ကပ်ရောဂါကာလအတွင်း လုံခြုံစိတ်ချစွာ နေထိုင်နိုင်ဖို့အတွက် သိသင့်တဲ့အကြောင်းအရာများ
lifestylemyanmar.com
|
2020-03-25


မကြာသေးခင်က ကပ်ရောဂါတွေကြောင့် သေဆုံးသူဦးရေမြင့်တက်လာခြင်းနှင့်အတူ ကမ္ဘာအနှံ့အပြားမှာ သိသာတဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ကျွန်တော်တို့အားလုံးကို အိမ်မှာနေပြီး ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် အစိုးရကတိုက်တွန်းလှုံ့ဆော်ထားပေမယ့် စိတ်ရှုပ်ထွေးစရာ၊ စိတ်ပျက်စရာကောင်းလောက်အောင်
တစ်ချို့နေရာဒေသတွေမှာ လူတွေပြည့်သိပ်နေတာမျိုးတွေ တွေ့မြင်နေရဆဲပါပဲ။ ဒီလူတွေဟာ ဒီလိုကပ်ရောဂါကာလမျိုးမှာ အိမ်မှာ နေသင့်တယ်ဆိုတာ မသိဘူးဆိုတာတော့ လုံးဝမဖြစ်နိုင်ပါဘူး။
ဒါဟာဘာကြောင့်ပါလဲဆိုတဲ့ ဖြစ်နိုင်ချေတွေကို စဉ်းစားကြည့်ဖို့တော့ လိုမယ်ထင်ပါတယ်။



Covid-19 ကဲ့သို့သော ရောဂါတွေဟာ ချက်ချင်းလက္ခဏာမပြတတ်တဲ့ ရောဂါမျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့စိတ်ကို ထင်ယောင်ထင်မှားကြောက်ရွှံ့မှုတွေဖြစ်စေပါတယ်။
ကျွန်တော်တို့ဟာ ကြောက်ရွှံ့မှုတွေနှင့်အတူ သံသယလွန်ကဲစိတ်တွေဖြစ်ပေါ်နေကြပါတယ်။ ဒီလိုလူတွေ လုပ်တတ်တဲ့ အချက်နှစ်ချက်ကတော့ တစ်ခြားလူတွေကို ရောဂါရှိတဲ့သူတွေအဖြစ်ယူဆပြီး
နောက်တစ်ချက်ကတော့ ကြောက်ရွံ့စိတ်တွေလွန်ကဲပြီး မတရားမှုတွေကို ကျူးလွန်တတ်လာတာဘဲဖြစ်ပါတယ်။



Andrews က ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ အငြင်းပွားမှုတစ်ခုမှာ ကျွန်တော်တို့ဦးနှောက်ဟာ ကျွန်တော်တို့အသက်ရှင်ဖို့အတွက်ပဲ ဂရုစိုက်တတ်တဲ့ ပရိုဂရမ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ကူးစက်ရောဂါဖြစ်ပွားမှုအခြေအနေတွေမှာ
လူတွေဟာ တစ်ကိုယ်ကောင်းဆန်ပြီး အန္တရာယ်ရှိလာနိုင်တယ်လို့ ယူဆရပါတယ်။ အကြောင်းရင်းကတော့ တစ်စုံတစ်ဦးကို မတော်တဆယုံကြည်မိရင် ကျွန်တော်တို့ဟာ
သေမင်းနှင့် ကစားနေရသလိုဖြစ်နေတယ်လို့ အတွေးလွန်နေတာကြောင့်ဘဲဖြစ်ပါတယ်။ ဆင်ခြင်တုံတရားနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချတာမျိုးကို လွဲချော်သွားတတ်ကြတာမို့
ဒီနေရာမှာ ကျွန်တော်တို့ဟာ ရိုးရှင်းတဲ့အတွေးအခေါ် တွေ လိုအပ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကဲ့သို့သော မသေချာမရေရာမှုတွေနှင့် ရှုပ်ထွေးတဲ့အခြေအနေတွေမှာ ဒီလိုဆိုးရွားတဲ့ အပြုအမူတွေကိုပြုလုပ်တတ်တဲ့သူတွေကို
လူကျင့်ဝတ်သိက္ခာကို မထိန်းချုပ်တဲ့လူတွေ တစ်နည်းအားဖြင့် လူ့အသိမရှိတဲ့လူတွေလို့ မှတ်ယူရမှာပါဘဲ။




