖြစ်တာမျိုးနဲ့ကြုံရနိုင်ပါတယ်။ ဥပမာ ကိုယ်ကပုံမှန် မိတ်ကပ်ထူထူလိမ်းနေကျဖြစ်လို့ဆိုပြီး သူများဝမ်းနည်းစရာကိစ္စ၊ နာရေးလိုအချိန်တွေမှာ မိတ်ကပ်ထူထူပြင်ဆင်ပြီးသွားရင် ကိုယ့်ကိုလူ့ကျင့်ဝတ်နားမလည်သူအဖြစ်အထင်သေးခံရနိုင်ပါတယ်။
အတင်းပြောခြင်း
သူများမကောင်းကြောင်းကို သူများနောက်ကွယ်မှာပြောတဲ့အလုပ်ဟာအတင်းပြောတာဖြစ်ပြီးအဲဒီလိုအတင်းပြောပြီဆိုရင် ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ လူတစ်ယောက်ရဲ့ ပုံရိပ်ကိုထိခိုက်စေပါတယ်။ တချို့အတင်းပြောတဲ့သူတွေကအခြားလူတွေအကြောင်းကိုမကောင်းပြော သလောက်သူတို့အကြောင်းကိုတော့အကောင်းပဲပြောကာ ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်တဲ့ခံစား ချက်မျိုးရအောင်လုပ်လေ့ရှိပါတယ်။ လူတွေက ကောင်းတဲ့စကားထက်မကောင်းတဲ့စကား ကိုပိုပြီးအာရုံစိုက်လေ့ရှိတဲ့အတွက် ဒီမကောင်းတဲ့စကားထွက်လာတဲ့အရင်းအမြစ်ကို သင်ဖြစ်နေ မယ်ဆိုရင် သင့်ရဲ့ပုံရိပ်ဟာလူတွေရဲ့အမြင်မှာသေချာပေါက်အထင်သေးစရာဖြစ်နေမှာပါ။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲခြင်း
လူတစ်ယောက်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဆိုတာရှိသင့်ပါတယ်။အဲဒီလိုရှိမှလည်း လူတွေနဲ့ပြောဆိုဆက်ဆံတဲ့နေရာမှာရောအလုပ်လုပ်တဲ့နေရာမှာပါအောင်မြင်မှုရရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့အဲဒီလိုကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲသွားရင်တော့ ကိုယ်သာလျှင်အကောင်းဆုံး၊ ငါ့လောက်လုပ်နိုင်သူဆိုတာ ငါပဲရှိတယ်ဆိုတဲ့အတွေးမျိုးဝင်သွားတတ်ပါတယ်။ ကိုယ့်ကိုယ် ကိုယ်သာအကောင်းဆုံးလို့မြင်သွားပြီဆိုမှတော့ တခြားသူဆိုတာထည့်စဉ်းစား စရာလို့ထင်တော့မှာ မဟုတ်ပါဘူး။အဲဒီအခါမျိုးမှာသင်ဟာတခြားသူကိုထည့်မစဉ်းစားပေးတတ်တဲ့ တစ်ကိုယ်ကောင်းဆန် တဲ့သူ၊အတ္တကြီးသူဖြစ်လာပါလိမ့်မယ်။ ဒီလိုလူကိုပတ်ဝန်းကျင်ကလည်းဘယ်တော့မှအလေး ထားတော့မှာမဟုတ်ပါဘူး။
အမြဲတမ်းအဆိုးမြင်နေခြင်း
စိတ်ပညာရပ်ဆိုင်ရာလေ့လာတွေ့ရှိချက်တွေအရအများအမြင်မှာ ရုပ်ပိုင်းဆိုင်ရာအရဆွဲ ဆောင်မှုမရှိဘူးလို့ထင်ရတဲ့အမျိုးသမီးတွေကိုကြည့်လိုက်ရင် သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးပိုင်း မှာအားနည်းချက်ရှိနေတာကိုတွေ့ရပါတယ်။အဲဒါကတော့အရာရာကိုအဆိုးမြင်နေခြင်းပဲဖြစ်ပါတယ်။ မှန်ပါတယ်၊အမျိုးသမီးတွေရဲ့အတွင်းစိတ်သဏ္ဍာန်က သူတို့ရဲ့ရုပ်ရည်မှာထင်ဟပ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း “မရှိခိုးနိုးနိုး၊ မလှစုန်းနိုးနိုး” ဆိုတဲ့စကားလိုရုပ်ပိုင်းဆိုင်ရာအရဆွဲဆောင်မှုမရှိတဲ့အခါအထင်မြင်သေးခံရနိုင်ပါတယ်။
ရေမွှေးအလွန်အကျွံသုံးခြင်း
အနံ့တွေကလူတွေရဲ့အာရုံကိုဖမ်းစားနိုင်ပါတယ်။ ဒါကြောင့်အမျိုးသမီးတွေက ရေမွှေးကို ငွေကုန်ကြေးကျခံပြီးဝယ်ကြပါတယ်။ တချို့ကလည်း sexy ကျစေဖို့ရေမွှေးအနံ့စူးစူး ရှရှတွေ ကိုအသုံးပြုကြပါသေးတယ်။ တကယ်တော့အမျိုးသမီးတွေရဲ့သဘာဝအတိုင်းရှိနေ တဲ့ကိုယ်သင်း နံ့ကသာအမှန်တကယ်ဆွဲဆောင်မှုရှိစေတာဖြစ်ပြီး ရေမွှေးနံ့စူးစူးကတစ်ဖက်လူ ကိုစိတ်အနှောက်အယှက်ဖြစ်စေပါတယ်။