သတို့သမီးလေးတွေအနေနဲ့ မင်္ဂလာဝတ်စုံမအပ်ခင် ပြင်ဆင်ထားသင့်တဲ့အချက်များ...
weddingguide.com.mm
|
2020-03-21

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ရဲ့သတို့သမီးပရိတ်သတ်လေးတွေအတွက် မင်္ဂလာဝတ်စုံမပြင်ဆင်ခင် သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

မင်္ဂလာဝတ်စုံရွေးချယ်တဲ့အခါမှာ သတို့သမီးလေးတွေအနေနဲ့ ဖန်တီးဒီဇိုင်နာကိုပဲ အားလုံးပုံအပ်လိုက်တာမျိုးမလုပ်ဘဲ

ကိုယ်ဖြစ်စေချင်တဲ့ စိတ်ကူးလေးကို ဒီဇိုင်နာနဲ့သေချာတိုင်ပင်ပြီးဖန်တီးမှသာ ပြီးပြည့်စုံတဲ့ မင်္ဂလာဝတ်စုံလေးကပုံပေါ်လာမှာပါနော်။

သတို့သမီးလေးတွေအနေနဲ့ မင်္ဂလာဝတ်စုံနဲ့ပက်သက်ပြီး အရင်ဆုံးလုပ်ထားပေးရမှာက ဝတ်စုံအတွက် ခန့်မှန်းကုန်ကျငွေကိုသေချာသတ်မှတ်ထားပေးဖို့ပါပဲ။

ကိုယ်လိုချင်တဲ့ မင်္ဂလာဝတ်စုံပုံလေးတွေကို ရှာပြီးတစ်နည်းနည်းနဲ့စုစည်းထားတာကလည်း ဖန်တီးပေးမယ့်ဒီဇိုင်နာကို ကူညီရာရောက်ပါတယ်နော်။

မင်္ဂလာဝတ်စုံအတွက်အချိန်စောစောကတည်းက ကြိုတင်ပြင်ဆင်ထားပါ။ရက်တအားနီးမှ စီစဉ်မယ်ဆိုကတိုက်ကရိုက်ဖြစ်သွားပြီး အဆင်မပြေဖြစ်တတ်လို့ပါ။

မင်္ဂလာပွဲနေ့ဝတ်မယ့် ဖိနပ်တွေကို ယူလာပေးပါနော်။ဒါမှသာ ဒီဇိုင်နာကသတို့သမီးလေး သက်တောင့်သက်သာ ရှိစေဖို့အတွက် ဝတ်စုံရဲ့ veil နဲ့ train တို့ရဲ့အရှည်ကို ခန့်မှန်းလို့ ရမှာပါ။

နောက်တစ်ချက်အနေနဲ့ ဝတ်စုံရွေးချယ်တဲ့အခါမှာ ကိုယ့်စိတ်ကြိုက်ဖြစ်ဖို့က အရေးအကြီးဆုံးဖြစ်တာကြောင့် ဘေးလူတွေရဲ့စကားတွေကို အများကြီး နားမထောင်ပါနဲ့နော်။

အခုဆိုရင် မင်္ဂလာဆောင်တော့မယ့် သတို့သမီးလေးတွေအနေနဲ့မင်္ဂလာဝတ်စုံမဝယ်ခင် သိထားသင့်တဲ့အချက်တွေကို ပြည့်ပြည့်စုံစုံ သိရှိပြီလို့ ထင်ပါတယ်။

အားလုံးပဲ ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေးတွေ ကျင်းပနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။

Silk Wear ပိုးထည်ဆိုင်များကိုရှာရန် နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...

Silk Wear ပိုးထည်ဆိုင်များကိုရှာရန် နှိပ်ပါ။ Myanmar Wedding Guide

Some text some message..