ယောကျာ်းလေးတွေ သူ့ရည်းစားကိုဘယ်တော့မှထုတ်မပြောတဲ့ ထိပ်တန်းလျို့ဝှက်ချက်များ
lifestylemyanmar.com
|
2020-03-17



လူတိုင်းမှာ လျို့ဝှက်ချက်(Secret)ဆိုတာရှိတတ်ကြပါတယ်။ လျို့ဝှက်ချက်ဆိုတည်းက ဘယ်သူမှအသိမခံချင်လို့ သိသွားခဲ့ရင် သူတို့ကို အထင်သေးမှာ မုန်းသွားမှာ ငြိုငြင်မှာ အချစ်လျော့သွားမှာ ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ထုတ်ပြောဖို့ခက်တဲ့ အကြောင်းအရာတွေပဲပေါ့။ ခုပြောပြမှာက ယောကျာ်းလေးတွေ သူ့ ချစ်သူ ရည်းစား အိမ်ထောင်ဖက်ကို ဘယ် တော့မှ ထုတ်ပြောမှာမဟုတ်တဲ့ ထိပ်တန်းလျို့ဝှက်ချက်တွေပါပဲ။ကဲ..ဖတ်ကြည့်လိုက်ကြရအောင်.


သူမိန်းမဘယ်နှစ်ယောက်နဲ့အိပ်ဖူးလဲ?




သူက သူ့ဘဝတလျောက် ရည်းစားဘယ်နှစ်ယောက်ထားပြီး ဘယ်နှစ်ယောက်နဲ့အိပ်ခဲ့ အိပ်ခဲ့ သူ့ချစ်သူကိုတော့ ထုတ်ပြောမှာမဟုတ်ပါဘူး။ သူ့ချစ်သူနဲ့အတူနေတဲ့ညက သူ့အတွက် Second Timeဆိုရင်လည်း သူက ဒါကို Secret ထားမှာပါ။ သူပြောပြသင့်တယ်ထင်ပေမယ့် ဒါသူ့အတွက် လျို့ဝှက်ထားသင့်တယ်ဆိုတာ သူသိပါတယ်။


တခုခုဆို သူ့အမေကိုဆီပဲပြေးတယ်




တချို့ယောက်ျားတွေဆို အိမ်ထောင်တွေကျသွားတဲ့အချိန်တွေထိ တခုခုဆို သူ့မိန်းမ ချစ်သူကို ပြောပြရမယ့်အစား သူ့အမေဆီအပြေးသွားပြီး ပြောပြတတ်ပါတယ်။ သူ့မိန်းမ ဒါမှမဟုတ် ချစ်သူကို သူခံစားနေရတာ မပြောပြချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နာကျင်မှာစိုးလို့ပါ။ ဒါပေမယ့် မိန်းကလေးတွေဘက်ကတော့ အရာအားလုံး သူတို့က အမြဲပထမဆုံးလူလို့ပဲတွေးနေတတ်ပါတယ်။ ဒါလည်း Secret တစ်ခုပေါ့။


သူ့EXတွေကိုလှည့်စားခဲ့တာ




သင်နဲ့ချစ်သူတွေမဖြစ်ခင် သူ့ရဲ့ ရည်းစားဟောင်းတွေကို လိမ်လှည်လှည့်ဖျားပြီးထားခဲ့တဲ့သူ့အကြောင်းကို လုံးဝပြောမှာမ ဟုတ်ပါဘူး။ Secret ထားမှာပါ။ တကယ်လို့ တစ်ယောက်အကြောင်းကို တစ်ယောက် အကုန်ပြောပြကြေးဆိုရင် တေ ာင်သူက ဒါကိုတော့ချန်ပြီး သူမမှားတဲ့အကြောင်းလောက်ပဲ ပြောမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့လက်ရှိချစ်သူက သူ့ကိုမယုံကြည်နိုင်တော့ပဲ အနာဂါတ်မှာ သံသယတွေပွားနေမှာစိုးလို့ပါ။