ကူးစက်ရောဂါကာလအတွင်း ဘာကြောင့် မတရားတဲ့ အပြုအမူတွေလုပ်တတ်ကြတာလဲ


နားမလည်နိုင်လောက်အောင် ရှုပ်ထွေးတဲ့ပြဿနာတွေကို လူသားတွေအားလုံးနားလည်ဖို့ ရုန်းကန်နေကြရပါတယ်။ ကျွန်တော်တို့ဟာ တကယ့်ဘဝထဲမှာမဟုတ်ဘဲ ကမ္ဘာကြီးပျက်သုဉ်းသွားတဲ့အကြောင်း စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားထဲက ဇာတ်ကောင်တွေလို ဖြစ်နေပါတယ်။
ကျွန်တော်တို့ရဲ့ Newfeeds တွေက ရှည်လျားတဲ့ sensationalized ပုံပြင်တွေနှင့် ပြည့်နှက်နေပါတယ်။ ကမ္ဘာကြီးက အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီလို့ ကျွန်တော်တို့အမြဲတမ်းပြောနေမယ်ဆိုရင်
တကယ်မဟုတ်တဲ့အကြောင်း သိအောင်ထုတ်ပြန်နေတဲ့သတင်းတွေက အရေးပါတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှုပ်ထွေးနေတယ်။ ကျွန်တော်တို့ဘာလုပ်သင့်တယ်ဆိုတာ ကျွန်တော်တို့မသိဘူး။
ကြောက်လန့်စိတ်တွေကြောင့် အကူအညီမဖြစ်စေတဲ့အရာတွေဆီ ဦးတည်သွားမိပြီး မှန်ကန်စွာဘယ်လိုပြုမူရမယ်ဆိုတာ ရှာဖွေဖို့နဲ့ ပင်ကိုယ်အသိဉာဏ်ကို လမ်းပြအဖြစ်အသုံးချဖို့ကို စွန့်လွှတ်လိုက်သလို ဖြစ်သွားစေပါတယ်။
ဒါကြောင့်မို့ သင့်အနေနဲ့ ကမ္ဘာကြီးက အဆုံးသတ်နေပြီလို့ အထင်လွဲမှားနေတတ်ပါတယ်။ ဒီလိုအချိန်တွေမှာ လိုအပ်တယ်လို့ယူဆရတဲ့ အရင်းအမြစ်တွေကို တရားသည်၊ မတရားသည် မတွေးတော့ဘဲ အလွန်အကျွံသိမ်းဆည်းထားနိုင်ဖို့အတွက်ဘဲ ဦးတည်ကြိုးစားမိသွားတတ်ပါတယ်။



ဒါကြောင့်မို့ ဒီလိုအချိန်တွေမှာ အကောင်းဆုံးအကြံဉာဏ်ကတော့ အိမ်မှာဘဲနေပါ။ သူစိမ်းတွေကို တစ်ကိုယ်ကောင်းဆန်တယ်/ အန္တရာယ်ရှိတယ်လို့ ယူဆဖို့ သင့်ဦးနှောက်ကို မလှည့်စားပါစေနှင့်။ မှန်ကန်တဲ့ သတင်းထုတ်ပြန်ချက်တွေကိုဘဲ အာရုံစူးစိုက်ပါ။ ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း
လုံခြုံစိတ်ချရတဲ့အနေအထားမျိုးဖြစ်ဖို့အတွက် တစ်ခြားသူတွေကို အိမ်မှာနေဖို့ စည်းရုံးသိမ်းသွင်းနိုင်တဲ့ သင်လုပ်နိုင်သမျှအကောင်းဆုံးအလုပ်မှာ သင်ကိုယ်တိုင်အိမ်မှာနေခြင်းဖြစ်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

Ref-psychologytoday




Some text some message..