နမ်းတဲ့အခါ ဘာကြောင့် မျက်လုံးတွေ မှိတ်ပြီး နမ်းကြသလဲ?(Kissingပေးခြင်းနဲ့သိပ္ပံပညာရဲ့လေ့လာမှု)
lifestylemyanmar.com
|
2020-03-18



Kissing ပေးတဲ့အချိန်မှာ ဘာကြောင့် အလိုအလျောက် မျက်လုံးတွေမှိတ်သွားရသလဲ? မျက်လုံးမှိတ်ပြီး ဘာကြောင့်နမ်းကြတာလဲလို့ တွေးဖူးလား? လူအများစုက ဒီလိုဖြစ်တာကို ထူးဆန်းတဲ့ အရာတစ်ခုအဖြစ် လက်မခံထားကြပေမယ့် သိပ္ပံပညာအရ သုံးသပ်ပြထားတာ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ သင်တစ်စုံတစ်ဦးကို နမ်းနေတဲ့အခါမှာ မျက်လုံးမှိတ်ထားဖို့မစဉ်းစားမိပါဘူး။ ကဲ..ဒီတော့ သိပ္ပံပညာက ဘယ်လိုရှင်းပြထားလဲဆိုတာလေ အောက်မှာဖတ်ကြည့်လိုက်ရအောင်..


ဘာကြောင့်မျက်လုံးတွေပိတ်ပြီးနမ်းကြသလဲ




နောက်ဆုံးမှာတော့ စိတ်ပညာရှင်တွေက ကျွန်တော်တို့ နမ်းတဲ့အခါ ဘာကြောင့်မျက်လုံးတွေမှိတ်ပြီး နမ်းကြသလဲဆိုတာနဲ့ပက်သက်တဲ့ အဖြေတွေကိုတွေ့ရှိခဲ့ပါပြီ။ တိုတိုပြောရရင် ဦးနှောက်က လှုံဆော်မှုမျိုးစုံကို တစ်ပြိုင်နက်ကိုင်တွယ်ဖြေရှင်းလို့မရပါဘူး။

ဒါကြောင့် နှုတ်ခမ်းနှစ်ခုရဲ့ထိတွေ့မှု အနမ်းကို အာရုံစိုက်ဖို့အတွက် မျက်လုံတွေကို ပိတ်ထားမိလိုက်ပါတယ်။ လန်ဒန် Royal Holloway တက္ကသိုလ်ကအမြင်အာရုံနှင့်ထိတွေ့နိုင်သောအာရုံခံမှုအတွေ့အကြုံများကိုလေ့လာမှုတွေအရ ကျွ န်တော်တို့ ဦးနှောက်ဟာ နမ်းနေစဉ်အတွင်း အမြင်အာရုံနဲ့ ခံစားမှုအထိအတွေ့ လှုံဆော်မှု ၂ခုစလုံးကို မလုပ်ဆောင်နိုင်တာကြောင့် နမ်းနေတဲ့အချိန်မှာ ကျွန်တော်တို့ မျက်လုံးတွေဖွင့်မရကြတာပါ။


စမ်းသပ်မှု



လက်တွေ့ကျတဲ့ စမ်းသပ်မှုတွေအရ စုံတွေတွဲကို အထိအတွေ့ခံစားမှုကိုတိုင်းတာနိုင်တဲ့စက်သေးသေးလေးတစ်လုံးကို သူတို့လက်တွေမှာ တပ်ဆင်ပေးခဲ့ပါတယ်။ ရလာဒ်တွေအရ မျက်စိဖွင့်ထားတဲ့လူတွေက အာရုံနှစ်မျိုးကြောင့် စမ်းသပ်တဲ့ကိ ရိယာက အနည်းငယ်ပဲတုန်ခါခဲ့ပါတယ်။ မျက်စိပိတ်ပီးနမ်းတဲံသူတွေမှာတော့ ထိတွေ့ခံစားမှုကိုတိုင်းတဲ့စက်ဟာ ပြင် းပြင်းထန်ထန် တုန်ခါခဲ့တယ်လို့ဆိုပါတယ်။