သူ့ချစ်သူကိုလိမ်ခဲ့တယ်




တစ်ခါတစ်ရံ ယောက်ျားလေးဆိုတော့ အသောက်အစားလေးတွေရှိတတ်ပါတယ်။ သောက်ပီးရင်လည်း Ktvသွားတာတို့ မာဆတ်သွားတာတို့ ရှိတတ်ပါတယ်။ ဒါတွေနဲ့ပက်သက်ပြီး သူ့ကောင်မလေးကို လုံးဝပြောမှာ မဟုတ်ပါဘူးနော်။ ဘယ်ကောင်မအလန်းလေးက ငါ့ကို ဘယ်လို ပြုစုလိုက်တယ်ဆိုတာမျိုးပေါ့။ ဒါလည်းSecret လေ ကိုယ့်စားပေါက် ကိုယ်မပိတ်ကြပါဘူး။


သူ့ကောင်မလေးအကြောင်းသူ့အချစ်ဆုံးသူငယ်ချင်းကိုပြန်ပြောပြတယ်




သူ့ချစ်သူနဲ့ ဘယ်လိုအိပ်တာ ဒါမှမဟုတ် သူ့ဇနီးနဲ့ အိပ်ခန်းထဲမှာ ဘယ်လိုအချစိကြမ်းတာ ဘယ်နည်းတွေနဲ့ ချစ်ခဲ့ကြတာ စတာတွေကစပီး သင်တို့Relationshipမှာ အဆင်မပြေတာတွေကအစ သူ့သူငယ်ချင်းကို သူကပြန်ပြောပြပါတယ်။ ဒါပေမယ့် အဲ့ဒီလို ပြန်ပြောပြတာကို သင်ဘယ်တော့မှ သိရလိမ့်မယ်မဟုတ်ဘူး။ စိတ်မဆိုးပါနဲ့ ဒါကယောကျာ်းလေးတော် တော်များများပါ။ သင်ပြန်မေးလည်း သင့်ကိုတန်ဖိုးထားတဲ့အကြောင်းပဲ သူကရှင်းပြမှာပါ၊။


EXနဲ့နှိုင်းယှဉ်ကြည့်တယ်




သင့်ချစ်သူကောင်လေးက သင့်ကို အရင်က သူ့ရည်းစားဟောင်း EX နဲ့နှိုင်းယှဉ်ကြည့်တတ်ပါတယ်။ ကြင်နာမှု ယုယမှု နောက်ဆုံး အိပ်ရာထဲမှာ အတူနေတဲ့အချိန်တွေမှာက အစ။ အဲ့ဒါက သူတို့ရဲ့ထိပ်တန်း လျို့ဝှက်ချက်ပဲ။


အိပ်ရာပေါ်မှာသူဆရာကြီးဟန်ဆောင်တယ်




တကယ့်ကိုထိပ်တန်းလျို့ဝှက်ချက်ပါပဲ။ ဗလတောင့် ရုပ်ဖြောင့်ဖြောင့်ယောကျာ်းလေးတွေအပါအဝင် ယောက်ျားအားလုံးနီးပါးရဲ့ အလွန်ခံစားရတဲ့ လျို့ဝှက်ချက်က အိပ်ရာပေါ်မှာ သူဆရာကြီးလို့ ဟန်ဆောင်နေတာပါပဲ။

သူတို့က အိပ်ရာထဲမှာသူတို့ချစ်သူရည်းစားတွေနဲ့ အကောင်းဆုံးခံစားမှုနဲ့ နေချင်ကြပေမယ့် သူတို့မလုပ်နိုင်တဲ့အခါ တိတ်တိတ်လေးခံစားနေရ တတ်ပါတယ်။ အဲ့ဒါကို ထုတ်လည်းမပြောရဲကြပါဘူး။ သူတို့စိတ်ထဲမှာ သူတို့ကိုထားသွားမှာ မကြို က်တော့မှာကို အမြဲစိုးရိမ်နေကြရင်း ဟန်ဆောင်နေကြရပါတယ်။

ဒီအပိုင်းမှာတော့ မိန်းကလေးတွေလည်း ဟန်ဆောင်ပေးနေရတယ်နဲ့တူပါတယ်။ ကဲ.အပေါကပြောခဲ့တာတွေကတော့ သင့်ချစ်သူ ရည်းစား သင့်ကိုဘယ်တော့မှထုတ်မပြောတဲ့ Top Secret တွေပါပဲ။ အခုသင်သိသွားပြီဆိုတော့ သင်တို့ RS မှာ အဆင်မပြေတာတွေပေါလာရင်တောင် နားလည်မှုရကြမယ်ထင်ပါတယ်နော်..

#Lifestyle_Myanmar

#Mg_Htet

REF_womenshealthmag.com




Some text some message..