ဒီ Logic အရ အလွန်မြင့်မားတဲ့ လှုံဆော်မှုကို ဖြစ်စေတဲ့ လှုပ်ရှားမှုတွေ ဆိုကြပါစို့ လိင်ပိုင်းဆိုင်ရာကိစ္စတွေမှာ ပါဝင်တဲ့သူတွေက ပြင်ပအာရုံလွှမ်းမိုးမှုက ကင်းအောင် ပြင်ပအရာတွေကို မခံစားမိအောင် သူတို့မျက်လုံးတွေကို ပိတ်ထားမိကြခြင်းဖြစ်တယ်လို့ ကောက်ချက်ချလို့ရပါတယ်။

လိင်မှုကိစ္စမှာ လူတော်တော်များများက အတွေ့အကြုံ Feel ကို ကောင်းကောင်းခံစားချင်တဲ့ အတွက် သူတို့ကို အနှောင့်အယှက်ပေးနိုင်တဲ့ အမြင်ပိုင်းဆိုင်ရာကို အော်တိုခံစားမှုအရ ထိန်းချုပ်မိတာလည်းဖြစ်ပါတယ်။ ဒါဟာ Kissingဆွဲခြင်းနဲ့ အတူတူပါပဲ။




လေ့လာမှုတွေအရ Kissingပေးနေတဲ့အချိန်မှာ မျက်လုံးတွေမှိတ်လိုက်တာဟာ Emotional Feelingကို ပိုကောင်းစေပြီး ကြည်နူးပျော်ရွှင်ဖွယ်ကောင်းစေတယ်လို့ဆိုပါတယ်။ ဒီတော့ မျက်လုံးတွေမှိတ်တယ်ဆိုတာ ပြင်ပအာရုံလွှမ်းမိုးမှုတွေက ဝေးအောင် ကာကွယ်ပေးပြီး ထိတွေ့ရင်းနှီးမှုကို ပိုပြီးလှုံဆောင်နိုင်စေပါတယ်။

ဒီလိုထိတွေ့ခံစားမှုအားကောင်းတာ Felelအပြည့်ခံစားရတာကလည်း ကိုယ်ဝန်ရဖို့ အခွင့်အလမ်းတော်တော်များများကို ပေးဆောင်နိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ကိုယ်ဝန်လိုချင်လျက် မရတဲ့သူတွေ အနေနဲ့ အတူတူနေတဲ့အခါ အာရုံစူးစိုက်ပြီး စိတ်ခံစားမှုအထွတ်အထိပ်ရောက်ရင် ကလေးရနိုင်ပါတယ်။


သဘာဝ




တကယ်တော့ သဘာဝအရ နမ်းတာကို ကျွန်တော်တို့ အဖြေရှာကြည့်တာပါ။ တချို့လူတွေကတော့ မျက်စိဖွင့်ပြီး နမ်းတာကို ရွေးချယ်ကြပါတယ်။ ဒါပေမယ့် အဲ့ဒါက သူတို့မျက်လုံးတွေကို ဖွင့်ထားဖို့ တကယ် ကြိုးစားအားထုတ်ရပါလိမ့်မယ်။


ကဲ..ဒီတော့ ကျွန်တော်တို့ Kissingလုပ်နေတဲ့အချိန်မှာ ဘာကြောင့်မျက်လုံးတွေပိတ်သွားရလဲဆိုတဲ့ နောက်ကွယ်က အ ကြောင်းတရားနဲ့အကျိုးတရားကို သိပြီ။ တစ်ကယ်တော့ သဘာဝလောကကြီးက တစ်စုံတစ်ယောက်နဲ့အတွေ့အကြုံကေ ာင်းတစ်ခုကို အတူတူရစေချင်လို့ ကျွန်တော်တို့ကို ဒီလိုဖြစ်စေခဲ့တာပဲဖြစ်မှာပါ။



#Lifestyle_Myanmar
#Mg_Htet
REF_Power Of Possitivity




Some text some message..